Nature's Gift

Nature's Gift ကမ္ဘာမြေစိမ်းလမ်းဖို့ သစ်ပင်စိုက်ကြစို့ ။

Clover leaf  အရွက်လေးရွက်ပါတဲ့ Cloverရဲ့အဓိပ်ပါယျက Hope ... မျှော်လင့်ချက် ! Faith ... သစ္စာတရား ! Love ... အချစ် ! Luck...
29/04/2024

Clover leaf
အရွက်လေးရွက်ပါတဲ့ Cloverရဲ့အဓိပ်ပါယျက
Hope ... မျှော်လင့်ချက် !
Faith ... သစ္စာတရား !
Love ... အချစ် !
Luck ... ကံကောင်းခြင်း !

Clover ဟာ
ဆုတောင်းပြည့်တယ်
ပျော်ရွှင်စေတယ်
ချစ်ခြင်းမေတ္တာနဲ့
ကျန်းမာရေးကို
ကိုယ်စားပြုတယ်တဲ့ !

Clover leaf ကို
US မှာ lucky plant လို့
ခေါ်ကြပီး

ဂျပန်မှာတော့
Clover ကို
ကွယ်ဝှက်ထားသော
ချစ်ခြင်းတရားတဲ့ !


သစ်ပင်စိုက်ပါ..
29/04/2024

သစ်ပင်စိုက်ပါ..

သစ်ပင်စိုက်ပါစို့ပူလွန်းလို့ အေးရိပ်ရှာချွေးသိပ်စရာ သစ်ပင်များ။အပူမကဲအောင်လို့အတူတွဲကာ သစ်ပင်စိုက်မယ်လိုက်ကြမှာလား။သစ်ပင...
29/04/2024

သစ်ပင်စိုက်ပါစို့

ပူလွန်းလို့ အေးရိပ်ရှာ
ချွေးသိပ်စရာ သစ်ပင်များ။
အပူမကဲအောင်လို့
အတူတွဲကာ သစ်ပင်စိုက်မယ်
လိုက်ကြမှာလား။

သစ်ပင်တွေ ရှင်အောင်စိုက်မှ
တန်ဖိုးထိုက် ဝေဝေဆာ။
ဥတုဒဏ် သဘာဝဘေး
ကင်းဝေးသက်သာ။
အသီးအပွင့် ကိုင်းခက်ဖြာ
ဝန်းကျင်မှာ အလွန်လှ။
သာရကာ ကျေးငှက်တို့
ထွေးဖက်ပျော်ကြ။

ပတ်ဝန်းကျင်စိမ်းလန်းတော့
ငြိမ်းချမ်းတဲ့ လူ့ဂေဟာ။
ကိုယ်စိတ်နှစ်ဖြာ အပူကင်းမှ
မြင်ကွင်းသစ်မှာ။
ကိုယ်အေးတော့ စိတ်ချမ်းသာ
မေတ္တာတွေ ရင်ဝယ်ပိုက်။
ကောင်းကျိုးတွေ ချစ်ခင်ထိုက်အောင်
ကွယ်တို့ရယ်---
သစ်ပင်သာစိုက်ပါ
crd #

09/05/2022

#ခန္ဓာကိုယ်ကိုRestartချခြင်း

ဖတ်ကြည့်ပါ စာရှည်ပေမဲ့ သင်တန်ဖိုးရှိတဲ့ အသိတခုရပါလိမ့်မယ် တကယ်ပါ.

လူအများကိုင်နေကြတဲ့ဖုန်းတွေ လေးလာတယ် error တွေတက်လာတယ်. Appalication တခုခုကို ဝင်ရင် အကြာကြီး အဝိုင်းလည်နေမယ် Momery တွေပြည့်နေမယ် စတာတွေဖြစ်လာပြီဆိုရင် လူတိုင်း ဖုန်းကို Restart ချတတ်ကြပါတယ်

ဖုန်း Restart ချပြီး ပြန်ဖွင့်လိုက်တဲ့အခါ Software တွေ Appalication တွေဖွင့်ရတာ ပေါ့သွားမယ် Facebook တွေဘာတွေထဲ ဝင်လိုက်ရင် အရမ်းသွက်လာတတ်ပါတယ်

ဒါဟာ ဘာလို့လဲဆိုတော့ ဖုန်းထဲမှာရ်ှနေတဲ့ မလိုအပ်ပဲ run နေတဲ့ မမြင်ရတဲ့ function တွေ stress တွေဟာ ပျောက်သွား လျော့သွားလို့ပါပဲ

