Yatha Library

Yatha Library 📚📱🏛️ First Ever Online-Rental Physical-Book Library
(745)

❝ 𝐓𝐇𝐈𝐍𝐊 𝐀𝐍𝐃 𝐆𝐑𝐎𝐖 𝐑𝐈𝐂𝐇 ❜❜ စာအုပ်ထဲမှ အောင်မြင်ချမ်းသာနည်း ( ၁၃ ) ချက် ( 𝟏𝟑 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 𝐨𝐟 𝐍𝐚𝐩𝐨𝐥𝐞𝐨𝐧 𝐇𝐢𝐥𝐥❜𝐬 ❝ 𝐓𝐇𝐈𝐍𝐊 𝐀𝐍𝐃 𝐆𝐑𝐎𝐖...
15/03/2024

❝ 𝐓𝐇𝐈𝐍𝐊 𝐀𝐍𝐃 𝐆𝐑𝐎𝐖 𝐑𝐈𝐂𝐇 ❜❜ စာအုပ်ထဲမှ အောင်မြင်ချမ်းသာနည်း ( ၁၃ ) ချက်
( 𝟏𝟑 𝐏𝐫𝐢𝐧𝐜𝐢𝐩𝐥𝐞𝐬 𝐨𝐟 𝐍𝐚𝐩𝐨𝐥𝐞𝐨𝐧 𝐇𝐢𝐥𝐥❜𝐬 ❝ 𝐓𝐇𝐈𝐍𝐊 𝐀𝐍𝐃 𝐆𝐑𝐎𝐖 𝐑𝐈𝐂𝐇 ❜❜ )
-
-
-
-
𝟭// 𝗗𝗘𝗦𝗜𝗥𝗘: 𝗬𝗼𝘂 𝗵𝗮𝘃𝗲 𝘁𝗼 𝘄𝗮𝗻𝘁 𝗶𝘁.
တစ်စုံတစ်ရာကို အောင်မြင်၊ လိုချင်ချင်တယ်ဆိုတဲ့အခါမှာ ပြင်းပြတဲ့စိတ်ဆန္ဒရှိဖို့လိုအပ်ပါတယ်။ အဲဒါကိုရဖို့ သင်လိုချင်တာကို မြင်ယောင်ကြည့်ပါ။ သင်လိုချင်တာနဲ့ပတ်သက်ပြီး ပိုပြီး စိတ်အားထက်သန်လာပါလိမ့်မယ်၊ ဒီစိတ်အားထက်သန်မှုကနေ တစ်ဆင့် တကယ့်ဖြစ်ရပ်တစ်ခု ဖြစ်အောင် လုပ်နိုင်ပါလိမ့်မယ်။ လိုချင်ရုံစိတ်သက်သက်နဲ့ သင့်ကို လိုချင်တဲ့အရာ ၊ သွားချင်တဲ့ နေရာတွေကို ရောက်မှာမဟုတ်ပါဘူး။ အဲ့အရာတွေကို တကယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ပြင်းပြတဲ့စိတ်ဆန္ဒယင်းကို စိတ်ထက်သန်မှုရှိဖို့ အရင်ဆုံးလိုအပ်ပါတယ်။
-
𝟮 // 𝗛𝗔𝗩𝗘 𝗙𝗔𝗜𝗧𝗛 𝗶𝗻 𝘆𝗼𝘂𝗿 𝗴𝗼𝗮𝗹𝘀
ကိုယ်လိုချင်တဲ့ ဆန္ဒတွေ Goals တွေနဲ့ပတ်သက်ပြီးလည်း Mindset ကိုလည်း တသမတ်တည်းထားပါ။ အောင်မြင်မယ်ဆိုတာကို ယုံကြည်ထားပါ။ ကိုယ့်ရဲ့ စိတ်ထဲမှာ သံသရစိတ်ဖြစ်လာပြီဆိုတာနဲ့ အဲ့သံသရစိတ်ကို ဖျောက်ဖျက်ပါ။ အောင်မြင်နိုင်မယ်ဆိုတာကို ယုံကြည်ချက်ရှိထားပါ။
-
𝟯// 𝗨𝗦𝗘 𝗔𝗙𝗙𝗜𝗥𝗠𝗔𝗧𝗜𝗢𝗡𝗦 𝘁𝗼 𝗽𝗿𝗼𝗴𝗿𝗮𝗺 𝘆𝗼𝘂𝗿 𝗺𝗶𝗻𝗱.
ကားတွေမှာဆိုရင် Auto Gear ချိန်တဲ့ စနစ်ပါသလို လူတွေမှာလည်း ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတည့်မတ်နိုင်စေဖို့အတွက် Self-Suggestion တွေလိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့ Desire တွေဖြစ်လာဖို့အတွက် ယုံကြည်ချက်ရှိရမယ်ဖြစ်သလို ၊ ယုံကြည်ချက်တွေပိုအားကောင်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ပြန် အားပေးဖို့လိုအပ်ပါတယ်။ ကိုယ့်လိုချင်တဲ့အိမ်မက်တွေကို ရအောင်လုပ်နိုင်တယ် ၊ ကိုယ်ဟာ ကိုယ်လိုချင်တဲ့အရာတွေနဲ့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်တွေခွန်အားတွေကို ပေးဖို့လိုအပ်ပါတယ်။ ဒီလို ကိုယ့်ကိုယ့်ကိုယ် Auto Suggestion လုပ်တဲ့အခါမှာ Affirmation တွေကအသုံးဝင်ပါတယ်။ နေ့စဉ်နေ့တိုင်းမှာ ကိုယ့်အိမ်မက်တွေအတွက်ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ စကားတွေဖြင့် Affirm လုပ်ပေးခြင်းဖြင့် ယုံကြည်ချက်တွေကို ပိုမိုခိုင်မာစေပါလိမ့်မယ်။
-
𝟰// 𝗞𝗡𝗢𝗪𝗟𝗘𝗗𝗚𝗘 𝗜𝗦 𝗣𝗢𝗪𝗘𝗥. 𝗠𝗮𝗸𝗲 𝗮𝗻 𝗲𝗳𝗳𝗼𝗿𝘁 𝘁𝗼 𝗮𝗹𝘄𝗮𝘆𝘀 𝗰𝗼𝗻𝘁𝗶𝗻𝘂𝗲 𝘁𝗼 𝗹𝗲𝗮𝗿𝗻.
ဘဝမှာအောင်မြင်ချမ်းသာမှုတစ်ခုအတွက် ပြင်းပြတဲ့ဆန္ဒ ၊ စိတ်ခွန်အားယုံကြည်ချက်ရုံနေရုံတင်မလုံလောက်ဘဲ နောက်ထပ်လိုအပ်တဲ့အရာတစ်ခုကတော့ သင့်တော်တဲ့ ဗဟုသုတရှိဖို့လိုအပ်ပါတယ်။ သင်ယူမှုတွေက စဉ်ဆက်မပြတ်ပြုလုပ်နေပါ။ သင်ယူလေ့လာတဲ့အရာတွေမှာလည်း ကျွမ်းကျင်မှုရှိအောင်ကြိုးစားဖို့ လိုအပ်ပါတယ်။
-
𝟱// 𝗨𝘀𝗲 𝘆𝗼𝘂𝗿 𝗶𝗺𝗮𝗴𝗶𝗻𝗮𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗩𝗜𝗦𝗨𝗔𝗟𝗜𝗭𝗘 𝗬𝗢𝗨𝗥 𝗦𝗨𝗖𝗖𝗘𝗦𝗦
စိတ်ကူးစိတ်သန်း အောင်မြင်ဖို့ စိတ်ကူးလမ်းစတစ်ခုဟာ စိတ်ကူးစိတ်သန်းတစ်ခုကနေ အစပြုလာတက်ပါတယ်။ အတွေးတစ်စကနေ စတင်ဖြစ်ပေါ်လာခဲ့တဲ့ Coca-Cola ဟာ ခုချိန်မှာဆို ဘယ်လောက်ထိအောင်မြင်မှုကို ဖန်တီးနိုင်ခဲ့လဲဆိုတာတွေ့မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို လျော့မတွက်ပါနဲ့ ။ အသုံးချပါ။ ဒီ စိတ်ကူးတွေကနေ ခွန်အားယူပါ။ အောင်မြင်မှုလမ်းကြောင်းတွေကို မြင်ယောင်ကြည့်ပါ။
-
𝟲// 𝗠𝗮𝗸𝗲 𝗽𝗹𝗮𝗻𝘀 𝗮𝗻𝗱 𝗧𝗔𝗞𝗘 𝗔𝗖𝗧𝗜𝗢𝗡𝗦
စိတ်ကူးစိတ်သန်းတွေနဲ့ အောင်မြင်မှုလမ်းကြောင်းကို မြင်ယောင်ကြည့်ပြီးတဲ့နောက်ကတော့ လက်တွေ့လုပ်ဆောင်ဖို့ပါဘဲ။ Fail to plan, Plan to fail ဆိုတဲ့အတိုင်းဘဲ စီစဉ်မရှိဘူးဆိုရင် ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေက ပျောက်ပျောက်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ဆန္ဒတွေရှိတယ်ဆိုရင် လက်တွေ့ အကောင်အထည်ပေါ်နိုင်ဖို့အတွက် အသေးစိတ်ကြိုတင်စီစဉ်ထားပါ။ ဘဝအတွက် ဘယ်လို Plan တွေကို ချမှတ်ထားလဲ။ နောက် တစ်လ ၊ နောက် သုံးလ ၊ နောက် တစ်နှစ်နေရင် ကိုယ်ဘယ်နေရာကို ရောက်ရှိချင်နေမလဲ စဉ်းစားကာ Plan လုပ်ပါ။
-
𝟳// 𝗟𝗲𝗮𝗿𝗻 𝘁𝗼 𝗕𝗘 𝗗𝗘𝗖𝗜𝗦𝗜𝗩𝗘
နောက်တစ်ဆင့်အနေနဲ့ကတော့ Plan အဆင့်မှာတင် ရပ်တန့်မနေဖို့လိုအပ်ပါတယ်။ အောင်မြင်ဖို့အတွက် နောက်ထပ်လိုအပ်တဲ့အချက်တစ်ချက်မှာ Decision Making ဖြစ်ပါတယ်။ တစ်ခုခုဆိုရင် Overthinking လုပ်ပြီး အချိန်ဆွဲတာတွေမလုပ်ပါနဲ့။ ဆုံးဖြတ်ချက်ပြတ်သားမှုရှိဖို့က အရေးကြီးပါတယ်။ အကယ်၍ ကိုယ်ရွေးချယ်ခဲ့လို့ မှားသွားမယ်ဆိုရင်တောင် နောင်တမရဘဲနဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေနဲ့အမှားတွေကို ပြန်လည်ပြင်ဆင်ပါ။
-
𝟴// 𝗕𝗘 𝗣𝗘𝗥𝗦𝗜𝗦𝗧𝗘𝗡𝗧 𝗮𝗻𝗱 𝗹𝗲𝗮𝗿𝗻 𝘁𝗼 𝗼𝘃𝗲𝗿𝗰𝗼𝗺𝗲 𝘆𝗼𝘂𝗿 𝗳𝗮𝗶𝗹𝘂𝗿𝗲𝘀.
