CDF Tonzang Supporters Group

CDF Tonzang Supporters Group စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမူန်းရေးအတွက် CDF Tonzangကို ဒီ Zelle (9043563643)
အားဖြင့်ပါဝင်ကူညီပေးကြပါ

ချင်းတပ်မတော်- CNA နှင့် CDF-Lautu ကြား ဖြစ်ပွားခဲ့သည့် မြေပြင်ပွတ်တိုက်မှု ချက်ချင်းညှိနှိုင်းဖြေရှင်းနိုင်ခဲ့၍ ပြေလည်သ...
17/06/2026

ချင်းတပ်မတော်- CNA နှင့် CDF-Lautu ကြား ဖြစ်ပွားခဲ့သည့် မြေပြင်ပွတ်တိုက်မှု ချက်ချင်းညှိနှိုင်းဖြေရှင်းနိုင်ခဲ့၍ ပြေလည်သွားပြီဟု သိရ

ဇွန်လ ၁၆ ရက်။
ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်- လောက်တူ (CDF-Lautu) တပ်ဖွဲ့ဝင်များကြား ဖြစ်ပွားခဲ့သော မြေပြင်ပွတ်တိုက်မှုကို တပ်မှူးများက ချက်ချက်ညှိနှိုင်းဖြေရှင်းပေးခဲ့သဖြင့် လက်ရှိတွင် နှစ်ဖက်ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း CNF ပြောရေးဆိုခွင့်ရသူ ဆလိုင်းထက်နီ က ပြောပါတယ်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုကိစ္စရပ်သည် အောက်ခြေရဲဘော်အချင်းချင်းကြား နားလည်မှုလွဲမှားခြင်းကြောင့်သာ ဖြစ်ခဲ့ခြင်းဖြစ်ပြီ မူဝါဒပိုင်းဆိုင်ရာ ပဋိပက္ခမျိုးမဟုတ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အပြင် ယင်းကဲ့သို့သော အောက်ခြေအဆင့် ထိတွေ့မှုမျိုးမှာ နယ်မြေလှုပ်ရှားမှုများအကြား ကြုံတွေ့လေ့ရှိသည့် သဘောမျိုးသာဖြစ်ပြီး၊ သတင်းကြားသိရချင်းတွင်ပင် နယ်မြေခံတပ်မှူးများကို စေလွှတ်ကာ နှစ်ဖက်အဆင်ပြေအောင် ချက်ချင်းကြားဝင်စေ့စပ်ဖြေရှင်းပေးခဲ့ပြီးဖြစ်ကြောင်း ဆလိုင်းထက်နီ က ပြောပါတယ်။

ကျေးဇူးတင်လွှာပို့သခြင်း၊          ရက်စွဲ၊၅၊၆၊၂၀၂၆ခုနှစ်၊      ဒီကနေ့ ဇွန်လ၊၅ရက်၊၂၀၂၆ခုနှစ်တွင်CDF-Tonzang Zo တပ်ဖွဲ့အတွ...
11/06/2026

ကျေးဇူးတင်လွှာပို့သခြင်း၊

ရက်စွဲ၊၅၊၆၊၂၀၂၆ခုနှစ်၊

ဒီကနေ့ ဇွန်လ၊၅ရက်၊၂၀၂၆ခုနှစ်တွင်
CDF-Tonzang Zo တပ်ဖွဲ့အတွက် က
လေးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့မှ
ဆန်အိတ်ပေါင်း (၃၀)တိတိအား ကူညီပံ့ပူး
ခြင်းကို လက်ခံရရှိပါသဖြင့် ကျေးဇူးအထူး
တင်ပါသည်။

ထန်ဆွင်းမုန်
CDF-Tonzang
Chinland.

Zo suanh mipi te lung kie nai lo ding´ Kha pet bembom ding.                         Date.10.6.2026.     Leitung ah mipi ...
10/06/2026

Zo suanh mipi te lung kie nai lo ding´ Kha pet bembom ding.

Date.10.6.2026.

