Proximity Designs

Proximity Designs They saw farmers’ profound needs were neglected by the private, government and aid sectors. Their problems become yours. Hence, our name Proximity.

Proximity Designs is a social business in Myanmar - we design and deliver affordable, income-boosting products that complement the entrepreneurial spirit of rural families. Our founders, Jim Taylor and Debbie Aung Din, launched Proximity Designs in 2004 with the commitment to create a social business for Myanmar’s underserved rural families. After 20 years working to make change happen in tough en

vironments around the world, they put to use a powerful idea they learned at the start of their careers. It was in the Mississippi Delta where they worked with social entrepreneur and civil rights leader, John Perkins, that they learned an important lesson: deep knowledge and understanding comes from living among those you aim to serve. With these values, they moved to Myanmar and entered the rural market with 13 team members and two treadle pump models, working alongside rural farmers.

ယခုအပတ်ဟာ ကမ္ဘာ့ရေအရင်းအမြစ်ကို အလေးအနက်ထား အထိမ်းအမှတ်ပြုတဲ့ အချိန်ကာလပဲဖြစ်ပါတယ်။ကျွန်ုပ်တို့တောင်သူမိသားစုတွေအတွက် ကာ...
26/08/2026

ယခုအပတ်ဟာ ကမ္ဘာ့ရေအရင်းအမြစ်ကို အလေးအနက်ထား အထိမ်းအမှတ်ပြုတဲ့ အချိန်ကာလပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့တောင်သူမိသားစုတွေအတွက် ကာယပင်ပန်းမှု လျော့နည်းလာပြီး သီးနှံအထွက်နှုန်း ဆက်တိုးပွားနေခြင်း ဟာ အမှန်တကယ် အဓိပ္ပာယ်ရှိသော "တိုးတက်မှု" တစ်ခုပဲဖြစ်ပါတယ်။ ယခင်က ဟင်းသီးဟင်းရွက်စိုက် တောင်သူအများစုဟာ စိုက်ခင်းထဲ ရေသွင်းနိုင်ရန် ရေ၀င်လမ်းကြောင်းများ ကိုယ်တိုင်တူးဖော်ရင်း အချိန်ကုန်ခံခဲ့ရသလို၊ ရေပုံးတစ်ခုချင်းစီဖြင့် ရေသယ်ပြီး စိုက်ခင်းအနှံ့ ပင်ပင်ပန်းပန်း ရေသွင်း၊ ရေလောင်းခဲ့ကြရပါတယ်။

ယနေ့အချိန်မှာတော့ မြန်မာနိုင်ငံတစ်ဝန်းက တောင်သူပေါင်း (၁၂၈,၅၅၀) ဦး ဟာ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ရေရောက်ရှိစေတဲ့ Proximity ရဲ့ Mister ရေမှုန်ပန်း ရေသွင်းစနစ်ကို ပြောင်းလဲအသုံးပြုနေကြပါပြီ။ Mister ရေသွင်းစနစ်ဟာ ရေကို ညီညီညာညာဖျန်းပေးနိုင်တာကြောင့် စိုက်ခင်းထဲမှာ ရေအိုင်ဖြစ်ပေါ်တာကို လျှော့ချပေးနိုင်သလို၊ မြေဆီလွှာတိုက်စားမှုနဲ့ ရေအိုင်တွေကနေတစ်ဆင့် ဖြစ်ပေါ်နိုင်တဲ့ ရောဂါများကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီစနစ်က တောင်သူတွေရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ပြန်လည်ရရှိစေပြီး၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာမှာ ကြုံတွေ့ရတဲ့ ပင်ပန်းဆင်းရဲမှုကို လျော့နည်းစေတာပဲ ဖြစ်ပါတယ်။

ယခုနှစ်၏ အဓိကခေါင်းစဉ်ဖြစ်တဲ့ “လူသားများနှင့် တိုးတက်မှုအတွက် ရေ” ဆိုတာကိုတော့ Proximity အဖွဲ့သားတွေအနေနဲ့ လက်တွေ့အသုံးချနိုင်ပြီး ဈေးနှုန်းသက်သာတဲ့ ရေသွင်းနည်းပညာတွေကို တောင်သူများ အလွယ်တကူအသုံးပြုနိုင်အောင် ဖန်တီးပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်။ ဒါမှသာ တောင်သူများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဝင်ငွေများပိုမိုရရှိကာ စိုက်ပျိုးရေးလုပ်ငန်းမှာ လူအင်အားသက်သာ၊ အချိန်ကုန် သက်သာပြီး၊ ပိုမိုကျန်းမာတဲ့ မြေဆီလွှာတွေကိုလည်း ရေရှည်တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။

This week, we’re celebrating World Water Week!

For farming families, progress means increasing productivity while reducing back-breaking work. Traditionally, farmers spend days ploughing furrows to flood vegetable plots or carrying buckets of water to irrigate.

Today, 128,550 farm households across Myanmar have switched to Proximity’s Mister micro-irrigation system, which delivers water at the turn of a switch. By distributing water evenly across crops, the Mister system eliminates water pooling, helping reduce soil erosion and soil-borne diseases. Most importantly, it gives farmers back valuable time and reduces the drudgery of growing vegetables.

For us, “Water for people and progress” means making practical, affordable micro-irrigation technology accessible to smallholder farmers, so they can grow more, earn more, spend less time on back-breaking farm work, and build healthier soils.