ဘဝမှာ ကျရှုံးမှုတွေ ၊ အမှားတွေဆိုတာက ရှိနေမှာ သဘာဝပါဘဲ။ ဒီအမှားတွေ ၊ ကျရှုံးမှုတွေကို ရင်ဆိုင်ပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်နဲ့ ဘဝရဲ့ အတက်အကျတွေကို ရင်ဆိုင်နိုင်စွမ်းရှိဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ အောင်မြင်ချမ်းသာမှုတွေက လိုချင်တယ်ဆိုတဲ့ဆိုပြီးဆုတောင်းနေတဲ့သူတွေဆီ ရောက်မလာပါဘူး။ အောင်မြင်ဖို့အတွက် တကယ်ကို လက်တွေ့ကျတဲ့ Action Plan တွေနဲ့ ကြိုတင်စီစဉ်ထားမယ် ၊ အဲ့နောက်ကနေ ပြင်းပြတဲ့စိတ်ဆန္ဒတွေရှိမယ်၊ ဒါအပြင် ဘယ်လိုကျရူံးမှုတွေရှိရှိ မရရအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့သူတွေဆီကိုဘဲ ချမ်းသာမှုတွေက ရောက်ရှိလာတယ်ဖြစ်တယ်လို့ Napoleon Hill ကို ပြောထားပါတယ်။
-
𝟵// 𝗦𝗨𝗥𝗥𝗢𝗨𝗡𝗗 𝗬𝗢𝗨𝗥𝗦𝗘𝗟𝗙 𝘄𝗶𝘁𝗵 𝗽𝗼𝘀𝗶𝘁𝗶𝘃𝗲 𝗮𝗻𝗱 𝗰𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗽𝗲𝗼𝗽𝗹𝗲
လူတစ်ယောက်ရဲ့အောင်မြင်နိုင်ခြင်း မအောင်မြင်နိုင်ခြင်းက ထိုလူပေါင်းသင်းဆက်ဆံရေးကို ကြည့်ရင်းပြောနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်းမှာ Mastermind စိတ်ဓာတ်စွမ်းရည် မြင့်မားတဲ့သူတွေနဲ့ ဝန်းရံထားသင့်ပါတယ်။ ကိုယ်ရဲ့ အကျိုးတိုးတက်ရေးကို လိုလားတဲ့သူတွေ ၊ အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ ၊ ကိုယ်ဘယ်လိုအခြေအနေမျိုးမှာဘဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်သောလမ်းညွန်မှုတွေကို ပြသပေးနိုင်မယ့် ဆရာသမားတွေကို မိတ်ဖွဲ့ထားပါ။ လူတစ်ယောက်ဟာ ဘဝမှာအောင်မြင်ဖို့ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လို့မရပါဘူး။
-
𝟭𝟬// 𝗖𝗵𝗼𝗼𝘀𝗲 𝗮 𝗖𝗢𝗠𝗣𝗔𝗧𝗜𝗕𝗟𝗘 𝗣𝗢𝗪𝗘𝗥
စကြာဝဠာတစ်ခုလုံးမှာရှိတဲ့ အရာတိုင်းဟာ Frequency တွေနဲ့ ရှိနေကြတဲ့အရာတွေဖြစ်ပြီး ဒီအရာတွေဟာ Frequency ချင်းတူညီတဲ့အရာတွေကို Attract ဖြစ်စေပါတယ်။ လူတွေဟာလည်း ကိုယ်စီ Frequency တွေကို ထုတ်လွှင့်နေတဲ့ Physical Objects တွေဖြစ်ပြီး ကိုယ်လိုချင်တဲ့ အရာနဲ့တူညီတဲ့ Frequency အတိုင်း နေဖို့လိုအပ်ပါတယ်။
-
ဉပမာ - ကိုယ်ဟာ ပိုက်ဆံတွေအများကြီးလိုချင်တယ်ဆိုရင် - ဒီပိုက်ဆံအများကြီးရရှိရင်ဖြစ်နေမယ့်ခံစားချက် Frequency တွေအတိုင်းနေထိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်တောင်းဆိုတဲ့အတိုင်း လက်ခံရရှိမှာဖြစ်တဲ့အတွက် ကိုယ့်ဟာကောင်းမွန်တဲ့စိတ်ခံစားချက်တွေကို လိုချင်တယ်ဆိုရင် ဒီအရာတွေနဲ့လိုက်ဖတ်တဲ့ Higher Frequency အတိုင်း နေထိုင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့ချမ်းသာကြွယ်ဝမှုတွေကို ဆွဲခေါ်နိုင်မှာဖြစ်ပါတယ်။
-
𝟭𝟭// 𝗗𝗢𝗠𝗜𝗡𝗔𝗧𝗘 𝗧𝗛𝗘 𝗠𝗜𝗡𝗗. 𝗗𝗶𝘀𝗺𝗶𝘀𝘀 𝗻𝗲𝗴𝗮𝘁𝗶𝘃𝗲 𝘁𝗵𝗼𝘂𝗴𝗵𝘁𝘀.
လူသားတွေရဲ့ နေ့စဉ်ဘဝကို သိစိတ် 5% က ထိန်းချုပ်ပြီး ၊ မသိစိတ်ကို 95% ထိန်းချုပ်ထားပါတယ်။ မသိစိတ်ဆိုတာ လူတွေရဲ့ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံနဲ့ပတ်သက်ခဲ့တဲ့ခံစားချက်တွေ ၊ အတွေးခေါ်ယုံကြည်ချက်တွေ ၊ စွဲလမ်းနေတဲ့ အရာတွေသိမ်းဆည်းနေတဲ့နေရာဖြစ်ပြီး ဒီအရာတွေထိန်းချုပ်မှုကြောင့်ဘဲ လူတွေရဲ့ ဘဝမှာ တိုးတက်သင့်သလောက်မတိုးတက်ဘဲ ဆွဲချကြုန့်ကြာနေခြင်းဖြစ်ပါတယ်။
-
အကြောင်းအရာတစ်ခုကို Unconscious mind ထဲအထိရောက်လောက်အောင်စွဲလမ်းမှုရဲ့အကြောင်းရှိခဲ့မယ်ဆိုရင် အဲဒီအရာကိုဖြစ်မြောက်အောင် ၊ အချိန်တိုင်းမှာ unconsciously တွေးတော၊ကြံစည်၊လုပ်ဆောင်နေတဲ့အတွက် reality မှာဖြစ်လာစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ မသိစိတ်မှာ လွှမ်းမိုးနေတဲ့ မကောင်းတဲ့အတွေးအခေါ်တွေ၊ ယုံကြည်ချက်တွေကို ပြန်လည်ပြုပြင်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုပြန်ပြောင်းလဲတဲ့အခါမှာ အပေါ်က အကြံပြုခဲ့တဲ့ Affirmation တွေကိုအသုံးပြုရင်း ပြောင်းလဲနိုင်ပါတယ်။
-
𝟭𝟮// 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗲 𝘄𝗶𝘁𝗵 𝘀𝗺𝗮𝗿𝘁 𝗽𝗲𝗼𝗽𝗹𝗲 𝗮𝗻𝗱 𝗔𝗕𝗦𝗢𝗥𝗕 𝗧𝗛𝗘𝗜𝗥 𝗧𝗘𝗔𝗖𝗛𝗜𝗡𝗚𝗦
ဘဝအောင်မြင်တိုးတက်ရေးအတွက် နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ကိုယ့်ရဲ့တွေးခေါ်ပုံတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အသိဉာဏ်တွေကို ပိုမိုတိုးပွားစေမယ့် အပြုသဘောရှိသူတွေနဲ့ အမြဲပေါင်းသင်းပါ။ လူတွေရဲ့ ဦးနှောက်သည် အခြားသူများထံမှ အတွေးအခေါ်များကိုထုတ်လွှင့်တဲ့ Brain Waves Vibration တွေကို ခံစားလက်ခံယူနိုင်တဲ့အတွက် ကိုယ့်ကိုယ်ပိုမိုကောင်းမွန်တဲ့သူတွေနဲ့ ပေါင်းသင်းခြင်းအားဖြင့် ကိုယ့်ဘဝကို မြှင့်တင်နေထိုင်ပါ။
-
𝟭𝟯// 𝗟𝗜𝗦𝗧𝗘𝗡 𝗧𝗢 𝗬𝗢𝗨𝗥 𝗚𝗨𝗧
အောင်မြင်ချမ်းသာမှုတွေအတွက် အပေါ်က ၁၂ ချက်ကို အသုံးချပြီးပြီဆိုရင်တော့ နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ရဲ့ Intuition (Gut Feeling) ကိုနားထောင်တက်ဖို့လိုအပ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ကိုယ်ဟာ အသည်းအသန်တစ်ခုခုကိုရဖို့ကြိုးစားနေတယ် ၊ လိုချင်နေပမဲ့ စိတ်ထဲမှာ တစ်ခုခုက မလုပ်သင့်ဘူးပြောနေတာ ၊ တစ်ခြားတစ်ခုကို လုပ်ဖို့ စိတ်ထဲဖြစ်လာတာ ဒါဟာ ကိုယ့်ရဲ့ Body Intelligence ကဖြစ်လာတဲ့ အလိုလိုသိစိတ်တွေကို နားထောင်ပါ။ Follow လုပ်ကြည့်ပါ။
-
-
-
ဒါတွေကတော့ နာမည်ကြီးအောင်မြင်တိုးတက်ရေးစာအုပ်ဖြစ်တဲ့ Nepoleon Hill ရဲ့ Think and Grow Rich စာအုပ်ထဲမှာ အောင်မြင်တိုးတက်နည်း ( ၁၃ ) ချက်ဖြစ်ပါတယ်။

𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 အကြောင်း
👉https://bit.ly/3skArkA

𝗩𝗜𝗣 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗹𝗮𝗻 အကြောင်း
👉 https://bit.ly/3sfeuTX

𝗥𝘂𝗹𝗲𝘀 𝗮𝗻𝗱 𝗥𝗲𝗴𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 အကြောင်း
👉https://bit.ly/40pVJJX

ငှားရမ်းနိုင်တဲ့ 𝗕𝗼𝗼𝗸 𝗟𝗶𝘀𝘁 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆
👉https://bit.ly/3GIUg8x
____________________________

📢 စာဖတ်ခြင်းကို နှစ်သက်သဘောကျတဲ့ Reader အားလုံးအတွက် 1 Month, 3 Months, 6 Months, 1 Year Subscription, အသင့်တော်ဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးရွေးချယ်ပြီး

➡️ 09 975 527 517
➡️ m.me/yathalibrary

ကို Subscription ပြုလုပ်ဖို့အတွက် ဆက်သွယ်လိုက်ပါ။

'sNote

မနက် ၅နာရီထလုပ်ရမယ့် 5AM Club စာအုပ်ရဲ့ 20/20/20 Rule⏰📒==============================================ကမ္ဘာပေါ်မှာ အအောင်...
09/03/2024

မနက် ၅နာရီထလုပ်ရမယ့် 5AM Club စာအုပ်ရဲ့ 20/20/20 Rule⏰📒
==============================================
ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးသူ 5% ထဲပါချင်ရင် အခြားကျန်တဲ့သူ 95% မလုပ်သေးတဲ့အရာတွေ လုပ်ဖို့လိုပါတယ်။ ဒါကို စာရေးဆရာ Robin Sharma ကသူရဲ့ 5 AM Club မှာ စာအုပ်ရဲ့နာမည်အတိုင်း 5 နာရီ အိပ်ရာထခြင်းနဲ့ စတင်သင့်တယ်လို့ ​ရေးသားခဲ့ပါတယ်။
-
စာအုပ်ထဲမှာ ပထမဆုံး အိပ်ရာထထချင်း တစ်နာရီမှာ လုပ်သင့်တဲ့အရာတွေ၊ Journaling လုပ်ခြင်းရဲ့အကျိုးကျေးဇူး၊ Genius တစ်ယောက်ဖြစ်ဖို့ နည်းလမ်း 10ခု စတဲ့ စွမ်းဆောင်ရည်မြင့်စေဖို့ နည်လမ်းကောင်းများစွာ ပါရှိပါတယ်။ ဒီထဲကနေ Yatha က စာဖတ်သူတွေအတွက် 20/20/20 Rule အကြောင်းလေးကို ဝေမျှလိုက်ပါတယ်။
20/20/20 Rule ဆိုတာ 5 နာရီ အိပ်ရာထပြီးရင် ပထမဆုံး 1 နာရီကို မိနစ် 20 စီသုံးခါခွဲပြီး
လေ့ကျင့်ခန်း၊ တွေးတောခြင်း၊ သင်ယူမှုတွေ အသီးသီး လုပ်ဆောင်တာဖြစ်ပါတယ်။
-
(𝟏) 𝟓:𝟎𝟎-𝟓:𝟐𝟎 𝐚𝐦: 𝐌𝐨𝐯𝐞
အိပ်ရာထထချင်း ပထမ 20 မိနစ်ကို လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ စတင်ခြင်းဟာ သွေးလည်ပတ်မှု ကောင်းစေရုံသာမက၊ ချွေးသံတွေလည်း ထွက်စေပါတယ်။ ချွေးထွက်တဲ့အခါ Stress ဖြစ်စေတဲ့ ဟော်မုန်းတွေကျသွားပြီး၊ ပျော်ရွှင်လန်းဆန်းစေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Dopamine, Serotonin တို့တိုးလာစေပါတယ်။ဒါကြောင့် မနက်ထထချင်း လေ့ကျင့်ခန်းလုပ်ခြင်းဟာ တစ်နေ့တာကို ရင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်စေတဲ့အပြင် Stress တွေလည်း လျော့စေနိုင်ပါတယ်။
(𝟐) 𝟓:𝟐𝟎-𝟓:𝟒𝟎 𝐚𝐦: 𝐑𝐞𝐟𝐥𝐞𝐜𝐭
ဒုတိယ 20 မိနစ်မှာ ကိုယ့်ဘဝကိုယ် ပြန်လည်သုံးသပ်ခြင်းဟာ တစ်နေ့လုံး ဘာတွေပဲကြုံလာပါစေ ကြံ့ကြံ့ခံနိုင်စွမ်း ရှိစေပါလိမ့်မယ်။သုံးသပ်တယ်ဆိုတဲ့နေရာမှာ တရားထိုင်ခြင်း၊ Journal ရေးခြင်း၊ ကိုယ့်ရဲ့တစ်နေ့တာအတွက် Plan ဆွဲခြင်း၊ ရည်မှန်းချက်ပန်းတိုင်တွေ ပြန်စဉ်းစားခြင်း စသဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့တစ်နေ့တာကို ပိုပြီးရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်သန်းစေနိုင်ပါလိမ့်မယ်။
(𝟑) 𝟓:𝟒𝟎-𝟔:𝟎𝟎 𝐚𝐦: 𝐆𝐫𝐨𝐰
နောက်ဆုံး 20 မိနစ်မှာတော့ ကိုယ့်ရဲ့တိုးတက်မှုအတွက်ဖြစ်ပါတယ်။
စာအုပ်တွေဖတ်ပါ၊ ကိုယ်အားကျရတဲ့သူအကြောင်းတွေ လေ့လာပါ၊ Audiobook တွေ၊ Podcast တွေနားထောင်ပါ၊ Online training တွေတက်ရောက်သင်ယူပါ၊ ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲစေမယ့်အရာမှန်သမျှ သင်ယူလေ့လာပါ။ ကိုယ့်ပြိုင်ဘက်တွေထက်သာအောင် အသိပညာတွေကို ချဲ့ထွင်ပါ။
ဒီ 20/20/20 Rule ကိုသာ အမှန်တကယ် ကျင့်သုံးနိုင်ခဲ့ရင် မိနစ် ( ၂၀ ) ဘဲဖြစ်နေပါစေဦးတော့ နေ့စဉ် လေ့ကျင့်ခန်းများဖြင့်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကိုထိန်းသိမ်းနိုင်ခြင်း ၊ စိတ်ပိုင်းဆိုင်သုံးသပ်ပြင်ဆင်မှုတွေကြောင့် မိမိရဲ့ စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်ခြင်း ၊ လေ့လာသင်ယူမှုတွေကနေ မိမိဘဝတိုးတက်ရေးပြုလုပ်နိုင်ခြင်း စသဖြင့် သင့်ရဲ့ မနက်ခင်းမှာ အချိန် ( ၁ ) နာရီပေးတာနဲ့ အဘက်ဘက်က မျှတတဲ့ ကိုယ်စိတ်နှလုံးကျန်းမာရေး
-------------------------------------
✅- ကမ္ဘာပညာရှင်ကြီးတွေ ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ၊
အတော်ဆုံးအတက်ဆုံးလူတွေရဲ့ အောင်မြင်မှုတွေရရှိဖို့ သူတို့ရဲ့မနက်ခင်းတွေကိုဘယ်လိုအသုံးပြုနေလဲ?
✅- ဘာလုပ်လုပ် အလုပ်စွမ်းရည်ကို ကောင်းကောင်းမထုတ်နိုင်တဲ့သူတွေအတွက် မနက်မိုးလင်းချိန်မှ ညနေအိပ်ရာဝင်သည်အထိ တစ်နေတာကို တက်တက်ကြွကြွစူးစူးစိုက်စိုက်ဖြင့် ဘယ်လိုလုပ်ဆောင်နိုင်မလဲ?
✅- ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာရေးတွေအတွက်လည်း ဘယ်လို Life ကို စနစ်တကျ ဖန်တည်နိုင်မလဲ?
ဆိုတဲ့ Mindset, Healthset, Heartset, Soulset အားလုံးမျှတအောင်မြင်တဲ့ Life တစ်ခုဖြစ်ဖန်တီးပေးမယ့် Tools တွေပါဝင်တဲ့အတွက်ကြောင့် စာဖတ်သူရဲ့ Lifestyle ကိုလုံးဝပြောင်းလဲစေမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
-
📖⏰ ကဲ...ဒါဆိုရင် စာဖတ်သူရဲ့ မနက်ခင်း ၅ နာရီကနေအစပြုတဲ့ အလေ့ကျင့်ကောင်းတွေပြုလုပ်ရင်းဖြင့် ဘဝနေထိုင်နည်းကို တိုးတက်ပြောင်းလဲချင်တယ်ဆိုရင်တော့
The 5 am Club စာအုပ်လေးကို Yatha Library မှာ ငှားရမ်းဖတ်ရှုနိုင်ပါပြီရှင့်။
-------------------------------------------------
စာအုပ်မျိုးစုံကို တစ်နေရာတည်းမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ဖတ်ရှုနိုင်မဲ့ Yatha Library အကြောင်းမသိသေးရင် အောက်ကလင့်တွေမှာ ဖတ်ကြည့်လို့ရတယ်နော်။ 👇👇👇
𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 အကြောင်း
👉https://bit.ly/3skArkA
𝗩𝗜𝗣 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗹𝗮𝗻 အကြောင်း
👉 https://bit.ly/3sfeuTX
____________________________
📢 စာဖတ်ခြင်းကို နှစ်သက်သဘောကျတဲ့ Reader အားလုံးအတွက် 1 Month, 3 Months, 6 Months, 1 Year Subscription, အသင့်တော်ဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးရွေးချယ်ပြီး
➡️ 09 975 527 517
➡️ m.me/yathalibrary
ကို Subscription ပြုလုပ်ဖို့အတွက် ဆက်သွယ်လိုက်ပါ။

