Myanmar Arbitration Centre MAC

Myanmar Arbitration Centre MAC Myanmar Arbitration Centre

MAC ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာမောင်မာင်သိမ်း၏ SIX HATS THINKING ခေါင်းစဥ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
01/06/2025

MAC ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာမောင်မာင်သိမ်း၏ SIX HATS THINKING ခေါင်းစဥ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

SCO အနုညာတစီရင်ဆုံးဖြတ်ရေးဖိုရမ်သည် ပြီးခဲ့သည့်သောကြာနေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ CIETAC ၏ ဒုတိယဥက္ကဌနှင့် အတွင...
30/04/2025

SCO အနုညာတစီရင်ဆုံးဖြတ်ရေးဖိုရမ်သည် ပြီးခဲ့သည့်သောကြာနေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ CIETAC ၏ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးချုပ် ထံမှ ကျေးဇူးတင်လွှာကို အောက်ပါအတိုင်းပူးတွဲပါရှိသည်။

“အစိုးရ၊ တရားရုံးများ၊ ခုံသမာဓိအဖွဲ့များ၊ ဘားအသင်းများ၊ ဘားအသင်းများ အပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ဧည့်သည် ၄၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး နိုင်ငံပေါင်း ၃၂ နိုင်ငံမှ နယ်ပယ်အသီးသီးမှ တိုက်ရိုက်ထုတ်လွှင့်မှုသို့ လာရောက်သူ ၁၇,၀၀၀,၀၀၀ ကျော်ရှိကြောင်း ကျွန်ုပ်တို့ ဝမ်းမြောက်မိပါသည်။ အကြောင်းအရာများနှင့် တင်ဆက်မှုများအပြင် ဖိုရမ်၏ အဖွဲ့အစည်းအပေါ် အလွန်အပြုသဘောဆောင်သော မှတ်ချက်များနှင့် တုံ့ပြန်ချက်များကို ကျွနု်ပ်တို့ လက်ခံရရှိထားပြီး အဆိုပါပွဲကို People's Daily နှင့် Xinhua News အပါအဝင် သြဇာကြီးမားသော တရုတ်မီဒီယာများက ကျယ်ပြန့်စွာ အစီရင်ခံခဲ့ပါသည်။ အဆွေတော်တို့ရဲ့တန်ဖိုးရှိတဲ့ ပံ့ပိုးကူညီမှုမပါဘဲ ဒီလိုအောင်မြင်မှုမျိုး မဖြစ်နိုင်ဘူးဆိုတာ ကျွနု်ပ်တို့သိရှိပါတယ်။ ဖိုရမ်နှင့် CIETAC တို့အား ကြီးမားသောပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိပါသည်" ဟု ရေးသားပေးပို့လာပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ MAC ၏ Managing Director ဦးကျော်ဒေ၀ က ဂုဏ်ပြု ဗီဒီယိုမှတ်တမ်း ပြောကြားပေးပို့ခဲ့ပါသည်။

Here is the link of the live streaming replay, the photo album of the Forum and the congratulatory video clip for your record:
(Live replay) http://zb.zdbxcx.cn/ #/pages/live/index?liveId=59
(Photo) https://www.pailixiang.com/album_ia8868082785.html
(Congratulatory Video) https://www.cietac.org/articles/33240

MAC

ခုံသမာဓိအပတ်စဉ်-၇ သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပခဲ့ခြင်း။မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန-(Mya...
10/12/2024

ခုံသမာဓိအပတ်စဉ်-၇ သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပခဲ့ခြင်း။

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန-(Myanmar Arbitration Centre MAC) နှင့် မြန်မာအနုညာတခုံသမာဓိများအဖွဲ့ (College of Myanmar Arbitrators-CMA) တို့မှ ပူးပေါင်းဖွင့်လှစ်သော အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၇ ၏ သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ၇.၁၂.၂၀၂၄ ရက် ၊ စနေနေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး (သိမ်ဖြူ) ၌ ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် MAC ဥက္ကဋ္ဌ ၊ CMA ၏ Founder Chairman ဖြစ်သော ဒေါက်တာမောင်မောင် သိမ်း က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားတစ်ဦးက ယခုသင်တန်းသို့ တက်ရောက်ရခြင်းအတွက် အသိပညာဗဟုသုတရရှိခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပါသည်။

ထို့နောက် CMA ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သော
ဒေါက်တာမြသီတာဆွေတင် က CMA စတင်ဖွဲ့စည်းခဲ့ပုံ၊ လက်ရှိဆောင်ရွက်ထားမှုများနှင့် ခုံသမာဓိအဖွဲ့ဝင် အဖြစ် ပါဝင်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို တက်ရောက်လာသူများအား မိတ်ဆက် မျှဝေပေးခဲ့ပါသည်။

ယခုအပတ်စဉ်-၇ တွင် သင်တန်းသား ဦးရေ (၈၀) ကို သင်တန်းဆင်းလက်မှတ်များကို တစ်ဦးချင်းစီပေးအပ်ခဲ့ပြီး ဂုဏ်ပြုညစာစားပွဲကို ည (၈) နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
#7.12.2024



.