“တောင်သူအများစုက ဓာတုဆေးတွေကိုပဲ အားကိုးပြီး စိုက်ပျိုးလာကြတာများပါတယ်။ သဘာဝစိုက်ပျိုးရေးနည်းလမ်းတွေအကြောင်း သိတဲ့သူတွေ ...
20/08/2026

“တောင်သူအများစုက ဓာတုဆေးတွေကိုပဲ အားကိုးပြီး စိုက်ပျိုးလာကြတာများပါတယ်။ သဘာဝစိုက်ပျိုးရေးနည်းလမ်းတွေအကြောင်း သိတဲ့သူတွေ နည်းပါသေးတယ်။ ဓာတုဆေးတွေကိုပဲ အမြဲသုံးနေမယ့်အစား၊ ကုန်ကျစရိတ်သက်သာပြီး ရေရှည်အကျိုးရှိနိုင်တဲ့ သဘာဝစိုက်ပျိုးရေးနည်းလမ်းတွေရှိတယ်ဆိုတာ တောင်သူတွေကို သိစေချင်ပါတယ်။”

ဒါဟာ ဧရာဝတီတိုင်း ဇလွန်မြို့နယ်၊ ဒေါင်းကြီးရွာမှ ငရုတ်နဲ့ ခရမ်းချဉ်စိုက်ပျိုးတဲ့ တောင်သူ ဦးဝင်းစိန်ရဲ့ စကားပါ။ သူဟာ ဓာတုသွင်းအားစုကနေ ဇီဝသွင်းအားစုဘက်ကို ပြောင်းလဲအသုံးပြုလာတဲ့ တောင်သူများထဲက တစ်ဦးဖြစ်ပါတယ်။

ဦးဝင်းစိန်ဟာ နှစ်ပေါင်းများစွာ လယ်ယာလုပ်သားအဖြစ်လုပ်ကိုင်ရင်း စုဆောင်းခဲ့တဲ့ငွေနဲ့ အသက် (၄၀) ကျော်မှ လယ်ကွက်ငယ်လေးတစ်ကွက်ဝယ်ယူပြီး ကိုယ်ပိုင်စိုက်ပျိုးရေးစတင်ခဲ့တာဖြစ်ပါတယ်။

အသိမိတ်ဆွေတောင်သူတစ်ဦးကနေတစ်ဆင့် ရေတံခွန် ရဲ့ “ဘာမထီစမ်း” ထရိုင်ဂိုဒါးမား ဇီဝမှိုသတ်ဆေးကို စတင်သိရှိခဲ့ပြီး သူ့ရဲ့ ခရမ်းချဉ်ခင်းမှာ စမ်းသပ်သုံးပြုကြည့်ခဲ့ပါတယ်။ အသုံးပြုပြီးတဲ့အခါ ဓာတုမှိုသတ်ဆေးသုံးစွဲတာနဲ့ နှိုင်းယှဉ်ရင် ကုန်ကျစရိတ်ကို ထက်ဝက်ခန့် လျှော့ချနိုင်ခဲ့သလို ခရမ်းချဉ်သီးအပင်တွေလည်း ကျန်းမာသန်စွမ်းတဲ့ ရလဒ်ကောင်းရရှိခဲ့တာကြောင့် သူကိုယ်တိုင် အံ့အားသင့်ခဲ့ရပါတယ်။

အဲဒီအောင်မြင်မှုကပဲ ဇီဝသွင်းအားစုများကိုဆက်လက်အသုံးပြုဖို့ သူ့ကို ယုံကြည်မှုပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ငရုတ်ခင်းမှာ “ဘာမထီစမ်း” ဇီဝမှိုသတ်ဆေးကို သုံးစွဲခဲ့ရာ အလားတူကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။

ကိုယ့်စိုက်ခင်းထဲမှာ တွေ့ရတဲ့ရလဒ်တွေကြောင့် ဦးဝင်းစိန်ဟာ သူ့ရွာကအခြားတောင်သူတွေကိုပါ ဇီဝသွင်းအားစုတွေ မိတ်ဆက်ပေးဖို့ ကျွန်တော်တို့ “ရေတံခွန်”အဖွဲ့ကို ရွာကို ဖိတ်ခေါ်ခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ သူ၏ရွာကတောင်သူ (၂၅) ဦးခန့်က ဇီဝသွင်းအားစုတွေကို စတင်အသုံးပြုနေကြပါပြီ။

"Many farmers still depend heavily on chemical inputs and know little about natural alternatives. I want them to see there is a better way."

That’s the message from farmer U Wein Sein, a chili and tomato farmer from Daung Kyi Village in Lower Myanmar, and one of many farmers making the shift from chemical inputs to biologicals. He came to farming later in life, using his savings from years of working as a farm laborer to buy a small plot after turning 40.

When a neighbor introduced him to our MIGHTY bio-fungicide, he tested it on his tomato crop and was surprised to cut his chemical fungicide costs in half while still producing a healthy harvest. That success gave him the confidence to keep experimenting, and this year he used MIGHTY Trichoderma bio-fungicide on his chili crop with equally good results.

Encouraged by what he saw on his own farm, U Wein Sein invited our team to his village to introduce biological inputs to other farmers. Today, 25 more farmers from his village have started adopting biologicals!

Thank you to New Zealand Embassy Yangon, Myanmar, for your trust and continued partnership since 2019 in helping smallho...
07/08/2026

Thank you to New Zealand Embassy Yangon, Myanmar, for your trust and continued partnership since 2019 in helping smallholder farmers grow more sustainably and strengthen Myanmar's food system.

