Rejected Military MM

Rejected Military MM "AGAINST MYANMAR MILITARY COUP"
"JUSTICE FOR MYANMAR"
"WE NEED DEMOCRACY"

Happy birthday Our Leader 😇🥰၇၈နှစ် ပြည့်ပါ19.6.2023
19/06/2023

Happy birthday Our Leader 😇🥰
၇၈နှစ် ပြည့်ပါ

19.6.2023

15/05/2023

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အရေးကို ဖြေရှင်းရန် အမေရိကန် Burma Act အပါ အဝင် နိုင်ငံတကာနှင့်ပူးပေါင်းမည်ဟု ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင်ပြော

■ ထိုင်းနိုင်ငံ၏ ပါဝင်မှု မရှိဘဲ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အောင်မြင်မှုမရနိုင်

ရန်ကုန်၊ မေ ၁၅

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု အရေးကို ဖြေရှင်းရန် အမေရိကန် ပြဋ္ဌာန်းထားသော Burma Act အပါ အဝင် နိုင်ငံတကာနှင့်ပူးပေါင်းမည်ဟု ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenratက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် မဲအများဆုံးနှင့် အမတ်နေရာ အများဆုံး အနိုင်ရရှိထားသော Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်ဖော်ရန် အရေးကြီးကြောင်း၊ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံ အနေဖြင့် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

မြန်မာပြည်သူများကို အကူအညီပေးရေးအတွက် ထိုင်းနှင့် မြန်မာနိုင်ငံအကြားတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်က အောင်မြင်မှု မရနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ ထိုင်း-မြန်မာအကြားမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်းဖွင့်ပါ့မယ်။ ဒီလိုဖွင့်ဖို့လည်း ဥပဒေတွေအရ လုပ်ဆောင်နိုင်သလို အရင် အတိတ်ကာလတွေမှာလည်း ဒီလိုလုပ်ခဲ့တာတွေရှိပါတယ်" ဟု Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenratက ဆက်ပြောသည်။

ထို့ပြင် မြန်မာ့အရေး ဖြေရှင်းရန် အတွက် အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းထားသော Burma Act ဥပဒေက အရေးကြီးသကဲသို့ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပြီး လုံလောက်သည့် ဖိအားနှင့် မက်လုံးများပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နိုင်ငံတကာအရေးနှင့်ပတ်သက်ပြီး ပြောဆိုရာတွင် Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat က "အမှန်တရားက ခွန်အားပါ။ ခွန်အားကတော့ အမှန်တရားမဟုတ်ပါဘူး" ဟု ပြောဆိုသည်။

ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် Move Forward Party ပါတီ အမတ်နေရာ ၁၅၁ နေရာနှင့် လူထုထောက်ခံမှုဆန္ဒမဲ အများဆုံးရရှိထားသော ရွေးကောက်ပွဲအနိုင် ရ ထိပ်ဆုံးပါတီလည်းဖြစ်သည်။

Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenrat သည် အမေရိကန်ဟားဗက်တက္ကသိုလ်ဘွဲ့ရ တစ်ဦးဖြစ်ပြီး အသက် ၄၂ နှစ်အရွယ်ရှိနေပြီဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenratက ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် မဟာမိတ်ပါတီများနှင့်ပူးပေါင်း ၍ အစိုးရသစ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယနေ့ တရားဝင် ထုတ် ပြန်ကြေ ညာသည်။

04/03/2023

သတိထားကြပါ

တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအား လက်ပစ်ဗုံးဖြင့်လာရောက်ပစ်ခတ်ရာ တော်လှန်ရေးအဖွဲ့ရဲဘော်များ ငွေတော...
21/01/2023

တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအား လက်ပစ်ဗုံးဖြင့်လာရောက်ပစ်ခတ်ရာ တော်လှန်ရေးအဖွဲ့ရဲဘော်များ ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းများမှ ဝိုင်းဖမ်းဆီးခံရ၊ တစ်ဦးသေဆုံး

OTရန်ကုန်၊ ဇန်နဝါရီလ၊ ၂၁ရက်

ယနေ့ ဇန်နဝါရီလ ၂၁ရက် စနေနေ့ နေ့လည်၁၂ခန့်က မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအား လက်ပစ်ဗုံးဖြင့်သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ ထိုသို့ပစ်ခတ်ပြီးနောက် ၎င်းအုပ်ချုပ်ရေးမှုးရုံးဘေးရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်နွယ်မှုရှိသည့် ငွေတောင်စားသောက်ဆိုင်မှ ဝန်ထမ်းများက လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ထိုသို့ဖမ်းဆီးရာတွင် ရဲဘော်တစ်ဦးမှာ လွတ်မြောက်သွားပြီး ကျန်ရဲဘော်တစ်ဦးမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ ဖမ်းဆီးခံရတဲ့ ရဲဘော်ဟာ အသက်ရှင်လျှက်ဖမ်းခံရပေမဲ့ လက်ရှိသတင်းများအရ ဆိုင်ဝန်ထမ်းများရဲ့ ဝိုင်းဝန်းထိုးကြိတ်ရိုက်ခဲ့မှုကြောင့် သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်နွယ်မှုရှိနေတဲ့ ငွေတောင်စားသောက်ဆိုင်သည် တော်လှန်ရေးအဖွဲ့များ၏ ပစ်မှတ်ဖြစ်လာပြီး ပြည်သူများအနေဖြင့်လည်း ဆက်လက်အားပေးနေပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းနေတယ်လို့ ယူဆပြီး တစ်စုံတစ်ရာဖြစ်ပေါ်မှုများရှိလာပါက မိမိတာဝန်သာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့များက ဆိုပါတယ်။

