Wetlet People's Defense Force Battalion 2

Wetlet People's Defense Force Battalion 2 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wetlet People's Defense Force Battalion 2, Government Organization, Wetlet.

Wetlet People Defense Force have to save people’s lives, houses and properties , to protect against the Military terrorists’ violences and to lead the Fedral Democracy which our National Natives want.

စစ်အာဏာရှင်စနစ် အမြစ်ပြက် ချေမှုန်းရေးအတွက် အလှူငွေ ၃ သိန်းကျပ်အား ကူညီထောက်ပံ့ပေးသော မြို့နယ်ပေါင်းစုံမှ သူငယ်ချင်းတစ်စ...
15/08/2022

စစ်အာဏာရှင်စနစ် အမြစ်ပြက် ချေမှုန်းရေးအတွက် အလှူငွေ ၃ သိန်းကျပ်အား ကူညီထောက်ပံ့ပေးသော မြို့နယ်ပေါင်းစုံမှ သူငယ်ချင်းတစ်စု အဖွဲ့အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

လှူဒါန်းပေးသော အလှူငွေ များကိုလည်း ပြည်သူကာကွယ်ရေးနှင့် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် အကောင်းဆုံး အသုံးချသွားမည်ဖြစ်သည်ဟု သစ္စာကတိပြုပါသည်။

MTYC group ထံကနေ ထောက်ပံ့ငွေ သိန်း ၂၀ ကျပ်လက်ခံရရှိခဲ့ပါတယ်။ တော်လှန်းရေးအတွက် ပါဝင်အားဖြည့်ပေးခဲ့သော MTYC group ကိုလည်း...
14/08/2022

MTYC group ထံကနေ ထောက်ပံ့ငွေ သိန်း ၂၀ ကျပ်
လက်ခံရရှိခဲ့ပါတယ်။
တော်လှန်းရေးအတွက် ပါဝင်အားဖြည့်ပေးခဲ့သော
MTYC group ကိုလည်းကျေးဇူးတင်ပါတယ်။

ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)အနေ
ဖြင့်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်ချေမှုန်းပြီး
ဖရယ်ဒယ်ဒီမိုကရေစီ ရရှိသည်ထိ တိုက်ပွဲဝင်သွားမည်ဟု
သစ္စာ အဓိဌာန်ပြုအပ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ‌ဧရာ...
08/08/2022

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ‌ဧရာဝတီမြစ်ကမ်းဘေးရှိ ရေလမော်ကျေးရွာကို ဝင်ရောက်ကာ ပြည်သူ့နေ အိမ် ၆ လုံးကို ၄ နာရီ ၁၅ ဝန်းကျင်တွင် မီးရှို့ဖျက်ဆီး သွားခဲ့ပါသည်။

လူထု သစ္စာ အဓိဌာန်ပြုပွဲ နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ယနေ့ 31.7.2022 တွင် ဝက်လက်​မြို့နယ် PDF တပ်ရင်း(...
31/07/2022

လူထု သစ္စာ အဓိဌာန်ပြုပွဲ နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု

ယနေ့ 31.7.2022 တွင် ဝက်လက်​မြို့နယ် PDF တပ်ရင်း(၂) မှ ဦးဆောင်ကာ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပ.က.ဖများဖြင့် လူထုသစ္စာ အဓိဌာန် ပြုပွဲနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပါသည်။စစ်ကောင်စီမှ တော်လှန်ရေးလှုပ်ရှားသူများနှင့် ပြည်သူလူထုကို မတရားညှည်းပန်းနှိပ်စက်သတ်ဖြတ်ပြီး ပြည်သူလူထုကို အကြောက်တရားသွင်းနေသော်လည်း သွေးအေးသွားမည်မဟုက်ဘဲ
ဆက်လက်တော်လှန် တိုက်ပွဲဝင်သွားမည်ကြောင်း သစ္စာကတိပြုပါသည်။

စစ်ကောင်စီ၏ မတရားကြိုးပေးသတ်ဖြတ် ခံရသော ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော် ၊ကိုလှမျိုးအောင် နှင့် ကျဆုံးသွားသော ရဲဘော်များအတွက် အကောင်းဆုံးလက်စားချေသွားမည်ဖြစ်သည်။