[English below] နယူးဇီလန်နိုင်ငံသည် Proximity Designs https://www.facebook.com/proximitydesigns ကို ၂၀၁၉ ခုနှစ်မှစတင်၍ ဂုဏ်ယူစွာပံ့ပိုးကူညီလျက်ရှိပါသည်။

ယခု ၂၀၂၆ ခုနှစ်အတွင်း တောင်သူ ၃၀၁,၀၀၀ ကျော်သည် Proximity Designs ၏ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းပညာများအနက် အနည်းဆုံးစိုက်ပျိုးနည်းစနစ်တစ်မျိုးကို သုံးစွဲခဲ့ကြပါသည်။ အချုပ်အားဖြင့် အဆိုပါတောင်သူမိသားစုများသည် လယ်ယာလုပ်ငန်းမှ အသားတင်ဝင်‌ငွေ အမေရိကန်ဒေါ်လာ ၇၄ သန်း ပိုမိုရရှိခဲ့သည့်အပြင် လယ်ယာမြေ ဧကပေါင်း ၁.၁ သန်းကျော်၏ မြေဆီလွှာအရည်အသွေးကိုလည်း မြှင့်တင်နိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် Proximity Designs ၏ ထိရောက်သော တောင်သူအကျိုးပြုလုပ်ငန်းများကို အနာဂတ်တွင်လည်း ဆက်လက်ကူညီပံ့ပိုးရန် မျှော်လင့်လျက်ရှိပါသည်။

New Zealand has been a proud supporter of Proximity Designs https://www.facebook.com/proximitydesigns since 2019.

In the year ending June 2026, over 301,000 Proximity Designs customers adopted at least one of its regenerative farming solutions. In aggregate, these farm households earned an estimated USD 74 million in additional net farm income and improved the health of their soils on over 1.1 million acres of farmland.

We look forward to supporting the impactful work of Proximity Designs into the future.

မြန်မာနိုင်ငံရှိ စပါးခင်းများမှာ ပိုးမွှားကျရောက်လာပြီဆိုရင်  တောင်သူတစ်ဦးအနေဖြင့် ပိုးမွှားရောဂါတွေကိုထိန်းချုပ်နိုင်ရန...
30/07/2026

မြန်မာနိုင်ငံရှိ စပါးခင်းများမှာ ပိုးမွှားကျရောက်လာပြီဆိုရင် တောင်သူတစ်ဦးအနေဖြင့် ပိုးမွှားရောဂါတွေကိုထိန်းချုပ်နိုင်ရန်အတွက် ဦးစွာလုပ်ဆောင်လေ့ရှိသည်မှာ ဓာတုပိုးသတ်ဆေးများ ဝယ်ယူပက်ဖျန်းခြင်းပဲဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ တောင်သူထောင်ပေါင်းများစွာက မတူညီတဲ့နည်းလမ်းများကို ရွေးချယ်လာကြပါပြီ။ Proximity မှလည်း စိုက်သီးနှံအလိုက် လက်တွေ့ကျတဲ့ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းများကို AI chatbot “ဖိုးချက်” မှတစ်ဆင့် တောင်သူများကို လမ်းညွှန် ပေးလျက်ရှိပါတယ်။

ယခုရာသီမှာလည်း တောင်သူ (၆,၁၄၂) ဦးဟာဆိုရင် စပါးစိုက်ခင်းများကို ပျက်စီးဆုံးရှုံးမှုများစေတဲ့ “ရွှေခရုနှင့် ဖြုတ်ညို” စပါးဖျက်ပိုးနှစ်မျိုးကို သဘာဝနည်းလမ်းအတိုင်း ကာကွယ်တိုက်ဖျက်ရန် ဖိုးချက်မှတစ်ဆင့် နည်းလမ်းများကို ရယူပြီး ဖျက်ပိုးရန်တွေကို လျော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဓာတုပိုးသတ်ဆေးများကို ပိုးအကျများတော့မှ ဝယ်ယူပက်ဖျန်းမည့်အစား ၎င်းတို့သည် လယ်ကွင်းများကို ပုံမှန်ကြည့်ရှုစစ်ဆေးခြင်း၊ ပိုးမွှားများ၏ ပေါက်ဖွှားမှုပုံစံကို နားလည်ခြင်းနှင့် ပိုးကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်သည့် သဘာဝနည်းလမ်းများ အသုံးပြု၍ အထွက်နှုန်းထိခိုက်မှုကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။

ဖိုးချက်၏ ထိရောက်မှုသည် AI နည်းပညာတစ်ခုတည်းကြောင့်သာ မဟုတ်ပါဘူး။ ဖိုးချက်မှ ဖြေဆိုနိုင်ခြင်းမရှိသေးသော မေးခွန်းများကို ကျွန်ုပ်တို့၏ စိုက်ပျိုးရေးပညာရှင်အဖွဲ့က ဆန်းစစ် ဖြေကြားပေးပြီးလျက်ရှိပါတယ်။ ဒါ့အပြင် မှန်ကန်သောအဖြေများကို သတ်မှတ်၊ မှတ်သားပြီး
ဖိုးချက်၏ အသိပညာနှင့် စွမ်းဆောင်ရည်ကို အဆက်မပြတ် မြင့်တင်လျက်ရှိပါတယ်။

