Wuntho People Defense Force - WPDF

Wuntho People Defense Force - WPDF Wuntho PDF ၏ တရားဝင် သတင်းပြန်ကြားရေး စာမျ?

- မြို့သိမ်း စစ်ဆင်ရေး အောင်မြင်ဖို့ နည်းပညာနှင့် တိုက်ကြစို့ -မိမိတို့ ကောလင်းခရိုင် အမှတ် ( ၄ ) တပ်ရင်းသည် မကြာခင်ရောက...
14/09/2024

- မြို့သိမ်း စစ်ဆင်ရေး အောင်မြင်ဖို့ နည်းပညာနှင့် တိုက်ကြစို့ -

မိမိတို့ ကောလင်းခရိုင် အမှတ် ( ၄ ) တပ်ရင်းသည် မကြာခင်ရောက်လာမည့် မြို့သိမ်းစစ်ဆင်ရေးအား အောင်မြင်စွာ ဆင်နွှဲသိမ်းပိုက်နိုင်ရန် ကျည်ကာ၊ ဦးထုပ်နှင့် Drone များအရေးပေါ် လိုအပ်နေပါသဖြင့် ၎င်းပစ္စည်းများကို ဝယ်ယူနိုင်ရန် မိမိတို့ ကောလင်းခရိုင် အမှတ် ( ၄ ) တပ်ရင်းမှ အောက်ပါမဲများကို ရောင်းချပေးသွားပါမည်။

မဲတစ်စောင် ( ၁၀,၀၀၀ ကျပ်/ တစ်သောင်းကျပ် ) နှုန်း၊ မဲတစ်အုပ် ( ၁,၀၀၀,၀၀၀ ကျပ်/ ဆယ်သိန်းကျပ် ) နှုန်းဖြင့် ( 1.9.2024 ) ရက်နေ့မှ ( 31.10.2024 ) ရက်နေ့အထိ မိမိတို့ ကောလင်းခရိုင် အမှတ် ( ၄ ) တပ်ရင်း ကိုယ်စားပြု WPDF Page Chatbox တွင် တစ်ဦးချင်းသော်လည်းကောင်း၊ နှစ်ဦးစပ်သော်လည်းကောင်း ဝယ်ယူအားပေးနိုင်ပြီး ငွေလွှဲများကို NUG Pay, KBZ Pay တို့ဖြင့် ပေးချေနိုင်ပါသည်။

( 31.10.2024 ) ရက်နေ့ အများပြည်သူများရှေ့တွင် ပေါက်မဲများကို နိုက်ထုတ်ပြီး မဲဖွင့်လှစ်ပေးသွားပါမည်။

#ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

20/11/2022

November 11 ရက်နေ့ နံနက် 05:15အချိန်တွင် ဝန်းသိုမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး မီးသတ်ရုံးအတွင်းရှိ Non-CDM များ ဖြစ်သော မြို့နယ်မီးသတ် ဝန်ထမ်း ၁၂ဦးအား‌ ခေါ်ဆောင်၍ CDM ဝန်ထမ်းများ ခိုလှုံရာ ဌာနသို့ လုံခြုံစွာ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

၁၅ ၊ ၈ ၊ ၂၀၂၂ ခုနှစ်၊ နေ့လည်( ၁၂ )နာရီ ဝန်းသို ( စကစ  ခမရ ၁၁၁ နှင့် ခမရ ၁၂၀) တပ်ရင်းမှအပြစ်မဲ့ပြည်သူများတည်ရှိရာ ရွာများ...
15/08/2022

၁၅ ၊ ၈ ၊ ၂၀၂၂ ခုနှစ်၊ နေ့လည်( ၁၂ )နာရီ ဝန်းသို ( စကစ ခမရ ၁၁၁ နှင့် ခမရ ၁၂၀) တပ်ရင်းမှ
အပြစ်မဲ့ပြည်သူများတည်ရှိရာ ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိပါသည်။ လက်နက်ကြီးအလုံးရေ ( ၃၀ ) ခန့်ရှိပါသည်။ လက်ရှိပြည်သူများမှာ စိုးရိမ် ထိတ်လန့်နေကြပြီး အထိအခိုက်မရှိပဲ အကာအကွယ်များတွင် နေကြရပါသည်။ ကျွဲနွား တိရစ္ဆာန်များ လက်နက်ကြီးထိမှန်ထားပါသည်။ မိဘပြည်သူများ အစစအရာရာ ပိုဂရုစိုက်ကြပါဦးခင်ဗျ။