အာဇာနည်နေ့အောက်မေ့ဖွယ် ​​အခမ်းအနား ကျင်းပခြင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ဝက်လက်မြို့နယ် PDF တပ်ရင်း(၂) မှ ဦးဆေ...
19/07/2022

အာဇာနည်နေ့အောက်မေ့ဖွယ် ​​အခမ်းအနား ကျင်းပခြင်း

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ဝက်လက်မြို့နယ် PDF တပ်ရင်း(၂) မှ ဦးဆောင်ကာ ကျင်းပသော ၇၅ကြိမ်မြောက် အာဇာနည်နေ့အောက်မေ့ဖွယ် အခမ်းအနားအား ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ (၁)၊ ဝက်လက်မြို့နယ် ကျေးရွာ ပ.က.ဖ များ၊ဝက်လက်မြို့နယ် ပ.က.ဖ တာဝန်ခံ၊ဝက်လက်မြို့နယ် ပ.လ.ဖ တာဝန်ခံ၊ဝက်လက်မြို့နယ် ပ.အ.ဖ တာဝန်ခံ၊ ဝက်လက်မြို့နယ် ပညာရေးတာဝန်ခံ နှင့် ဝက်လက်မြို့နယ် တိုက်နယ် ပ.က.ဖ တာဝန်ခံများ တက်ရောက်အလေးပြုခဲ့ကြပါသည်။
ကျဆုံးသွားသော အာဇာနည် ကိုးဦးသာမက ခေတ်အဆက်ဆက် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်း အားလုံးကို အလေးနီပြုအပ်ပါသည်။

" အာဇာနည်တို့ထုံး နှလုံးမူ၍ မပြီးပြတ်သေးသောပြည်သူ့တော်လှန်ရေးကို အဆုံးထိ ဆင်နွှဲကြပါစို့ "

03/07/2022

တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် ကောင်စီတပ်(အင်အား ၁၀၀ ဝန်းကျင်)ကို ဝက်လက် PDF တပ်ရင်း(၂)နှင့် မဟာမိတ် PDF အဖွဲ့များက တိုက်ခိုက်ခဲ့

အကြမ်းဖက်စစ်ကောင်စီတပ်သည်
၂၀၂၂ ခုနှစ်၊ ဇူလှိုင်လ ၂ ရက်နေ့ ညနေမှစ၍ မီးညိုကုန်းရွာ၊ ထန်းကြီးကုန်းရွာ၊ ဝက်လက်ရွဲရွာနှင့် မင်းရွာကျေးရွာတို့ကို မီးရှို့ဖျက်စီးခဲ့ပါ သည်။ ဇူလှိုင်လ ၃ ရက်နေ့ မနက် ၉ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် မင်းရွာ၏ အရှေ့တောင်‌ဘက်သို့ စစ်ကြောင်းထိုးလာရာ ဝက်လက် PDF တပ်ရင်း(၂)နှင့် မဟာမိတ် PDF အဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ပြီး ၁ နာရီ မိနစ် ၃၀ မိနစ် ဝန်းကျင်ကြာ အပြန်အလှန်ပစ်ခက်မှုဖြစ်ပွားခဲ့ပါ သည်။

ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၄ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ မဟာမိတ် PDF အဖွဲ့များမှ ရဲဘော် ၈ ဦးကျဆုံးခဲ့ပြီး တချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် သူတို့ဖမ်းဆီးခေါ်ဆောင်လာသော ပြည်သူများအပါအဝင် ရွာသားများကိုလည်း နှိပ်စက်သက်ဖြတ်မှုများရှိခဲ့သည်။

ပါဝင်တိုက်ခိုက်ခဲ့သော PDF အဖွဲ့များမှာ - ဝက်လက် PDF တပ်ရင်း(၂)၊ Black Wolf PDF၊ လျှပ်စီးပျောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း(၁၇)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၅) ၊ ပ.က.ဖ အဖွဲ့များနှင့် LPDF တို့က ပူးပေါင်းဆင်နွှဲခဲ့ကြသည်။

ဝက်လက်မြို့နယ်၊ ရှားကွဲအုပ်စု၊ ချောင်းမီးတိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်နေ့ ညနေ ၆နာရီ ၄၅ မိနစ်တွင် စတင...
10/06/2022

