Shop The Secretariat

Shop The Secretariat For those who want to collect all the collections of cultural and historical gifts

🎎ရန်ကုန်မြို့လယ်က The Secretariat Yangon ဟာ ပိုမိုလွတ်လပ်ပြီး လာရောက်လည်ပတ် အပန်းဖြေလို့ရတဲ့ နေရာတစ်ခုအဖြစ် တဖြည်းဖြည်းပ...
29/08/2026

🎎ရန်ကုန်မြို့လယ်က The Secretariat Yangon ဟာ ပိုမိုလွတ်လပ်ပြီး လာရောက်လည်ပတ် အပန်းဖြေလို့ရတဲ့ နေရာတစ်ခုအဖြစ် တဖြည်းဖြည်းပြောင်းလဲလာနေပါတယ်။

ဒီနေ့မှာဆိုရင် ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်ခန်းတွေ၊ ပြခန်းတွေ၊ retails shops တွေအပါအဝင် ရုံးခန်းတွေသာမက အခြားလေ့လာလည်ပတ်စရာနေရာတွေ ပေါင်းစပ်ထားတဲ့ အဝန်းအဝိုင်းတစ်ခု ဖြစ်တဲ့အတွက်ကြောင့် တစ်နေရာတည်းမှာ အလုပ်လုပ်ရင်း၊ တွေ့ဆုံဆွေးနွေး ဖလှယ်ကြရင်း ကုန်ဆုံးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနေတဲ့အတွက်ကြောင့် ရုံးခန်းရှာဖွေနေတဲ့ လုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင်ခန်းဖွင့်လှစ်လိုတဲ့ လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ အကျယ်အဝန်းအတိုင်း ရရှိနိုင်တဲ့အတွက်ကြောင့် The Secretariat Yangon ရဲ့ Leasing office ကိုဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ပါစေခင်ဗျာ။

The Secretariat Yangon
9:00 AM To 5:00 PM ( Monday - Friday )
⇒ RECEPTION TEL: +95 9 45 688 3044
Ngu Kay Khine (Ms.), Chief Operation Officer
+95 9 450 019 849 |
email: [email protected]

If you're looking for a space to grow your business within a unique and evolving community, we invite you to explore the possibilities at SY.

📍 The Secretariat Yangon — In the heart of downtown.

🎐ရန်ကုန်မြို့လယ်က The Secretariat Yangon (under management of the private organization, The Secretariat Conservation Gro...
28/08/2026

🎐ရန်ကုန်မြို့လယ်က The Secretariat Yangon (under management of the private organization, The Secretariat Conservation Group)လာရောက်လည်ပတ်သူများကို ပိတ်ရက်မရှိ မနက် (၉) နာရီမှ ညနေ (၅) နာရီထိ ဖွင့်လှစ်ထားပြီး လာရောက်လေ့လာသူများအတွက် ဝင်ကြေးကတော့ မြန်မာနိုင်ငံသားအားလုံးအတွက် မြန်မာငွေ (၂,၀၀၀) ကျပ် နှင့် နိုင်ငံခြားသားများအတွက် မြန်မာငွေ (၈,၀၀၀) ကျပ်ကို ကောက်ခံသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် အဆောက်အဦးကြီးတွေ ရဲ့ သမိုင်းကြောင်းတွေ နဲ့ ကိုလိုနီခေတ် ဗိသုကာလက်ရာ တွေအကြောင်းကိုလည်း Asia Tours Myanmar မှ ကျွမ်းကျင် ဝန်ထမ်းများဖြင့် ဧည့်လမ်းညွှန်ခရီးစဉ်ကို နေ့စဉ် နံနက် ၁၀ နာရီခွဲ မှစတင် ပြီး ညနေ ၃ နာရီခွဲအထိ အချိန် (၅) ပိုင်းဖြင့် လာရောက်လေ့လာသူများကို လိုက်လံရှင်းလင်းပြသပေးနေတာပဲဖြစ်ပါတယ်။

၁၈၈၀ ပြည့်နှစ် နှောင်းပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး ကိုလိုနီခေတ် ဗိသုကာ လက်ရာ အမြောက်အများ ထည့်သွင်းတည်ဆောက် ထားခဲ့သည့် ရန်ကုန်မြို့အလည်တွင် တည်ရှိနေတဲ့ The Secretariat Yangon ရဲ့ သမိုင်းကြောင်းတွေကို ကိုယ်တိုင်လာရောက်လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါလိုက်ပါရစေခင်ဗျာ….
>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬 Fees