ဒီလိုပါပဲ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးဟာလဲ ဖုန်းတလုံးနဲ့ အလားသဏ္ဍန်တူပါတယ်

မွေးကထဲကနေ လက်ရှိအသက်အရွယ်အထိ မနားကြရပါဘူး စာတွေကျက်ကြရတယ် အလုပ်တွေလုပ်ကြရတယ် ပိုက်ဆံတွေရှာရ ဖွေရ စုရ ဆောင်းရပါတယ် ခ်စ်သူထားရ အိမ်ထောင်ပြုရ သားသမီးမွေးရ နဲ့

ကျင်လည်ရတဲ့ဘဝတလျောက်မှာ လိုသူတွေလဲတွေ့သလို မလိုသူတွေလဲတွေ့ခဲ့ရ အတိုက်အခိုက်တွေ မနာလိုမှုတွေ ပြိုင်ဆိုင်မှုတွေ နိမ့်ကျမှုတွေ စတဲ့ မလိုအပ်ပဲ လည်ပါတ်နေရတဲ့ function တွေ stress တွေဟာ အများကြီးပါ

အဲခါကျရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ဖုန်းတလုံးလိုပဲ လေးပြီး ဟန်းလာပါတော့တယ်
-ရောဂါတွေဖြစ်လာမယ်
-ဒေါသတွေဖြစ်လာမယ်
-ရုပ်တွေကျလာမယ်
-အိပ်မပျော်တာတွေဖြစ်လာမယ်
-အသက်တွေ တိုလာပါတော့တယ်

အဲခါကျရင် ကျွန်တော်တို့ရဲ့ ခန္ဓာကြီးကို ဖုန်းတလုံးလို Restart ချပေးဖို့ လိုလာပါပြီ

အဲတော့ ခန္ဓာကိုယ်ကို ဘယ္လို restart ခ်မလဲ ဆိုတော့
လွယ်ပါတယ် ကျွန်တော်ပြောပြ ပါမယ်

-မနက်စောစောထပါ (အရမ်းအစောကြီး မလိုပါဘူး ဒီလို အေးတဲ့ရာသီဆို 5:30 နောက်ကျဆုံး ၆ နာရီလောက်ထရင် ရပါပြီ ဒီထက္ပို စောထနိုင်ရင်တော့ အကောင်းဆုံးပေါ့)

နေ့တိုင်းမလိုပါဘူး တရက်လောက် restart ချပေးရင် ခန္ဓာကိုယ်က သိသာပါတယ်

စောစောထပြီး ရေဖန်ခွက် တခွက် အဝသောက်ပါ မျက်နာသစ်
အပေါ့အပါးသွားပြီး မနက်ခင်း ရောင်ခြည်ဦးကို ခံပါ လေကို ရူရိုက်ပါ ၁၅ မိနစ်လောက်

နံနက်ခင်း ထြက္လာတဲ့ ရောင်နီဦးဟာ အရမ်းလှပလို့ စိတ်အမောကို တကယ်ပြေစေပါတယ်

လူတွေအားလုံး မနိုးကြသေးတဲ့အတွက် လောကဓာတ်တခုလုံး တိတ်ဆိတ်ပြီး သင့်စိတ်အညစ်ကြေး တွေ ပျောက်သွားပါလိမ့်မယ်

ပြီးရင် ဘုရားစင်ရှေ့သွားပါ

ဘုရားမျက်နာတော်ကိုသေချာ ကြည့်အားရုံပြုပြီး မိမိနှစ်သက်ရာ ဂါထာတခုခုနဲ့ ဘုရားရွိခိုးပါ

ပြီးရင် အနဲဆုံး ၁၀ မိနစ်လောက် ငြိမ်ငြိမ်သက်သက် တရားထိုင်ပါ

တရားမထိုင်ဖူးလို့ ဘယ်လိုထိုင်ရမလဲ မသိရင် လွယ်လွယ်လေးပါ စိတ္ကို ပျံ့မသွားအောင် တေနရာမွာ စုစည်းလိုက်တာဟာ တရားထိုင်တာပါပဲ

တင်ပလင်ခွေထိုင် ခါးကိုစန့်ထား ပါစပ်ကိုပိတ်ပြီး နှခေါင်းနဲ့ အသက်အဝရူပါ နှခေါင်းထိပ်ကို လေတိုးဝင်သွားတာကို မျက်လုံးမှိတ်ပြီး မြင်အောင်ကြည့်ပါ ၅ စက္ကန့်လောက်အောင့်ထား ပြီးရင် နှခေါင်းကနေပဲ လေကို ပြန်ထုတ်ပါ ထွက်သွားတဲ့လေ နှာခေါင်းထိပ်တိုးသွားတာ သိလာပါလိမ့်မယ် မြင်အောင်ကြည့်ပါ

