Shan & Nationalities Democratic Party - SNDP

Shan & Nationalities Democratic Party - SNDP Yangon Head Office

ကျားဖြူပါတီမှဧရာဝတီတိုင်းဒေသကြီးရေဘေးသင့်ပြည်သူများအားထောက်ပံ့ကူညီရေးပစ္စည်များလှူဒါန်းပႃႇတီႇသိူဝ်ၽိူၵ်ႇၸွႆးထႅမ်ၵူၼ်းမိူ...
27/08/2026

ကျားဖြူပါတီမှဧရာဝတီတိုင်းဒေသကြီးရေဘေးသင့်ပြည်သူများအားထောက်ပံ့ကူညီရေးပစ္စည်များလှူဒါန်း
ပႃႇတီႇသိူဝ်ၽိူၵ်ႇၸွႆးထႅမ်ၵူၼ်းမိူင်းၸိူဝ်း
ထူပ်းေၽးၼမ်ႉတီးတိူင်းေဢႇယႃႇဝတီႇ
**************************************
(26-8-2026)ရက်နေ့တွင် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ဦးစိုင်းအောင်မြင့်ခိုင်(ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး)၊ ဦးဉာဏ်ထက်ခိုင်(ရန်ကုန်တိုင်း၊တာမွေမြို့နယ်လွှတ်တော်ကိုယ်စားလှယ်)၊ ဦးနေမျိုးဇော်(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးဥက္ကဌ)၊ ဦးမျိုးတင်မြင့်ခိုင်(ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး)၊ ရန်ကုန်တိုင်းဒေသကြီးအသီးသီးရှိ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီဝင်များနှင့် အလှူရှင်များသည် ရေဘေးသင့်ဒေသဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိုင်သပြုကျေးရွာနှင့် တလုတ္ထော်ကျေးရွာသို့ သွားရောက်ပြီး ထောက်ပံ့ကူညီရေးပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြပါသည်။

ဗဟိုသတင်းနှင်ပြန်ကြားရေးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)
27-8-2026

မိုးနဲမြို့နယ်ပြည်သူ့လွှတ်ကိုယ်စားလှယ်ဦးစိုင်းထွန်းလင်းနှင့်ကျိုင်း‌ေတာင်းမြို့ပြည်သူလူထုတွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည့်...
11/08/2026

မိုးနဲမြို့နယ်ပြည်သူ့လွှတ်ကိုယ်စားလှယ်
ဦးစိုင်းထွန်းလင်းနှင့်ကျိုင်း‌ေတာင်းမြို့ပြည်သူလူထုတွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည့်အမှတ်တရပုံရိပ်များ
ႁၢင်ႈၽၢင်တꧥၼ်းၽွင်းၵူၼ်းမိူင်းၼၢႆး
လုင်းၸၢႆးထုၼ်းႄလႈၵူၼ်းမိူင်းႁူပ်ႉထူပ်း ၵၼ်တီႈဝဵင်းၵဵင်းတွင်း
ရက်စွဲ။ ၉-၈-၂၀၂၆
မၢႆဝၼ်း။႙-႘-႒႐႓႖

ဗဟိုသတင်းနှင့်ပြန်ကြား‌ေရးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)

မိုးနဲပြည်သူ့လွှတ်‌ေတာ်နှင့်ပြည်နယ်လွှတ်‌ေတာ်ကိုယ်စားလှယ်တို့မှလွှတ်‌ေတာ်အ‌ေတွ့အကြုံရှင်းလင်းပွဲအခမ်းအနားကျင်းပပြုလုပ်**...
07/08/2026

မိုးနဲပြည်သူ့လွှတ်‌ေတာ်နှင့်ပြည်နယ်လွှတ်‌ေတာ်ကိုယ်စားလှယ်တို့မှလွှတ်‌ေတာ်အ‌ေတွ့အကြုံရှင်းလင်းပွဲအခမ်းအနားကျင်းပပြုလုပ်
***************************************
မိုးနဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းလင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းကျော်ဝင်းတို့မှလွှတ်တော်အတွေ့အကြုံအတွေ့အကြုံရှင်းလင်းပွဲကိုယနေ့(၇-၈-၂၀၂၆)ရက်နေ့နံနက်၁၀နာရီတွင်မိုးနဲမြို့နယ်အ‌ေထွ‌ေထွအုပ်ချုပ်‌ေရးရုံးခန်းမ‌ေဆာင်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါအခမ်းအနားသို့ မိုးနဲမြို့နယ်ဌာဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်/ကျေးစာရေးများ မြို့မိမြို့ဖများ
နှင့်တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်များစုံညီစွာတက်ရောက်ခဲ့ကြပါသည်

ရှေးဦးစွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းလင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းကျော်ဝင်းတို့မှလွှတ်တော်အတွေ့အကြုံများကိုရှင်းလင်းတင်ပြခဲ့ကြပါသည်

ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူးမှဌာနဆိုင်ရာအသီးသီး၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီးတက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းခဲ့ကြပါသည်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းလင်းမှ‌ေမးမြန်းချက်များကိုပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာလိုအပ်ချက်များကိုသက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးအခမ်းအနားကိုမွန်းလွှဲ၁၂နာရီတွင်အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)
7-8-2026

ကျားဖြူပါတီ၏တရုတ်ပြည်သူ့သမ္မတနိုင်ငံလေ့လာရေးခရီးစဥ်စတင်***************************************တရုတ်ပြည်သူ့သမ္မတနိုင်ငံ မ...
05/08/2026