စီရင်ထုံးများကပြောသည့် အာမခံသဘောတရားများ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း==================================================...
30/11/2024

စီရင်ထုံးများကပြောသည့် အာမခံသဘောတရားများ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း
=================================================================
မြန်မာနိုင်ငံ၏ အာမခံဝန်ဆောင်မှုလုပ်ငန်းများ
လုပ်ကိုင်ကြရာတွင် အာမခံဝယ်ယူနှင့်ရောင်းချသူများ အကြား ဖြစ်လေ့ဖြစ်ထရှိသော အငြင်းပွားမှုပြဿနာ
ရပ်များကို ဖြေရှင်းကြရာ၌ ခေတ်ကာလများ ပြောင်းလဲသည့်တိုင် စီရင်ထုံးများ၏ အရေးပါပုံ ၊ သဘာဝ
ပကတိအရှိတရားကို အခြေခံ၍ အာမခံဆိုင်ရာအငြင်းပွားမှုများ ကိုင်တွယ်ဖြေရှင်းကြရာတွင် ယထာဘူတကျကျ လေ့လာသုံးသပ်နိုင်စွမ်းမြင့်မားလာနိုင်စေရန် ဖြစ်ရပ်မှန်အမှုဖြစ်စဉ်များဖြင့် မြန်မာ့အာမခံလုပ်ငန်း၌ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော ဆရာကြီးဒေါက်တာမောင်မောင်သိမ်းက
“စီရင်ထုံးများကပြောသည့် အာမခံသဘောတရားများ” ခေါင်းစဉ်ဖြင့် ၂၃.၁၁.၂၀၂၄ ရက်၊ စနေနေ့၊ နေ့လယ် (၁) နာရီ ၊ ကုန်သည်စက်မှုအသင်းချုပ်၌ ဆွေးနွေးဟောပြောမျှဝေခဲ့ပါသည်။

အခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ်၏
ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်းက အဖွင့်အမှာစကား ပြောကြား၍ မြန်မာအနုညာတစီရင်ဆုံးဖြတ်ဗဟိုဌာန၏
မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်ဒေဝက စင်တာ၏ လက်ရှိဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံအာမခံအသင်း၏ အတွင်းရေးမှူး
ဒေါ်မာလာညွှန့် က ကျေးဇူးတင်စကားတို့ကိုလည်းကောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံအာမခံအသင်း(MIA)၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်း
ဗဟိုဌာန(MAC) နှင့် မြန်မာခုံသမာဓိများအဖွဲ့(CMA)
တို့ကို ကြီးမှူး၍ ကျင်းပခဲ့ကြပြီး အာမခံလုပ်ငန်းလုပ်ကိုင်နေကြသူများ၊ ၎င်းတို့နှင့်ဆက်စပ်သော ဘဏ်များ၊အေးဂျင့်များနှင့် အာမခံလုပ်ငန်းအကြောင်း စိတ်ပါဝင်စားကြသူများ စုစုပေါင်း (၄၀၀) ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ (၄) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

#23.11.2024



စီရင်ထုံးများကပြောသည့် အာမခံဥပဒေ သဘောတရားများLegal Principles of Insurance as Narrated by Judgements of the Court+++++++...
06/11/2024

စီရင်ထုံးများကပြောသည့် အာမခံဥပဒေ
သဘောတရားများ
Legal Principles of Insurance as Narrated by Judgements of the Court
++++++++++++++++++++++++++++++++++++
မြန်မာနိုင်ငံအာမခံအသင်း (MIA) ၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန(MAC) နှင့် မြန်မာ အနုညာတခုံသမာဓိများအဖွဲ့(CMAs) တို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့်"စီရင်ထုံးများကပြောသည့် အာမခံဥပဒေ သဘောတရားများ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၃.၁၁.၂၀၂၄ ရက် ၊ စနေနေ့၊ နေ့လယ် (၁) နာရီ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် အာမခံလုပ်ငန်း၌ အသုံးပြုသည့် Core Legal Principles များ၊ အမှန်တကယ်ဖြစ်ပျက်ခဲ့သည့်
အမှုအခင်းများနှင့်ဆက်စပ်၍ သဘောပေါက်နားလည်စေရန် ဟောပြောဆွေးနွေးသွားမည်ဖြစ်ပါသည်။