ဝက်လက်မြို့နယ်၊ ရှားကွဲအုပ်စု၊ ချောင်းမီးတိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်နေ့ ညနေ ၆နာရီ ၄၅ မိနစ်တွင် စတင်မီးရှို့ပြီး ည ၈နာရီအချိန်တွင် ရွာမှ ထွက်ခွာသွားခဲ့ပါသည်။ ကျေးရွာ၏ သုံးပုံနှစ်ပုံကျော်(ခန့်မှန်း) မီးလောင်ပျက်စီးခဲ့ပါသည်။ ​အကြမ်းဖက်စစ်ကောင်စီတပ်များ ရွာသို့ဝင်ချိန် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ချို့ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ တပ်ရင်း(၂)အနေဖြင့် မီးလောင်ပျက်စီးသွားသောအိမ်ခြေအရေအတွက်နှင့် ဆုံးရှုံးမှုတန်ဖိုးကိုလည်း ဆက်လက်စုံစမ်းလျက်ရှိပါသည်။ယခုအချိန်တွင် ချောင်းမီးတိုကျေးရွာမှ ပြည်သူများသည် အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူများထံမှ အကူအညီအထောက်အပံ့ကို များစွာလိုအပ်လျက်ရှိပါသည်။ တပ်ရင်း(၂)မှတဆင့်လည်း ကူညီလှူဒါန်းနိုင်ပါသည်။

ယခုအချိန်မှစ၍ ပြည်သူများအနေဖြင့် ခရိုင်ချင်းဆက်လမ်းကို ကန့်သတ်ထားသည့်အချိန်မှလွဲ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါသည်။

ဓာတ်ပုံ - ချောင်းမီးတိုကျေးရွာ မီးလောင်ပျက်စီးခဲ့သော မြင်ကွင်း

🚫 အရေးပေါ် အသိပေးထုတ်ပြန်ချက်🚫 ဝက်လက်မြို့နယ် ခရိုင်ချင်းဆက်လမ်း တစ်နေရာတွင်  ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် အကြမ်းဖက်စစ်...
09/06/2022

🚫 အရေးပေါ် အသိပေးထုတ်ပြန်ချက်🚫

ဝက်လက်မြို့နယ် ခရိုင်ချင်းဆက်လမ်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေပါသဖြင့် ဝက်လက်မြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ခရိုင်ချင်းဆက်လမ်း အား မည်သည့်အကြောင်းကြောင့်မှ အသုံးမပြုကြရန် အရေးပေါ်အသိပေးအပ်ပါသည်။

ပြန်လည်အသုံးပြုခွင့်ရက်ကို page တွင် ကြေညာသွားမည်ဖြစ်ပါသည်။

ဓာတ်ပုံ_ဝက်လက်မြို့နယ် PDF တပ်ရင်း(၂)

၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင်  ကိုရီးယား​ရောက်အလှူရှင်များ လှူဒါန်းသော အလှူငွေ ၄၆သိန်း ၅သောင်း ၆ထောင်ကျပ်တိတိကို Aung ...
26/05/2022

၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ကိုရီးယား​ရောက်အလှူရှင်များ လှူဒါန်းသော အလှူငွေ ၄၆သိန်း ၅သောင်း ၆ထောင်ကျပ်တိတိကို Aung Zay Ya(Korea) ထံမှ တစ်ဆင့် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)မှ လက်ခံရရှိခဲ့ပါသည်။ လက်ခံရရှိသော အလှူငွေများကိုလည်း ပြည်သူကာကွယ်ရေးနှင့် စစ်အာဏာရှင်ချေမှုန်းရေးများတွင် ထိရောက်စွာ အကောင်းဆုံးအသုံးချသွားမည်ဟု ကတိပြုပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ် အင်းအား ၁၅၀ ဝန်းကျင်သည် သစ်ဆိမ့်ရွာ၊ကူကြီးရွာနှင့် ငါးပတ်ချောင်းကျေးရွာများတွင် တပ်စွဲကာ ပြည်သူပိ...
20/05/2022