Crd to: ToeTet

❝   စာအုပ်ညွှန်းခြင်း အနုပညာ ❞ (The Art of Book Recommendation)Readers တိုင်းအနေနဲ့ အမြဲတမ်းကြုံလေ့ရှိတဲ့အရာတစ်ခုရှိပါတယ...
06/03/2024

❝ စာအုပ်ညွှန်းခြင်း အနုပညာ ❞
(The Art of Book Recommendation)

Readers တိုင်းအနေနဲ့ အမြဲတမ်းကြုံလေ့ရှိတဲ့အရာတစ်ခုရှိပါတယ်။
အဲ့တာကတော့ ကိုယ့်ရဲ့ အနီးနားက သူငယ်ချင်းတွေ ၊ အသိမိတ်ဆွေတွေကနေ
✅ဘယ်စာအုပ်တွေကောင်းလဲ ၊
✅ဘယ်စာအုပ်တွေဖတ်ရမလဲဆိုတဲ့ စာအုပ်အညွှန်းတောင်းဆိုခံရခြင်းဖြစ်ပါတယ်။
✨ ဒီလို Book Recommendation ပေးခိုင်းတဲ့ခံရတဲ့ Feeling က Readers တွေအတွက် ကျေနပ်စရာဖြစ်ပါတယ်။ ကိုယ့်ကိူု စာအုပ်တွေနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို ယုံကြည်တယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ညွှန်းဆိုပေးလိုက်လို့ စာအုပ်တွေကို ကြိုက်နှစ်သက်ကြတယ်ဆိုရင် စာအုပ် Community ကို တစ်ဖက်တစ်လမ်းက တိုးတက်ကျယ်ပြန့်အောင် ကူညီလုပ်ဆောင်ရာလည်း ကျပါတယ်။
📙ဒါ့အပြင် အစားကောင်းလေးစားရရင် သူငယ်ချင်းကို သတိရတက်ကြသလို Readers တွေအနေနဲ့ မိမိဖတ်ရူပြီးသည့် စာအုပ်ကောင်းလေးတွေဆိုရင် တစ်ခြားသူများကို ပြန်လည်ဝေမျှညွှန်းဆိုပေးလေ့ရှိကြတဲ့ အာသီသလေးတွေလည်းရှိတက်ကြပါတယ်။
❗ ဒါပေမဲ့ တစ်ဖက်မှာလည်း စာအုပ်ညွှန်းဆိုခြင်းနဲ့ ပတ်သက်ပြီး စဉ်းစားစရာကိစ္စတွေရှိပါတယ်။ အကယ်၍ သူတို့က ကိုယ်ညွှန်းဆိုပေးလိုက်တဲ့ စာအုပ်တွေကို မကြိုက်တဲ့အခါမှာဘဲဖြစ်ဖြစ် ၊ စာအုပ်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို တစ်မျိုးမြင်သွားရင်ဘဲဖြစ်ဖြစ် ၊ အဆိုးဆုံးအနေနဲ့ ကိုယ်ညွှန်းပေးလိုက်တဲ့အခါမှ သူတို့က စာအုပ်တွင်သာမက စာဖတ်ခြင်းကိုပါ စိတ်ပျက်သွားစေမယ်ဆိုတဲ့အခါတွေဆိုရင်ကော ....❓
📚 စာအုပ်ညွှန်းဆိုခြင်းနေရာမှာလည်း သိထားသင့်၊ သတိထားသင့် တဲ့အချက်အလက်လေးတွေရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ စာအုပ်အညွှန်းပေးခြင်းအနုပညာနဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ ၊ စာအုပ်တစ်အုပ်ကို တောင်းဆိုတဲ့လူအနေနဲ့ လိုက်ဖတ်စေမဲ့ စာအုပ်တစ်အုပ်ကို ဘယ်လိုညွှန်းပေးရမလဲဆိုတဲ့ အချက်တွေကို Yatha ကဝေမျှပေးသွားမှာဖြစ်ပါတယ်။
ဒီအချက်လေးတွေကတော့ _
🔰Readers တိုင်းအနေနဲ့ရော ၊
🔰စာအုပ်အညွှန်းပေးလေ့ရှိတဲ့သူတွေ ၊
🔰မင်မင်တို့လို Readers တွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရသည့် စာအုပ်ရောင်းဆိုင်တွေ စတဲ့သူတွေ သိထားသင့်တဲ့ အကျိုးရှိစေမည့် အချက်လေးတွေဖြစ်ပါတယ်။
စာအုပ်ညွှန်းခြင်း အနုပညာနည်းလမ်းလေးတွေကို ပုံတစ်ပုံချင်းစီအောက်မှာ ဖတ်ကြည့်လိုက်နော်။ 🔎

စာအုပ်မျိုးစုံကို တစ်နေရာတည်းမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ဖတ်ရှုနိုင်မဲ့ Yatha Library အကြောင်းမသိသေးရင် အောက်ကလင့်တွေမှာ ဖတ်ကြည့်လို့ရတယ်နော်။ 👇👇👇
𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 အကြောင်း
👉https://bit.ly/3skArkA
𝗩𝗜𝗣 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗹𝗮𝗻 အကြောင်း
👉 https://bit.ly/3sfeuTX
____________________________
📢 စာဖတ်ခြင်းကို နှစ်သက်သဘောကျတဲ့ Reader အားလုံးအတွက် 1 Month, 3 Months, 6 Months, 1 Year Subscription, အသင့်တော်ဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးရွေးချယ်ပြီး
➡️ 09 975 527 517
➡️ m.me/yathalibrary
ကို Subscription ပြုလုပ်ဖို့အတွက် ဆက်သွယ်လိုက်ပါ။

ဘဝမှာနေမပျော်တော့သောအခါ ❗❗ ➊ ပျော်ရွှင်မှုသေးသေးလေးတွေကို အများကြီးခံစားပစ်ပါ။ နေ့စဉ်နေ့တိုင်းမှာ သင့်ကိုပျော်ရွှင်စေတဲ့...
02/03/2024