ဆွေးနွေးပြောကြားမည့်သူမှာ မြန်မာ့အာမခံလုပ်ငန်း၌ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်
မြန်မာ့အာမခံအသင်း၏ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ A Insurance & A Life Co,Ltd တို့တွင်လည်းကောင်း
အာမခံနှင့်ပတ်သက်သည့် အတွေ့အကြုံများ မျှဝေပေးလျက်ရှိသော ဒေါက်တာမောင်မောင်သိမ်း ဖြစ်ပါသည်။

ဆွေးနွေးပွဲအခမ်းအနားသို့ စိတ်ပါဝင်စား၍ ပါဝင်
တက်ရောက်လိုသူများအနေဖြင့် ၂၁.၁၁.၂၀၂၄ ရက် (ကြာသပတေးနေ့) နောက်ဆုံးထား၍ Online Register တွင် ဖြည့်စွက်တက်ရောက်နိုင်ပါကြောင်းဖိတ်ကြားအပ်ပါသည်။

Online Register: https://forms.office.com/r/9Nj7VjaCf7?origin=lprLink

#23.11.2024
Principles of Insurance as Narrated by Judgements of the Court



Online Register: https://forms.office.com/r/9

ရုရှားနိုင်ငံ ၊ Associate Professor Dr. ALEXANDER MOLOTNIKOV ဦးဆောင်သည့်အဖွဲ့အား MAC ဒါရိုက်တာ အဖွဲ့ဝင်များက လက်ခံတွေ့ဆု...
26/01/2024

ရုရှားနိုင်ငံ ၊ Associate Professor Dr. ALEXANDER MOLOTNIKOV ဦးဆောင်သည့်အဖွဲ့အား MAC ဒါရိုက်တာ အဖွဲ့ဝင်များက လက်ခံတွေ့ဆုံခြင်း။

++++++++++++++++++++++++++++++++++++++++++++
၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိနေသော Lomonosov Moscow State University ၏ Law Faculty, Business law department ရဲ့ Associate Professor Dr. ALEXANDER MOLOTNIKOV (Head of the Centre for Asian Legal Studies) အဖွဲ့တို့သည် မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန (Myanmar Arbitration Centre – MAC) ဒါရိုက်တာအဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေဆုံစဉ် International Law Conference , Seminars on Russian Law and Business practice , establishing direct Contacts between Arbitration, Legal and Business communities of Myanmar and Russian စသည့် လုပ်ငန်းစဉ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် MAC က လက်ရှိလှုပ်ရှား ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းထားသည့် အနုညာတဥပဒေဖြင့် အနုညာတစီရင်ဆုံးဖြတ် ခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိနေကြောင်း၊ ခုံသမာဓိသင်တန်းများလည်းဖွင့်လှစ်လျက်ရှိကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြ၍ Arbitration Practice များ တွင်ကျယ်လာစေရန် အသိပညာပေးအစီအစဉ်များ၊ ဆက်စပ်သည့် ကိစ္စရပ်များတွင် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်သွားရန်အတွက် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံမှုတွင် MAC ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်ဒေဝနှင့် ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သော ဦးတင်မြင့် ၊ ဒေါက်တာအေးအေး တို့တက်ရောက်ခဲ့ကြပါသည်။

English Version -
Meeting with the MAC Board of Directors and with the Associate Professor Dr.ALEXANDER MOLOTNIKOV of Russia
============================================
On January 25th, 2024 Associate Professor Dr. ALEXANDER MOLOTNIKOV (Head of the Center for Asian Legal Studies) of Law Faculty, Business law department of Lomonosov Moscow State University, who arrived in Yangon, met with members of the Myanmar Arbitration Center (MAC) Board of Director.

During the meeting, they exchanged views on processes such as International Law Conference, Seminars on Russian Law and Business practice, establishing direct contacts between Arbitration, Legal and Business communities of Myanmar and Russian. In addition, they discussed the arbitration services that MAC is providing in accordance with the Arbitration Law enacted in Myanmar and the arbitration courses that have been conducting to train the participants as arbitrators. They signed a Memorandum of Understanding (MoU) to cooperate together on related issues.

At the meeting, U Kyaw Dewa, Managing Director, U Tin Myint and Dr, Aye Aye MAC board of directors attended.

အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၆ သင်တန်းဆင်းပွဲနှင့် အပတ်စဉ် ၁ မှ ၆ အထိ ခုံသမာဓိ သင်တန်းသား၏ မိတ်ဆုံညစာစားပွဲအခမ်းအနားကျင်...
15/01/2024

အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၆ သင်တန်းဆင်းပွဲနှင့် အပတ်စဉ် ၁ မှ ၆ အထိ ခုံသမာဓိ သင်တန်းသား၏ မိတ်ဆုံညစာစားပွဲအခမ်းအနားကျင်းပ
************************************************************************
မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန (Myanmar Arbitration Centre – MAC) မှ အနုညာတခုံသမာဓိ သင်တန်းအပတ်စဉ် - ၆ သင်တန်းဆင်းပွဲနှင့် ခုံသမာဓိသင်တန်းအပတ်စဉ် ၁ မှ ၆ အထိ ခုံသမာဓိ သင်တန်း တက်ရောက်ခဲ့ကြသော သင်တန်းသူ/သားများ၏ စုံညီညစာစားပွဲကို ၁၃.၁.၂၀၂၄ ရက် ၊ စနေနေ့ ၊ ညနေ (၄) နာရီတွင် အတွင်းဝန်များရုံး (ယခင်ဝန်ကြီးများရုံး) ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း ၊ ခုံသမာဓိသင်တန်းတွင် ပို့ချပေးခဲ့သော မြန်မာအနုညာတစီရင် ဆုံးဖြတ်ခြင်းဗဟိုဌာန ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း၊ မြန်မာအနုညာတစီရင် ဆုံးဖြတ်ခြင်းဗဟိုဌာန၏ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်ဒေဝ ၊ အပတ်စဉ် ၆ သင်တန်းသူ/သားများ နှင့် ဧည့်သည်တော်များ စုစုပေါင်း (၉၀) ဦးခန့်ပါဝင်တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားမစတင်မီ ခုံသမာဓိသင်တန်းအပတ်စဉ် - ၆ တွင် သင်ကြားပို့ချပေးခဲ့သော ဒေါက်တာ မောင်မောင်သိမ်း အား သင်တန်းသူ/ သားများက ဂါရဝါပြု ကန်တော့ခဲ့ကြပြီး ဆရာကြီးမှ သင်တန်းသူ/သားများ အား ဆုံးမဩဝါဒ ပေးခဲ့ပါသည်။

အခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း က ကြိုဆိုနူတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားရာတွင် အသင်းချုပ်သည် စီးပွားရေးမူဝါဒများညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရခြင်း၊ Information Research နှင့် Networking တို့ကို အလေးနက်ထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍစီးပွားရေး လုပ်ငန်းများ၌အငြင်းပွားမှုများတွေ့ကြုံလာပါက လုပ်ငန်းရှင်များရဲ့ စီးပွားရေးအငြင်းပွားမှုတွေကို အဖြေရှာဆောင်ရွက်ခြင်းဖြင့် အချိန်ကြာ အမုန်းတရားများမရှိစေရေးအတွက် စီးပွားရေးဆိုင်ရာအငြင်းပွားမှုများ ညှိနှိုင်းဖျန်ဖြေရေးကော်မတီ ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ပိုမိုစည်းစနစ်ကျနစွာ ဥပဒေဖြင့် ဖြေရှင်းနိုင်မည့် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့သည့်အတွက် ပြည်တွင်း၊ပြည်ပ စီးပွားရေးအငြင်းပွားမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးနိုင်မည့် စင်တာတစ်ခုလိုအပ်နေကြောင်း ဆရာကြီး ဒေါက်တာမောင်မောင်သိမ်း အကြံပြုချက် ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် အရည်အချင်း ပြည့်ဝသည့်ခုံသမာဓိပုဂ္ဂိုလ်များ ပေါ်ထွက်လာစေရန် ခုံသမာဓိသင်တန်းပို့ချခြင်းတို့ကိုလည်း ဆက်လက် ဆောင်ရွက်ခဲ့ရာ ယခုအခါ အပတ်စဉ် - ၆ အထိ သင်တန်းသားများ မွေးထုတ်ပေးခဲ့ပြီးဖြစ်သည့် အတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းပို့ချပေးသော ဒေါက်တာမောင်မောင်သိမ်း က ခုံသမာဓိသင်တန်းသင်တန်းဆင်းပွဲ အပတ်စဉ်-၆ သို့ ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ကိုယ်တိုင်လာရောက်ချီးမြှင့်ပေးသည့်အတွက် ကျေးဇူး တင်ရှိကြောင်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို မြန်မာနိုင်ငံ၏ သမိုင်းမှတ်တမ်းများဖြင့် ပြည့်စုံတင့်တယ်သည့် ပထမဆုံးသော လွှတ်တော်နေရာနှင့် လွတ်လပ်ရေးတို့ စတင်ခဲ့သည့် မင်္ဂလာရှိသောနေရာတွင် ကျင်းပရခြင်းအတွက် ပိုမို၍ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့နောက် သမိုင်းဝင် အဆောက်အဦဖြစ်သည့် အတွင်းဝန်ရုံး၏ သမိုင်းကြောင်းနှင့် စတင်တည်ဆောက်ခဲ့မှုများအကြောင်းကို သင်တန်းသူ/သားများ သိရှိနိုင် စေရန် မျှဝေခဲ့ပြီး ခုံသမာဓိအဖြစ် ဆောင်ရွက်ကြမည့်သူများကို လမ်းညွှန် အမှာစကားများပြောကြားခဲ့ပါသည်။ ထို့နောက် အပတ်စဉ်-၆ သင်တန်းသူ/ သားများအား တစ်ဦးချင်းစီ သင်တန်းဆင်းလက်မှတ်များကို ဆရာ ဒေါက်တာမောင်မောင်သိမ်း က ချီးမြှင့်ပေးခဲ့ပါသည်။

