Inya Centre Mail Box

Inya Centre Mail Box Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inya Centre Mail Box, Post office, Yangon.

Inya centerကဖူးစာလို့ပဲပြောရမလား ကျွန်တော့ဘဝရဲ့ပထမဦးဆုံး အချစ်ဦးလို့ပဲပြောရပါမယ် အရင်ကမိန်းခလေးရီးစားတောင်တစ်ခါမှမထားခဲ့...
28/01/2021

Inya centerကဖူးစာလို့ပဲပြောရမလား ကျွန်တော့ဘဝရဲ့ပထမဦးဆုံး အချစ်ဦးလို့ပဲပြောရပါမယ် အရင်ကမိန်းခလေးရီးစားတောင်တစ်ခါမှမထားခဲ့ဖူးတဲ့ ကျွန်တော်သူလေးနဲ့မှစပီးအချစ်ဆိုတာကိုသိခဲ့ရပါတယ် ရင်ခုန်ခဲ့ရပါတယ်
centerမှာရှိနေတဲ့ (patient volunteer)အဖြစ်လုပ်‌ေနခဲ့တဲ့အချိန်ကတည်းက Bella ဆိုတဲ့နာမည်ကိုခနခန ရင်းနှီးနေတာပါ ပျော်ပျော်နေတတ်ပီး အရမ်းလဲသဘောကောင်းပါတယ် သူPPEဝတ်ပီးဝင်လာပီဆို အထဲက patient volunteer‌ေတွနဲ့စကားလိုက်ပြောစိတ်ပြေလက်ပျောက်စလိုက်နောက်လိုက် နဲ့အရမ်းလဲဖော်ရွေပါတယ် သူ့ကိုယ်သူ Bella Bella ဆိုတဲ့နာမ်စားလေးသုံးပီးစကားပြောတတ်တာ လေးကတစ်မျိုးလေးချစ်ဖို့ကောင်းလွန်းနေပါတယ် PPEတွေကိုမျက်လုံးလေးပဲမြင်ရလို့ လူချင်းဆုံခဲ့တာတောင် မှတ်မိဖို့ခက်လှပါတယ် အဲ့တော့Bellaဆိုတဲ့ တစ်ယောက်ကိုအထဲက သူနဲ့ခင်ရာမင်ရာ Volunteerတွေကနေတစ်ဆင့် သူ့ Facebook accountလေးရခဲ့ပါတယ် သွားအပ်တော့ချက်ချင်းဆိုသလိုပဲ ခင်မင်တတ်တဲ့လူတွေရဲ့သဘာဝအတိုင်း သူ့ဘက်ကလက်ခံပီး Friendဖြစ်ခဲ့ပါတယ်
ချက်ချင်း‌တော့စကားမပြောဖြစ်ခဲ့ပါဘူး wallထဲဝင်ကြည့်သူပုံလေးတွေဆိုရင် ဘာရယ်မှန်းမသိကျွန်တော်သဘောကျနေခဲ့တာပါ အသဲလေးတွေပေး commentလေးတွေရေးရင်းကနေ ဂိမ်းတွေအတူဆော့ဖြစ်ခဲ့ပါတယ် ဘယ်Heroပဲကိုင်ကိုင် MVPမဟုတ်ရင် ရွှေရနေတဲ့သူ့ရဲ့ Skillကိုလဲကျွန်တော်မကြွေပဲမနေနိုင်ခဲ့တာပါ Voice Chatတွေဖွင့်ဂိမ်းတွေဆော့ရင်း ရင်းနှီးမှုရလာခဲ့တာ နောက်ဆုံးကျွန်တော်အရမ်းချစ်ရတဲ့အကောင်ပေါက်လေး အရမ်းချစ်ရတဲ့ချစ်သူလေးဖြစ်သွားတဲ့အထိပါပဲ ဟုတ်ပါတယ်ကျွန်တော်အရမ်းချစ်နေခဲ့ပါပီ// အရင်ကယောက်ကျားလေးတစ်ယောက်ကိုချစ်မိသွားလိမ်းမယ် ့မယ်လို့ကျွန်တော်လုံးဝမထင်ခဲ့မိပါဘူး မိန်းခလေးတွေကိုပဲကြိုက်တယ်လို့ထင်ထားခဲ့ တာပါအခုတော့အဲ့ဒီအကောင်ပေါက်လေး Bella ကြောင့်ကျွန်တော့စိတ်ကိုကျွန်တော်လက်ခံလိုက်ပါပီ သူ့ကိုကျွန်တော်အစွမ်းကုန်ချစ်ပေးမှာပါ ကျွန်တော့်အချစ်တွေနဲ့ သူ့ကိုပျော်ရွှင်အောင်ထားမှာပါ ကျွန်တော့ဘဝမှ ာယောက်ကျားလေးတစ်‌ေယာက်ကိုချစ်မိခဲ့ပါတယ် အဲ့ဒီယောက်ကျားလေးကလဲ Bellaဆိုတဲ့အဲ့ဒီအကောင်ပေါက်လေးပါပဲ အရင်ကတည်းကလဲ တခြားယောက်ကျားလေး‌ေတွဆိုရင်သူငယ်ချင်းနေနဲ့ပဲပေါင်းခဲ့တဲ့ကျွန်တော်ကိုယ်တိုင်ကလဲ ကိုယ့်ကိုကိုယ်မယုံနိုင်ဖြစ်ခဲ့ရပါတယ် ယောက်ကျားလေးချင်းတွဲပီဆိုရင်ဖြစ်လာပဲနောက်ဆက်တွဲပြဿနာတွေကအစ ကျွန်တော်ရင်ဆိုင်နိုင်အောင်ကြိုးစားသွားမှာပါ အထူးသဖြစ်တစ်ဦးတည်း‌ေသာသားဖြစ်တဲ့ကျွန်‌ေတာ့်အတွက်
မိသားစုကပေးတဲ့ pressureတွေပါပဲ ကျွန်တော်အတတ်နိုင်ဆုံးနားလည်လာအောင်ကြိုးစားမှာပါ ဘဝတစ်လျှောက်လုံးလဲ သူနဲ့ပဲရှေ့ဆက်ချင်ပါတော့တယ် ပျော်ရွင်တဲ့ဘဝလေးကိုအပူအပင်မဲ့စွာဖြတ်သန်းချင်ပါတယ်
သူအရမ်းဖြစ်ချင်တဲ့ professional Beauty Blogger & Make up Artistတစ်ယောက်ဖြစ်လာဖို့ကျွန်တော်ဘေးကနေအတတ်နိုင်ဆုံး ပံ့ပိုးသွားမှာပါ //
ပြောချင်တဲ့စကားတွေကပြောလို့မကုန်နိုင်လောက်အောင်ပါပဲ စာလဲအရမ်းရှည်သွားတဲ့အတွက်တောင်ပန်ပါတယ်😁နောက်ဆုံး အနေနဲ့ပြောချင်တာက (ကိုရီးမြတ်မင်းဆက်&ဦးမြတ်မင်းဆက်&Bella)ကျွန်တော့်ကိုအရင်ကထက်ပိုပီးချစ်ပေးပါ ကျွန်တော့နှလုံးသားကလဲ ကိုရီးတစ်‌ေယာက်တည်းအတွက်ပါပဲလို့ ကျွန်တော်လဲအရင်ကထက်ပိုပီးကိုရီးကို ချစ်ပေးပါ့မယ် အကိုနဲ့ပါတ်သက်လာရင်အသေးစိတ်ကအစ ဂရုစိုက်ပေးပါ့မယ်လို့ နောက်ပီး ကျွန်တော်နဲ့အကိုစပီးချစ်သူတွေဖြစ်တဲ့နေ့ကစပီး အခုအချိန်ထိကျွန်တော်အမြဲ‌တမ်းပြောတဲ့စကားလေးပဲထပ်ပြောပါရစေ ကျွန်တော့ဘဝတစ်ခုလုံးကို အကို့ရဲ့အချစ်တွေနဲ့တစ်ဘဝစာချည်နှောင်ထားလိုက်ပါတော့ 😘
I love you so much ❤️

