CDF Tonzang Supporters Group

CDF Tonzang Supporters Group စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမူန်းရေးအတွက် CDF Tonzangကို ဒီ Zelle (9043563643)
အားဖြင့်ပါဝင်ကူညီပေးကြပါ

30/08/2026
စစ်ရေးသတင်းထုတ်ပြန်ခြင်းရက်စွဲ ဩဂုတ်လ ၂၈/၂၀၂၆ အကြမ်းဖက်လက်ပါးစေ ပျူစောထီး Zomi revolutional Army ၏ NakZang ရွာ က စခန်းကိ...
29/08/2026

စစ်ရေးသတင်းထုတ်ပြန်ခြင်း

ရက်စွဲ ဩဂုတ်လ ၂၈/၂၀၂၆ အကြမ်းဖက်လက်ပါးစေ ပျူစောထီး Zomi revolutional Army ၏ NakZang ရွာ က စခန်းကို CDF-TonZang တပ်ဖွဲ့မှသိမ်းပိုက်မှုအပေါ် သူတို့ရဲ့ လော်ဘီများက မသိမ်းပါဘူးအဝေးကနေလှမ်းပစ်ကြတာပါဆိုပြီးငြင်းဆိုတဲ့အပေါ် CDF-TonZang တပ်ဖွဲ့မှ ZRA စခန်းမှသိမ်းစည်းထားသောပစွည်းများကိုယခုလိုထုတ်ပြန်ခြင်းဖြစ်ပါသည်။

CDF-TONZANG ZO GALKAP te inh 28.8.2026 ni a´ ZRA te tung panh sa´ a ngah vuh´ gal vanh te hieih.

စစ်ရေးသတင်း                   ရက်စွဲ၊၂၈၊၈၊၂၀၂၆ခု၊     ဒီကနေ့တွင် CDF-Tonzang Zo တပ်ဖွဲ့သည် ZRA-EC၏ နတ်ဇံကင်းစခန်းကို ဝင်...
28/08/2026

စစ်ရေးသတင်း

ရက်စွဲ၊၂၈၊၈၊၂၀၂၆ခု၊

ဒီကနေ့တွင် CDF-Tonzang Zo တပ်ဖွဲ့သည် ZRA-EC
၏ နတ်ဇံကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ ZRA-ECသည် ဒဏ်ရာရများစွာနဲ့ထွက်ပြေးကုန်ကြသည်။ အဖြစ်အပျက်အလုံးစုံကို စစ်ကြောင်းမှူးမှ သတင်းအစုံအလင်မပေးပို့သေးသောကြောင်း သိမ်းပိုက်ရရှိသော ပစ္စည်းများအား မသိရှိသေးပါ။
ZRA-ECသည် စကမနှင့်လက်တွဲပြီး တွန်းဇံမြို့ကိုသိမ်းပိုက်သည့်အပြင် အပြစ်မရှိ စစ်ဘေးရှောင်ဂဲလ်မွာလ်ရွာသား ဉီးထန်လမ့်ခုပ်အား ရက်ရက်စက်စက်သတ်
ဖြတ်မှုကြောင့်ကလဲ့စားချေတိုက်ခိုက်ခြင်းဖြစ်သည်။

Zo MuMung
Chairman
CDF-Tonzang Zo
Chinland (Zo gam)

GAL VAI TANGKoH NA.                           Date.28.8.2026.    Tu ni-in, ZRA-EC te NakZang camp pen´ CDF-Tonzang Zo ga...
28/08/2026

GAL VAI TANGKoH NA.

Date.28.8.2026.

Tu ni-in, ZRA-EC te NakZang camp pen´ CDF-Tonzang Zo galkap te inh ki lungtuak tak leh hangsan tak in ki bu luh a´ ZRA-EC te a camp vuh hung zolo in taai mang vuh hi. ZRA te a si a liem pen ki thei nai lo hi. ei lam panh bangh mah ki ci lo in´ i camp lam hingh zuen kia tah vuh hi. ki kap na ah ZRA te thautang bawm (ကျည်ဘောက်) hon khat leh a vanh hon khat vuh ki ngah hi. vanh ki ngah te´ a sawt lo in hingh pu lak kia vangh eh. a si a liem pen Tonzang lam panh in´ hing ki theih vieh.
ZRA te inh a beisa hun a´ mipi galtai khat a hih GeelMuel khua mi pa ThangLamKhup pen´ mawh na neih lopi CDF-TONZANG ZO GALKAP tawh ki pawl cih in pum ngoh vuh a´ a bawlh siet dikdek zawh cieng in that vuh hi. ZRA te pen´ kawl galkap te tawh ki pawl in Tonzang a lah banh vuah, mawh na neih lo´ mipi om muang khat that vuh a hih zie in´ Nakzang camp a´ om´ ZRA te ki kap masa phot a hih hi. mailam cieng in´CC leh thau tawi lawm dang te tawh ki pawl in´ Tonzang ki la kia veh veh ding hi.

