MAUNG

MAUNG Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MAUNG, Military Base, Wetlet.

31/07/2022
ဂျပန် သံတမန်တွေ နေထိုင်တဲ့ တိုက်ခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့====================မဇ္ဈိမမြန်မာနိုင်...
05/07/2021

ဂျပန် သံတမန်တွေ နေထိုင်တဲ့ တိုက်ခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့
====================
မဇ္ဈိမ

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံတမန်တွေနဲ့ JICA ဂျပန်ဝန်ထမ်းတွေ နေထိုင်တဲ့ ကွန်ဒိုမီနီ တိုက်ခန်းတွေကို အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းလောက်က ဝင်ရောက်စီးနင်းခဲ့ တယ်လို့ ဂျပန်အခြေစိုက် အဆာဟိသတင်းဌာနမှာ ဇူလိုင်လ ၄ ရက်နေ့က ရေးသားထားပါတယ်။

ဂျပန်သံတမန်တွေနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ဝန်ထမ်းတွေနေထိုင်တဲ့ ရန်ကုန်မြို့လယ်က ကွန်ဒိုမီနီတိုက်ခန်းတစ်ခုကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာပါ။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပိတ်ထားတဲ့ အခန်းတံခါးတွေကို မာစတာကီးနဲ့ သော့ဖျက်ဝင်ရောက်ပြီး ဂျပန်သံတမန်တွေနဲ့ JICA ဝန်ထမ်းတွေကို အတင်းအကျပ်ဖိအားပေးပြီး ဧည့်ခန်းထဲအထိ ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဆာဟိသတင်းဌာနက ရေးသားပါတယ်။

ဂျပန်သံတမန်တွေနဲ့ JICA ဝန်ထမ်းတွေရဲ့ တိုက်ခန်းကို ရှာဖွေမှုလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဝင်ရောက်လာစဉ် ကွန်ဒိုမီနီမှာ တာဝန်ကျနေတဲ့ မြန်မာလူမျိုး ဝန်ထမ်းနှစ်ဦးကိုလည်း ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

ရှာဖွေမှုအပြီးမှာ ဂျပန် သံတမန်တွေနဲ့ JICA ဝန်ထမ်းတွေကိုတော့ ဂျပန်လူမျိုးမှန်းသိသွားလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်တာနှက်တာ မလုပ်ခဲ့ပါဘူး။

ဂျပန်သံအရာရှိတွေနေထိုင်တဲ့တိုက်ခန်း အခုလို ဝင်ရောက်စီးနင်းခံရတာနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာဘက်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

02/02/2021

ကျွန်တော်သည် သာမာန် ပြည်သူတစ်ဦးဖြစ်ပါသည်။

Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့၀န်ထမ်းအင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာ၀န်များနှင့် အခြား‌သော ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်။

❌❌ စစ်အာဏာရှင်စနစ် လုံးဝ အလိုမရှိ ❌❌






11/12/2020

မမြင်နိုင်တဲ့လမ်းရဲ့အဆုံးမှာ
ချောက်ကမ်းပါးက
တည့်တည့်

10/11/2020
နိုးထလာတဲ့ မနက်ခင်း===============ဒီကနေ့တော့ ထူးထူးဆန်းဆန်း အစောကြီးထနေမိတယ်။မနက်ခင်း 4 နာရီ ခွဲ။နားထဲမှာကြားနေရတာက ရွာဥ...
08/10/2020