ဘဝမှာနေမပျော်တော့သောအခါ ❗❗
➊ ပျော်ရွှင်မှုသေးသေးလေးတွေကို အများကြီးခံစားပစ်ပါ။
နေ့စဉ်နေ့တိုင်းမှာ သင့်ကိုပျော်ရွှင်စေတဲ့အရာသေးသေးလေးတွေ ၊ ငြိမ်ချမ်းမှုရသလေးတွေကို လက်ခံယူပါ။ အဲ့ဒီ ပျော်ရွင်စရာအရာသေးသေးလေးတွေကိုအပြည့်အဝခံစားပစ်ပါ။နေဝင်ချိန်လေးကိုငေးမောကြည့်တာ ၊ ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းလေးတွေနားထောင်တာ ၊ စိတ်ငြိမ်သက်မှု အပြည့်ဝခံစားနိုင်မယ့်အရာလေးတွေပြုလုပ်တာ စတဲ့အရိုးရှင်းဆုံးပျော်ရွှင်မှုလေးတွေကို ခံစားကြည့်ပါ။ အသက်ရှင်နေရတဲ့အဓိပ္ပာယ်ကိုခံစားမိလာပါလိမ့်မယ်။
➋ တစ်ကြိမ်မှာ ခြေလှမ်းတစ်လှမ်းနိုင်ဖို့ဘဲကြိုးစားပါ။
အတွေးတွေအများကြီးက ရှင်သန်ရတဲ့နေ့ရက်တိုင်းမှာ မောပန်းစေပါတယ်။ ဒါကြောင့်မို့လို့ သင့်ရဲ့နေ့စဉ်ဘဝထဲမှာ ဘာကိုဘဲလုပ်လုပ် တစ်ကြိမ်မှ ခြေလှမ်းတစ်လှမ်းနိုင်ဖို့ဘဲကြိုးစားပါ။ ဒီလိုခြေလှမ်းတစ်လှမ်းလှမ်းပြီးတဲ့အခါမှာ နောက်ခြေလှမ်းအတွက် အားပိုရှိလာစေပါလိမ့်မယ်။ ဒါကြောင့် အများကြီးအဝေးကြီးမတွေးပါနဲ့။ လက်ရှိအချိန်မှာ တစ်ကြိမ်မှာ တစ်ခုကိုဘဲလုပ်ပါ။ တစ်ခုဘဲစဉ်းစားပါ။ တစ်ဖြည်းဖြည်းနဲ့သင့်ရဲ့ ရည်ရွယ်ချက်တွေကို ပြန်လည်ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။
➌ အကောင်းဆုံးဖြစ်လာမယ်ဆိုတာကို ယုံကြည်ထားပါ။
နေ့စဉ်တိုင်းမှာ အပြောင်းလဲသစ်လေးတွေ ၊ အခွင့်ရေးအသစ်လေးတွေ ၊အတွေ့ကြုံသစ်လေးတွေကို သတိထားပြီးကြည့်ကြည့်ပါ။ ကိုယ့်ဟာ အကောင်းဆုံးအရာတွေနဲ့ထိုက်တန်တယ် ၊ အကောင်းဆုံးတွေဖြစ်လာမယ်ဆိုတာကို ယုံကြည်ချက်ထားထားပါ။ ဒီအရာလေးတွေကနေ သင့်ရဲ့ မျော်လင့်ချက်အလင်းရောင်ကို ပြန်လည်ရှာတွေ့နိုင်ပါလိမ့်မယ်။
ဒီအချက်သုံးချက်ဟာ ဘဝမှာရှင်သန်လိုစိတ်ကုန်ခန်းပြီး ပင်ပန်းနေတဲ့စိတ်လေးကို ပြန်လည်ခွန်အားပြည့်စေမယ့် Reasons to Stay Alive စာအုပ်ထဲမှ အချက် ( ၃ ) ချက်ဖြစ်ပါတယ်။
Reasons To Stay Alive ဟာ Author Matt Haig ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စိတ်ကျဝေဒနာမှ သတ်သေဖို့အထိကြံရွယ်ခဲ့သူကနေ ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်လာတဲ့အထိ ရပ်တည်ကျော်ဖြတ်နိုင်ခဲ့ပြီး ၊ သူကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့အသက်ရှင်သန်ရခြင်းအဓိပ္ပာယ်တွေ ၊ ရှင်သန်ဖို့အကြောင်းများစွာတို့ကို ပြန်လည်ရေးသားထားတာဖြစ်ပါတယ်။
✅ ဘဝမှာ ရှင်သန်လိုစိတ်တွေမရှိတော့ဘူးလို့
အတွေးတွေဝင်လာတိုင်း ဒီစာအုပ်ကိုဖတ်ပါ။
✅ စိတ်ပင်ပန်းမှုတွေကြားက ရုန်းမထွက်နိုင်ဘူးလို့
ခံစားရတဲ့အချိန်တိုင်း ဒီစာအုပ်ကိုဖတ်ပါ။
✅ စာဖတ်သူရဲ့ပတ်ဝန်းကျင်မှာ ဒီလိုလူတစ်ယောက်
ရှိနေပြီးဆိုရင် ဒီစာအုပ်ကိုညွှန်းဆိုပေးပါ။
_________________________
𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 အကြောင်း
👉https://bit.ly/3skArkA
𝗩𝗜𝗣 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗹𝗮𝗻 အကြောင်း
👉 https://bit.ly/3sfeuTX
𝗥𝘂𝗹𝗲𝘀 𝗮𝗻𝗱 𝗥𝗲𝗴𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 အကြောင်း
👉https://bit.ly/40pVJJX
ငှားရမ်းနိုင်တဲ့ 𝗕𝗼𝗼𝗸 𝗟𝗶𝘀𝘁 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆
👉https://bit.ly/3GIUg8x
____________________________
📢 စာဖတ်ခြင်းကို နှစ်သက်သဘောကျတဲ့ Reader အားလုံးအတွက် 1 Month, 3 Months, 6 Months, 1 Year Subscription, အသင့်တော်ဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးရွေးချယ်ပြီး
➡️ 09 975 527 517
➡️ m.me/yathalibrary
ကို Subscription ပြုလုပ်ဖို့အတွက် ဆက်သွယ်လိုက်ပါ။

တောင်သူလယ်သမားနေ့ 🌾၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား Yatha Library မိသားစုမှ ကြိုဆိုဂုဏ်ပြုအ...
02/03/2024

တောင်သူလယ်သမားနေ့ 🌾
၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား Yatha Library မိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်ရှင်။

#တောင်သူလယ်သမားနေ့

Novel, Fiction, Non-Fiction, Romance ဘယ်စာအုပ်အမျိုးအစားမဆို တစ်အုပ်ကို ၈,၀၀၀, ၉,၀၀၀ ကနေ ၁၀,၀၀၀ ကျော်ဈေးနှုန်းတွေဖြစ်နေက...
28/02/2024

Novel, Fiction, Non-Fiction, Romance ဘယ်စာအုပ်အမျိုးအစားမဆို တစ်အုပ်ကို ၈,၀၀၀, ၉,၀၀၀ ကနေ ၁၀,၀၀၀ ကျော်ဈေးနှုန်းတွေဖြစ်နေကြတော့ ၁၂,၀၀၀ လောက်ဆိုရင် စာအုပ် (၁) အုပ်ပဲဝယ်နိုင်တော့မှာ ဒီထက်ဈေးများနေလိုဆိုပြီး မဝယ်လိုက်ရတဲ့ စာအုပ်တွေလည်း ရှိဦးမှာမလား။ 🤔
🤫 စာအုပ် (၁) အုပ်စာဈေးလောက်ပဲရှိတဲ့ ၁၂,၀၀၀ ကျပ်နဲ့ စာအုပ် (၁၀) အုပ်တောင်ဖတ်နိုင်မယ့် နည်းလမ်းလေးတစ်ခု ပြောပြမယ်နော်။
📢 ❞𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 - ရသစာအုပ်အငှားဆိုင်လေး” မှာ စာအုပ်တွေဖတ်တော့မယ်ဆိုရင် တစ်ကယ်ကို ၁၂,၀၀၀ ကျပ်ကနေ စပြီး ဖတ်လို့ရပါပြီ။ စာအုပ်အငှားဆိုင်လေးဖြစ်တဲ့အတွက် ဟုတ်ပါတယ် Physical Book တွေကို ငှားဖတ်နိုင်မှာပါ။ 📢
(၁၀) အုပ်တောင်ဆိုတော့ ဘယ်လိုငှားရမလဲဆိုရင် Yatha Library မှာ စာအုပ်ငှားရမ်းဖို့အတွက် VIP Member လေးဝင်ထားဖို့လိုအပ်ပါတယ်။ VIP Member လေးတွေစာအုပ်ငှားပြီဆိုရင် တစ်ခါကို အများဆုံး (၅) အုပ်အထိ ငှားရမ်းနိုင်မှာပါ။
အချိန်ကရောဆိုရင် 💥 (၂) ပတ် 💥 အချိန်ပေးထားပါတယ်။ (၂) ပတ်ကို စာအုပ် (၅) အုပ် ဆိုတော့ တစ်ပတ်ဆိုရင် (၁၀) အုပ်ဖြစ်သွားပြီနော်။ 🤔
━━━━━━━━━━━
ဒါဆို ဘယ်လို Member ဝင်ရမလဲ Member ကြေးကရောဆိုရင် VIP Membership Subscription (၄) မျိုးရှိပါတယ်။
👉 𝟭 𝗠𝗼𝗻𝘁𝗵 – 𝟭𝟮,𝟬𝟬𝟬 𝗠𝗠𝗞
👉 𝟯 𝗠𝗼𝗻𝘁𝗵𝘀 – 𝟯𝟬,𝟬𝟬𝟬 𝗠𝗠𝗞
👉 𝟲 𝗠𝗼𝗻𝘁𝗵𝘀 – 𝟱𝟱,𝟬𝟬𝟬 𝗠𝗠𝗞
👉 𝟭 𝗬𝗲𝗮𝗿 – 𝟭𝟬𝟱,𝟬𝟬𝟬 𝗠𝗠𝗞
ဆိုတော့ တစ်လကို ၁၂,၀၀၀ ကျပ်နဲ့ စာအုပ် (၁၀) အုပ်ဖတ်လို့ရမယ်ဆိုတာ တစ်ကယ်နော်။ 😻
(၂) ပတ်ကို စာအုပ် (၅) 📚
(၁) လကို စာအုပ် (၁၀) 📚
(၃) လကို စာအုပ် (၃၀) 📚
(၆) လကို စာအုပ် (၆၀) 📚
(၁) နှစ်ကို စာအုပ်ပေါင်း (၁၂၀) 📚
OMGGGG!!!!!!!
မမိုက်လွန်းဘူးလား။ စာအုပ်အရေအတွက်ပြီးတော့ Subscription ဈေးတွေကြည့်မယ်ဆိုရင် တစ်လကို ၁၂,၀၀၀ ထဲ တစ်နှစ်လုံးကိုတောင် တစ်သိန်းဝန်းကျင်လေးပါ။ 💵💵
📢 တစ်သိန်းနဲ့ စာအုပ်တွေကိုယ်ပိုင်ဝယ်ရင် ဘယ်နှစ်အုပ်ရမလဲမသိပေမယ့် Yatha Library လေးမှာပဲဖတ်ရင်တော့ တစ်နှစ်ကို စာအုပ်ပေါင်း (၁၂၀) ဆိုတာကတော့ သေချာပါတယ်။ ဒီလောက်ဈေးလည်းတန်နေတာ နောက်ကျမသွားအောင် VIP Member လေးဝင်ပြီး အခုပဲ စာအုပ်ငှားဖတ်လိုက်တော့နော်။ 📢📢
━━━━━━━━━━━
Yatha Library အကြောင်း၊ Membership Plan တွေအကြောင်း အသေးစိတ်သိချင်တယ်ဆိုရင်တော့ -
𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 အကြောင်း
👉https://bit.ly/3skArkA
𝗩𝗜𝗣 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗹𝗮𝗻 အကြောင်း
👉 https://bit.ly/3sfeuTX
𝗥𝘂𝗹𝗲𝘀 𝗮𝗻𝗱 𝗥𝗲𝗴𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 အကြောင်း
👉https://bit.ly/40pVJJX
စတဲ့ စတဲ့ Library အကြောင်းတွေသိပြီးသားဆိုရင်တောင် Promo နဲ့ Giveaway လေးရှိတာကောသိပြီးပြီလား။ မသိသေးရင် ဒီမှာ ဖတ်ကြည့်သွားဦးနော်။
𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻
👉https://bit.ly/3MAfTLF
𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆
👉https://bit.ly/46WYQvx
━━━━━━━━━━━
📢 စာချစ်သူလေးတွေအတွက် အဆင်ပြေပြေနဲ့ Physical Books တွေ ငှားရမ်းနိုင်ဖို့ Yatha Library - ရသစာအုပ်အငှားဆိုင်လေးနဲ့ Membership Plan လေးကို မိတ်ဆက်ပြီးပြီဆိုတော့ ဘယ်လိုအစီအစဉ်တွေလာဦးမယ်ဆိုတာကို စောင့်ကြည့်ဖို့ Page လေးကို Like & Follow လုပ်ထားကြဖို့ မမေ့နဲ့ဦးနော်။ 📢