ဒါကြောင့် ဖိုးချက်ဟာ AI ၏ လျင်မြန်မှုနှင့် ကျွမ်းကျင်စိုက်ပျိုးရေးပညာရှင်များ၏ အကဲဖြတ်ဆုံးဖြတ်နိုင်စွမ်းကို ပေါင်းစပ်ထားသည့် ဒစ်ဂျစ်တယ်စိုက်ပျိုးရေး အကြံပေးဝန်ဆောင်မှုတစ်ခုအဖြစ် တောင်သူများကို အကျိုးပြုနေပြီဖြစ်ပါတယ်။

(၂) နှစ်တာကာလအတွင်း တောင်သူပေါင်း (၆၂၁,၉၈၇) ဦးသည် ဖိုးချက်မှတစ်ဆင့် စိုက်ပျိုးရေးနည်းလမ်းသစ်များနှင့် အသိပညာများကို လေ့လာခဲ့ကြပါတယ်။ ယခုနှစ်တွင် ထိုတောင်သူများအနက် (၁၂၈,၄၃၉) ဦးသည် ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ် အနည်းဆုံးတစ်မျိုးကို လက်တွေ့ကျင့်သုံးလာခဲ့ကြပြီး၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အသုံးပြုသူတောင်သူဦးရေမှာ (၄၃) ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါတယ်။

When pest problems strike a paddy field in Myanmar, a farmer's first instinct has traditionally been to reach for chemical pesticides.

Today, thousands of farmers are doing something different. Instead, they turn to RegenChat, our direct-to-farmer AI chatbot, for practical regenerative practices tailored to their crops. This season, 6,142 farmers used RegenChat to tackle two of the country's most damaging paddy pests, the golden apple snail and the brown planthopper. Instead of defaulting to chemicals, they learned how to scout their fields regularly, understand pest life cycles, and apply targeted natural methods to prevent infestations.

What makes RegenChat effective isn't just the use of AI alone. Our agronomy team answers the questions the chatbot can't, tags the right responses, and feeds them back into the model. The result is a digital extension service that combines AI's speed with the judgment of trained agronomists.

In just two years, RegenChat has reached 621,987 unique farmers. This year alone, 128,439 of them adopted at least one regenerative practice, up 43% year-on-year.

နည်းပညာဆိုတာ ကျွန်ုပ်တို့ Proximity Design ရဲ့ ဝန်ဆောင်မှုနဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေအတွက် အဓိကကျတဲ့ ကျောရိုးတစ်ခုဖြစ်သ...
13/07/2026

နည်းပညာဆိုတာ ကျွန်ုပ်တို့ Proximity Design ရဲ့ ဝန်ဆောင်မှုနဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေအတွက် အဓိကကျတဲ့ ကျောရိုးတစ်ခုဖြစ်သလို ရန်ကုန်ရုံးချုပ်နဲ့ နယ်က ရုံးအဖွဲ့တွေကို အမြဲအဆက်အသွယ်ရနေအောင် ချိတ်ဆက်ပေးနေတဲ့ ကဏ္ဍဆိုရင်လည်းမမှားပါဘူး။

အခုဆိုရင် ကျွန်ုပ်တို့ရဲ့ Network၊ Servers နဲ့ Cloud Platforms နည်းပညာတွေကို ဦးဆောင်တာဝန်ယူပေးနိုင်ပြီး လုပ်ငန်းအတွေ့အကြုံ (၅) နှစ်နှင့်အထက်ရှိတဲ့ IT Operations Lead တစ်ဦးကို ရှာဖွေနေပါတယ်။ မိမိရဲ့ နည်းပညာ ကျွမ်းကျင်မှုတွေကို အသုံးချပြီး ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖန်တီးပေးချင််သူဆိုရင်တော့ အခုပဲ လျှောက်ထားလိုက်ပါ။

Tech is the backbone of everything we do at Proximity, keeping our Yangon office and rural field teams connected. We’re looking for a hands-on IT Operations Lead with 5+ years of experience to take ownership of our network, servers, and cloud platforms. If you’re a pragmatic problem-solver ready to use your skills for real-world impact, we want to hear from you!

https://proximitydesigns.bamboohr.com/careers/116?source=aWQ9MzQ%3D

ကောက်ရိုးနှင့် ရိုးပြတ်များကို မီးရှို့ရန်မလိုဘဲ Proximity ၏ ဇာမဏီစွမ်း ဇီဝရိုးပြတ်ဆွေးရည်ဖြင့် သဘာဝအတိုင်း ဆွေးမြည့်စေက...
06/07/2026