နိုးထလာတဲ့ မနက်ခင်း
===============
ဒီကနေ့တော့ ထူးထူးဆန်းဆန်း အစောကြီးထနေမိတယ်။မနက်ခင်း 4 နာရီ ခွဲ။နားထဲမှာကြားနေရတာက ရွာဦး ဘုန်းကြီးကျောင်း အသံချဲ့စက်ကြီးထံမှ တရားဓမ္မအသံ
စောစောစီးစီး စိတ်ချမ်းမြေ့ဖွယ်ကောင်းလှပါဘိ။ကြာပါ​ဘူး ဘေးအိမ်က တဂွမ်ဂွမ်နဲ့ ထမင်းထချက်။ကျနော်ကလည်း လောကွတ် လုပ်တတ်တဲ့သူဆိုတော့ စကားစမြည်လှမ်းပြောလိုက်တယ်။ဗျို့ အစ်မ...စောစောစီးစီး ထမင်းချက်နေပါရောလား ။ဟုတ်တယ် ငါ့မောင်ရေ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ရမှာ ငါ့မောင်ရေ ဆွမ်းဟင်းက တော့ မနေ့ညကတည်းက ကြိုချက်ထားလိုက်တယ် ဆွမ်းထမင်း အခုချက်နေတာ။ အော် ဟုတ်ကဲ့ ဟုတ်ကဲ့ အစ်မဟုပြန်ပြောလိုက်မိတယ်။ကျနော်တို့ရွာမှာ ရွာဦးဘုန်းကြီးကျောင်းက အလှည့်ကျ မနက်ဆွမ်း ဆွမ်းချိုင့်ပို့ရသည့်ဓလေ့။နှစ်အိမ်ပေါင်း သုံးအိမ်ပေါင် အလှည့်ကျ ပို့ရသည်။တတ်နိုင်သလောက် သာသနာအကျိုးကို ထမ်းဆောင်နေသည့်သဘော ။စိတ်ထဲမှာပင် ကျနော်ပြုံးပြုံးကြီးနဲ့ သာဓု သုံးကြိမ်ခေါ်လိုက်မိသည်။​ဘေးပတ်ဝန်းကျင်ကလည်း မှောင်ရီဝိုးတဝါး
လေးမြသော လေကလေးက ကျနော့်ကို ဆွဲဆောင်နေသည် ကိုနိုင်ရေ ငါနဲ့အတူ လိုက်ခဲ့ပါလား ဆိုတဲ့သဘော။တကျွီကျွီ တဂျီဂျီ နဲ့ အဝေရာပင်( စားလို့ရသောအပင်တမျိုးအရွက်ကိုပြုတ် ငါးပိရည်နဲ့တို့စား ရင် အရမ်းကောင်း)ပေါ်ကို က စာငှက်ကလေးတွေ အမေက သားကို နှိုးနေသည့်သဘော။သူတို့ရဲ့ သီချင်းသံနဲ့အတူ
မနက်ခင်းလေးက ကြည်နူးဖွယ်။ ရွာလယ်လမ်းက တချွမ်ချွမ်နဲ့ ကြည့်လိုက်တော့ လှည်းတစီးလာနေတာကိုတွေ့ရသည်။ဘာ့ကြောင့် ဒီလှည်း တအားအသံမြည်နေရတာလဲပေါ့။ အနီးကပ်ရောက်လာလို့ ကြည့်လိုက်တော့ လှည်းနောက်မှာ ဆွဲလာတဲ့ နွားမှာ ခြူတွေ အပြည့်။ကျနော်လည်း ထုံးစံအတိုင်း လောကွတ်လည်းပြုပီး မေးလိုက်ပြန်တယ်။ဗျိုး....ဦးကြီး..နွားရ ရှယ်ပါလား။ပြန်ဖြေရှာပါတယ်။ငါ့တူရေ အဲ့ဒါလိုက်သိုးနွားကွ နောက်နှစ်ဆို သိန်းနှစ်ဆယ်ပြေးမလွတ်ဘူး လို့ပြောပီး ပြုံးဖြဲကြီး လုပ်ပီး နွားလှည်းကို ဆက်မောင်းသွားလေရဲ့။ လိုက်သိုးနွားတစ်ကောင်ပေါက်စျေး သိန်းနှစ်ဆယ်ဝန်းကျင်။ လိုက်သိုးနွားဆိုတာ အလုပ်မခိုင်းပဲ သေချာကျွေးမွေးပီး ဇီးတင်(မိတ်လိုက်)ပေးရခြင်း။အော်....ကျွန်တော်သေချာ တွေးမိလိုက်သည်။တောထဲတောင်ထဲမှာ ရွံနွံတွေ နဲ့ ကုန်းရုန်းလုပ်နေ ရတဲ့ နွားက စျေးရလှမှ ရှစ်သိန်း ကိုးသိန်း အိမ်မှာအဝကျွေး ဘာအလုပ်မှ မလုပ်ပဲ ဇီးတင် နေတဲ့ နွားက သိန်းနှစ်ဆယ် ဝန်းကျင်။အော်........... အတော်လည်း တရားကျဖို့ ကောင်းပါဘိ။နွားချင်းတူတာတောင်...စျေးချင်းမတူပါလား.......။အဲ့လိုပါပဲ.....
တခြားသော..... တခြားသော.........