ထိရောက်သည့် စာဖတ်နည်းဗျူဟာ (100%) -📖စာဖတ်သည့်အချိန် ၇၀%  - Professional နဲ့သက်ဆိုင်သောစာအုပ်များဖတ်ချိန်စာဖတ်သူရဲ့ စာဖတ်...
24/02/2024

ထိရောက်သည့် စာဖတ်နည်းဗျူဟာ (100%)
-
📖စာဖတ်သည့်အချိန် ၇၀% - Professional နဲ့သက်ဆိုင်သောစာအုပ်များဖတ်ချိန်
စာဖတ်သူရဲ့ စာဖတ်ချိန် ( ၇၀ % ) အချိန်တွေဟာ အလုပ် ၊ စီးပွားရေး စသော Professional နဲ့သက်ဆိုင်သောစာအုပ်များကိုဖတ်ရူသင့်ပါတယ်။ ဒီလိုရရှိတဲ့အချိန်မှာ ကိုယ့်ရဲ့နယ်ပယ်နဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ ၊ ရှာဖွေမှုအသစ်တွေ ၊ လေ့လာသင်ယူမှုအသစ်တွေကိုလေ့လာဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ဘဝတိုးတက်မှုအတွက်ထိရောက်မှုရှိနိုင်စေမှာဖြစ်ပါတယ်။
📖စာဖတ်သည့်အချိန် ၁၀% - လောကကြီးအကြောင်းနဲ့ပတ်သက်သောစာအုပ်များ
စာဖတ်သူရဲ့ စာဖတ်ချိန်ထဲက ၁၀ % အချိန်တွေကိုတော့ နိုင်ငံရေး ၊စီးပွားရေး ၊ နည်းပညာနဲ့ပတ်သက်တဲ့ သတင်းအကြောင်းရာတွေကိုလေ့လာဖတ်ရူသင့်ပါတယ်။ အကြမ်းဖျဉ်းနားလည်ထားဖို့ကြိုးစားသင့်ပါတယ်။ ဒါမှသာ ခေတ်နဲ့အညီ ကိုယ်ကိုယ်တိုင် ပြောင်းလဲပြုပြင်နေထိုင်နိုင်မှာဖြစ်ပြီး ၊ ကိုယ့်ဘ၀အပေါ် ထိရောက်မှုရှိသော အကျိုးသက်ရောက်မှုရှိသောပညာရပ်များ ၊ အကြောင်းရာများကိုလည်း နားလည်မှုရှိအောင် ၊ ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ နားလည်နိုင်အောင် ကြိုးစားပြီးတော့ ဖတ်သင့်ပါသည်။
📖စာဖတ်သည့်အချိန် ၁၀% - နှလုံးသားရသဆိုင်ရာစာအုပ်များဖတ်ချိန်
နောက်ထပ်စာဖတ်သည့်အချိန် ၁၀% ကိုတော့ စာဖတ်သူရဲ့စိတ်နှလုံးသားအာဟာရဖြစ်စေယ့် ကဗျာ ၊ ၀တ္ထု စတဲ့ ရသစာအုပ်တွေကိုဖတ်ရူလေ့လာသင့်ပါတယ်။ စိတ်ပင်ပန်းနွမ်းနယ်သောအချိန်များ ၊ ဘာမှလုပ်ချိန်မရှိတော့လောက်အောင် စိတ်ဓာတ်ကျနေတဲ့အချိန်တွေ ဒီလိုအချိန်တွေမျိုးမှာ ဝတ္ထုစာအုပ်ကောင်းကောင်းလေးတစ်အုပ်ကိုဖတ်ရူလိုက်ပါ။ စာအုပ်ထဲက ဘဝတွေအကြောင်းကိုပိုမိုနားလည်လာစေပြီး ကိုယ့်ဘဝအတွက် စိတ်အာဟာရခွန်အားတွေကိုရရှိစေမှာဖြစ်သလို ၊ ကိုယ့်ဘဝအားနည်းချက်မှန်သမျှကို တိုးတက်စေဖို့လုပ်စရာများ စာဖတ်ခြင်းကနေ သိစေပြီး ကိုယ်လိုချင်သည့်အရာများကိုလုပ်ဆောင်နိုင်ဖို့အတွက် စိတ်နေစိတ်ထားတွေကို ပြောင်းလဲတိုးတက်စေပါတယ်။
📖 စာဖတ်သည့်အချိန် ၅% - စဉ်းစားသုံးသပ်ချိန်
စာဖတ်သူတိုင်းမဖြစ်မနေစာဖတ်ချိန်တိုင်းလုပ်ဆောင်သင့်သည့် အချက်တစ်ချက်ကတော့ ပြန်လည်စဉ်းစားသုံးသပ်ဖို့လိုအပ်ပါတယ်။ ဘယ်လိုစာအုပ်မျိုးကိုဘဲဖတ်ဖတ် စာဖတ်သူရဲ့ဘဝတိုးတက်ပြောင်းလဲဖို့အတွက်ကတော့ ဖတ်သမျှစာတိုင်းကို ပြန်လည်စဉ်းစားသုံးသပ်ဖို့လိုအပ်ပါတယ်။ ဗဟုသုတတိုင်းက သိဖို့ကောင်းပေမယ့် ၊ လိုအပ်မနေပါဘူး။ ဒါကြောင့် စာဖတ်ပြီးတဲ့အချိန်မှာ ကိုယ့်အတွက် ဘယ်အရာတွေကကိုက်ညီလဲ ၊ ဘယ်အရာတွေကအသုံးမဝင်ဖူးလဲ ၊ ဘယ်အရာတွေကို ပြန်အသုံးချမလဲဆိုတာကို ကိုယ်တိုင်ပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။
📖 စာဖတ်သည့်ချိန် ၅% - မှတ်သားချိန်
စာဖတ်ချိန် ၅ % ကိုတော့ ကိုယ်ဖတ်ခဲ့တဲ့စာအုပ်တွေ ၊ ဗဟုသုတတွေကို ပြန်လည်မှတ်သားသင့်ပါတယ်။ မှတ်စုစာအုပ် ၊ Diary ၊ Journal စာအုပ်တွေထားရှိပြီး ဘယ်နေ့ဘယ်အချိန် ဘယ်စာအုပ်ဖတ်ဖြစ်သလဲဆိုတာကစလို့ ၊ စာအုပ်ဖတ်ပြီး ကိုယ့်ရဲ့ထင်မြင်သုံးသပ်ချက်တွေ ၊ ကြိုက်တဲ့အချက်တွေ ၊ မှတ်သားသင့်တဲ့အရာတွေကို မှတ်သားသင့်ပါတယ်။ ဒါမှသာ ကိုယ်ဘယ်အရာတွေကိုလေ့လာပြီးခဲ့သလဲ ၊ ဘယ်လိုစာအုပ်တွေကိုကြိုက်နှစ်သက်စေခဲ့သလဲစတဲ့ ဒီစာဖတ်ချိန် ၅ % ကိုအသုံးချပြီး ကိုယ့်ကိုယ်ကိုယ်လည်း ပိုမိုသိရှိစေမှာဖြစ်ပါတယ်။
------------------------------------
ဒီအချက်တွေကတော့ ယနေ့ခေတ်မှာ စာဖတ်ခြင်းကို အကျိုးရှိရှိထိရောက်ချင်တဲ့သူတွေအနေနဲ့ စာဖတ်ချိန် ၁၀၀% ပေါ်မူတည်ပြီး ဖတ်ရူသင့်တဲ့ စာဖတ်နည်းဗျူဟာ တွေဖြစ်ပါတယ်။ ( မှတ်ချက် ။ ဒီနည်းလမ်းတွေဟာ Readers တစ်ဦးတစ်ယောက်ချင်းစီရဲ့ Reading Style ပေါ်မှာမူတည်ထားခြင်းမဟုတ်ပါ။ Reader Type အလိုက်ကွဲပြားခြားနားမှုရှိနိုင်ပါသည်။ )
စာဖတ်သူတို့ရဲ့ ကိုယ့်ရဲ့ စာဖတ်ချိန် ၁၀၀% မှာဘယ်လိုအသုံးချနေဖြစ်လဲ ၊ ဘယ်လိုစာအုပ်တွေကိုအများဆုံးဖတ်ဖြစ်နေသလဲဆိုတာကို Comment လုပ်ခဲ့ပေးနော်။ 👇🏻👇🏻

စာအုပ်မျိုးစုံကို တစ်နေရာတည်းမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ဖတ်ရှုနိုင်မဲ့ Yatha Library အကြောင်းမသိသေးရင် အောက်ကလင့်တွေမှာ ဖတ်ကြည့်လို့ရတယ်နော်။ 👇👇👇
𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 အကြောင်း
👉https://bit.ly/3skArkA
𝗩𝗜𝗣 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗹𝗮𝗻 အကြောင်း
👉 https://bit.ly/3sfeuTX
____________________________
📢 စာဖတ်ခြင်းကို နှစ်သက်သဘောကျတဲ့ Reader အားလုံးအတွက် 1 Month, 3 Months, 6 Months, 1 Year Subscription, အသင့်တော်ဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးရွေးချယ်ပြီး
➡️ 09 975 527 517
➡️ m.me/yathalibrary
ကို Subscription ပြုလုပ်ဖို့အတွက် ဆက်သွယ်လိုက်ပါ။