ဒါလေးပါပဲ လွယ်လွယ်လေးပါ

၁၀ မိနစ်ဆိုတဲ့ တိုတိုလေး အတွင်းမှာ ကိုယ့်စိတ်ကလေးဟာ အေးချမ်း အပြစ်ကင်းပြီးကိုယ့်နှာသီးထိပ်မှာ ပဲ ရှိနေပါလိမ့်မယ်

စစချင်းရက်မှာ စိတ်ကနာသီးထိပ်မှာ မေနပဲ နေရာအနှံ့လျောက်သွားနေပါလိမ့်မယ် ရအောင် ပြန်ခေါ် ပြန်ထားပါ

၃ ရက်လောက်ဆိုရင် သင့်စိတ်ကို ထိမ်းချုပ်နိုင်ပါပြီ

တရားထိုင်ပြီးတဲ့ အချိန်မှာ သင့်ခန္ဓာကိုယ်ဟာ ပေါ့ပါး နေတာ လန်းဆန်းနေတာ သင်ချက်ခြင်း ခံစားရပါတယ်

ပြီးရင် ၃၁ ဘုံကြင်လည်ကုန်သော လူနတ်ဗြန္မာ သတ္တဝါ အားလုံး ကျန်းမာချမ်းသာ ကြပါစေလို့ စိတ်နှစ်ပြီး မေတ္တာပို့ပါ

အဲတာဆို သင် restart ချပြီးပါပြီ
Stress နဲတဲ့သူဆိုရင် restart တခါချရင် ၃ ရက်လောက်ထိခံပါတယ်
Stress မ်ားတဲ့ လူကေတာ့ တပါတ်လောက် ဆက်တိုက် restart ချကြည့်ပါ အရမ်းကို သိသာလာပါလိမ့်မယ်

-အခုလို အသက်ရူလမ်းကြောင်းရောဂါတွေ ကာကွယ်ပါလိမ့်မယ်
-အဆုတ်အားကောင်းလာမယ်
-ညဘက် အရမ်းအိပ်လို့ကောင်းပါလိမ့်မယ်
-အရွယ်တင်လာပါလိမ့်မယ်
-ဆီချို သွေးတိုး နှလုံး မီးယပ်ရောဂါတွေ ပျောက်မယ်
-လောဘ ဒေါသ မောဟတွေ နဲလာမယ်
-မှတ်ညာဏ်တွေပြန်ကောင်းလာမယ်
-အာရုံစူးစိုက်နိုင်စွမ်းတွေတက်လာမယ်

ကျွန်တော့်ရဲ့ ကိုယ်တွေ့နည်းလေးပါ ယုံကြည်သူများ လိုက်ပါလုပ်ဆောင်၍ ခံစားနိုင်ကြပါစေ

သင်ဆရာ မြင်ဆရာများကို ဂါရဝပြုလျက်

#ချစ်တဲ့kkh(ပုဂံမြေ)
Credit Ko Ko Hlaing

25/04/2022

သင့်ကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်က Sexyကျနေဖို့ဆိုရင် ကနေ့မှစပြီး ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ

1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2021 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီ၀က်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။

(အရူးလို့တော့ မထင်လောက်ပါဘူးနော်... :P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစု၀င်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။

35. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

36. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

37. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ

မေတ္တာသုတ် ကို ပုံမှန်ဆို ပဋ္ဌာန်းမရွတ်ခင် တခေါက်ပဲ ရွတ်လိုက်တာ...ခု ဒီပုံစံအတိုင်းလေး ရွတ်တာ( ၃ )နှစ်ကျော်ပီ စမ်းသပ်ခံရ...
07/01/2022

မေတ္တာသုတ် ကို ပုံမှန်ဆို ပဋ္ဌာန်းမရွတ်ခင် တခေါက်ပဲ ရွတ်လိုက်တာ...ခု ဒီပုံစံအတိုင်းလေး ရွတ်တာ( ၃ )နှစ်ကျော်ပီ စမ်းသပ်ခံရတဲ့ အနေနဲ့ အိမ်တွင်းရေး မိသားစု ပြသာနာ ဖစ် အချိူ့သောအရာ
အတိုက်အခံလေးတွေတော့ ဖစ်တာပေါ့..ပြသာနာတွေဖစ်တာတောင်..ဒါပေမယ့် စိတ်မာ အေးချမ်းတယ် .
ကိုယ့် မေတ္တာ တွေမှန်လို့လားတော့မသိ...ဒုက္ခ ပေးမယ့်သူ အပူပေးမယ့်သူတွေ ကိုယ့်နားမာ မနေ နိုင် မနေရဲတော့ဘူး...
တပတ်လောက်ပဲ အရင် လုပ်ကြည့်ပါ..☺