Leitung ah mipi ki uk na a sut galkap ki cih mawngmawng pen, a mipi te inh, a lang panh nah leh mipi te inh zolo cih bangh om lo hi.zo baih leh zo haa bek om a hih hi.a zo baih te inh k*m khat k*m nih cih hun in zo uh hi. pawl khat inh´k*m 5 k*m 7 hun in´ zo uh a´ k*m10 k*m 13 hun a´ a zo zong om hi.a sawt pen´ k*m15 k*m 30 cih bangh a hih hi. ei kawl gam ah mipi te inh kawl galkap SAC te i lang panh i doh na pen´ k*m 5 cing panh hi. kei up mawh na ah kawl gam pen´ i kam phat leh k*m 6 k*m 7 cinh pawl a´ a zo ding a´ ka up mawh a hih hi. a tam pen k*m 10 k*m 13 in, i zo teih teih ding vuh hi. tu tung pen´ ZRA te tha hat na tawh Tonzang a lak vuh hilo a´ kawl galkap SAC te tha hat na tawh Tonzang ei ki lah pih kia a hi boh hi. a sawt loh a´ Tonzang ki la kia teih teih ding a hih hi.
lai siengtho sung ah, gen theih a tuak cieng a´ a lungkie baih mi pen´ mi gi na lo te a hih hi ci´n, na gen a hih zie in, tha ka ngah hi´ bang ding a hei cih leh kei Zo mumung pen´ ka lungkie thei sih hi. i CDF-Tonzang Zo galkap tawm khat ang taih cieng in belh ka lung tawm khat hing neu samh hi´ a hi´n zongh tuah a taai teng sang a´ a tam zawh To pa´n ei pie kia ding hi ci´n ka ki lung nuemh sak hi. tuah mah bangh in, a beisah hun sang in´ pawl (မဟာမိတ်) i hauh zawh vuh hi. CC banh ah NUG galkap leh i sang gam (a min pu lah nuem lo) te tawh ki pawl i hi tah vuh hi. Tonzang pen´ i la zo kia teih teih ding vuh hi.
leitung gam bup-pi a´ a om Zo suan ta te teng aw´ i Zo galkap te tha nemh na ding leh makaih te tha nemh na ding in´ Tonzang pen´ kawl galkap te khut sung panh in´ ki la zo nawnh loh ding hi cih´ lung kiet thei na, kam teng te nang neih nawnh loh na ding vu´n, hingh thum ingh.
Tuah a hih tah zie in, leitung kiuh 4 sung a´ a om CDF-Tonzang Zo galkap a taai Zo khangno teng aw, CDF-Tonzang Zo galkap ah a manlang tak a´ nang lut kia na ding vu´n, kang hanh kia vuh hi. a beisa thu te leh hun te nua sieh in, a tha in, i tawn ta ding vuh hi ci´n zong kang gen beh beh hi. koih mah thu ki bawl loh ding hi.

ThangSuanMung
Chairman
CDF-Tonzang Zo galkap
Chinland Zo gam.

CNA စစ်ရေးအားနည်းချက်ရှိတာအမှန်တရားပါဘဲ။လက်မခံလို့မရဘူး။ထိန်းချုပ်နယ်မြေအားလုံးနီးပါးကို ပြန်လက်လွှတ်ထားရတယ်။စခက ထိုးစစ်...
09/06/2026

CNA စစ်ရေးအားနည်းချက်ရှိတာအမှန်တရားပါဘဲ။လက်မခံလို့မရဘူး။ထိန်းချုပ်နယ်မြေအားလုံးနီးပါးကို ပြန်လက်လွှတ်ထားရတယ်။စခက ထိုးစစ်ဆင်တိုင်း နောက်ဆုတ်ပေးရတယ်။တိုက်ရည်ခိုက်ရည် အားနည်းချက်ကြောင့်လို့မမြင်ဘူး။စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်လို့မြင်တယ်။

နေရာနှင့်ရာထူး ပေးအပ်မှုပေါ်မှာလည်း သက်ရောက်မှုရှိမယ်။စစ်တိုက်တဲ့သူတွေကို နေရာမပေးဘဲ ကိုယ့်အနားကလူကိုဘဲ နေရာ၊ရာထူးပေးနေရင် စစ်တိုက်တဲ့သူတွေ မကျေနပ်တာတွေ၊ပေါ့ဆတာတွေ ရှိလာနိုင်တယ်။တော်လှန်ရေးလုပ်တာ နေရာနှင့်ရာထူးအတွက်မဟုတ်ဘူးဆိုပေမယ့် Local Defences တွေမှာတောင် တပ်စုမှူးရာထူးကနေ သာမန်ရဲဘော်နေရာပြန်ရောက်သွားရင် နုတ်ထွက်တာတွေရှိပါတယ်။EAOအဆင့်၊Armyအဆင့်မှာဆိုရင် နေရာ၊ရာထူးခန့်ထားရေးဟာ ပိုလို့တောင်အရေးကြီးပါတယ်။