ကိုကြီး ရှမ်းပြည်ဘက်ကိုခနပဲအလည်သွားပါ......ကချင်ပြည်နယ်ကိုပဲလာစေချင်မိပါတယ် အကိုသုပ်ပေးတဲ့ အသုပ်လေးတွေကို နေ့တိုင်းစားချ...
24/01/2021

ကိုကြီး ရှမ်းပြည်ဘက်ကိုခနပဲအလည်သွားပါ......ကချင်ပြည်နယ်ကိုပဲလာစေချင်မိပါတယ် အကိုသုပ်ပေးတဲ့ အသုပ်လေးတွေကို နေ့တိုင်းစားချင်မိတယ်
အကိုဖတ်ဖို့ပေးတဲ့စာအုပ်လေးတွေကိုလည်းညီမအမြဲသိမ်းထားမှာပါ🙆‍♂️
Station 1 က Leader Ko Gyi ရေ

ကိုကြီးကိုလွမ်းနေတဲ့ညီမလေး😍

🤩Volunteer Team A Leader ကိုဝေယံဦးသို့🤩အင်းယားစင်တာကို စရောက်ကတည်းက အကို့ရဲ့ အသံ တက်ကြွမှုတွေကို ကြည့်ပြီး ကြိတ်ကြွေနေခ...
24/01/2021