ကောက်ရိုးနှင့် ရိုးပြတ်များကို မီးရှို့ရန်မလိုဘဲ Proximity ၏ ဇာမဏီစွမ်း ဇီဝရိုးပြတ်ဆွေးရည်ဖြင့် သဘာဝအတိုင်း ဆွေးမြည့်စေကာ မြေဩဇာအဖြစ် ပြောင်းလဲအသုံးချသည့် No-Burn Rice Farming Practice စပါးစိုက်ပျိုးနည်းလမ်း၏ အကျိုးသက်ရောက်မှုကို သုတေသနနယ်ပယ်မှာ စံထားရတဲ့ Randomized Controlled Trial (RCT) ဖြင့် စမ်းသပ်အတည်ပြု လုပ်ဆောင်ရာ ယခုဆိုရင် ရလဒ်များ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဤသုတေသနရလဒ်သည် Proximity အဖွဲ့သားများအတွက်သာမက စပါးစိုက်တောင်သူလယ်သမားများအတွက်ပါ အားတက်ဝမ်းမြောက်ဖွယ် သတင်းကောင်းဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှစ၍ Proximity သည် ယခင်ကကဲ့သို့ ကောက်ရိုးနှင့် ရိုးပြတ်များကို မီးရှို့ခြင်းမပြုဘဲ သဘာဝအတိုင်း ဆွေးမြည့်စေသည့် ရေရှည်တည်တံ့သော စပါးစိုက်ပျိုးနည်းကို မြန်မာနိုင်ငံရှိ စပါးစိုက်တောင်သူများထံ စတင်မိတ်ဆက်ခဲ့ရာ ထိုအချိန်မှစ၍ တောင်သူ ၂၈,၂၂၇ ဦးက ဤနည်းလမ်းကို လက်ခံကျင့်သုံးလျက်ရှိပြီး လယ်ကွင်းအတွင်းရှိ ကောက်ရိုးနှင့် ရိုးပြတ်များကို မီးရှို့မည့်အစား ၎င်းတို့ကို မြေဆီလွှာအတွင်းဇာမဏီစွမ်း ဇီဝရိုးပြတ်ဆွေးရည်ဖြင့် သဘာဝအတိုင်း ဆွေးမြည့်စေပြီး မြေဩဇာအဖြစ် ပြန်လည်အသုံးချလျက်ရှိပါတယ်။

တောင်သူများအတွက် ကုန်ကျစရိတ်ကလည်း တစ်ဧကမှ ၃၁,၀၀၀ ကျပ် သာဖြစ်ပါတယ်။

ဤစိုက်ပျိုးနည်းလမ်းရဲ့ ထိရောက်မှုကို RCT သုတေသနနည်းလမ်းဖြင့် ယမန်နှစ်က Michigan State University ၏ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် သယံဇာတ ဘောဂဗေဒဌာနနှင့် ပူးပေါင်း၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ၂၀၂၄ မိုးစပါးနှင့် ၂၀၂၅ နွေစပါးစိုက်တောင်သူ ၂,၁၆၉ ဦး၏ လယ်ကွက်များကို ကျပန်းရွေးချယ်အကဲဖြတ်ရာတွင် အောက်ပါရလဒ်များတွေ့ရှိရပါတယ်။

✅ သုတေတနတွင် ပါဝင်သည့်တောင်သူများသည် လယ်ကွင်းပြင် မီးရှို့ခြင်းကို ဧရိယာအားဖြင့် ၇၄% အထိ လျှော့ချခဲ့ခြင်း။
✅ ၎င်းတောင်သူများသည် စပါးအထွက်နှုန်း ၁၃ ရာခိုင်နှုန်း တိတိပိုမိုရရှိခြင်း။
✅ တစ်ဧကလျှင် လယ်ယာဝင်ငွေ အသားတင် ၅၄ ရာခိုင်နှုန်း တိုးလာခြင်း။
✅ တစ်ဧကကုန်ကျငွေ၏ ၂၂ ဆ (၆၈၂,၀၀၀ ကျပ်) အသားတင်အကျိုးအမြတ်ရရှိခြင်း။
✅ စိုက်ရာသီတစ်ခုအတွင်းမှာပင် အမြတ်ရရှိပြီး ဝင်ငွေထိခိုက်နစ်နာမှု လုံးဝမရှိခြင်း။
✅ တစ်ဧကလျှင် ဓာတုမြေဩဇာ သုံးစွဲမှု ၉% လျှော့ချနိုင်ခြင်း တို့ပင်ဖြစ်ပါတယ်။

ရာသီတစ်ခုတည်းအတွင်းမှာပင် တောင်သူများ၏ စိုက်ပျိုးမြေ မြေဆီလွှာ ပိုမိုကောင်းမွန်လာခြင်း၊ အထွက်နှုန်း ပိုမိုရရှိလာခြင်းနှင့် လယ်ယာအမြတ်ငွေ ပိုမိုမြင့်မားလာခြင်းတို့ကို လက်တွေ့ခံစားနေရပါပြီ။

ယခုအခါ Proximity သည် ဤစိုက်ပျိုးနည်းလမ်းကို မြန်မာနိုင်ငံရှိ စပါးစိုက်တောင်သူ ၁၀၀,၀၀၀ ဦးအထိ ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့ကျင့်သုံးနိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် အောင်မြင်မှုကို လက်တွေ့သက်သေပြပြီးဖြစ်သော ဤနည်းလမ်းကို အခြားစပါးစိုက်ပျိုးသည့် နိုင်ငံများသို့လည်း တိုးချဲ့အကောင်အထည်ဖော်နိုင်ရန် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆက်လက်ရှာဖွေလျက်ရှိပါတယ်။

ဤသုတေသနအကြောင်း ပိုမိုသိရှိလိုပါက Proximity သို့ ဆက်သွယ်နိုင်ပါတယ်။

The results of an independent RCT of our No-Burn Rice Farming Practice are in…..and they're great!

Proximity first introduced this regenerative practice to rice farmers in Myanmar in 2023. Since then, 28,227 rice farmers have adopted it, replacing open-field burning with a simple, affordable bio-decomposer solution that composts rice straw back into the soil.

The cost to farmers? Just USD 7.50 per acre to adopt.

Last year, we partnered with Michigan State University's Department of Agricultural, Food and Resource Economics to conduct a randomized controlled trial involving 2,169 farmers in the Irrawaddy Delta, covering the 2024 monsoon and 2025 post-monsoon seasons.