အစီအစဉ် ဒုတိယအပိုင်းအဖြစ် ခုံသမာဓိသင်တန်း အပတ်စဉ် ၁ မှ ၆ အထိ သင်တန်းတက်ရောက်ခဲ့သူများ၏ မိတ်ဆုံညစာစားပွဲအခမ်းအနားကို ညနေ (၆:၃၀) နာရီတွင် အတွင်းဝန်ရုံး၏ မြက်ခင်းပြင်နေရာ၌ ဆက်လက် ကျင်းပခဲ့ပါသည်။

အဆိုပါ မိတ်ဆုံညစာစားပွဲသို့ ဖိတ်ကြားထားသော ယခင်အပတ်စဉ် သင်တန်း ဆင်း သင်တန်းသူ/ သား များ ၊MAC ဒါရိုက်တာအဖွဲ့ဝင်များ၊ ဧည့်သည်တော် များ စုံညီစွာပါဝင် တက်ရောက်ခဲ့ပြီး အခမ်းအနား အစီအစဉ် ကို ည (၈:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန

#13.1.2024(Saturday)
#16:00-20:30

ခုံသမာဓိသင်တန်းအပတ်စဉ် - ၆ သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ+++++++++++++++++++++++++++++++++++++++++++မြန်မာအနုညာတစီ...
13/11/2023

ခုံသမာဓိသင်တန်းအပတ်စဉ် - ၆ သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
+++++++++++++++++++++++++++++++++++++++++++
မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန - Myanmar Arbitration Centre - MAC သည် မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းထားသော ၂၀၁၆ ခုနှစ် အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ၊ နိုင်ငံတကာ၌ လိုက်နာကျင့်သုံးလျက်ရှိသော ခုံသမာဓိဖြတ်ထုံးနည်းလမ်းများ၊ ဥပဒေများကို အသိပညာမျှဝေပေးနိုင်ရေးနှင့်လက်တွေ့တွေးတောဆင်ခြင်နိုင်ရန်အတွက် "အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၆" ကို ၁၁.၁၁.၂၀၂၃ ရက်၊ စနေနေ့၊ နံနက် (၉) နာရီ၊ ကုန်သည်စက်မှုအသင်းချုပ်၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ MAC ၏ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ် က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းသူ/သားများအား နူတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းဆရာအဖြစ် ဒေါက်တာမောင်မောင်သိမ်းက ခုံသမာဓိသင်တန်းသို့ တက်ရောက်ကြသော သင်တန်းသူ/သားများအား အခြေခံခုံသမာဓိလုပ်ငန်းစဉ်များအား စတင်မိတ်ဆက်သင်ကြားပေးခဲ့ပါသည်။

ခုံသမာဓိသင်တန်းအပတ်စဉ်-၆ ၏ သင်တန်းကာလမှာ (၁) လ (စနေ၊တနင်္ဂနွေ) နေ့များတွင် သင်ကြားပို့ချလျက်ရှိပြီး သင်တန်းသား/သူဦးရေ (၆၀) ဝန်းကျင် ခန့်တက်ရောက်လျက်ရှိပါသည်။
#11.11.2023_Saturday

 #ခုံသမာဓိသင်တန်းအပတ်စဉ် - ၆ ဖွင့်လှစ်ကြောင်း ကြေညာခြင်း #====================================================၁၁.၁၁.၂၀၂၃...
25/10/2023

#ခုံသမာဓိသင်တန်းအပတ်စဉ် - ၆ ဖွင့်လှစ်ကြောင်း ကြေညာခြင်း #
====================================================
၁၁.၁၁.၂၀၂၃ ရက်နေ့မှ ၁၇.၁၂၂၀၂၃ ရက်နေ့အထိ ခုံသမာဓိသင်တန်း
အပတ်စဉ် - ၆ သို့ တက်ရောက်လိုသူများအနေဖြင့် ၃.၁၁.၂၀၂၃ ရက်နေ့နောက်ဆုံးထား၍ Google Forms:
https://forms.gle/d5SguHgvfNkkjiTy7 တွင် တက်ရောက်
မည့်ပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်များ ကြိုတင်လျှောက်ထားနိုင်ပြီး
သင်တန်း တက်ရောက်ခွင့်ရသူများကို Email/Phone တို့ဖြင့် အကြောင်း
ကြားဆက်သွယ်မည်ဖြစ်ကြောင်း ဖိတ်ကြားအပ်ပါသည်။