ကျားဖြူပါတီ၏တရုတ်ပြည်သူ့သမ္မတနိုင်ငံလေ့လာရေးခရီးစဥ်စတင်
***************************************
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ ဖိတ်ခေါ်သော လေ့လာရေးခရီးစဉ်တွင် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ဗဟိုတွဲဖအထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးနေမျိုးဇော်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရေးမှူး ဦးကျော်မိုးအုပ်တို့ ပါဝင်ပြီး (၄-၈-၂၀၂၆)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ Guang Zhou သို့ ခရီးစဉ် စတင်ခဲ့ပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြား‌ေရးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)

ကျားဖြူပါတီ ဗဟိုဌာနချုပ်ရုံး၏ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပပြုလုပ်*********************************ရှမ်...
29/07/2026

ကျားဖြူပါတီ ဗဟိုဌာနချုပ်ရုံး၏
ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းခြင်း
အခမ်းအနားကျင်းပပြုလုပ်
*********************************
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ရန်ကုန်တိုင်းဒေသကြီးအလုပ်အမှုဆောင်ကော်မတီမှ ဝါဆိုသင်္ဃန်းနှင့် ဆွမ်း စသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပွဲအား(၂၈-၇-၂၀၂၆)ရက်နေ့တွင်ကျားဖြူပါတီ ဗဟိုဌာနချုပ်ရုံး၌ကျင်းပခဲ့ပါသည်။

ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းပွဲသို့ ကျားဖြူပါတီဗဟိုဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ဗိုလ်တထောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်ခိုင်၊ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်၊ တာမွေမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထက်ခိုင်၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးဥက္ကဌ ဦးနေမျိုးဇော်၊ ဗဟိုရုံးချုပ် ရုံးအဖွဲ့မှူး ဦးစိုးကျော်သူ၊ ရန်ကုန်တိုင်းဒေသကြီးဒုဥက္ကဌ ဦးစန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဦးမျိုးတင်မြင့်ခိုင်နှင့် တွဲဖက်အတွင်းရေးမှူး ဒေါ်သန္တာလင်းတို့အပါအဝင် ရန်ကုန်တိုင်းဒေသကြီး‌ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကော်မတီများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဝါဆိုသင်္ဃန်း၊ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကိုလှူဒါန်းခဲ့ကြပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီ
29-7-2026

27/07/2026
27/07/2026

ပါီတီနာယက ပါတီဗဟိုအလုပ်အမှုဆောင်
များနှင့်လွှတ်တော်ကိုယ်စားလှယ်များ
ဘွဲ့ရဖြစ်ရမည်ဟုဆိုသောဥပဒေကြမ်း
အပေါ် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီ ၏မိုးနဲမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းထွန်းလင်းနှင့်လဲချားမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းစိန်ဝင်းတို့၏သဘောထားအမြင်
တင်ဆက်မှုများ

(၂၅-၇-၂၀၂၆)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကျားဖြူပါတီရုံးဖွင့်ပွဲသို့ ဗဟိုတွဲဖက်အထွေထွေ...
26/07/2026

(၂၅-၇-၂၀၂၆)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကျားဖြူပါတီရုံးဖွင့်ပွဲသို့ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ဗိုလ်တထောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်ခိုင်၊ တာမွေမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထက်ခိုင်၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးဥက္ကဌ ဦးနေမျိုးဇော်၊ ဗဟိုရုံးချုပ် ရုံးအဖွဲ့မှူး ဦးစိုးကျော်သူ နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဦးမျိုးတင်မြင့်ခိုင်တို့ တက်ရောက်ခဲ့ကြပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်
ပါတီ(ကျားဖြူပါတီ)

24/07/2026

စိုင်းထွန်းလင်း မိုးနဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ရှိ
နောင်တုန်ဟုန်းကန် ပြန်လည်တူးဖော်
ရှင်းလင်းအဆင့်မြင့်တင်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခြင်း

မှန်ပုံအစည်းအဝေးတစ်ခုအတွင်းတွင်ကြယ်ပွင့်ပြမေးခွန်း(၅)ခုမေးမြန်းခွင့်ရရှိခဲ့သည့်အနက် စိုင်းထွန်းလင်းမှမေးခွန်း(၄)ခုကိုမေးမြန်းပြီးဖြစ်ပါသည်အဆိုပါမေးမြန်းပြီးဖြစ်သည့်မေးခွန်းတိုင်းအောင်မြင်ခဲ့ပါသည်

မိုးနဲ့မြို့နယ်နှင့်ကျိုင်းတောင်းပြည်သူလူထု
များ၏လိုလားချက်များကိုအပြည့်အဝစွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှဖိတ်ကြားသော ပြင်သစ်အမျိုးသားနေ့အခမ်းအနားသို့ ကျားဖြူပါတီဗဟိုဥက္ကဌ ဦးစိုင်းအိုက်ပေါင်...
14/07/2026

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှဖိတ်ကြားသော ပြင်သစ်အမျိုးသားနေ့အခမ်းအနားသို့ ကျားဖြူပါတီဗဟိုဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ဗိုလ်တထောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်မြင့်ခိုင်၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးဥက္ကဌ ဦးနေမျိုးဇော်၊ ဗဟိုရုံးချုပ် ရုံးအဖွဲ့မှူး ဦးစိုးကျော်သူ နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဦးမျိုးတင်မြင့်ခိုင်တို့ တက်ရောက်ခဲ့ကြပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြုပါတီ)
14-7-2026

Address

Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00

Website

Alerts

Be the first to know and let us send you an email when Shan & Nationalities Democratic Party - SNDP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share