🤩Volunteer Team A Leader ကိုဝေယံဦးသို့🤩

အင်းယားစင်တာကို စရောက်ကတည်းက အကို့ရဲ့ အသံ တက်ကြွမှုတွေကို ကြည့်ပြီး ကြိတ်ကြွေနေခဲ့ရသူပါ။
အခုလို အကို့ကောင်မလေးနဲ့ ရယ်ရယ်မောမောနေတာ တွေ့ရတော့လည်း ဝမ်းသာပေးနိုင်ပါတယ်။
အကို့ရဲ့ ကောင်မလေးနဲ့ အမြဲပျော်ရွှင်စွာ နေနိုင်ပါစေလို့လည်း ဆုတောင်းပေးနေပါတယ်
တိတ်တခိုးကြိတ်ကြွေနေတဲ့ ကောင်မလေး😘

သို့       ညီမလေး              Swab စစ်ဖို့လာတုန်းကမှန်ခန်းလေးထဲမှာထိုင်နေတဲ့ညီမလေးရဲ့ အလှတရားနဲ့ ချစ်ဖို့ကောင်းတဲ့မျက်န...
23/01/2021

သို့
ညီမလေး
Swab စစ်ဖို့လာတုန်းကမှန်ခန်းလေးထဲမှာထိုင်နေတဲ့ညီမလေးရဲ့ အလှတရားနဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုခုချိန်ထိအမှတ်ရနေဆဲပါ
အစစအရာရာဂရုစိုက်ပါ မှန်ခန်းထဲကညီမလေး ❤
လွမ်းနေပါတယ်🙆‍♂️

🤗ရင်ထဲကကိုကြီးသို့🤗​ပင်ပင်ပန်းပန်း​လေ့ကျင့်ခန်း​တွေအရမ်းကြီးမလုပ်ပါနဲ့​နော်၊အရမ်းကြည့်​ကောင်းပီးဆွဲ​​ဆောင်မှုရှိ​နေတဲ့ခု...
22/01/2021

🤗ရင်ထဲကကိုကြီးသို့🤗

​ပင်ပင်ပန်းပန်း​လေ့ကျင့်ခန်း​တွေအရမ်းကြီးမလုပ်ပါနဲ့​နော်၊
အရမ်းကြည့်​ကောင်းပီးဆွဲ​​ဆောင်မှုရှိ​နေတဲ့ခုပုံ​လေးကိုကညီမအတွက်ပြည့်စုံ​နေပါပီ။
Swabယူတဲ့သူ​တွေထဲမှာလည်းအညင်သာဆုံးလို့ကြားထားတော့စင်တာကအပြန်စစ်ရင်ကိုကြီးရဲ့လက်​လေးနဲ့နှိုက်တာပဲခံချင်မိတယ်။
ညီမအချစ်​တွေကိုဘယ်​လောက်ဥပ​က္ခာပြု​ပြုညီမရင်ထဲမှာ​တော့ကိုကြီးမှကိုကြီးပါပဲလို့

ချစ်တဲ့အာနု🤗

အ ကို ပြန် သွား တာ နှုတ် တောင် မ ဆက် လိုက် ရ ဘူး ​ကျန်း မာ ရေး လည်း ဂ ရု စိုက် ပါ ဝိတ် လေး လည်း ချ ပါ အ ကို ရေ တိတ် တ ခိ...
22/01/2021

အ ကို ပြန် သွား တာ နှုတ် တောင် မ ဆက် လိုက် ရ ဘူး
​ကျန်း မာ ရေး လည်း ဂ ရု စိုက် ပါ
ဝိတ် လေး လည်း ချ ပါ အ ကို ရေ
တိတ် တ ခိုး နဲ့ လွမ်း နေ ရ ပါ တယ်
ပြန် ဆုံ ခဲ့ ရင် စာ အုပ် လက် ဆောင် လေး ပေး ချင် ပါ တယ် 🙆‍♂️

ပုံ အင်းယား က ညီမလေး😍

☺️ခန့်ချောကိုကြီးအတွက်☺️ဒီထက်မကညီမတွေအပေါ် ပိုပီးဂရုစိုက်ပါလို့ ဝိတ်လေးလဲချပါလို့ အပြင်မှာတွေ့ခဲ့ရင်မုန့်များများဝယ်ကျွေ...
22/01/2021

☺️ခန့်ချောကိုကြီးအတွက်☺️

ဒီထက်မကညီမတွေအပေါ် ပိုပီးဂရုစိုက်ပါလို့ ဝိတ်လေးလဲချပါလို့ အပြင်မှာတွေ့ခဲ့ရင်မုန့်များများဝယ်ကျွေးပါလို့ 😁😁😁😁