ဆက်သွယ်စုံစမ်းရန် ဖုန်း - 09450200670

အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၅ သင်တန်းဆင်းပွဲနှင့် အပတ်စဉ် ၁ မှ ၅ အထိ ခုံသမာဓိသင်တန်းသား၏ စုံညီညစာစားပွဲအခမ်းအနားကျင်းပ+...
16/10/2023

အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၅ သင်တန်းဆင်းပွဲနှင့် အပတ်စဉ် ၁ မှ ၅ အထိ ခုံသမာဓိသင်တန်းသား၏ စုံညီညစာစားပွဲအခမ်းအနားကျင်းပ
++++++++++++++++++++++++++++++++++++++++++++
မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန (Myanmar Arbitration Centre – MAC) မှ အနုညာတခုံသမာဓိ သင်တန်းအပတ်စဉ် - ၅ သင်တန်းဆင်းပွဲနှင့် ခုံသမာဓိသင်တန်းအပတ်စဉ် ၁ မှ ၅ အထိ ခုံသမာဓိသင်တန်းတက် ရောက်ခဲ့ကြသော သင်တန်းသူ/သားများ၏ စုံညီညစာစားပွဲကို ၁၄.၁၀.၂၀၂၃ ရက် ၊ စနေနေ့ ၊ ညနေ (၄) နာရီတွင် အတွင်းဝန်များရုံး(ယခင်ဝန်ကြီးများရုံး)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ခုံသမာဓိသင်တန်းတွင် ပို့ချပေးခဲ့သော မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း ၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ ၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန၏ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်ဒေဝ နှင့် ဒါရိုက်တာအဖွဲ့ဝင်များ ၊ အပတ်စဉ် ၅ နှင့် ယခင်အပတ်စဉ်များမှ သင်တန်းသူ/သားများပါဝင်တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲမစတင်မီ ခုံသမာဓိသင်တန်းအပတ်စဉ် - ၅ တွင် သင်ကြားပို့ချပေးခဲ့သော ဒေါက်တာမောင်မောင် သိမ်း အား သင်တန်းသူ/သားများက ဂါရဝါပြုလက်ဆောင်ဖြင့် ကန်တော့ခဲ့ကြပါသည်။

အခမ်းအနားတွင် ကုန်သည် စက်မှုအသင်းချုပ် (UMFCCI) ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ က အဖွင့်အမှာစကားပြောကြားရာတွင် အသင်းချုပ်၌ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုစေမည့် သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း၊ ယခုသင်တန်းသည် ၂၀၁၆ ခုနှစ်၏ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ ကို အကောင်အထည်ဖော်ရွက်ရာ ၌ ပုဂ္ဂလိကစီးပွားရေးများတွင် ကြုံတွေ့ရသော အငြင်းပွားမှုပြဿနာများကို အနုညာတနည်းဖြင့် ဖြေရှင်းကြတွင် အရည်အချင်းပြည့်ဝသော ခုံသမာဓိများပေါ်ထွက်လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အငြင်းပွားမှုပြဿနာများကိုလည်း ပြည်တွင်း၌ ဖြေရှင်း ဆောင်ရွက်ကြခြင်းဖြင့် အချိန်ကုန် ၊ ငွေကုန်သက်သာ၍ ဥပဒေပါအတိုင်း ဖြေရှင်းနိုင်မည့် အကျိုးကျေးဇူးရရှိနိုင် မည်ဖြစ်ကြောင်း၊ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တို့တွင်လည်း စင်္ကာပူနိုင်ငံရှိ Arbitration Institute တစ်ခုမှလည်း သင်တန်း များ လာရောက်ပို့ချပေးခဲ့ပြီး International Arbitration များနှင့်ပတ်သက်၍ အသိပညာများမျှဝေပေး နိုင်ခဲ့ပါကြောင်း၊ ယခုသင်တန်းအပတ်စဉ် - ၅ အပါအဝင် သင်တန်းဆင်း ဦးရေ (၂၇၀) ကျော်ခန့်ကိုလည်း ပို့ချ ပေးခဲ့ပြီး ခုံသမာဓိ အဆင့်မြင့် သင်တန်းများဖွင့်လှစ်နိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ သင်တန်းပို့ချပေးသော ဒေါက်တာမောင်မောင်သိမ်း က ယခုသင်တန်းအပတ်စဉ်တွင် နားလည် တတ်မြောက်မှု စစ်ဆေး၌ အမှတ်အပြည့်ရရှိသော သင်တန်းသူ (၂) ဦး ပေါ်ထွက်သည့်အတွက် ဝမ်းသာပီတိ ဖြစ်မိပါကြောင်း၊ ယနေ့အခမ်းအနားကို သမိုင်းမှတ်တမ်းများဖြင့် ပြည့်စုံသော မြန်မာနိုင်ငံ၏ လွှတ်တော်နှင့် လွတ်လပ်ရေးတို့ စတင်ခဲ့သည့် မင်္ဂလာရှိသောနေရာတွင် ကျင်းပရခြင်းအတွက် ပိုမို၍ ဂုဏ်ယူမိပါကြောင်း၊ ထို့နောက် သမိုင်းဝင်အဆောက်အဦဖြစ်သည့် အတွင်းဝန်ရုံး၏ သမိုင်းကြောင်းနှင့် စတင်တည်ဆောက်ခဲ့မှုများအကြောင်းကို သင်တန်းသူ/သားများ သိရှိနိုင်စေရန်မျှဝေခဲ့ပြီး ခုံသမာဓိအဖြစ်ဆောင်ရွက်ကြမည့်သူများကို လမ်းညွှန်အမှာစကားများ ချီးမြှင့်ခဲ့ပါသည်။
အစီအစဉ် ဒုတိယအပိုင်းအဖြစ် ခုံသမာဓိသင်တန်း အပတ်စဉ် ၁ မှ ၅ အထိ သင်တန်းတက်ရောက်ခဲ့သူများ၏ စုံညီ ညစာစားပွဲအခမ်းအနားကို ညနေ (၆:၃၀) နာရီတွင် ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါ စုံညီညစာစားပွဲသို့ ဖိတ် ကြားထားသော ယခင် သင်တန်းဆင်း သင်တန်းသူ/သားများ ၊ MAC ဒါရိုက်တာအဖွဲ့ဝင်များ၊ ဧည့်သည်တော်များ စုံညီစွာပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားအစီအစဉ်ကို ည (၈:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန
Arbitration Centre MAC
#14.10.2023(Saturday)
#16:00-20:30

အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၅ ဖွင့်လှစ်ခြင်း==================================================မြန်မာအနုညာတစီရင်ဆုံးဖြတ်...
03/09/2023

အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၅ ဖွင့်လှစ်ခြင်း
==================================================

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနက ခုံသမာဓိ သင်တန်း
အပတ်စဉ် - ၅ ကို ၂.၉.၂၀၂၃ ရက်နေ့ ၊ နံနက် (၉) နာရီ ၊ ကုန်သည် စက်မှုအသင်းချုပ်၌ သင်တန်းသူ/သား (၇၀) ဦးခန့်ဖြင့် စတင်ဖွင့်
လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်း ဖွင့်လှစ်မှုအခမ်းအနား၌ မြန်မာအနုညာတစီရင် ဆုံးဖြတ်ခြင်းဗဟိုဌာန၏ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်ဒေဝ က
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်
က ခုံသမာဓိသင်တန်းဖွင့်လှစ်ခြင်းအတွက် အဖွင့်အမှာစကားချီးမြှင့်
ပေးခဲ့ပါသည်။

ဆက်လက်၍ အနုညာတခုံသမာဓိသင်တန်းသို့ စိတ်ပါဝင်စားသော ပြည်နယ်တိုင်းများမှ သင်တန်းသူ/သားများ တက်ရောက်နိုင်ရေးအတွက် Online / In-person (Hybrid)တို့ဖြင့် အဆင်ပြေစွာတက်ရောက် နိုင်ရေးကိုစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

သင်တန်းတွင် အနုညာတခုံသမာဓိပညာရပ်ကို စိတ်ပါဝင်စား၍ လေ့လာလိုသူများ အနေဖြင့် နိုင်ငံတကာ၌ စီရင်ဆုံးဖြတ်ခဲ့ကြသော
ခုံသမာဓိစီရင်ဆုံးဖြတ်ချက်များ နှင့် ခုံသမာဓိအဖြစ် ဆောင်ရွက်လိုသူများ သိသင့်သိထိုက်သော ဗဟုသုတများစွာကို ဆရာကြီး ဒေါက်တာ မောင်မောင်သိမ်း က ဆွေးနွေးမျှဝေပို့ချပေးသွားမည်ဖြစ်ပါသည်။

အဆိုပါခုံသမာဓိသင်တန်းကို ၂.၉.၂၀၂၃ ရက်နေ့မှစတင်၍ စနေနှင့် တနင်္ဂနွေနေ့များတွင် ကုန်သည်စက်မှု အသင်းချုပ်၌ နံနက် (၉) နာရီမှ
နေ့လည် (၁၂) နာရီအထိ ၊ (၁ လ) ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

