Myanmar Myo - Purified Drinking Water

Myanmar Myo - Purified Drinking  Water Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Myo - Purified Drinking Water, No. 245, Hlaing Yadanar Street, 14 Ward, Hlaing Tharyar Township, Yangon., Yangon.

🚨 အထူးကျန်းမာရေး သတိပေးချက် 🚨ကျန်းမာသန်စွမ်းတဲ့ မနက်ဖြန်တိုင်းအတွက် ဒီနေ့ သန့်ရှင်းစိတ်ချရတဲ့ သောက်ရေသန့်ကို သောက်သုံးဖိ...
13/08/2026

🚨 အထူးကျန်းမာရေး သတိပေးချက် 🚨
ကျန်းမာသန်စွမ်းတဲ့ မနက်ဖြန်တိုင်းအတွက် ဒီနေ့ သန့်ရှင်းစိတ်ချရတဲ့ သောက်ရေသန့်ကို သောက်သုံးဖို့ အထူးလိုအပ်ပါတယ်။ မသန့်ရှင်းတဲ့ ရေနဲ့ မသန့်ရှင်းတဲ့ လူနေမှုပုံစံတွေကနေတစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဖျားနာခြင်းနဲ့ ဗိုက်အောင့်ဗိုက်နာခြင်း စတဲ့ ရောဂါဆိုးတွေ ဖြစ်ပွားစေနိုင်ပါတယ်။
မိသားစုဝင် အားလုံး ရောဂါဘယကင်းဝေးပြီး ကျန်းမာစေဖို့အတွက် အောက်ပါ သန့်ရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြဖို့ နှိုးဆော်အပ်ပါသည်။
၁။ ရောဂါပိုးမွှားများ ကူးစက်ပြန့်ပွားနိုင်သည့် လမ်းကြောင်းများ
မသန့်ရှင်းသော သောက်ရေနှင့် သုံးရေများတွင် ပိုးမွှားများ ပါဝင်ခြင်း
မဆေးကြောထားသော လက်မှတစ်ဆင့် ရောဂါပိုးမွှားများ ဝင်ရောက်ခြင်း
မသန့်ရှင်းသော အစားအသောက်များနှင့် မသန့်ရှင်းသော မီးဖိုချောင်သုံး ပစ္စည်းများ
၂။ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ
လက်ကို ဆပ်ပြာဖြင့် စနစ်တကျ မကြာခဏ ဆေးကြောပါ
ကျက်အောင် ချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးပါ
လတ်ဆတ်ပြီး သန့်ရှင်းသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပါ
သန့်ရှင်းစိတ်ချရမှုအပြည့်ရှိသော သောက်ရေသန့်ကိုသာ ရွေးချယ်သောက်သုံးပါ
၃။ နေ့စဉ်လိုက်နာရမည့် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး
သန့်ရှင်းသော သောက်ရေကို လုံလောက်စွာ သောက်သုံးပါ
စနစ်ကျပြီး သန့်ရှင်းသော အိမ်သာများကိုသာ အသုံးပြုပါ
မိမိ၏ နေအိမ်နှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းပါ
၄။ မကျန်းမာပါက ပြုလုပ်ရန် နည်းလမ်းများ
ရေဓာတ်ခမ်းခြောက်မှု မရှိစေရန် ဓာတ်ဆားရည် (ORS) နှင့် သန့်ရှင်းသော ရေကို သောက်သုံးပါ
လုံလောက်စွာ အနားယူပြီး သန့်ရှင်းစွာ နေထိုင်ပါ
ရောဂါလက္ခဏာများ မသက်သာပါက နီးစပ်ရာ ဆေးခန်း သို့မဟုတ် ဆရာဝန်ထံ အမြန်ဆုံး ပြသကုသမှု ခံယူပါ
💧 အနာဂတ်ကျန်းမာရေးအတွက် မြန်မာမျိုးကို ရွေးချယ်ပါ
ကျန်းမာရေးနှင့် ပြည့်စုံသော လူနေမှုဘဝအတွက် သန့်ရှင်း စစ်မှန်ပြီး ယုံကြည်စိတ်ချရသည့် မြန်မာမျိုး သောက်ရေသန့် (Myanmar MYO Purified Drinking Water) ကို စိတ်ချလက်ချ ရွေးချယ် သောက်သုံးနိုင်ပါတယ်။
📞 ဆက်သွယ်မှာယူရန်
ဖုန်းနံပါတ်: 09-896267771 ၊ 09-896267772 ၊ 09-896267773
Website: www.myanmarmyo.com
page: Myanmar Myo - Purified Drinking Water