🏟️ရန်ကုန်မြို့လယ်က The Secretariat Yangon ကို လာရောက်လေ့လာလည်ပတ်ကြတဲ့အခါမှာ ဘယ်ဂိတ်တွေကနေ ဝင်ရောက်ကြမလဲ ဆိုတာကို ပြောပြပ...
22/08/2026

🏟️ရန်ကုန်မြို့လယ်က The Secretariat Yangon ကို လာရောက်လေ့လာလည်ပတ်ကြတဲ့အခါမှာ ဘယ်ဂိတ်တွေကနေ ဝင်ရောက်ကြမလဲ ဆိုတာကို ပြောပြပေးလိုပါတယ်ခင်ဗျာ။

The Secretariat Yangon ကို လာရောက်လည်ပတ်သူများအနေဖြင့် ဝင်ပေါက်များနဲ့ ပတ်သက်ပြီး မေးမြန်းမှုများရှိနေသဖြင့် သွားရောက်လည်ပတ်လိုကြတဲ့ နေရာအလိုက် အလွယ်တကူရွေးချယ်နိုင်ရန် အောက်ပါအတိုင်း လမ်းညွှန်ပေးလိုပါတယ်ခင်ဗျာ။

☕ North Wing / F&B Area (အနော်ရထာလမ်းဘက်ခြမ်း) သို့ သွားရောက်လိုပါက
ဂိတ်အမှတ် (၆)၊ (၇)၊ (၈) နှင့် (၉) တို့မှ ဝင်ရောက်နိုင်ပါတယ်။
ဝင်ကြေးပေးဆောင်ရန် မလိုအပ်ပါဘူးခင်ဗျာ။

🏛️ Main Compound / Heritage Areas (သိမ်ဖြူလမ်းဘက်ခြမ်း) သို့ လာရောက်လည်ပတ်မည်ဆိုပါက လမ်းလျှောက်၍ ဂိတ် (၁)၊ (၂) နှင့် (၃) တို့မှ ဝင်ရောက်လာသူများအတွက် သတ်မှတ်ထားတဲ့ ဝင်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

🚗 ကားဖြင့် လာရောက်မည်ဆိုပါက
ရောက်ရှိချိန်မှာ သတ်မှတ်ထားတဲ့ ယာဉ်ဝင်ပေါက်နှင့် ကားရပ်နားရန်နေရာများအတိုင်း ဝင်ရောက်ရပ်နားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

သွားရောက်လိုသည့်နေရာအတွက် သင့်တော်သော ဝင်ပေါက်ကို လွယ်ကူစွာရှာဖွေနိုင်ဖို့ ဒီ post မှာ ဖော်ပြထားတဲ့ location map တွေကနေတဆင့် ကြည့်ရှုလေ့လာနိုင်ပြီး The Secretariat Yangon မှာ သက်သက်သာသာအချိန်ကုန်ဆုံးနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

🏹The Secretariat Yangon (managed by the private group The Secretariat Conservation Group) ရဲ့ အဆောက်အဦးကြီးတွေ ကို The S...
21/08/2026

🏹The Secretariat Yangon (managed by the private group The Secretariat Conservation Group) ရဲ့ အဆောက်အဦးကြီးတွေ ကို The Secretariat Conservation Group မှ တစ်ဦးတည်း ရင်းနှီးမတည်၍ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့ပြီး ရာနှုန်းပြည့် ပြီးစီးနေသည့် အပိုင်းများကို ၂၀၁၈ ခုနှစ်နှောင်းပိုင်း မှစတင်ပြီး အများပြည်သူများလာရောက် လေ့လာနိုင်ရန်အတွက် စတင်ဖွင့်လှစ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ The Secretariat Yangon (managed by the private group The Secretariat Conservation Group) အဆောက်အဦးကြီးများရဲ့ East Wing ( အရှေ့ဘက်ခြမ်းအဆောင်) ၊ West Wing ( အနောက်ဘက်ခြမ်းအဆောင်) ၊ South Wing ( တောင်ဘက်ခြမ်းအဆောင် ) နဲ့ North Wing ( မြောက်ဘက်ခြမ်းအဆောင် ) အားလုံးကို လာရောက်လေ့လာ လည်ပတ်နိုင်နေပြီပဲဖြစ်ပါတယ်။