အခု အဓိဌာန်တခုအနေနဲ့ ရွတ်မယ့် မေတ္တာသုတ်
ရွတ်ပုံရွတ်နည်းအဆင့်ဆင့်ကို အားလုံးနဲ့အတူ ကုသိုလ်ယူ ပူဇော်လို့ရအောင် တင်ပေးလိုက်တာပါ..

🙏🙏🙏"မေတ္တာသုတ်ရွတ်ပုံ နည်းစနစ်"🙏🙏🙏

တနင်္ဂနွေဂြိုလ်သက် ၆

တနင်္လာဂြိုလ်သက် ၁၅

အင်္ဂါဂြိုလ်သက် ၈

ဗုဒ္ဓဟူးဂြိုလ်သက် ၁၇

စနေဂြိုလ်သက် ၁၀

ကြာသပတေးဂြိုလ်သက် ၁၉

ရာဟုဂြိုလ်သက် ၁၂

သောကြာဂြိလ်သက် ၂၁

(စုစုပေါင်းဂြိုလ်သက် ၁၀၈)

🙏🙏🙏🙏🙏

၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မှီ-

"တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ

တနင်္ဂနွေသားသမီးများအားလုံး

၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ"......ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မှီ-

"တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မှီ- "အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၄။ ဗုဒ္ဓဟူးနေ့ နံနက်အာရုံတက်မှ နေ့လည် ၁၂ နာရီ မထိုးမီ- စရွတ်လျှင် မရွတ်မှီ-

"ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမှ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မှီ-

"ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟု သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မှီ- "ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အနောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မှီ- "သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၈။ စနေ့မှာ စရွတ်လျှင် မရွတ်မှီ- "စနေဂြိုလ်မင်းကြီးနှင့်တကွ စနေ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

မှတ်ချက်။ ။

၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာ နေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိူင်ပါသည်။

၂။ တစ်နေ့ခြင်းလည်း ရွတ်နိူင်ပါသည်။

၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိူင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။

၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လည် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟူဂြိုလ်အတွက် ရွတ်ပေးရပါမည်။

၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင် ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ် ခံရပါလိမ့်မည်၊

၆။ မေတ္တာဖြင့် သီးခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။

၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်၊

၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ် ခံရပြီးမှသာလျှင် အဆင့် တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။

၉။ ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ-

(၁) မေတ္တာသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက်ရေထား၍ မောသည့်အခါ ထိုရေကိုသောက်ခြင်းဖြင့် မည်သည့်ဘေး ပယောဂရောဂါဆိုးများ မကျရောက်နိူင်တော့ပါ။

(၁) ၄၅ ရက် အတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပေါ်ပေါက်တတ်ပါသည်။

(၂) ဆက်လက် ကျင့်ကြံနိူင်ပါက ၃ နှစ်အတွင်း ယခုဘဝ တစ်သက်စာအတွက် စားဝတ်နေရေးကိစ္စများအတွက် မပူမပင် မကြောင့်မကြမတောင့်တရဘဲ အားလုံးပြည့်စုံပြီးဖြစ်ပါလိမ့်မည်။

(၃) ရွတ်ဆဲကာလ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရွတ်ဆို၍ အလွန်ကောင်းမွန်လာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြစ်ပေါ်လာ၍ စတုတ္တစျာန်အဆင့်ကိုပင်ရရှိနိူင်ပါသည်။

(၄) ထိုမှတစ်ဆင့် ဝိပဿနာကူး၍အားထုတ်ခဲ့ပါက လွယ်ကူလျင်မြန်စွာတရားထူးတရားမြတ်ကို သေချာပေါက် ရရှိနိူင်ပါသည်။

🙏🙏🙏🙏🙏
✒✒✒©®↪↪↪

အညတရ အရှင်သောပါက မြိုင်

မဂ်လာနစ်သစ်လေး ဖြစ်ပါစေလို့..မင်မင် မှ ဆုတောင်းပေးပါတယ်...
31/12/2021

မဂ်လာနစ်သစ်လေး ဖြစ်ပါစေလို့..
မင်မင် မှ ဆုတောင်းပေးပါတယ်...