ဒေသခံတွေရဲ့ စိတ်ဓာတ်ပြင်းပြမှုအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။CPAရဲဘော်တွေလို ဘယ်သူကူကူမကူကူ ငါ့မြို့ကိုငါရအောင်ကာကွယ်မယ်။အသက်နဲ့အလှဲအထပ်လုပ်ရမယ်ဆိုရင်တောင် ငါ့မြို့အတွက်လုပ်ရဲတယ်။ငါ့အသက်ကိုရမှ ငါ့မြို့ကိုရမယ်ဆိုတဲ့ ဒေသခံတွေရဲ့ စိတ်ဓာတ်ပြင်းပြမှုကလည်း လိုအပ်ပါတယ်။ဖလမ်းမြို့ကို ၇လကြာခုခံကာကွယ်ပြီး ပြန်လက်လွှတ်ရတယ်။CNAကဘဲ အဓိကခုခံကာကွယ်တယ်။ဖလမ်းဒေသခံတွေ CNAထဲမှာ ဘယ်လောက်ရှိလဲ။ငါ့မြို့အတွက်ဆိုပြီး ရှေ့ကနေမားမားမတ်မတ်တိုက်ပွဲဝင်တဲ့ ဖလမ်းဒေသခံ ရဲဘော်ဘယ်လောက်ရှိလဲ။တွန်းဇံမြို့ကို ပြန်လက်လွှတ်ရတယ်။တွန်းဇံဒေသခံတွေ CNAမှာဘယ်လောက်ရှိလဲ။ငါ့မြို့အတွက်ဆိုပြီး ရှေ့ကနေတိုက်ပွဲဝင်တဲ့ရဲဘော် ဘယ်လောက်ရှိလဲ။ဒေသခံတွေရဲ့ စိတ်ဓာတ်ပြင်းပြမှုမရှိဘဲ အောင်မြင်မှုမရနိုင်ဘူး။ဒေသခံတွေရှေ့ကနေထွက်ပြေးနေရင် တခြားသူတွေက ဘာအတွက်တိုက်နေတော့မှာလဲ။

နောက်ပြီး စစ်ရေးထက်နိုင်ငံရေးကို လိုတာထက်ပိုပြီး ဦးစားပေးလွန်းတယ်။နိုင်ငံရေးဟာ စစ်ရေးသမျှအရေးကြီးပါတယ်။Institutionခိုင်မာအောင်တည်ဆောက်ဖို့ အရေးကြီးပါတယ်။နိုင်ငံရေးကို ရန်သူထက်အားကောင်းအောင်တည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်။ဒါပေမယ့် နိုင်ငံရေးကို စစ်ရေးထက်အသားပေးလွန်းနေတာက မကောင်းဘူး။

ကောင်စီနဲ့အစိုးရမှာ ဥက္ကဌ၊အတွင်းရေးမှူး၊ဝန်ကြီးဝန်လေးတွေ ပြွတ်သိပ်လွန်းတယ်။အစိုးရမှာ ဝန်ကြီးဌာနတွေများလွန်းတယ်။အရေးကြီးတဲ့ဝန်ကြီးဌာန အများဆုံး ၆ခုလောက်နဲ့အစိုးရယန္တယားလည်ပတ်လို့ရတယ်။ဝန်ကြီးဌာနများလွန်းတော့ ရံပုံငွေသုံးစွဲမှုမှာ အားလုံးကိုမျှသုံးနေရတယ်။အခုလို တော်လှန်ရေးကာလမှာ budgetရဲ့၇၅%လောက် စစ်ရေးမှာအသုံးပြုသင့်တယ်။ဝန်ကြီးဝန်လေးတွေလည်း လျှော့ချသင့်တယ်။