North Wing ( မြောက်ဘက်ခြမ်းအဆောင် ) ကတော့ F&B Area ဖြစ်တဲ့အတွက်ကြောင့် ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်များမှာ နံနက်စာသုံးဆောင်လိုသူတွေအတွက် အဆင်ပြေအောင် နံနက် (၆) နာရီမှ ည (၁၀) နာရီအထိဖွင့်လှစ်ထားပြီး East Wing ( အရှေ့ဘက်ခြမ်းအဆောင်) ၊ West Wing ( အနောက်ဘက်ခြမ်းအဆောင်) ၊ South Wing ( တောင်ဘက်ခြမ်းအဆောင် ) ကိုတော့ အများပြည်သူများ လာရောက်လေ့လာနိုင်ရန်အတွက် နံနက် (၉)နာရီမှ ညနေ(၅)နာရီ အထိ ဖွင့်လှစ်ပေးထားတာပဲဖြစ်ပါတယ်။

South Wing (တောင်ဘက်ခြမ်းအဆောင်)ကို မဟာဗန္ဓုလလမ်း ဘက်အခြမ်းသို့ မျက်နှာမူ တည်ဆောက်ထားပြီး The Secretariat Conservation Group မှ မူလ လက်ရာအတိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ပြီး ပန်းခြံ ဧရိယာလေးမှာတော့ မိသားစု ၊ သူငယ်ချင်း မိတ်ဆွေများဖြင့် လာရောက်လည်ပတ်တဲ့အချိန်မှာ ဝင်ရောက်လည်ပတ် နိုင်တဲ့ Maze Garden ( ဝင်္ကပါ ဥယျာဉ်) နဲ့ Stone Garden ( ကျောက်သား ဥယျာဉ် ) တွေကို ထည့်သွင်း ပေးထားတာပဲဖြစ်ပါတယ်။

💮ရန်ကုန်မြို့လယ်က The Secretariat Yangon အဝန်းအဝိုင်းကို တစ်ဖက်တစ်လမ်းကနေ ထိန်းသိမ်းစောင့်ရှောက်ကြရင်း လာရောက်လေ့လာ လည်ပ...
18/08/2026

💮ရန်ကုန်မြို့လယ်က The Secretariat Yangon အဝန်းအဝိုင်းကို တစ်ဖက်တစ်လမ်းကနေ ထိန်းသိမ်းစောင့်ရှောက်ကြရင်း လာရောက်လေ့လာ လည်ပတ်ကြတဲ့သူတွေကို ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်ဖို့ အစဉ်အမြဲကြိုးစားလျက် ရှိပါတယ်ခင်ဗျာ။

ဒါကြောင့် ကျနော်တို့ The Secretariat Yangon ရဲ့ သမိုင်းဝင် အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံလေ့လာ နိုင်တဲ့ Heritage Guided Tour Fees နဲ့ Entrance fee တွေကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပြောင်းလဲသွားမှာဖြစ်တဲ့အကြောင်း ကြိုတင် အသိပေးလိုပါတယ် ခင်ဗျာ။

The Secretariat Yangon ကို စိတ်ဝင်စားစွာ လာရောက်လေ့လာပေးကြသူတွေ၊ အစဉ်အမြဲ အားပေးပေးကြသူများအား အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုတွေ၊ ပိုမိုဂရုတစိုက် ဖန်တီးထားတဲ့ အတွေ့အကြုံတွေနဲ့အတူ ပြန်လည်တွေ့ဆုံကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

🎣The Secretariat Yangon (managed by the private group The Secretariat Conservation Group) ရဲ့ South Wing (တောင်ဘက်ခြမ်းအ...
14/08/2026

🎣The Secretariat Yangon (managed by the private group The Secretariat Conservation Group) ရဲ့ South Wing (တောင်ဘက်ခြမ်းအဆောင်) ကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၉၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ပထမဦးဆုံးသော အဆောင်တစ်ခုဖြစ်ပါတယ်။