Key findings:
✅ Farmers reduced open-field burning by up to 74% of acreage
✅ 13% yield increase (avg. 132 kgs/acre) among adopters
✅ 54% net farm income increase per acre — a 22x return on a USD 7.50 investment
✅ Profitable after just one season, with no income trade-off
✅ 9% reduction in chemical fertilizer usage per acre

In just one season, farmers are already seeing better soils, more yields, and higher farm profits.

We're now working to deliver this practice to 100,000 rice farmers in Myanmar and seeking partners to scale this proven practice in the region.

To learn more about the study, please reach out to [email protected].

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၇.၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တောင်သူအများစုသည် မြေဆီလွှာအရည်အသွေးကျဆင်...
19/06/2026

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၇.၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တောင်သူအများစုသည် မြေဆီလွှာအရည်အသွေးကျဆင်းမှု၊ စိုက်ပျိုးရေးသွင်းအားစုစရိတ်များ မြင့်တက်လာမှုနှင့် လောင်စာဆီရှားပါးမှုစသည့် စိန်ခေါ်မှုများကြားတွင် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပြန်လည်ထူထောင်ရန် ဆက်လက်ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။

Proximity အနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း မြေငလျင်ဒဏ်သင့်ဒေသများရှိ တောင်သူ ၁၀,၀၀၀ ကျော်အား မြေဆီလွှာပြန်လည်ကောင်းမွန်စေရန် ဇီဝမြေဩဇာများနှင့် အရေးပေါ်ပြန်လည်ထူထောင်ရေးအထောက်အပံ့များကို အချိန်မီပံ့ပိုးပေးခဲ့ပါတယ်။
ယခုအခါတွင်လည်း မြေငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများ၏ မြေဆီလွှာကျန်းမာရေးကို ရေရှည်တည်တံ့စွာ ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ တပ်ကုန်းမြို့နယ်ရှိ မြေငလျင်ကြောတစ်လျှောက်မှ စပါးစိုက်တောင်သူ ၉၇၉ ဦးအား စိုက်ပျိုးရာသီနှစ်ခုကြား သုံးလတာအနားပေးကာလအတွင်း မြေဖုံးပင် (Cover Crop) များ စိုက်ပျိုးနိုင်ရန် တောင်သူတစ်ဦးလျှင် တစ်ဧကစာ ပဲမျိုးစေ့နှင့် ရေတံခွန်ဇီဝထုတ်ကုန်အရည် ဇာမဏီစွမ်း များကို ပံ့ပိုးပေးခဲ့ပါတယ်။

အဆိုပါပံ့ပိုးမှုမှ ရရှိလာသော အစောပိုင်းရလဒ်များမှာ အားရဖွယ်ကောင်းလှပါတယ်။
• မြေဖုံးပင်စိုက်ပျိုးမှုနှုန်း ၈၉% ရရှိခြင်း – ပံ့ပိုးမှုရရှိခဲ့သည့် တောင်သူများအနက် ၈၉% သည် Cover Crop များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြပြီး ကျန် ၁၁% မှာ မြေဆီလွှာအစိုဓာတ် မလုံလောက်မှုကြောင့် စိုက်ပျိုးနိုင်ခြင်း မရှိခဲ့ပါ။
• မြေဆီလွှာကျန်းမာရေး တိုးတက်လာခြင်း – တောင်သူများသည် ပဲမျိုးရင်း မြေဖုံးပင် များကို အနည်းဆုံး ရက် ၃၀ ခန့် စိုက်ပျိုးပြီးနောက် ရရှိလာသော အပင်ဇီဝအစုလိုက်အပြုံလိုက် (Biomass) ကို မြေထဲသို့ ပြန်လည်ရောနှောထည့်သွင်းကာ အဓိကစပါးသီးနှံအတွက် မြေဆီလွှာကို သဘာဝနည်းလမ်းဖြင့် ပြန်လည်အားဖြည့်ပေးနိုင်ခဲ့ကြပါတယ်။
• စိုက်ပျိုးရေးကုန်ကျစရိတ် လျော့နည်းလာခြင်း – စစ်တမ်းရလဒ်များအရ နိုက်ထရိုဂျင်ဓာတ်မြေဩဇာ အသုံးပြုမှုကို ပျမ်းမျှ ၁၃% အထိ လျှော့ချနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
ထို့အပြင် အားတက်ဖွယ်အကောင်းဆုံးအချက်မှာ တောင်သူအများအပြားသည် လာမည့်စိုက်ပျိုးရာသီများတွင်လည်း မြေဖုံးပင် များကို ဆက်လက်စိုက်ပျိုးနိုင်ရန် ယခုနှစ်စိုက်ပျိုးမှုမှ ရရှိခဲ့သော ပဲမျိုးစေ့များကို ကိုယ်တိုင်ပြန်လည်ထုတ်ယူကာ သိမ်းဆည်းထားကြခြင်း ဖြစ်ပါတယ်။

အဆိုပါ မြေဖုံးပင်စိုက်ပျိုးသည့် နည်းလမ်းသည် တောင်သူများအတွက် အမှန်တကယ် အကျိုးရှိကြောင်းကိုသာမက မြေဆီလွှာပြန်လည်ကောင်းမွန်စေရန် ဆောင်ရွက်ရာတွင် တောင်သူများ၏ ဝင်ငွေအပေါ် ထိခိုက်မှုမရှိဘဲ ရေရှည်တည်တံ့သော နည်းလမ်းတစ်ရပ်ဖြစ်ကြောင်းကိုလည်း ထင်ရှားစွာ ပြသနေပါတယ်။

A year after the 7.7 magnitude earthquake in Central Myanmar, many farming communities are still rebuilding their livelihoods amid degraded soil, rising input costs, and severe fuel shortages.

