Twantay Students' Union

Twantay Students' Union တွံတေးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏တရားဝင်စာမျက်နှာဖြစ်သည်။

CRPH မှ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် စပ်လျဉ်း...
15/06/2025

CRPH မှ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် စပ်လျဉ်း၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေညာချက်

09/06/2025
09/06/2025
31/12/2023
အဖိနှိပ်ခံ လယ်သမား ၊ အလုပ်သမား ၊ ကျောင်းသားတို့ သွေးစည်းညီညွတ်ကြ။စစ်သုံးစစ်ကို အမြစ်ပြတ်ချေမှုန်းကြ။Photos - ဗကသကျောင်းသ...
03/05/2023

အဖိနှိပ်ခံ လယ်သမား ၊ အလုပ်သမား ၊ ကျောင်းသားတို့ သွေးစည်းညီညွတ်ကြ။

စစ်သုံးစစ်ကို အမြစ်ပြတ်ချေမှုန်းကြ။

Photos - ဗကသကျောင်းသား ကိုကောင်းဆက်ပိုင်အား သေဒဏ်အမိန့်ချမှတ်ခြင်းအပေါ် ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက် (ဗကသများအဖွဲ့ချုပ်၏ ပြန်ကြားရေးစာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

https://www.facebook.com/464990613660068/posts/2289812897844488/
27/07/2022

https://www.facebook.com/464990613660068/posts/2289812897844488/

◾သမဂ္ဂသို့ ဝင်ကြပါ။

သပိတ်မှောက်ကျောင်းသားတွေ၊ (တနည်းအားဖြင့်) စီဒီအမ်ကျောင်းသားတွေအနေနဲ့ ကိုယ့်ရဲ့သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းတွေရဲ့ ကျောင်းသားသမဂ္ဂထဲ ဝင်ကြပါ။

လက်နက်ကိုင်တော်လှန်ရေးဆင်နွဲနေကြတဲ့ ကျောင်းသားတွေဟာ နေ့စဥ် တော်လှန်ရေးလုပ်ငန်းစဥ်တွေ၊ တပ်ရဲ့လုပ်ငန်းစဥ်တွေ ရှိနေပေမယ့် သပိတ်မှောက်ကျောင်းသားတွေဟာ တခါတလေ တော်လှန်ရေးမှာ ဘာလုပ်ရမလဲဆိုတာကို လမ်းပျောက်လေ့ရှိပါတယ်။ ကျောင်းသားသမဂ္ဂထဲ ဝင်ပါ။ သမဂ္ဂတိုင်းမှာ လုပ်ငန်းစဥ်တွေရှိပါတယ်။ သမဂ္ဂတိုင်းက ကျောင်းသားတွေရဲ့ အားကိုလိုအပ်ပါတယ်၊ ကိုယ့်ရဲ့သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းရဲ့ ကျောင်းသားသမဂ္ဂတွေကို လူမှုကွန်ယက်စာမျက်နှာတွေကလည်း ဆက်သွယ်လို့ရပါတယ်။

သမဂ္ဂတိုင်းကလည်း လုံခြုံရေးအရ စိစစ်လက်ခံနိုင်ဖို့၊ သင့်တော်တဲ့တာဝန်တွေပေးအပ်နိုင်ဖို့၊ အဖွဲ့ဝင်များနဲ့ ဆက်သွယ်ရေးလမ်းကြောင်း၊ အရေးပေါ်စကားဝှက်များ စတာတွေ ပြင်ဆင်ထားသင့်ပါတယ်။ ကျောင်းသားတွေကြားထဲ ကျယ်ပြန့်တဲ့ စည်းရုံးရေးလည်း လုပ်ဆောင်သင့်ပါတယ်။

သပိတ်မှောက်ကျောင်းသားတိုင်း ကျောင်းသားသမဂ္ဂသို့ဝင်ကြပါ။
ကျောင်းသားထုရဲ့အားကို သမဂ္ဂမှာ ပြန်လည်စုစည်းကြပါ။

"Unions make us Strong"

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

၁၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်...
01/05/2022

၁၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) သို့ ပေးပို့သော သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၆/၂၀၂၂
ရက်စွဲ - ၂၀၂၂ ခုနှစ် မေလ ၁ ရက်

အဖိနှိပ်ခံ ကမ္ဘာ့အလုပ်သမားထု၏ အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေသောကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပပြုလုပ်ခြင်းအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အလေးအနက် ဂုဏ်ပြုအပ်ပါသည်။

ခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော အရင်းရှင်လူတန်းစားနှင့် အုပ်စိုးသူအစိုးရအဆက်ဆက်အား ပြင်းပြင်းထန်ထန် တွန်းလှန်ဖြိုဖျက်ခဲ့သည့် အဖိနှိပ်ခံ ဗမာပြည်အလုပ်သမားထုကြီးသည် ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၏ ပင်မအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ဗမာပြည်တွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ အဖိနှိပ်ခံအလုပ်သမားထုကြီးသည် ယနေ့အချိန်အထိ အထွေထွေအကျပ်အတည်းကို ဆိုးရွားစွာဖြင့် ရင်ဆိုင်ခံစားနေရသည်။

ဗမာပြည် အဖိနှိပ်ခံအလုပ်သမားထု၏ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန်မှာ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်တိုက်ဖျက်ပြီး အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်မြောက်ရေးအတွက် ကြိုးပမ်းရန်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း စစ်အာဏာရှင်စနစ်အား အဖိနှိပ်ခံအလုပ်သမားထုကြီးနှင့် လက်တွဲကာ ဆုံးခန်းတိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အဖိနှိပ်ခံပြည်သူများ လုံးဝလွတ်မြောက်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ၁၃၂ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

“အဖိနှိပ်ခံတို့ သွေးစည်းကြစို့”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Three years ago…
03/03/2022

Three years ago…

22/02/2022

' လူထုလက်ရုံး ၂ ခြောက်လုံး ၊
စစ် ၃ စစ်ကို အပြတ်ကျုံး '

(22.02.2022) ရက်နေ့ နံနက်ခင်းရန်ကုန်မှာ ၂ ‌ခြောက်လုံးလူထုအရေးတော်ပုံနေ့အထိမ်းအမှတ်အဖြစ်
' လူထုလက်ရုံး ၂ ခြောက်လုံး ၊ စစ် ၃ စစ်ကိုအပြတ်ကျုံး ' ဆိုတဲ့ ဘန်နာနဲ့ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်...

ဒီလှုပ်ရှားမှုကို GSC အင်အားစုတွေဖြစ်တဲ့
ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ ၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသ) ၊ လူ့ဘောင်သစ်လူငယ်များ ၊ သာကေတမြို့နယ်လူငယ်သပိတ်ကော်မတီ နှင့် မြို့နယ်အသီးသီးသပိတ်လူငယ်များ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်...

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး ထောင်တွင်းအကြမ်းဖက် နှိပ်စက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရဒီဇင်ဘာ ၃၀၊ ဗကသ #အပ...
30/12/2021

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး ထောင်တွင်းအကြမ်းဖက် နှိပ်စက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ

ဒီဇင်ဘာ ၃၀၊ ဗကသ

#အပြည့်အစုံဖတ်ရှုရန် - http://www.abfsu.com/2021/12/blog-post_71.html

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်

abfsu

05/12/2021

❝စစ်အစိုးရ၊စစ်အုပ်စု၊စစ်ဗျူရိုကရေစီယန္တရား တိုက်ဖျက်ဖို့ လူတန်းစားလူ့အလွှာအားလုံးပါဝင်စို့❞ စာသားပါ ဘန်နာကိုင်စွဲကာ ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

ဒီဇင်ဘာ ၅၊ ရန်ကုန်

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဒဂုံမြို့နယ်သပိတ်ကော်မတီ (NDOPSC)၊ တောင်ဒဂုံမြို့နယ်ကျောင်းသာများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူထုအခြေပြုသပိတ်ကော်မတီတို့ပူးပေါင်း၍ ❝စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားတိုက်ဖျက်ဖို့ လူတန်းစားလူ့အလွှာအားလုံးပါဝင်စို့❞ ဟူသော ဘန်နာကိုင်စွဲကာ တိုက်ပွဲဝင် ဗကသအလံတော်၊ အကသအလံတော်များနှင့်တကွပြည်သူ့လွတ်မြောက်ရေးအလံ အလံနီကိုကိုင်စွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတခုကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ကိုနှင်းအောင် (ဗကသများအဖွဲ့ချုပ် ဗဟိုက...
04/12/2021

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ကိုနှင်းအောင် (ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်း တိုင်းရင်းသားရေးရာတာဝန်ခံ) သို့ ဂုဏ်ပြု‌သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၆ / ၂၀၂၁
ရက်စွဲ - ၄ / ၁၂ / ၂၀၂၁

ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း တိုင်းရင်းသားရေးရာတာဝန်ခံအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ကိုနှင်းအောင်သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ဖက်ဆစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးညှဉ်းပမ်း နှိပ်စက်သတ်ဖြတ်မှုကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျဆုံးသွားသည်ဟု သိရပါသည်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ရဲဘော်နှင်းအောင်အား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များကို ကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။

မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီးလို့ကြိုပေတော့

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Address

Twante

Telephone

+959776421330

Website

Alerts

Be the first to know and let us send you an email when Twantay Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Twantay Students' Union:

Share