ဂဏန်း ထီးလေးမဖြစ်ချင်ပါ====================ယခုခေတ်မှာ ပင်လယ်စာအစားအသောက်တွေ စားသုံးမှုများပြားလာမှုနဲ့အညီ ပင်လယ်စာထဲမှာလ...
06/10/2020

ဂဏန်း ထီးလေးမဖြစ်ချင်ပါ
====================

ယခုခေတ်မှာ ပင်လယ်စာအစားအသောက်တွေ စားသုံးမှုများပြားလာမှုနဲ့အညီ ပင်လယ်စာထဲမှာလည်း ဂဏန်းကမပါမဖြစ်ပေါ့။ပင်လယ်စာအစားသောက်တွေထဲမှာ ရေဘဝဲ၊ကင်းပွန်း၊ပြည်ကြီးငါး၊ဂဏန်း အော်....စသဖြင့်ပေါ့။ဂဏန်း ကို အချိုချက် လိုက် အစပ်ချက်လိုက် ချိုချည်ချက်လိုက် ထောင်းလိုက် ကြော်လိုက် အို....မျိုးစုံပါပဲ။အဲ့ထဲကမှ ဂဏန်းပျော့ ချက်အကြောင်းလေးကို
ဆရာမောင်သာချိုရေးတဲ့ (ခရီးသည်ရောက်ရာက မမေ့ပါဘု) စာအုပ်ထဲမှာ ဖတ်လိုက်ရတာ ဂဏန်းထီးလေးတွေရဲ့ သနားစရာဘဝလေးကို မြင်ယောင်လာမိပါရဲ့။ဆရာကတော့ ဂဏန်းပျော့ ချက်က စားလို့ကောင်းကြောင်းရယ်နဲ့ ဂဏန်းပျော့ချက် ဘယ်လိုဖြစ်လာပုံပြောပြထားပါ
တယ်။ကျနော်ကတော့ ဂဏန်းထီးလေးတွေကို သနားမိပါရဲ့။ဘာ့ကြောင့်လဲဆိုတော့ စာအုပ်ထဲမှာ ရေးထားတာက
ဂဏန်းပျော့ ရဖို့ ဂဏန်းတွေကို ပုံစံခွက်ထဲမှာ 45 ရက်ထားရပါတယ်။45 ရက် ပြည့်ရင် ဂဏန်အထီး ဆို အခွံလဲတယ် ဂဏန်းအမဆို အခွံမလဲ ။အခွံလဲ နေတဲ့ ဂဏန်းထီးကို သေချာစောင့်ကြည့်ပီး သုံးနာရီ မပြည့်ခင် ရေချိုနဲ့ ထိပေးလိုက်ရင် ဂဏန်းခွံက မမာတော့ပါဘူးတဲ့။အဲ့လိုနဲ့ ဂဏန်းပျော့ ရပီး ဂဏန်းပျော့ချက်ကို စားသောက်နေကြရောပါလား ။အော် ဘယ်လောက်နာကျင်လိုက်မလဲ
ဘဝ အသစ်တစ်ခု စဖို့ အခွံလဲ နေတဲ့အချိန်မှာ မသမာသူတွေရဲ့ လက်ချက်နဲ့ စားသောက်ကုန်တစ်ခု ဖြစ်သွားပါရောလား😥😥။ဂဏန်းထီးလေး နည်းတူပါပဲ လက်ရှိဘဝမှာ ကြိုးစားနေတဲ့ လူငယ်တွေ အခွံ လဲဖို့ လုပ်နေတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ သို့သော် တစ်ဖက်သားရဲ့ မကောင်းကြံ ဂျောက်ချ ဂျောက်တွန်း ဖျက်စီးပီး လူငယ်တွေရဲ့ အနာဂတ်ကို ​ရိုက်ချိုးဖျက်စီးနေတဲ့ လူအချို့က ရှိသေး။အော်.............ဖြစ်လေရာဘဝတိုင်း ဂဏန်းထီးလေး မဖြစ်ပါစေနဲ့။



29/09/2020

ပန်းသီး နဲ့ တူသော နိုင်ငံရေး
Please like & Share
Org vd .card
Edit.Maung

28/09/2020

Cute baby 😘😘😘
စိတ်ကူးယဉ်ပီး အိပ်တော့မယ်

Source from youtube

28/09/2020

အကြိမ်ရေ ဘယ်လောက်ကြည့်ကြည့်
ရိုးမသွားတဲ့ ပြက်လုံး ဟန်ပန်အမူရာက အသက်

ဦးမိုးဒီ/ဦးမော့စ်/ဦးစိန်ရိုး/ဦးတိမ်ညွန့် အပိုင်း(၁)

Address

Wetlet

Website

Alerts

Be the first to know and let us send you an email when MAUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category