Following our immediate farmland recovery support to over 10,000 farmers along the fault line last year, we’re now tackling a longer-term challenge of restoring soil health in the quake-hit areas.

To support this effort, we provided 979 rice farmers along the fault line in Tatkone township with a one-acre cover crop and bio-decomposer package during the three-month fallow period between growing seasons.

The early results are very promising:
89% Adoption Rate: Most farmers successfully planted cover crops (with the remaining 11% citing insufficient soil moisture for adoption).
Improved Soil Health: Farmers grew legume cover crops for at least 30 days before incorporating the biomass back into the soil for their main paddy crop.
Cost Savings: Survey results indicate 13% reduction in Nitrogen fertilizer use.

Perhaps most encouragingly, many farmers are already saving seeds for future cover crop planting! A strong sign that the practice is delivering value for farmers, and evidence that farmers do not have to compromise on incomes to restore their soil.

လွန်ခဲ့တဲ့မတ်လက ကျွန်တော်တို့ရဲ့ Head of Digital Sales, မခင်ရတနာစိမ်းဟာ Impact Hub Yangon  ကဦးစီးကျင်းပခဲ့တဲ့ AI for Cli...
07/05/2026

လွန်ခဲ့တဲ့မတ်လက ကျွန်တော်တို့ရဲ့ Head of Digital Sales, မခင်ရတနာစိမ်းဟာ Impact Hub Yangon ကဦးစီးကျင်းပခဲ့တဲ့ AI for Climate-Resilient Agriculture Hackathon 2026 မှာ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ထိုပွဲမှာ တောင်သူလယ်သမားတွေအတွက် AI နည်းပညာသုံးကိရိယာတွေ ဖန်တီးနေကြတဲ့ မျိုးဆက်သစ်လူငယ်တီထွင်သူတွေနဲ့အတူ အချိန်ပေးပြီးဆွေးနွေးခဲ့တာဖြစ်ပါတယ်။

သူမဟာ တောင်သူတွေကို ဗဟိုပြုပြီး ဖန်တီးထားတဲ့ ဒီဇိုင်းဖန်တီးမှု၊ ပြဿနာတွေကို ဖော်ထုတ်သတ်မှတ်ပုံနဲ့ မြန်မာ့စိုက်ပျိုးရေးနယ်ပယ်ရဲ့ လက်တွေ့မြေပြင် အခြေအနေတွေအကြောင်းကို မျှဝေပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းက တောင်သူပေါင်း (၆) သိန်းကျော်က လက်ရှိသုံးစွဲနေသော Proximity ရဲ့ AI နည်းပညာသုံး စိုက်ပျိုးရေးအကြံပေး “ဖိုးချက်” ကို တီထွင်ဖန်တီးရာတွင် ရရှိခဲ့သော အတွေ့အကြုံများကို မျှဝေအကြံပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ တောင်သူတွေဆီ လူကိုယ်တိုင်သွားရောက်ဖို့ ပိုမိုခက်ခဲလာတာကြောင့် ဒီဂျစ်တယ်နည်းလမ်းမှ တစ်ဆင့် ရေရှည်တည်တံ့စိုက်ပျိုးရေးနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ဖို့အတွက် ကျွန်တော်တို့ပိုမိုကြိုးပမ်းလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တောင်သူတွေအတွက် ဓာတုသွင်းအားစု ကုန်ကျစရိတ်လျှော့ချနိုင်ရန်အပြင် မြေဆီလွှာနဲ့ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ဆိုးကျိုးမဖြစ်အောင် ဇီဝထုတ်ကုန်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ပြန်လည်ရှင်သန်စိုက်ပျိုးရေးနည်းစနစ်ဆီသို့ ကူးပြောင်းဖို့ ရည်ရွယ်ပါတယ်။

ယခုလိုပွဲမျိုးတွေကနေတစ်ဆင့် နောက်ထပ်မျိုးဆက်သစ် စိုက်ပျိုးရေးနည်းပညာရှင်တွေ ပေါ်ထွက်လာနေတာကို တွေ့ရတဲ့အတွက် ဝမ်းသာမိသလို၊ ကျွန်တော်တို့ဘက်ကနေ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

Last March, our Head of Digital Sales Yadanar Seinn mentored at the AI for Climate-Resilient Agriculture Hackathon 2026 in Myanmar, organized by Impact Hub Yangon, spending time with young innovators building AI tools for farmers.

She shared practical insights on user-centered design, problem framing, and the realities of farming contexts. And she drew directly from her own experience developing our AI-powered chatbot for regenerative farming, which has now reached over 600,000 unique farmers across Myanmar.

As reaching farmers in person becomes harder, digital extension has become our primary channel for promoting regenerative farming practices at scale. Events like this remind us that the next generation of agri-tech builders is already stepping up, and we’re glad to play a part in that!