လူတိုင်းအရွယ်တိုင်းအတွက် သိထားသင့်တဲ့အချစ်ဘာသာစကား ( ၅ ) မျိုး ==================================================-🙌🏻🤍အချ...
21/02/2024

လူတိုင်းအရွယ်တိုင်းအတွက် သိထားသင့်တဲ့အချစ်ဘာသာစကား ( ၅ ) မျိုး
==================================================
-
🙌🏻🤍အချစ်ဆိုတာ လူသားတွေမွေးဖွားလာတဲ့ကတည်းက ပါလာတဲ့အရာတစ်ခုဖြစ်ပြီး ၊
လူသားတွေတစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်ဆံဖို့ ဘာသာစကားတွေမတီထွင်ခင်ကတည်းက အချစ်ဘာသာစကားတာ ရှေးဦးကတည်းက ရှိခဲ့ပြီးသားဖြစ်ပါတယ်။
-
ယနေ့ခေတ်မှာ မိဘနဲ့သားသမီးကြား ဆက်ဆံရေးအဆင်မပြေမှုတွေ ၊ ချစ်သူနှစ်ဦးရဲ့ အိမ်ထောင်ရေးပြသာနာအဆင်မပြေမှုတွေ ၊ လူငယ်တွေနဲ့အချစ်ဆက်ဆံရေးတွေမှာ အခက်ခဲတွေ ၊ လုပ်ဖော်ကိုင်ဖတ် သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေ စသဖြင့် လူတိုင်း တစ်နည်းမဟုတ် တစ်နည်း Relationship ပြသနာတွေကို ကြုံတွေ့နေရပါတယ်။
-
💌 ဒီလို ပြသာနာတွေရဲ့ ရင်းမြစ်အစကနော နားလည်မှုပုံစံတွေမတူညီကြခြင်း ၊ ချစ်ခြင်းကို ပြသတဲ့ဘာသာစကားတွေ မတူညီခြင်း ာစတာတွေကြောင့်ဖြစ်ပြီး ၊ ဒီလို မတူညီတဲ့ လူသားတွေပေါင်းစုံတဲ့ Relationship တိုင်းမှာ အချစ်ဘာသာစကားကိုသာ နားလည်ခဲ့မယ်ဆိုရင်တော့ ဒီမတူညီမှုတွေ ၊ ပြသာနာတွေကို ပိုမို နားလည်မှုအပြည့်ဖြင့် ဖြေရှင်းရင်း တူညီမှုရယူနိုင်ပြီပေါ့။
-
ဒါကြောင့် လူတိုင်းအရွယ်တိုင်းအတွက် အရေးပါတဲ့ အချစ်ဘာသာစကားတွေအကြောင်းကို နားလည်သိရှိချင်တယ်ဆိုရင်တော့ Gary Chapmanအချစ်ဘာသာစကား ( ၅ ) မျိုးအကြောင်းကို သေချာလေ့လာပြုစုထားတဲ့ The 5 Love Languages Book Series စာအုပ်လေးတွေနဲ့ဆို သင့်ရဲ့ Relationship ပြသာနာတွေကို ဖြေရှင်းပေးနိုင်စေမှာဖြစ်ပါတယ်။
-
ဒီ Series တွဲလေးမှာဆိုရင် _
💞 မိဘနဲ့သားသမီးကြားက အချစ်ဘာသာစကား
💞 ဆယ်ကျော်သက်အရွယ်သင်းစလူငယ်တွေရဲ့ အချစ်ဘာသာစကား
💞 ယောကျာ်းသားတွေရဲ့ အချစ်ဘာသာစကား
💞 ကလေးငယ်လေးတွေရဲ့ အချစ်ဘာသာစကားများ
💞 Single လေးတွေအတွက် အချစ်ဘာသာစကားများ စသဖြင့် လူမျိုးစုံ ပုံစံမျိုးစုံအတွက် အချစ်ဘာသာစကားများအကြောင်းကို ရေးသားထားပါတယ်။
-
Relationship ဆက်ဆံရေးတွေမှာ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတွေကို ရရှိဖို့ ၊
နားလည်မှုတွေပိုမိုလေးနက်စေဖို့ ၊ခိုင်မြဲသောဆက်ဆံရေးတွေကိုတည်ဆောက်နိုင်ဖို့ ၊ ချစ်ခြင်းတွေကို ပိုမိုခံစားချင်တဲ့သူလေးတွေအတွက် မမြဲမနေပြင်ဆင်ဖတ်ရူသင့်တဲ့စာအုပ်လေးတွေဖြစ်ပါတယ်။
-
ဒါကြောင့် Relationship တွေကိုခိုင်မြဲချင်ပြီး အချစ်တွေကို ဒီထက်ပိုမိုနားလည်ပေးတက်သူတစ်ဦးဖြစ်ဖို့ Yatha ရဲ့စာဖတ်သူတွေအနေနဲ့လည်း အချစ်ဘာသာစကား( ၅ ) မျိုးအကြောင်းသိရှိချင်တယ်ဆိုရင်တော့ Yatha Library မှာ VIP Member ဝင်ရင်း ဖတ်ရှုလို့ရပါပြီ။ 🙌🏻

Yatha Library မှာ Membership Plan ဝင်လိုသူတွေအတွက်
👉 𝟭 𝗠𝗼𝗻𝘁𝗵 – 𝟭𝟮,𝟬𝟬𝟬 𝗠𝗠𝗞
👉 𝟯 𝗠𝗼𝗻𝘁𝗵𝘀 – 𝟯𝟬,𝟬𝟬𝟬 𝗠𝗠𝗞
👉 𝟲 𝗠𝗼𝗻𝘁𝗵𝘀 – 𝟱𝟱,𝟬𝟬𝟬 𝗠𝗠𝗞
👉 𝟭 𝗬𝗲𝗮𝗿 – 𝟭𝟬𝟱,𝟬𝟬𝟬 𝗠𝗠𝗞 ဆိုပြီး Plan (၄) မျိုး ခွဲပေးထားပါတယ်။
____________________________
𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 အကြောင်း
👉https://bit.ly/3skArkA
𝗩𝗜𝗣 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗹𝗮𝗻 အကြောင်း
👉 https://bit.ly/3sfeuTX
𝗥𝘂𝗹𝗲𝘀 𝗮𝗻𝗱 𝗥𝗲𝗴𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 အကြောင်း
👉https://bit.ly/40pVJJX
ငှားရမ်းနိုင်တဲ့ 𝗕𝗼𝗼𝗸 𝗟𝗶𝘀𝘁 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆
👉https://bit.ly/3GIUg8x
____________________________
📢 စာဖတ်ခြင်းကို နှစ်သက်သဘောကျတဲ့ Reader အားလုံးအတွက် 1 Month, 3 Months, 6 Months, 1 Year Subscription, အသင့်တော်ဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးရွေးချယ်ပြီး
➡️ 09 975 527 517
➡️ m.me/yathalibrary
ကို Subscription ပြုလုပ်ဖို့အတွက် ဆက်သွယ်လိုက်ပါ။

HAPPY TGIF! ✨🌃Weekend နေ့ရက်လေးတွေကိုမျှော်နေတဲ့သူတွေရှိလား။ ✌️✌️Weekned နေ့ရက်တွေအတွက်  မင်းမရှိလို့မဖြစ်စေလောက်အောင် b...
17/02/2024

HAPPY TGIF! ✨🌃

Weekend နေ့ရက်လေးတွေကိုမျှော်နေတဲ့သူတွေရှိလား။ ✌️✌️

Weekned နေ့ရက်တွေအတွက် မင်းမရှိလို့မဖြစ်စေလောက်အောင် bookworm တွေအတွက် စိတ်အလှုပ်ရှားဆုံးဖြစ်စေမယ့်အရာလေးတွေက ဘာလေးတွေဖြစ်မလဲ။
☕🌥️အချိန်ကြည့်စရာမလိုဘဲ
ကော်ဖီပူလေးတစ်ခွက်နဲ့ အစပြုမယ့်မနက်ခင်းလေး

📖✨ ဖတ်လက်စစာအုပ်လေးတစ်အုပ်နဲ့
အေးအေးအနားယူမယ့် နေ့လည်ခင်းလေး

👩‍❤️‍👨🌇သူနဲ့အတူတူကုန်ဆုံးမယ့်
ညနေခင်းလေး

🧖🍿Netflix ကြည့်ရင်း
Self-Care လုပ်မယ့်ညခင်းအချိန်လေး

ဘယ် Activities လေးတွေက Bookworms တွေရဲ့ Weekend လေးကို Perfect ဖြစ်စေမလဲ။ 👀✨

စာအုပ်မျိုးစုံကို တစ်နေရာတည်းမှာ ဈေးနှုန်းသက်သက်သာသာနဲ့ ဖတ်ရှုနိုင်နိုင်မဲ့ Yatha Library အကြောင်းမသိသေးရင် အောက်ကလင့်တွေမှာ ဖတ်ကြည့်လို့ရတယ်နော်။

𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 အကြောင်း
👉https://bit.ly/3skArkA
𝗩𝗜𝗣 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗹𝗮𝗻 အကြောင်း
👉 https://bit.ly/3sfeuTX
____________________________
📢 စာဖတ်ခြင်းကို နှစ်သက်သဘောကျတဲ့ Reader အားလုံးအတွက် 1 Month, 3 Months, 6 Months, 1 Year Subscription, အသင့်တော်ဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးရွေးချယ်ပြီး

➡️ 09 975 527 517
➡️ m.me/yathalibrary
ကို Subscription ပြုလုပ်ဖို့အတွက် ဆက်သွယ်လိုက်ပါ။


ရိုးရှင်းသောနေထိုင်မှုမှ ပြီးပြည့်စုံသောဘဝသို့ ‼🤍🤍မနက်မိုးလင်းလာတာနဲ့ Alarm ပိတ် ၊ ဝရုန်းသုံးကားနဲ့ထပြေးနေရတဲ့နေ့ရက်တွေ ...
14/02/2024