🙏တန်ဆောင်မုန်းလပြည့်နေ့၊ သာမညဖလ အခါတော်နေ့ 🙏တန်ဆောင်မုန်းလပြည့် အခါတော်နေ့မှာ မြန်မာပြည်သူ/ပြည်သားအားလုံး  ကိုယ်၊ စိတ် က...
18/11/2021

🙏တန်ဆောင်မုန်းလပြည့်နေ့၊ သာမညဖလ အခါတော်နေ့ 🙏

တန်ဆောင်မုန်းလပြည့် အခါတော်နေ့မှာ မြန်မာပြည်သူ/ပြည်သားအားလုံး ကိုယ်၊ စိတ် ကျန်းမာချမ်းသာစွာဖြင့် ဘေးရန်ကင်းကွာပလိုအင်ဆန္ဒများ ပြည့်ဝပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည် ။
🙏🏻🙏🏻🙏🏻
Photo - cr

🌟🌙💡 Happy Thadingyut Festival🌟🌙💡🙏သီတင်းကျွတ် အချိန်အခါ သမယမှာ၇ရက်သားသမီးများအားလုံး စိတ် ၏ ချမ်းသာခြင်း၊ ကိုယ် ၏ ကျန်းမာ...
20/10/2021

🌟🌙💡 Happy Thadingyut Festival🌟🌙💡

🙏သီတင်းကျွတ် အချိန်အခါ သမယမှာ
၇ရက်သားသမီးများအားလုံး စိတ် ၏ ချမ်းသာခြင်း၊
ကိုယ် ၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိူင်ကြပါစေ ၊ ရောဂါဘယ ဘေးမှ ကင်းဝေးကြပါစေ လို့
Moki Foody မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ရှင်။ 🙏🙏🙏

13/10/2021

အခုတလော လူတော်တော်များများ နှာစေးပြီး လည်ချောင်းနာတဲ့ ဗိုင်းရပ်စ် တစ်မျိုး ကူးစက်ခံနေကြရပါတယ် 🤦‍♀️
Test kit နဲ့မပေါ်တဲ့အတွက် ကိုဗစ်မဟုတ်ဘူးလို့ယူဆရပေမယ့် ကူးစက်နှုန်းမြန်လွန်းလို့ လေထဲက ကူးတဲ့ air-born virus ဖြစ်ဖို့များပါတယ်…
ဖြစ်နေကြ ရာသီပေါ်တုပ်ကွေးတွေနဲ့မတူဘဲ upper respiratory ကို တိုက်ခိုက်တာမို့လို့ ကိုဗစ်ကနေ ကွဲထွက်လာတဲ့ အပျော့စား ပိုးတစ်ခုများလားတောင် ထင်စရာရှိပါတယ်…
🔺ဆားရည် နဲ့ ပလုပ်ကျင်းပေးပါ
🔺လက်မှန်မှန်ဆေးပါ
🔺Mask အမြဲ ပြန်တပ်ပါ

မကူးအောင်သတိရှိကြပါ………

🦠 Covid 4th wave စပြီလား ???

🦠ဆေးခန်းမှာ (ချောင်းဆိုး နှာစေး ဖျား ကိုယ်လက်ကိုက် ) လူနာတွေ တစစ ပြန်များလာတာ တစ်ပတ်လောက် ရှိပါပြီ။ မနေ့ကနဲ့ ဒီနေ့ကတော့ အများဆုံးပါ။

🦠ရောဂါလက္ခဏာတွေက ၃ ရက် ကနေ ၅ ရက်အတွင်း ပျောက်သွားပေမယ့် သတိထားကြပါတော့။

🦠Covid 3rd wave က
July လဆန်းမှာ စဆိုးလာတာပါ။

🦠အခု October လဆန်းမှာ
4th wave စပြီလို့ ယူဆပါတယ်။

🦠ဖြစ်တဲ့ မျိုးစိတ်ကို မခန့်မှန်းနိုင်သေးပေမယ့် Covid ရဲ့ သဘာဝအရ ပေါ့လို့ မရတာ အမှန်ပါပဲ။

🦠ရှင်းရှင်းပဲ ပြောပါမယ်
ခု ချိန်ကစပြီး ကြောက်ကြပါတော့။

Crd Dr. တင်ထွန်းနိုင်
အထွေထွေ ရောဂါကု ဆရာဝန်

Address

Tharkayta Township
Yangon

Website

Alerts

Be the first to know and let us send you an email when Nature's Gift posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share