06/04/2026

မိသားစုပိုင်တဲ့ စိုက်ပျိုးမြေ ၅ ဧကကို စတင်တာဝန်ယူရမယ်ဆိုတော့ ‘ကျွန်မ ဒါကို တကယ်ပဲ လုပ်နိုင်ပါ့မလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မိခဲ့တယ်။

ဒါပေမဲ့ Proximity Designs က ဝန်ထမ်းတွေနဲ့ ချိတ်ဆက်မိပြီး Proximity Designs ရဲ့ ရေသွင်းစနစ်နည်းပညာကြောင့် အလုပ်သမားခ သက်သာသွားရာကနေ စပြီး တခြားထုတ်ကုန်များဖြစ်တဲ့ 'ဘာမထီစွမ်း' (မှိုရောဂါကာကွယ်ဆေး) နဲ့ 'ဇာမဏီစွမ်း' (ကောက်ရိုးဆွေးမြေ့စေသောဆေး) တို့ကိုပါ ဆက်လက်အသုံးပြုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ စိုက်ပျိုးစရိတ်ကို သုံးပုံတစ်ပုံလောက်အထိ လျှော့ချနိုင်ခဲ့သလို အလုပ်သမားငှားခကိုလည်း တစ်ဝက်နီးပါးသက်သာခဲ့တယ်။

ဒီလိုနဲ့ ၃-နှစ်အတွင်းမှာတင် အကြွေးတွေအားလုံးကို ပြေလည်အောင် ဆပ်နိုင်ခဲ့ရုံတင်မက သမီးလေး အနာဂတ်အတွက်ပါ စုဆောင်းမိလာတယ်။ အခုဆိုရင် ကျွန်မကိုယ်တိုင် စိုက်ပျိုးရေးကို စနစ်တကျ စီမံခန့်ခွဲတတ်လာပြီး ကိုယ့်အလုပ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လုပ်ကိုင်နေရတာ ဂုဏ်ယူမိပါတယ်။

ကျွန်မလိုပဲ ရွာမှာရှိတဲ့ တခြားအမျိုးသမီး တောင်သူတွေကိုလည်း Proximity Designs ရဲ့ ထုတ်ကုန်တွေကို သုံးပြီး ထိထိရောက်ရောက်စိုက်ပျိုးရေးကိုဦးဆောင်နိုင်ဖို့ အမြဲတမ်း အကြံပေးဖြစ်တယ်လို့ တောင်သူ ဒေါ်ခင်သိင်္ဂီက ပြောပြခဲ့ပါတယ်။

“I didn’t think I could do it,” said Daw Khin Theingi when she first took over her family’s five-acre farm.

After buying and installing Proximity Designs’ mister irrigation system, Daw Theingi could irrigate her vegetable plots all by herself, without hiring extra labor. She also used our PHOENIX Microbial Bio-Decomposer to decompose the straw in her rice fields after harvest. The organic matter from the compost further enriched her soils. She used our Mighty bio-fungicide to strengthen the root systems and growth of her chili, spinach and okra plants.

All in all, Daw Theingi reduced her farm input costs by one-third and cut hired labor costs in half to maintain the same yields. Within three years, she repaid all her loans and started saving gold for her daughter. Today, Daw Theingi manages her farm confidently instead of with fear and dread. More than that, she is a leader among the other women farmers in her village who come to her for advice.

20/03/2026

လုပ်ငန်းခွင်မှာရော မိသားစုဘဝမှာပါ အောင်မြင်မှုရနေတဲ့ အမျိုးသမီးခေါင်းဆောင်တိုင်းရဲ့နောက်ကွယ်မှာ အမြဲတမ်း အားပေးကူညီနေတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ရှိနေတတ်ပါတယ်။

Proximity Designs မှာ တာဝန်ထမ်းဆောင်နေတဲ့ မမွန်မွန်ရည်လို ဝန်ထမ်းများအတွက် လုပ်ငန်းခွင်ခေါင်းဆောင်မှုဆိုင်ရာတာဝန် နဲ့ အိမ်ကမိသားစုတာဝန်တွေကြားမှာ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးကူညီပေးနိုင်တဲ့အတွက် ကျွန်ုပ်တို့ ဝမ်းမြောက်မိပါတယ်။

ကျွန်ုပ်တို့ဟာ မိခင်နဲ့ အမျိုးသမီးတွေကို တစ်နှစ်မှာ တစ်ပတ်သာ ဂုဏ်ပြုတာမျိုးမဟုတ်ဘဲ နေ့စဥ် ပံ့ပိုးကူညီနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ အမြဲကြိုးပမ်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့…အမျိုးသမီးတွေ အောင်မြင်လာတဲ့အခါ ကျွန်ုပ်တို့ရဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံး ပိုမိုခိုင်မာအားကောင်းလာလို့ပဲ ဖြစ်ပါတယ်။

မမွန်မွန်ရည်အနေနဲ့ သူမ တာဝန်ယူထားတဲ့ ကဏ္ဍအသီးသီးမှာ ထူးချွန်ပြောင်မြောက်အောင် ဘယ်လိုမျိုး လုပ်ဆောင်နေလဲဆိုတာကို ကြည့်ရှုလိုက်ပါ။

Behind every successful working mother and leader is a community that cheers her on.

We’re happy to be able to support employees like Ma Mon Mon Yee to find a balance between leadership at Proximity Designs and family responsibilities at home.

We don't just celebrate mothers and women one week a year. We strive to build a culture that supports them every single day. Because when women thrive, our entire community grows stronger.

See how she’s excelling in every role she plays.

Address

No. 24 Saya San Road, Tharthana Yeikthar Ward, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+951555270

Alerts

Be the first to know and let us send you an email when Proximity Designs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Proximity Designs:

Shortcuts

Share