#ခုံသမာဓိသင်တန်းအပတ်စဉ်၅

#2.9.2023

အနုညာတခုံသမာဓိသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားနှင့် သင်တန်းသားများ၏ မိတ်ဆုံညစာစားပွဲ ကျင်းပ၂၀.၈.၂၀၂၃ ၊ တနင်္ဂနွေနေ့ ၊ နေ့...
22/08/2023

အနုညာတခုံသမာဓိသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားနှင့် သင်တန်းသားများ၏ မိတ်ဆုံညစာစားပွဲ ကျင်းပ
၂၀.၈.၂၀၂၃ ၊ တနင်္ဂနွေနေ့ ၊ နေ့လယ် ၃ နာရီ။
🔹🔹🔹
မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန- Myanmar Arbitration Centre- MAC သည် အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေပါအတိုင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရေးနှင့် ခုံသမာဓိ (Arbitrator) များ ပေါ်ထွက်လာစေရေးတို့အတွက် သင်တန်းများဖွင့်လှစ်၍ ပို့ချပေးလျက်ရှိရာ ယခုဆိုလျှင် သင်တန်းအပတ်စဉ် (၄) အထိ ပို့ချပေးပြီးဖြစ်ပါသည်။
အနုညာတခုံသမာဓိသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားနှင့် အပတ်စဉ် (၁)၊ (၂)၊ (၃)၊ (၄) တို့မှ သင်တန်းသားများ၏ မိတ်ဆုံညစာစားပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) ၌ ကျင်းပခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူ MAC ၏ Managing Director ဦးကျော်ဒေဝက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ အသင်းချုပ်၌ MBA, HRD Training Institute, EOD (အလုပ်ရှင်အဖွဲ့အစည်း)၊ Myanmar Productivity Centre, MSMEs စသည့် သင်တန်းများကို ပုဂ္ဂလိကစီးပွားရေးကဏ္ဍအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအကြား စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်လာပါက ပြည်တွင်း၌ပင် ဖြေရှင်းကြသည့်အခါ Arbitrator (ခုံသမာဓိပုဂ္ဂိုလ်) များ လိုအပ်ပြီး MAC ၏ အခန်းကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိကာ အရည်အချင်းပြည့်ဝသည့် ခုံသမာဓိပုဂ္ဂိုလ်များ ပေါ်ပေါက်လာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ လက်တွေ့ဆောင်ရွက်နိုင်မည့် အတွေ့အကြုံ၊ ဗဟုသုတများ၊ အကျိုးရလဒ်ကောင်းများကို သင်တန်းမှ ရရှိကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန-MAC ၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ယနေ့ အနုညာတခုံသမာဓိသင်တန်းဆင်းပွဲကို နှစ်ပေါင်း (၁၃၀) ကျော်ပြီဖြစ်သည့် ရှေးဟောင်းသမိုင်းဝင်အဆောက်အဦ အတွင်းဝန်များရုံး၌ ကျင်းပရခြင်းသည် မင်္ဂလာရှိပါကြောင်း၊ သင်တန်းဆင်းပြီးဖြစ်သည့် Arbitrator များအနေဖြင့် တာဝန်ကြီးသည့် ပညာရှင်များဖြစ်ပြီး ပရော်ဖက်ရှင်နယ်ပီသစွာ လုပ်ကိုင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ MAC အနေဖြင့် Diploma သင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများအားလုံးကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဆရာကြီး ဒေါက်တာမောင်မောင်သိမ်းက အနုညာတခုံသမာဓိသင်တန်းအပတ်စဉ် (၄) သင်တန်းသူ/သားများ၏ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးချင်းစီ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ညနေ (၆) နာရီ တွင် ဆက်လက်ကျင်းပသည့် အနုညာတခုံသမာဓိသင်တန်း အပတ်စဉ် (၁)၊ (၂)၊ (၃)၊ (၄) တို့မှ သင်တန်းသားများ၏ မိတ်ဆုံညစာစားပွဲအခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ်၏ အကြီးတန်းအကြံပေးဖြစ်သူ ဦးဇော်မင်းဝင်းက သင်တန်းများဖွင့်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းဆင်းများအတွက် ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ပြီး ဆရာကြီး ဒေါက်တာမောင်မောင်သိမ်းက သင်တန်းသားများအတွက် အမှတ်တရဂုဏ်ပြုချီးမြှင့်စကား ပြောကြားခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

#ခုံသမာဓိသင်တန်းအပတ်စဉ်
.
#20.8.2023_Sunday_15:00 to 21:00

Address

No. 29, Min Ye Kyaw Swar Street, Lanmadaw Township
Yangon

Telephone

+959450200680

Website

Alerts

Be the first to know and let us send you an email when Myanmar Arbitration Centre MAC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Arbitration Centre MAC:

Share