**ကိုကြီးကိုသိရင်မန်းရှင်းပေးလိုက်ကြပါအုန်း**

😍တိတ်တခိုးချစ်နေရတဲ့ကောင်လေးဆီ😍မှန် ခန်း ထဲ က ဒီ ကောင် လေး ကို ကြွေ နေ လို့ ပါ မှန် ခန်း ထဲ မှာ ပဲ နေ ပါ လို့ အ​ ပြင် ခ ...
22/01/2021

😍တိတ်တခိုးချစ်နေရတဲ့ကောင်လေးဆီ😍

မှန် ခန်း ထဲ က ဒီ ကောင် လေး ကို ကြွေ နေ လို့ ပါ
မှန် ခန်း ထဲ မှာ ပဲ နေ ပါ လို့ အ​ ပြင် ခ ဏ ခဏ ထွက် ထွက် မ သွား ပါ နဲ့ လို့
ကို ကြီး ရဲ့ အ ပြုံး ကို ကြွေ နေ တဲ့
Center ထဲ က ညီ မ လေး 😍

😗သူ့ကိုပြောပေးပါ😗အရမ်းလဲ အထဲမှာ မကပါနဲ့လို့ကြွေလို့ပါလို့ ယောကျာ်းလေးသာဆို ချစ်ခွင့်ပန်ပစ်ပီးပျော်ပျော်လေးနေပါလို့ သရဲလဲ...
22/01/2021

😗သူ့ကိုပြောပေးပါ😗

အရမ်းလဲ အထဲမှာ မကပါနဲ့လို့ကြွေလို့ပါလို့
ယောကျာ်းလေးသာဆို ချစ်ခွင့်ပန်ပစ်ပီး
ပျော်ပျော်လေးနေပါလို့
သရဲလဲမကြောက်ပါနဲ့လို့
ရပ်ကြည့်ပေးရတာအသဲယားလို့ပါလို့ပြောပေး ပါ

ပုံ
အထဲကကောင်လေး🥰

🎊မှန်ခန်းထဲကကိုကြီးတွက်🎊ဒီအကိုကြီး Single လားသိချင်လို့ပါ**လမ်းကြုံရင်ပြောပေးကြပါအုန်း**ညီမလေးဆီမှ🤫
18/01/2021

🎊မှန်ခန်းထဲကကိုကြီးတွက်🎊

ဒီအကိုကြီး Single လားသိချင်လို့ပါ

**လမ်းကြုံရင်ပြောပေးကြပါအုန်း**
ညီမလေးဆီမှ🤫

❤️ဆရာမလေးဆီသို့လွမ်းချင်း❤️ရှမ်းမြောက်ကဆရာမလေးကို အမြဲသတိရနေပါ ရှမ်းပြည်ကိုလာလည်ရင် ခေါ်ပါနော် ရန်ကုန်မှာပဲ တာဝန်ထမ်းဆော...
13/01/2021

❤️ဆရာမလေးဆီသို့လွမ်းချင်း❤️
ရှမ်းမြောက်ကဆရာမလေးကို အမြဲသတိရနေပါ ရှမ်းပြည်ကိုလာလည်ရင် ခေါ်ပါနော် ရန်ကုန်မှာပဲ တာဝန်ထမ်းဆောင်ချင်တာပါ ဒါပေမဲ့ တာဝန်ချိန်ပုံးစီးလို့ ပြန်ကြတယ်ဆိုတာ နားလည်ပါတယ် အခွင့်အခါ သင့်ရင်တော့ ရန်ကုန်ကို ပြန်လာပါနော် အမြဲကြိုနေမှာပါ

*ပြန်မဆုံရင် ရန်ကုန် ဘယ်ဟုတ်တော့မလဲ *

ဆရာမလေး သတိရနေမဲ့ အကိုကြီးဆီမှ💌

11/01/2021

🧐Logistic မှကောင်လေးထံသို့ ပေးစာ🥳

အမြဲတမ်းမုန့်တွေထမင်းတွေလာလာပို့တဲ့မောင်လေးရေ အင်္ကျီကို မောင်လေးဘေးနားကကောင်လေးနဲ့ဆင်တူတွေမဝတ်ပါနဲ့ မောင်လေးကို မမနဲ့ပဲ ဆင်တူဝတ်တာမြင်စေချင်တယ် သူများတွေအမြင်မှာ မောင်လေးလို့ပြောလိုက်တာနဲ့မမလို့ပဲလူတွေကိုတန်းမြင်စေချင်တယ်

** မောင်လေးနဲ့မမကိုသိရင် မန်းရှင်းပေးလိုက်ကြပါအုန်းဗျာ**

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Inya Centre Mail Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category