Zo mumung
Chairman
CDF-Tonzang Zo galkap
Chinland (Zo gam),

မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့နှင့် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီတို့ အစည်းအဝေး ကျင်းပပြုလုပ်၈...
08/08/2026

မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့နှင့် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီတို့ အစည်းအဝေး ကျင်းပပြုလုပ်

၈ ဩဂုတ် ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ နှင့် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီတို့သည် ပူးတွဲအစည်းအဝေးတရပ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက် မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီတွင် အွန်လိုင်း (Online) စနစ်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ပူးတွဲ ဥက္ကဋ္ဌ (၂)ဦး၊ အတွင်းရေးမှူး(၁)ဦးနှင့် တွဲဖက်အတွင်းရေးမှူး(၂)ဦးတို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့မှ ခေါင်းဆောင်များ ၊အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်(၁၀)ဦး တက်ရောက်ခဲ့ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မဟာဗျူဟာမြောက် ပန်းတိုင်များကို ပေါင်းစပ်ညှိနှိုင်း၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ အလှည့်ကျသဘာပတိ ခူဦးရယ်လ်က အဖွင့်အမှာစကားပြောကြားကာ၊ တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဆွေးနွေးမှုများအပြီးတွင် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ပူးတွဲ ဥက္ကဋ္ဌ (၂)ဦးက နိဂုံးချုပ်စကားများအသီးသီးပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

စစ်တပ်အရာရှိများနှင့် ချင်းညီနောင် (CB) အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု သတင်းထွက်ပေါ်၂၀၂၆ ဇူလိုင် ၂၉ရက်၊မြန်မာစစ...
30/07/2026

စစ်တပ်အရာရှိများနှင့် ချင်းညီနောင် (CB) အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု သတင်းထွက်ပေါ်

၂၀၂၆ ဇူလိုင် ၂၉ရက်၊

မြန်မာစစ်အရာရှိကြီးများနှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ ချင်းအမျိုးသားအဖွဲ့ချုပ်နှင့် ချင်းညီနောင် (CNO/CB) တို့၏ ခေါင်းဆောင်ပိုင်းများ ဇူလိုင်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နှစ်ရက်ဆက်တိုက် လျှို့ဝှက်အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာနေသည်။

ဇူလိုင် ၂၇ ရက် ညပိုင်းအစည်းအဝေးတွင် စစ်တပ်ဖက်မှ ဗိုလ်ချုပ် စိန်ထွန်းလှ၊ ဗိုလ်ချုပ် ခင်ဇော်ဦး၊ ဦးလှမောင်ဆွေ နှင့် ဦးနိုးထန်ကပ်တို့ ပါဝင်တက်ရောက်ခဲ့သည်။

CNO/CB ဘက်မှ ဥက္ကဋ္ဌ၊ ကာကွယ်ရေးအတွင်းရေးမှူးနှင့် အခြားကိုယ်စားလှယ် ၃ ဦး တက်ရောက်ခဲ့သည်။
ဇူလိုင် ၂၈ ရက် မနက်ပိုင်းအစည်းအဝေးတွင်လည်း စစ်တပ်ဘက်မှ ဗိုလ်ချုပ် စိန်ထွန်းလှ၊ ဗိုလ်ချုပ် ခင်ဇော်ဦး၊ ဦးလှမောင်ဆွေ နှင့် ဦးနိုးထန်ကပ်တို့ ဆက်လက်ပါဝင်ခဲ့သည်။

CNO/CB ဘက်မှ ဥက္ကဋ္ဌ၊ ကာကွယ်ရေးအတွင်းရေးမှူး ၂ ဦး နှင့်အတူ မီဇီုးရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဇူးရဘ်ထန်း (Zoramthanga) တို့ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ချင်းညီနောင် (Chin Brotherhood - CB) သည် မြန်မာနိုင်ငံ အနောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်းအတွင်း လှုပ်ရှားနေကြသော ချင်းတော်လှန်ရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ကို ရည်မှန်းချက်ထားကာ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ချင်းပြည်နယ်အတွင်း စစ်တပ်ကိုတိုက်ခိုက်မှုများတွင် အဓိကပါဝင်နေပြီး နယ်မြေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များကိုပါ ဒေသအလိုက် ဖော်ဆောင်နေသည့် အင်အားစုတစ်ရပ် ဖြစ်သည်။