အဆိုပါလက်ပစ်ဗုံးလာပစ်တဲ့ ရဲဘော်နှစ်ဦးဟာ Black Fox Yangon UG အဖွဲ့မှဖြစ်ကြောင်းသိရှိရပြီး ငွေတောင်စားသောက်ဆိုင် အနေနဲ့ မိမိလုပ်ရပ်ကို တာဝန်ယူရမယ်လို့ Black Fox Yangon UG ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးအဖွဲ့များက အဆိုပါဖြစ်ရပ်တွင်ပါဝင်သည့် ဝန်ထမ်းများ တစ်ဦးချင်းစီအတွက်လည်း အချက်အလက်များစုဆောင်းနေပြီး ပါဝင်သူတစ်ဦးချင်းစီတိုင်းလည်း မိမိလုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်လို့ ပြောဆိုပါတယ်။

ပြည်သူများအနေဖြင့်လည်း အဆိုပါစားသောက်ဆိုင်သည် တော်လှန်ရေးအဖွဲ့များ၏ ရန်သူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဖြစ်သဖြင့် ၎င်းစားသောက်ဆိုင်မှာ ဖြစ်ပေါ်လာမည့်ကိစ္စများအတွက် တာဝန်ယူမည်မဟုတ်ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောပါတယ်။

19/01/2023

မင်္ဂလာရှိသောည

ပြည်တော်ဝင်မည့် သတင်းကောင်းတွေ ဘက်စုံနေရာစုံမှ

ကြားနေရပြီ 👏👇

to Original Page

မအလ ဂျပုPh credit
11/08/2022

မအလ ဂျပု
Ph credit

26/07/2022

အာဇာနည်သတ္တိက မေတ္တာကိုအခြေခံတယ်။

မိုက်ရူးရဲသတ္တိကတော့ ဒေါသနဲ့အတ္တကိုအခြေခံတယ်။

အာဇာနည်သတ္တိက အသက်စွန့်လွှတ်ချင်တဲ့ဆန္ဒအပေါ်အခြေမခံ။ ဘ၀ကိုအများအကျိုးတွက်သုံးသွားချင်တဲ့ဆန္ဒပေါ်အခြေခံပါတယ်။

ပင်ပန်းဆင်းရဲစွာ အများတွက် အသက်ရှင်ရလည်း ရှင်သန်မယ်။

တာ၀န်ကိုမျက်နှာလွှဲပြီး အလွယ်ထွက်ပေါက်မရှာဘူး။ မလွှဲသာလို့ အသက်ပါစွန့်လွှတ်ရမယ်ဆိုရင်လည်း သတ္တိနဲ့ပဲပေါ့။

ဒေါ်အောင်ဆန်းစုကြည်
(၁၉-၉-၂၀၁၃)မိန့်ခွန်းကောက်နုတ်ချက်

AKS


25/07/2022

⚠သေးသေးလေးတွေက စပြောင်းလဲကြရအောင်
*တစ်နေ့ FB သုံးချိန်ကို တစ်မိနစ်ပဲလျှော့*
* C2Dကို တစ်မိနစ်ပဲတိုးကလစ်ပေးကြပါ*

25/07/2022

#ကိုယ့်လည်ပင်းကို…
လက်နဲ့ ပြန်ညှစ်ကြည့်။
ဘယ်လိုကြီးမှန်းမသိဘူး
မွန်းကြပ်ပြီး အတော်နေရခက်တယ်။

နည်းနည်းလောက်၊
တစ်ဆို့ တစ်ဆို့၊ဖြစ်လာတာနဲ့။

ပြန်လွှတ်လိုက်ရတယ်၊
ကြာကြာ ညှစ်မထားနိုင်ဘူးရယ်။

အခုက
လက်ကို နောက်ပြန် လက်ထိတ်ခတ်၊
ခြေထောက်ကို ကြိုးချည်ပြီး ၊ရုံးမရ၊
ကန်မရ အနေအထားနဲ့။

လည်ပင်းကို ကြိုးကွင်းစွပ်ပြီး၊
မောင်းတံဆွဲချလိုက်တာ ၊
လည်ပင်းမှာ ကြိုးတန်းလန်းကြီးနဲ့။

တစ်ဖြည်းဖြည်းနဲ့၊
မျက်လုံးပြူး လျှာထွက်ပြီး၊
သေ သွားရတာ။

အဲ့ဒါကို..
သေဒဏ် ကြိုးပေးတယ်လို့၊
ခေါ်တယ်။

ငါ ခံရတာ မဟုတ်ဘူးလို့၊
တွေးမယ် ဆိုလျှင်တော့ အဲ့ကြိုးကွင်းဟာ၊

တစ်နေ့ ကိုယ့်လည်ပင်း အပေါ်
ရောက်လာ လိမ့်မယ်။

ဘာဖြစ်လို့လဲ.
မတရားသူတွေ ကြီးစိုးသွားလျှင်၊
လူတိုင်းဟာ မတရားပြုကျင့်မှုကို၊
ခံရတတ်လို့ပါပဲ။

- ကိုး ဂုဏ် ပိုင်ရှင်။
25. 7. 22

24/07/2022

ဒီနေ့ တစ်နိုင်ငံလုံး မှောင်တဲ့နေ့ မအလ ခေတ်ကုန်တော့မယ့် နိမိတ် ၁၁:၂၈ pm

Address

Yangon
11162

Website

Alerts

Be the first to know and let us send you an email when Rejected Military MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share