01/11/2018
" #လူယုတ်မာသားမိုက်ထဲ
👉 #သင်မပါစေနဲ့ 👈 "
★★★★★★★★★★★★
■ အမေကို ပစ်ထား၊
မယားကို အချစ်ပွား။
■ အမေကို မပေးချင်ကောက်၊
မယားကို သူဌေးတင်မြှောက်။
■ အမေကို ဆဲ-ဆို-ညစ်၊
မယားကို ကဲ-ပို-ချစ်။
■ အမေကို ဘု-ဂွ၊
မယားကို ယု-ယ။
■ အမေကို ထင်ရာဆိုး၊
မယားကို ကြင်နာတိုး။
■ အမေကို မထူးဟု ဘေးပုံ၊
မယားကို အထူးကု ဆေးရုံ။
■ အမေကို တမာပေး၊
မယားကို သကာကျွေး။
■ အမေကို ချောင်ထိုးထား၊
မယားကို နှောင်ကြိုးပွား။
■ အမေကို စိမ်းကား၊
မယားကို ထိမ်းထား။
■ အမေကို နေရေးပြန်မကြည့်၊
မယားကို ငွေကြေးလျှံအပြည့်။
■ ဒီလိုသားမိုက် မယားကြိုက်လည်း
ရှင်တော်ဗုဒ္ဓ ဟောညွှန်ပြတာ
လူယုတ်မာတည်း...။
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည် အရှင်သာရမေဓာ