04/01/2025
ကိုယ်ရေးအချက်အလက်များ မှန်ကန်ပြည့်စုံရေးသည် နိုင်ငံသားတိုင်းအတွက် အလွန်အရေးကြီးသည့် အချက်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနသည် e-ID စနစ်တွင် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများကိုယ်တိုင် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ Online မှတစ်ဆင့် တိုက်ဆိုင်စစ်ဆေးနိုင်သည့် Web Application တစ်ခု တည်ဆောက်ခဲ့ပါသည်။
အဆိုပါ Web Application ကို အသုံးပြု၍ ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသား စိစစ်ရေးကတ်ပြားတွင်ပါရှိသည့် ကိုယ်ရေးအချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) တွင် ပါရှိသည့် အချက်အလက်များအား ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင် စစ်ဆေးနိုင်မည်ဖြစ်ပါသည်။ ထိုသို့တိုက်ဆိုင်စစ်ဆေးရာတွင် ပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ရေး အချက်အလက်များအား မှန်ကန်စွာဖြည့်သွင်းရန် လိုအပ်မည်ဖြစ်ပြီး၊ အချက်အလက် လုံခြုံမှုရှိစေရေး အတွက် ကာယကံရှင်ကိုယ်တိုင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ အချက်အလက် တိုက်ဆိုင် စစ်ဆေးထားရှိမှုအခြေအနေအား QR Code ဖြင့် ပြန်လည်စစ်ဆေးနိုင်မည်ဖြစ်ပြီး၊ မှန်ကန်မှု ရှိ/မရှိ အကြောင်းပြန်ကြားပေးရာတွင် Data Privacy အရ ကိုယ်ရေးအချက်အလက် အသေးစိတ်အား ဖော်ပြပေးမည် မဟုတ်ဘဲ၊ မှန်ကန်မှု ရှိ/မရှိ အခြေအနေကိုသာ အကြောင်းပြန်ကြားပေးမည် ဖြစ်ပါသည်။
ကိုယ်ရေးအချက်အလက်များ မှန်ကန်မှု ရှိ/မရှိ အား service(dot)eid(dot)gov(dot)mm တွင် တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။
ပြည်သူ့အကျိုးရွက်သယ်ပိုး ပံ့ပိုးကူညီ e-ID