ဒီ South Wing (တောင်ဘက်ခြမ်းအဆောင်) မှာရှိတဲ့ အဆောက်အဦးကြီးတွေဟာ ရှေးအကျဆုံး အပိုင်းဖြစ်တဲ့အပြင် ဗိသုကာပညာရှင် Henry Hoyne Fox ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ ဗစ်တိုးရီးယား နှစ်ထပ် ကြောင်လိမ်လှေကားကြီးကိုလည်း ထည့်သွင်းတည်ဆောက်ထားခဲ့တာပဲဖြစ်ပါတယ်။ လှေကားကြီးမှာပါဝင်တဲ့ အပြောက်အမွမ်းတွေဟာ ဝိတိုရိယခေတ်ကို ကိုယ်စားပြုတဲ့ ဗိသုကာလက်ရာတွေ ဖြစ်တဲ့အတွက်ကြောင့် အချိန်အခါသင့်ရင် လာရောက်ကြည့်ရှုလေ့လာကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

📍 Secretariat Yangon

>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬

🫔ဒီပိတ်ရက်တွေမှာလည်း နားနားနေနေ အနုပညာလက်ရာတွေခံစားလိုသူတွေအတွက် The Secretariat Yangon ရဲ့  လူထုအခြေပြု လှုပ်ရှားမှုတွေ...
08/08/2026

🫔ဒီပိတ်ရက်တွေမှာလည်း နားနားနေနေ အနုပညာလက်ရာတွေခံစားလိုသူတွေအတွက် The Secretariat Yangon ရဲ့ လူထုအခြေပြု လှုပ်ရှားမှုတွေ နဲ့ အနုပညာယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်တွေအတွက် Cultural Wing အဖြစ် အသွင်ပြောင်းလဲလာမယ့် South Wing (တောင်ဘက်ခြမ်းအဆောင်) မဟာဗန္ဓုလလမ်းဘက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ Mula Art Gallery မှာ တခဏလာရောက်ကြည့်ရှုနိုင်မယ့် Pieces of us; charity arts & crafts exhibition ရှိနေမှာဖြစ်တဲ့အတွက်ကြောင့် လာရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

🧤The Secretariat Yangon (managed by the private group The Secretariat Conservation Group) ဟာ  မြေဧရိယာအကျယ်အဝန်း (၁၆) ဧက...
07/08/2026

🧤The Secretariat Yangon (managed by the private group The Secretariat Conservation Group) ဟာ မြေဧရိယာအကျယ်အဝန်း (၁၆) ဧကနီးပါးရှိ သိမ်ဖြူလမ်း (အလယ်ဘလောက်)၊ အနော်ရထာလမ်း (အလယ်ဘလောက်)၊ ဗိုလ်အောင်ကျော်လမ်း (အလယ်ဘလောက်)၊ မဟာဗန္ဓုလလမ်း (အလယ်ဘလောက်) တို့ကိုခြံရံထားတဲ့ နှစ် (၁၃၀) ကျော် သက်တမ်းရှိ ဗိသုကာလက်ရာ အမြောက်အမြား တည်ရှိတဲ့ အဝန်းအဝိုင်းဖြစ်ပါတယ်ခင်ဗျာ။

ဒီအဝန်းအဝိုင်းအတွင်းမှာ (၂) ထပ်အဆောက်အဦး (၆) ခု၊ (၃) ထပ်အဆောက်အဦး (၇) ခုတို့ကို ချိတ်ဆက်ထားပြီး U-Shape ပုံစံဖြင့်တည်ဆောက်ထားပြီး ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

⚜️East Wing (အရှေ့ဘက်ခြမ်းအဆောင်) သိမ်ဖြူလမ်းဘက်အခြမ်း၊
🔱North Wing ( မြောက်ဘက်ခြမ်းအဆောင်) အနော်ရထာလမ်းဘက်အခြမ်း၊
〽️West Wing ( အနောက်ဘက်ခြမ်းအဆောင်) ဗိုလ်အောင်ကျော်လမ်းဘက်အခြမ်း
🔰South Wing (တောင်ဘက်ခြမ်းအဆောင်) မဟာဗန္ဓုလမ်းဘက်အခြမ်း
ဆိုပြီး အဆောင်လေးခုနဲ့ တည်ဆောက်ထားတဲ့ The Secretariat Yangon ရဲ့ South Wing ကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၉၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ပထမဦးဆုံးအဆောင်တွေဖြစ်ပါတယ်ခင်ဗျာ။