အားလုံးပါဝင်ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
11/08/2022

အားလုံးပါဝင်ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။

Wuntho Revolution Page တွင် ဝန်းသိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( WPDF ) အတွက် အလှူခံခြင်းအစီအစဉ်ကို ကျွန်တော်တို့ ခေတ္တရပ်ဆိုင်းထားပါဦးမယ်ခင်ဗျ။ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူလုပ်လိုပါက ကျွန်တော်တို့ Date သတ်မှတ်ပြီး အသိပေးပါမယ်။ ပြီးခဲ့တဲ့လမှာ ဝန်းသို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် အလှူခံပြီး ရရှိထားတဲ့ အလှူငွေ 830000 ( ရှစ်သိန်းသုံးသောင်း ) ကျပ်ကို ဝန်းသို PDF တပ်ရင်း ( 4 ) သို့ ပေးပို့ပြီးပါပြီ။

ဝန်းသိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( WPDF ) အား တိုက်ရိုက်အလှူငွေထည့်လိုပါက အောက်ပါ Page Link တွင် ဆက်သွယ် လှူဒါန်းနိုင်ပါပြီ။ ပါဝင်လှူဒါန်းပေးကြမယ့် ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

https://www.facebook.com/WunthoPeopleDefenseForce/

#အရေးတော်ပုံ_အောင်ရမည်။

အင်တာနက် အခြေအနေအရ ကျွန်တော်တို့ Wuntho People Defense Force - WPDF Page ဟာ Active မဖြစ်နိုင်တာ အချိန်တစ်ခုအထိ ကြာခဲ့ပါပ...
10/08/2022

အင်တာနက် အခြေအနေအရ ကျွန်တော်တို့ Wuntho People Defense Force - WPDF Page ဟာ Active မဖြစ်နိုင်တာ အချိန်တစ်ခုအထိ ကြာခဲ့ပါပြီ။ ဒီအတောအတွင်းမှာ Page အနေဖြင့် ပြည်သူများကို ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ လုပ်ဆောင်ချက်များကို ချမပြပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဝန်းသို PDF တပ်ရင်း ( 4 ) ကိုယ်စား ဒီ Page ကနေတဆင့် တောင်းပန်အပ်ပါတယ်ခင်ဗျ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အင်တာနက် မရရတဲ့နေရာကနေ ပြည်သူများအတွက် မှန်ကန်သော သတင်းအချက်အလက်များကို အချိန်နဲ့တပြေးညီ ကြိုးစားပြီး တင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ တပ်ရင်း ( 4 ) အား အပြုသဘောဆောင်ပြီး လိုအပ်ချက်များကို ဝေဖန်ထောက်ပြနိုင်ပါတယ်ခင်ဗျ။ တပ်ရင်းမှာလည်း လိုအပ်တာလေးတွေ ရှိနေတဲ့အတွက် အလှူခံအစီအစဉ်လေးလည်း ရှိပါတယ်။ တတ်နိုင်သလောက် နည်းများမဆို ကူညီပေးကြပါဦးနော်။ Ready ဖြစ်တဲ့အချိန်ရောက်ရင် အသိပေးပါမယ်ခင်ဗျ။

#အရေးတော်ပုံ_အောင်ရမည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဒါဏ်ရှောင်တိမ်းဖို့ အရပ်သားပြည်သူတွေ မိမိအိမ်တွင်း ဗုံးခိုကျင်း တည်ဆောက်ခဲ့ကြတဲ့ မှတ်တမ်းနဲ့ ဖွ...
03/01/2022

ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဒါဏ်ရှောင်တိမ်းဖို့ အရပ်သားပြည်သူတွေ မိမိအိမ်တွင်း ဗုံးခိုကျင်း တည်ဆောက်ခဲ့ကြတဲ့ မှတ်တမ်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေက်ု မျှဝေချင်ပါတယ်ဗျ။ ဘာသာပြန်ပေးဖို့ အချိန်မရတဲ့အတွက်လည်း တောင်းပန်ပါတယ်ခင်ဗျ။

မိဘပြည်သူများလည်း အဆင်သင့်သလို အသုံးချပြီး ဘေးရန်ကင်းဝေးကြပါစေခင်ဗျာ။

#ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်တမ်းဖြေပြီးလည်း ကူညီပေးကြပါဦးဗျhttps://m.facebook.com/story.php?story_fbid=209052134760523&id=112910301041374
27/12/2021

