05/07/2026
⚖️ LL.B. ဥပဒေပညာဘွဲ့သင်တန်း - အပတ်စဉ် (၂) ⚖️
ဥပဒေပညာရေးဘုတ်အဖွဲ့ (Board of Legal Education) နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ LL.B. အပတ်စဉ် (၂) ကို မကြာခင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ဒီသင်တန်းက လူ့အခွင့်အရေး၊ ဥပဒေကျင့်ဝတ်နဲ့ တရားမျှတမှု ရရှိနိုင်ရေးတို့ကို အဓိကသင်ကြားပေးမှာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းက ကျောင်းသား၊ ကျောင်းသူတွေအတွက် အထူးရည်ရွယ်ပြီး စနစ်တကျ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
🎓 ဒီသင်တန်းကနေ ဘာတွေ ရရှိမလဲ။
တရားမျှတမှုအတွက် ရပ်တည်ခြင်း တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပြီး အားကိုးရတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာစေဖို့။
ဥပဒေဆိုင်ရာ အကူအညီပေးနိုင်ခြင်း ကူညီစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ လူမှုအသိုက်အဝန်းတွေကို အရည်အချင်းရှိရှိ ထောက်ပံ့ပေးနိုင်ဖို့။
ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ခြင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အကူးအပြောင်းကာလ တရားမျှတမှုဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ကူညီနိုင်ဖို့။
"ခုခံတွန်းလှန်မှု၊ ပြန်လည်ထူထောင်မှုနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ဥပဒေပညာရေး။"
📄 ပရိုဂရမ်လမ်းညွှန်စာအုပ် (Program Manual) ဖတ်ရှုရန်။
ဘာသာရပ်တွေ၊ တက်ရောက်ခွင့် အရည်အချင်းတွေနဲ့ သင်တန်းစည်းကမ်းတွေကို အသေးစိတ် သိရှိနိုင်မယ့် Program Manual ကို အောက်မှာ ပေးထားတဲ့ Link ကနေ အခုပဲ ဖတ်ရှုလို့ ရပါပြီ။
အင်္ဂလိပ်လို
https://drive.google.com/drive/folders/1mac1BzhShOpbdeH2JvTLKK8nW15n5nxY?usp=sharing
မြန်မာလို
https://drive.google.com/drive/folders/1z1K9S3bFiTh_kK7HyVrUunjYoWRsdFhh?usp=sharing
သင်တန်းအကြောင်း ကြိုတင်လေ့လာပြီး လိုအပ်တာတွေ ပြင်ဆင်ထားနိုင်အောင် လမ်းညွှန်စာအုပ်ကို အရင်ဆုံး မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။ လျှောက်လွှာပုံစံ (Application Form) ကိုတော့ July 5 ရက်နေ့မှာ ကြေညာသွားမှာ ဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်။
📩မေးမြန်းလိုတာလေးတွေ ရှိရင် Page ရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
[English Text]
⚖️ LL.B. Program: Launching Our Second Cohort ⚖️
We are pleased to announce the launch of our LL.B. Program, Cohort 2, in collaboration with the Board of Legal Education. This program is specifically designed to equip students in Myanmar with the knowledge and skills necessary to promote human rights, legal ethics, and access to justice.
🎓 This Program Helps Future Lawyers To:
Stand for Justice: Protect the rule of law and become strong, dependable leaders.
Provide Legal Aid: Help and defend vulnerable communities.
Support Positive Change: Contribute to democratic reform and transitional justice.
"Legal education for resistance, recovery, and a better future!"
📄 Read the Program Manual
The full Program Manual is now available .
You can read it in the following link to find out about the classes, requirements, and course guidelines.
English:
https://drive.google.com/drive/folders/1mac1BzhShOpbdeH2JvTLKK8nW15n5nxY?usp=sharing
Burmese:
https://drive.google.com/drive/folders/1z1K9S3bFiTh_kK7HyVrUunjYoWRsdFhh?usp=sharing
Please review the manual carefully to prepare your details. Note that while the manual is ready to read, the application form will open on July 5.
Have questions? Send us a message directly in our chat box.