ရိုးရှင်းသောနေထိုင်မှုမှ ပြီးပြည့်စုံသောဘဝသို့ ‼🤍🤍
မနက်မိုးလင်းလာတာနဲ့
Alarm ပိတ် ၊ ဝရုန်းသုံးကားနဲ့
ထပြေးနေရတဲ့နေ့ရက်တွေ ၊
အမောပန်းကြီးစွာနဲ့ ပြန်လာပြီး
ညဘက်ကုတင်ပေါ်ရောက်မှ
တစ်နေဘယ်လိုကုန်သွားရတာလဲဆိုတာကို
ပြန်စဉ်းစားမိပြီး သက်ပြင်းချနေမိနေရပြီလား။
နေ့တိုင်း အာရုံတွေးထွေပြားနေတဲ့စိတ်အာရုံက
ထွေပြားနေတဲ့ စိတ်ခံစားချက်တွေကိုဖြစ်စေပြီး ၊
ထွေပြားလမ်းပျောက်တဲ့ ဘဝအခြေအနေတွေကို ဦးတည်စေပါတယ်။
-
ဒါကြောင့် _
ဘဝမှာနေရတာမပျော်တော့ဘူးဆိုရင် _
ဘဝမှာလမ်းပျောက်နေတယ်လို့ခံစားရပြီဆိုရင် _
တစ်နေ့နေ့အကျိုးမရှိဘဲအချိန်တွေကုန်ဆုံးနေသွားတယ်လို့ခံစားနေပြီဆိုရင်_
ရိုးရှင်းသောဘဝနေထိုင်မှုနဲ့ ပြန်လည်နေထိုင်ကြည့်ပါ။
-
ရိုးရှင်းသောနေထိုင်မှုတွေကနေ ပြီးပြည့်စုံတဲ့ဘဝတစ်ခုကိုရရှိချင်တယ်ဆိုရင်
The Art of Simple Living ထဲက အောက်ပါ နေ့စဉ်ဒီအချက် ( ၃ )
ချက်ကိုသာလုပ်ဆောင်ကြည့်ပါ။ စာဖတ်သူရဲ့ ဘဝနေ့ရက်တိုင်းကတည်ငြိမ်လာပြီး ၊
စိတ်ခွန်အားတစ်ခုကိုပြန်လည်ခံစားရပါလိမ့်မယ်။
-
💙 ZEN The Art of simple living စာအုပ်ဟာ ဇင် (ဈာန်) ဗုဒ္ဓဘာသာပြီး အခြေခံရေးသားထားတဲ့ဘဝနေထိုင်နည်းလေး ၊ စိတ်ပိုင်းဆိုင်ရာတိုးတက်ရေးနည်းလမ်းလေးတွေကိုစုစည်းထားတာဖြစ်ပါတယ်။ ရေးသူက ဂျပန်နိုင်ငံက သက်တမ်း၄၅၀ ရှိပြီဖြစ်တဲ့ ‌ဇင်ဗုဒ္ဓကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် Shunmyo Masuno (ရန်မီယိုမာဆုနို) ဖြစ်ပါတယ်။ ဒီခပ်ပါးပါးစာအုပ်လေးဟာ Japan နိုင်ငံမှာသာမက နိုင်ငံတကာမှာ စာအုပ်သန်းချီရောင်းချခဲ့ပြီးဖြစ်သည့် Mindfulness/Self-Help စာအုပ်ကောင်းလေးဖြစ်ပါတယ်။
-
💙 Tip and Trick ဆိုသလို လိုရှင်း တိုရှင်း စာတိုတို နဲ့ ထိထိ မိမိ တွေးတော ဆင်ခြင်စေနိုင်မယ့် တန်ဖိုးရှိတဲ့ စာစု အပိုင်းအစလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့ Self-Help Therapy လေးတွေလိုအပ်နေတဲ့သူလေးတွေ၊ စိတ်တည်ငြိမ်မှုတစ်ခုကိုပြန်လည်ခံစားလိုသူတွေအတွက် အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။

___________________________
𝗬𝗮𝘁𝗵𝗮 𝗟𝗶𝗯𝗿𝗮𝗿𝘆 အကြောင်း
👉https://bit.ly/3skArkA
𝗩𝗜𝗣 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗣𝗹𝗮𝗻 အကြောင်း
👉 https://bit.ly/3sfeuTX
𝗥𝘂𝗹𝗲𝘀 𝗮𝗻𝗱 𝗥𝗲𝗴𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 အကြောင်း
👉https://bit.ly/40pVJJX
ငှားရမ်းနိုင်တဲ့ 𝗕𝗼𝗼𝗸 𝗟𝗶𝘀𝘁 𝗖𝗮𝘁𝗲𝗴𝗼𝗿𝘆
👉https://bit.ly/3GIUg8x
____________________________
📢 စာဖတ်ခြင်းကို နှစ်သက်သဘောကျတဲ့ Reader အားလုံးအတွက် 1 Month, 3 Months, 6 Months, 1 Year Subscription, အသင့်တော်ဆုံးဈေးနှုန်းနဲ့ အကောင်းဆုံးရွေးချယ်ပြီး
➡️ 09 975 527 517
➡️ m.me/yathalibrary
ကို Subscription ပြုလုပ်ဖို့အတွက် ဆက်သွယ်လိုက်ပါ။

''ငွေကျပ် (၁၂,၀၀၀ )ကျပ်ဖြင့် Romance စာအုပ်လေးတွေကို စိတ်ကြိုက်ဌားယူဖတ်ရူမယ်"😍📚အချစ်ဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်သူ ...
10/02/2024

''ငွေကျပ် (၁၂,၀၀၀ )ကျပ်ဖြင့် Romance စာအုပ်လေးတွေကို
စိတ်ကြိုက်ဌားယူဖတ်ရူမယ်"😍📚
အချစ်ဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်သူ ၊
ချစ်ခြင်းမေတ္တာရသလေးတွေကိုမှ ခံစားရတာကြိုက်နှစ်သက်သူလေးတွေအတွက်
🌈💛လူငယ်ဆန်ဆန် Romance စာအုပ်လေးတွေ
ဖတ်ရူရင်း ကြည်နူးမှုကိုခံစားမလား။
🤝🏻🤍လက်တွေ့ဘဝထဲက လက်တွေ့ဆန်တဲ့
ချစ်ခြင်းမေတ္တာကိုမှ ကိုယ်တိုင်ဝင်ခံစားချင်သူလား။ နာမည်ကြီး Author တွေရဲ့ စာအုပ်လေးတွေဖြစ်တဲ့ YA Romance, Contemporary Romance အမျိုးစားလေးတွေဖြစ်တဲ့ ဒီစာအုပ်လေးတွေကို ဖတ်ရူခံစားကြည့်လိုက်ပါ။
𝗖𝗼𝗻𝘁𝗲𝗺𝗽𝗼𝗿𝗮𝗿𝘆 𝗥𝗼𝗺𝗮𝗻𝗰𝗲
📒 Remind of Him
📒 It Ends with Us
𝗬𝗔 𝗟𝗚𝗕𝗧 𝗥𝗼𝗺𝗮𝗻𝗰𝗲
📘- Boyfriend Material
📘- Husband Material
𝗬𝗔 𝗟𝗚𝗕𝗧 𝗥𝗼𝗺𝗮𝗻𝗰𝗲
📔- They Both Die at the End
📔- The First to Die at the End
𝗬𝗔 𝗥𝗲𝗮𝗹𝗶𝘀𝘁𝗶𝗰 𝗥𝗼𝗺𝗮𝗻𝗰𝗲
📗- The Fault in our Stars by John Green
📗- Looking for Alaska by John Green
ဒီ နာမည်ကြီး Romance စာအုပ်လေးတွေကို Yatha Library မှာဆို၍ လစဉ်ကျပ် (၁၂,၀၀၀ ) ကျပ်သာပေးသွင်း၍ တစ်ခါဌား စာအုပ် ( ၅ ) အုပ်ထိ ဌားယူဖတ်ရူနိုင်ပါပြီ။
Yatha Library ဟာဆိုရင် မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော English Online Books Rental Service ဖြစ်ပြီး ၊ Membership Plan အနေဖြင့် 𝟭 𝗠𝗼𝗻𝘁𝗵, 𝟯 𝗠𝗼𝗻𝘁𝗵𝘀, 𝟲 𝗠𝗼𝗻𝘁𝗵𝘀 , 𝟭 𝗬𝗲𝗮𝗿 အထိ စာဖတ်သူတို့ ကြိုက်နှစ်သက်ရာ Membership Plan တွေရှိပြီး ၊ Members ဝင်တိုင်းအတွက် စာအုပ်ပေါင်း (၃,၀၀၀) ကျော်ကို စိတ်ကြိုက်ဌားရမ်းဖတ်ရူနိုင်ပါပြီ။ 📚🤩
✅ တစ်ခါဌားရန်ချိန် - ၂ ပတ်
✅ တစ်ခါဌား အများဆုံး (၅) အုပ်နဲ့ စတင်ဌားရမ်းနိုင်ပြီဆိုတော့
စာအုပ်တွေကို အတန်ဆုံး ဈေးနူန်းတွေနဲ့စိတ်ကြိုက်ဖတ်လို့ရပြီပေါ့။
👉🏻 Membership Plan အကြောင်းအသေးစိတ် : https://rb.gy/2qw3gd
👉🏻 Yatha Library အကြောင်း :https://tinyurl.com/39yz2mwn
Yatha Library မှဌားရန်နိုင်သော စာအုပ်စရင်းကိုကြည့်ရန်
>>
Membership ဝင်ရန် အောက်ပါ Link မှ Registration Form ကိုဖြည့်ပါ။
>> https://forms.gle/QGFRtGJoSiER8UtA9

Address

674-A, Shwe Oak G 5th Street, 8 Ward, Tharkaytha
Yangon
11241

Telephone

+959751720495

Website

Alerts

Be the first to know and let us send you an email when Yatha Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yatha Library:

Share

Category