အကြမ်းဖက်စစ်ကောင်စီတပ် အင်းအား ၁၅၀ ဝန်းကျင်သည် သစ်ဆိမ့်ရွာ၊ကူကြီးရွာနှင့် ငါးပတ်ချောင်းကျေးရွာများတွင် တပ်စွဲကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်နေပါသည်။ ထိုစစ်ကြောင်းသည် မေလ ၈ ရက်နေ့ ထနှောင်းကိုင်းရွာ၊ ကျောက်ခွေတောင်အနီး တိုက်ပွဲကနေ ရှေ့ဆက်ထိုးလာသော စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းထိုးရာလမ်းတလျှောက်တွင် ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ခြင်းနှင့် ပြည်သူ
နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများကို အကြမ်းဖက်လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဧရာဝတီမြစ်ကြောင်းကို လုံးဝအသုံးမပြုကြရန်နှင့် စစ်ရေးသတိ‌ဖြင့်နေထိုင်ကြရန် အသိပေးမေတ္တာ ရပ်ခံအပ်ပါသည်။

ဓာက်ပုံ_ဝက်လက် PDF တပ်ရင်း(၂)

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)ဝက်လက်မြို့နယ် PDF တပ်ရင်း(၂) မှ မေလ ၇ ရက်နေ့ တိုက်ပွဲတွင် ကျဆုံးခဲ့သော...
09/05/2022

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)

ဝက်လက်မြို့နယ် PDF တပ်ရင်း(၂) မှ မေလ ၇ ရက်နေ့ တိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် ထက်ခလေး အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ

08/05/2022

ရွှေဘိုမြို့နယ်မှ ဝက်လက်မြို့နယ်ဘက်သို့
စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်
စီတပ်ကို ဝက်လက်မြို့နယ် PDF တပ်ရင်း(၂)နှင့်
မဟာမိတ် PDF အဖွဲ့များမှပစ်ခက်တိုက်ခိုက်ခဲ့

၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့‌တွင် အကြမ်းဖက်
စစ်ကောင်စီ၏ ခမရ(၁၂) + ပျူစောထီးပူးပေါင်း
တပ်သည် ရွှေဘိုမြို့နယ်၊ ကုလားမ‌လက်ကောက်ကျရွာကနေ မန်ကြီးသုံးပင်ရွာသို့ စစ်ကြောင်းထိုးလာပြီး
မန်ကြီးသုံးပင်ကျေးရွာရှိ ပြည်သူနေအိမ်တချို့ကို
မီးရှို့ဖျက်ဆီးခဲ့ပါသည်။ မေလ ၇ ရက်နေ့တွင်
အကြမ်းဖက်စစ်ကောင်စီတပ်သည် မကြီးသုံးပင်
ကျေးရွာကနေ ဝက်လက်မြို့နယ် ထနှောင်းကိုင်းရွာ အရှေ့ဘက်ကျောက်ခွေတောင်ဘက်သို့ စစ်ကြောင်းထပ်မံထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား(၇၀)ဝန်းကျင်ကို ဝက်လက်မြို့နယ် PDF တပ်ရင်း(၂)မှ ညနေ ၃ နာရီ မိနစ် ၂၀ မှစ၍ စတင်ပစ်ခက်ခဲ့ရာ ၄၅ မိနစ်ကြာ အပြန်အလှန်ပစ်ခက်မှု ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်
ဘက်မှ စနိတ်ဘာတပ်သားအပါအဝင် ၇ ဦးထက်
မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်
ရာရရှိခဲ့သသည်။ PDF အဖွဲ့ဘက်မှလည်း ၃ ဦးကျဆုံးခဲ့ပြီး ၂ ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ ကျဆုံး၊
ပျောက်ဆုံးနေသော PDF များတွင် ဝက်လက် PDF တပ်ရင်း(၂)မှ ရဲဘော် (၁)ဦးနှင့် မဟာမိတ် PDF အဖွဲ့
များမှ (၄) ဦးဖြစ်သည်။ အထိနာခဲ့သော အကြမ်း
ဖက်စစ်ကောင်စီတပ်သည် မန်ကြီးသုံးပင်ရွာဘက်
သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး လာရာလမ်းအတိုင်း
ပြန်လှည့်မည်ဟု ယူဆရသည်။

ပုံ_ ဝက်လက် PDF တပ်ရင်း(၂)မှ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာစဉ်

Address

Wetlet

Alerts

Be the first to know and let us send you an email when Wetlet People's Defense Force Battalion 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Wetlet People's Defense Force Battalion 2:

Share