ယခုကဲ့သို့ စစ်တပ်ဘက်မှ ငြိမ်းချမ်းရေးနှင့် ဆွေးနွေးရေးဆိုင်ရာ ကိုယ်စားလှယ်များနှင့် ချင်းညီနောင် (CNO/CB) ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု သတင်းထွက်ပေါ်လာခြင်းမှာ ချင်းပြည်နယ်၏ နိုင်ငံရေးနှင့် စစ်ရေးအခင်းအကျင်းတွင် အရေးပါသော အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ချေရှိမရှိကို စောင့်ကြည့်လျက်ရှိကြသည်။

#ရန်ကုန်/မိုးဟိန်း
Copy of Trumpet
#သတင်း #မီဒီယာ #ပုံ #ခရက်ဒစ်

လူတွေကလေ ကိုယ်တစ်ခုခု လုပ်ပြီဆိုရင် ပထမဦးဆုံးရှာကြတာက ပြောစရာ စကား(အပြစ်)ပါပဲ။ဒီလူရဲ့ နောက်ကွယ်က ကြိုးစားအားထုတ်မှုအနစ်န...
30/07/2026

လူတွေကလေ ကိုယ်တစ်ခုခု လုပ်ပြီဆိုရင် ပထမဦးဆုံးရှာကြတာက ပြောစရာ စကား(အပြစ်)ပါပဲ။

ဒီလူရဲ့ နောက်ကွယ်က ကြိုးစားအားထုတ်မှု
အနစ်နာခံမှု၊ ဆုံးရှုံးမှု ၊ ပေးဆပ်မှု ဒါတွေကျ
ထည့်သွင်းစဉ်းစားဖို့ ဦးနှောက်က ပါမလာကြဘူး။

လိုက်ပြီးအံတုတော့ မအောင်မြင်။
မအောင်မြင်တော အရှက်ကွဲပြီး အောင်မြင်တဲ့အဖွဲ့အစည်းကို တိုက်ခိုက်တော့တာပါပဲ။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့အရေး ၈ ကြိမ်မြောက် လွှတ်တော်ဆိုင်ရာကြားနားပွဲပြုလုပ် Date/July 25, 2026Burma Research Inst...
25/07/2026

အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့အရေး ၈ ကြိမ်မြောက် လွှတ်တော်ဆိုင်ရာကြားနားပွဲပြုလုပ်

Date/July 25, 2026

Burma Research Institute (BRI) ရဲ့ ကြီးမှူးဦးဆောင်မှုဖြင့် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ မြန်မာ့ အရေး ၈ ကြိမ်မြောက် ကွန်ကရက်လွှတ်တော်ဆိုင်ရာကြားနားပွဲကို မနေ့ဇူလိုင် ၂၄ ရက် သောကြာနေ့က ကျင်းပခဲ့ကြ တယ်လို့ သိရပါတယ်။

အဆိုပါကြားနာပွဲကို “ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ အမျိုးသားအကျိုးစီးပွားများ - အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ ဒေသတွင်း တည်ငြိမ်ရေး၊ ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု” ဆိုတဲ့ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာ့အရေးကြားနာပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဆိုင်ရာ ဦးဆောင်ကောင်စီ (SCEF) ရဲ့ မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ ဦးဆောင်ကောင်စီဝင်လည်းဖြစ် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျုံးက အဖွင့်မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီမြန်မာ့အရေးကြားနာပွဲမှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမျိုးသားအကျိုးစီးပွား (US National Interests on Burma)-နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ (Cyber Scam Networks) လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ဒုက္ခသည်များ (Humanitarian Crisis) များအကြောင်း ဆွေးနွေးခဲ့ကြ ပြီး အမေးအဖြေကဏ္ဍကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာ့အရေး ၈ ကြိမ်မြောက် လွှတ်တော်ဆိုင်ရာကြားနားပွဲဖြစ်မြောက်ရေးအတွက် BRAVE Burma Act ကို ဦးဆောင်တင်သွင်းသူ အမေရီ ကန်လွှတ်တော်အမတ် Rep. Bill Huizenga က ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပြီး Burma Research Institute ရဲ့ဥက္ကဌ နဲ့ CEO ဖြစ်သူ Pu Zo Tum Hmung က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့တယ် လို့သိရပါတယ်။

Burma Research Institute အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ အခြေစိုက်သော အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လူ့အခွင့်အရေး၊ စစ်ဘေးဒုက္ခသည်တွေ အကူအညီ ပေးရေးတို့အတွက် သုတေသနပြုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိတဲ့အဖွဲ့ဖြစ်ပြီး အမေရိကန် အစိုးရထံ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးဆိုလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။

Photo- Sumon

23/07/2026

Date 7-25-2026 Saturday night 7:00pm USA EstTime Zoom meeting omding Zoom ID-(904) 356-3643
Password-421

Address

Chin State
Tonzang

Alerts

Be the first to know and let us send you an email when CDF Tonzang Supporters Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CDF Tonzang Supporters Group:

Shortcuts

Share