စစ်တမ်းဖြေပြီးလည်း ကူညီပေးကြပါဦးဗျ

https://m.facebook.com/story.php?story_fbid=209052134760523&id=112910301041374

✊ငါတို့မြို့ ငါတို့ ပိုင်တယ် ✊

ငါတို့ဟာ တရားမျှတမှုနဲ့လွတ်လပ်မှုကို ယုံကြည်တဲ့ နိုင်ငံသားကောင်းတွေ ဖြစ်တယ်။ ငါတို့ဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်တယ်။ ငါတို့ဟာ တာဝန်ကျေတဲ့ လူတွေ ဖြစ်တယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဟာ ငါတို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေရဘူး။ ငါတို့မြို့ရွာတွေကို လုံးဝအုပ်ချုပ်ခွင့်မရစေရ။ ငါတို့ရဲ့ အဓိဌာန်ဟာ ခိုင်မာတယ်၊ပြတ်သားတယ် ဆိုရင် အောက်ပါ စစ်တမ်းမှာ ကိုယ့်ရပ်ရွာ၊ရပ်ကွက်တွင်း လက်ရှိအခြေအနေတွေနဲ့ အုပ်ချုပ်ရေးယန္တရားဆိုင်ရာ အချက်အလက်တွေကို ပေးပို့ပြီး တော်လှန်ရေးတပ်သားအဖြစ် ပါဝင်ပါ။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဖြေဆိုသူဆိုင်ရာအချက်အလက်တွေကို မှတ်တမ်းတင်ထားမှာ မဟုတ်လို့ လုံခြုံစိတ်ချစွာဖြေဆိုနိုင်ပါတယ်။

စစ်တမ်းဖြေဆိုရန် Link 👉 https://form.collect21.com/x/1ksNcQV5

#ငါတို့မြို့ငါတို့ပိုင်တယ်
#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

ကြေငြာချက်အမှတ် (၇/၂၀၂၁)ရက်စွဲ - ဒီဇင်ဘာလ၊ ၂၄ရက်၊ ၂၀၂၁     #အရေးတော်ပုံအောင်ရမည်
24/12/2021

ကြေငြာချက်အမှတ် (၇/၂၀၂၁)
ရက်စွဲ - ဒီဇင်ဘာလ၊ ၂၄ရက်၊ ၂၀၂၁
#အရေးတော်ပုံအောင်ရမည်

" ဝန်းသိုမြို့နယ်နေ မိဘပြည်သူများသို့ အသိပေးကြေငြာချက် "ကြေငြာချက်အမှတ် (၆/၂၀၂၁)ရက်စွဲ - စက်တင်ဘာလ၊ ၁၃ရက်၊ ၂၀၂၁     #အရေ...
13/09/2021

" ဝန်းသိုမြို့နယ်နေ မိဘပြည်သူများသို့ အသိပေးကြေငြာချက် "
ကြေငြာချက်အမှတ် (၆/၂၀၂၁)
ရက်စွဲ - စက်တင်ဘာလ၊ ၁၃ရက်၊ ၂၀၂၁
#အရေးတော်ပုံအောင်ရမည်

10/09/2021

မတရားမှုကို မကြိုက်သော်လည်း အခြေအနေ တစ်ခုခုကြောင့် အပြင် ထွက်မရသေးသော ပြည်သူ့ဘက်တော်သားများအတွက် ဒီ Telegram ကို ချိတ်ဆက်ပြီး တပ်တွင်း / စခန်းတွင်း CDM ပြုလုပ်ပြီး အရေးကြုံလာလျှင် ပြည်သူနဲ့အတူ ပူးပေါင်းပေးဖို့ တိုက်တွန်းလိုပါတယ်ဗျ။

" ဝန်းသိုမြို့နယ်နေ မိဘပြည်သူများသို့ အသိပေးကြေငြာချက် "ကြေငြာချက်အမှတ် (၅/၂၀၂၁)ရက်စွဲ စက်တင်ဘာလ ၈၊ ၂၀၂၁     #အရေးတော်ပု...
08/09/2021

" ဝန်းသိုမြို့နယ်နေ မိဘပြည်သူများသို့ အသိပေးကြေငြာချက် "
ကြေငြာချက်အမှတ် (၅/၂၀၂၁)
ရက်စွဲ စက်တင်ဘာလ ၈၊ ၂၀၂၁
#အရေးတော်ပုံအောင်ရမည်

" ဝန်းသိုမြို့နယ်နေ မိဘပြည်သူများသို့ အသိပေးကြေငြာချက် "ကြေငြာချက်အမှတ် (၄/၂၀၂၁)ရက်စွဲ ဩဂုတ်လ ၁၇၊ ၂၀၂၁     #အရေးတော်ပုံအ...
17/08/2021

" ဝန်းသိုမြို့နယ်နေ မိဘပြည်သူများသို့ အသိပေးကြေငြာချက် "
ကြေငြာချက်အမှတ် (၄/၂၀၂၁)
ရက်စွဲ ဩဂုတ်လ ၁၇၊ ၂၀၂၁
#အရေးတော်ပုံအောင်ရမည်

Address

Wuntho
02172

Alerts

Be the first to know and let us send you an email when Wuntho People Defense Force - WPDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category