လက်ရှိကမ္ဘာ့ထိပ်သည်းအမေရိကန်မှာ ၁၇၈၉ခုနှစ် အမေရိကန်စတင်တည်ထောင်ခါစ ဂျော့ချ်ဝါရှင်တန်လက်ထက်မှာ ဝန်ကြီးဌာန၄ခုနဲ့ဘဲ အစိုးရယန္တယားကို စတင်လည်ပတ်ခဲ့တယ်။လက်ရှိကမ္ဘာ့အချမ်းသာဆုံးနှင့်အငြိမ်းချမ်းဆုံး ဆွစ်ဇာလန်နိုင်ငံဟာလည်း ယနေ့ချိန်ထိ ဝန်ကြီးဌာန၇ခုနဲ့ဘဲလည်ပတ်တယ်။CGရဲ့ဝန်ကြီးဌာနနဲ့အတူတူဘဲ။ဆော်ဒီအာရေဗျနှင့် ပင်လယ်ကွေ့နိုင်ငံများ ရဲ့သမိုင်းဦးအစလို့ဆိုရမယ့်
​ရေနံမတွေ့ရှိခင်နဲ့ ရေနံစတွေ့ခါစ ကာလတွေ (၁၉၃၀ - ၁၉၅၀ ဝန်းကျင်) က ဆော်ဒီအာရေဗျ၊ အိုမန် စတဲ့နိုင်ငံတွေမှာ အုပ်ချုပ်ရေးယန္တရားအတွက် အလွန်ကျစ်လျစ်တဲ့ ကက်ဘိနက်ကို သုံးခဲ့ပါတယ်။ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ပြည်ထဲရေး စတဲ့ အဓိက ဌာနကြီး ၄ ခုကနေ ၆ ခုလောက်နဲ့ပဲ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းကျောင်းခဲ့တာ ဖြစ်တယ်။

ပြင်သင့်တာပြင်ပါ။လျှော့ချသင့်တာလျှော့ချပါ။နိုင်ငံရေးဘယ်လောက်ဘဲရှေ့ရောက်နေပါစေ နယ်မြေတွေစခလက်ထဲမှာရှိနေရင် အလကားပါဘဲ။နိုင်ငံတကာကအရင်ဆုံးကြည့်တာ နယ်မြေထိန်းချုပ်မှုဘယ်လောက်ရှိလဲ။Populationဘယ်လောက် ထိန်းချုပ်မှုအောက်မှာ၊အစိုးရယန္တယားအောက်မှာရှိလဲဆိုတာဘဲ ကြည့်တယ်။စစ်ရေးကို ပြန်ပြီးဦးစားပေးပါ။ဒေသခံတွေအနေနဲ့ ကိုယ့်နယ်မြေဒေသလွတ်မြောက်ရေးအတွက် စိတ်ဓာတ်ပြင်းပြမှုရှိပါ။CNAထဲမှာ ဝင်ကြပါ။ဒေသန္တရကာကွယ်ရေးတပ်အနေနဲ့မဟုတ်ဘဲ CNAအနေနဲ့လှုပ်ရှားမှ စစ်ရေးကို ပြန်ထိန်းညှိနိုင်ပါလိမ့်မယ်။

#ချင်း #တော်လှန်ရေး #စစ်ရေး #နိုင်ငံရေး

02/06/2026

Date 6-6-2026 ni zoom meeting omding 7:30pm central time Saturday night. ID 9043563643
Ps 421

Mipi te tha piek na        Date.30.5.2026A lungkie baih mi pen´ mi gi na loh cih in, laisiengtho sung ah na ki at hi. mi...
30/05/2026

Mipi te tha piek na

Date.30.5.2026

A lungkie baih mi pen´ mi gi na loh cih in, laisiengtho sung ah na ki at hi. mi hing te pen´ ki lung neu theih leh ki lungkie theih let mah hi. Pasian tung ah i ap sih leh ki thuak zolo hi. tu tung vai pen, lungkie thei nai lo ding´ lung neu thei nai lo ding´ Pasian inh ei taw sat na a hih hi. a beisa hun a´ i ki lang panh na te vuh leh i bawlh khielh na te vuh ki puah phah in´ ki it ki lem tak a´ mai lam ah´ a thaa a´ i kal suanh na ding vuh ki samh hi. i lungsim git loh na te vuh, puah pha tak tak ta va vuih. thu nget na inh ki zo sak va vuih.
Tuah a hih tah zie in´ leitung kiuh 4 sung a´ a om,
Zo suan ta te teng aw´ lung kie sih vunh´ lung neu sih vunh´ lungsim tak tak tawh ki sia kia in, Pasian tung ah thuum in, thu ngenh ciet vai. i nget bangh in, i ngah ding vuh hi. thu nget na inh´ guel zawh na hi.
Zo MuMung

29/05/2026

Address

Chin State
Tonzang

Alerts

Be the first to know and let us send you an email when CDF Tonzang Supporters Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CDF Tonzang Supporters Group:

Share