သမိုင်းကြောင်းများစွာဖြင့် တည်ရှိနေသည့် အဆောက်အဦးကြီးများ၏ ဖြတ်သန်းခဲ့ရသည့် အစဉ်အလာများ၊ တည်ရှိခဲ့ပုံ တို့ကို The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) အဆောက်အဦးကြီများကို လာရောက်လေ့လာသူများအနေဖြင့် စုံလင်စွာ တိတိကျကျ သိရှိလေ့လာချင်သူများအတွက် The Secretariat Yangon (by the private organization management named The Secretariat Conservation Group) ၏ Asia Tours Myanmar မှ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လိုက်လံ ရှင်းပြပေးနေပါပြီခင်ဗျာ….
📍 Secretariat Yangon

>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬

ဒီပိတ်ရက်တွေမှာလည်း ကိုယ့်ရဲ့ သားသားမီးမီးတွေနဲ့အတူ နွေးနွေးထွေးထွေးကုန်ဆုံးချင်တယ်ဆိုရင်တော့   ရန်ကုန်မြို့လယ်က The Sec...
05/08/2026

ဒီပိတ်ရက်တွေမှာလည်း ကိုယ့်ရဲ့ သားသားမီးမီးတွေနဲ့အတူ နွေးနွေးထွေးထွေးကုန်ဆုံးချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့လယ်က The Secretariat Yangon က AIA Myanmar ကနေ ပြုလုပ်တဲ့ “ပျော်ရွှင်စရာကလေးတို့ကမ္ဘာ” အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

ဒီအစီအစဉ်လေးမှာ သားသားမီးမီးတို့အတွက် ရုပ်သေးရုပ်ပြပွဲတွေ၊ ပုံပြင်ပြောပြခြင်း၊ မျက်နှာပန်းချီ၊ Kids Zumba အစရှိတဲ့ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များစွာ ပါဝင်တဲ့အပြင် သူငယ်ချင်းသစ်တွေတွေ့ဆုံကြရင်း ဆော့ကစားကြရင်း ပိတ်ရက်တွေကိုကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

အစီအစဉ်အသေးစိတ်ကတော့ -

🚖၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၈ ရက် (စနေနေ့)
🛝မနက် ၉း၃၀ နာရီမှ နေ့လယ် ၃း၀၀ နာရီ အထိ
🎠AIA Khit (The Secretariat Yangon)

🛋️ကြိုတင်စာရင်းပေးသွင်းဖို့တော့ လိုပါတယ်ခင်ဗျ။ (၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၇ ရက်၊ သောကြာနေ့၊ ညနေ ၅း၀၀ နာရီ နောက်ဆုံးထား စာရင်းပေးသွင်းပါရန်)

https://tikkat.com.mm/detail/aiapyorshwinsayar

🍮 ရန်ကုန်မြို့လယ်က The Secretariat Yangon ရဲ့ အနောက်ဘက်ခြမ်းအဆောင် (West Wing) ဗိုလ်အောင်ကျော်ဘက်ခြမ်း မှာတော့ ကော်ဖီနံ့...
02/08/2026

🍮 ရန်ကုန်မြို့လယ်က The Secretariat Yangon ရဲ့ အနောက်ဘက်ခြမ်းအဆောင် (West Wing) ဗိုလ်အောင်ကျော်ဘက်ခြမ်း မှာတော့ ကော်ဖီနံ့လေးနဲ့ စာအုပ်ရနံ့တွေ အတူတကွ ရှိနေပါတယ်။
Yangon Speciality Coffee Hub မှာ ကော်ဖီကြိုက်နှစ်သက်သူတွေ၊ ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ နဲ့အေးအေးဆေးဆေး တွေ့ဆုံလိုတဲ့သူတွေအတွက် သက်သောင့်သက်သာရှိတဲ့ နေရာတစ်ခုအဖြစ် ကြိုဆိုနေပါတယ်ခင်ဗျာ။

ဒါ့အပြင် Readers’ Room မှာ စာအုပ်တွေအေးအေးသာသာ ဖတ်ရင်း Secretariat Yangon ကို လေ့လာလည်ပတ်ရင်း ပိတ်ရက်တွေမှာ ကော်ဖီ၊ စာအုပ်တွေနဲ့ ဖြတ်သန်းချင်တဲ့ဆိုရင်တော့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

📍West Wing Tower 7, The Secretariat Yangon

Address

No. 300 Thein Phyu Road, Botahtaung Township
Yangon

Alerts

Be the first to know and let us send you an email when Shop The Secretariat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Shop The Secretariat:

Shortcuts

Share