🙏 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🙏ယနေ့ ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပထမဦးဆုံး တရားတော်ဖြစ်သော ဓမ္မစကြာတရားတေ...
29/07/2026

🙏 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🙏

ယနေ့ ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပထမဦးဆုံး တရားတော်ဖြစ်သော ဓမ္မစကြာတရားတော် ကို ဟောကြားတော်မူခဲ့သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ဤမင်္ဂလာရှိသော အခါသမယတွင် သင်္ကန်းကပ်လှူခြင်း၊ ရေသန့်လှူဒါန်းခြင်း၊ ဆွမ်းကပ်ခြင်းနှင့် ကုသိုလ်ကောင်းမှုအမျိုးမျိုး ပြုလုပ်ရင်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် မင်္ဂလာအပေါင်းတို့ ပြည့်စုံကြပါစေ။

Myanmar MYO Purified Drinking Water မှ ဝါဆိုလပြည့်နေ့၏ အေးချမ်းမြင့်မြတ်သော အခါသမယတွင် ကုသိုလ်အလှူတိုင်း ပြည့်ဝပြီး မေတ္တာ၊ ကရုဏာနှင့် ကောင်းကျိုးချမ်းသာများ ထွန်းကားကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏💙

“ကုသိုလ်အလှူတိုင်းမှာ စေတနာနဲ့အတူ သန့်ရှင်းသောရေတစ်ပုလင်းကလည်း မွန်မြတ်တဲ့ဒါနတစ်ခု ဖြစ်ပါတယ်။”

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့ #ကုသိုလ်ဒါန #အေးချမ်းခြင်း

🇲🇲 (၇၉) နှစ်မြောက် အာဇာနည်နေ့၁၉ ဇူလိုင် ၂၀၂၆အာဇာနည်တို့၏ ရဲရင့်သော စိတ်ဓာတ်၊ နိုင်ငံအပေါ် ထားရှိခဲ့သော မေတ္တာနှင့် စွန့်...
18/07/2026

🇲🇲 (၇၉) နှစ်မြောက် အာဇာနည်နေ့
၁၉ ဇူလိုင် ၂၀၂၆

အာဇာနည်တို့၏ ရဲရင့်သော စိတ်ဓာတ်၊ နိုင်ငံအပေါ် ထားရှိခဲ့သော မေတ္တာနှင့် စွန့်လွှတ်အနစ်နာခံမှုတို့သည် မျိုးဆက်တိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များဖြစ်ပါသည်။

ယနေ့ အာဇာနည်နေ့တွင် မြန်မာနိုင်ငံအတွက် အသက်ပေးအနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် သူရဲကောင်းအပေါင်းအား Myanmar MYO Purified Drinking Water မိသားစုမှ အထူးလေးစားဂုဏ်ပြု အောက်မေ့အပ်ပါသည်။

🌼 “အာဇာနည်တို့၏ စိတ်ဓာတ်ကို အစဉ်လေးစား ဂုဏ်ပြုလျက်…”

#အာဇာနည်နေ့ #၁၉ဇူလိုင်

09/07/2026

💛 အဝါရောင်... ယုံကြည်မှု၊ နွေးထွေးမှုနဲ့ အနာဂတ်ဆီ လျှောက်လှမ်းခြင်းရဲ့ အရောင်။
၂၀၂၆ ခုနှစ်မှစတင်၍ မြန်မာမျိုး သောက်ရေသန့်၏ Uniform ကို အဝါရောင်အဖြစ် ပြောင်းလဲလိုက်ပါသည်။
ဒီအပြောင်းအလဲဟာ အရောင်တစ်ရောင် ပြောင်းလဲခြင်းထက် ပိုမိုအဓိပ္ပာယ်ရှိပါတယ်။ ဖောက်သည်တိုင်းအပေါ် နွေးထွေးပျူငှာစွာ ဝန်ဆောင်မှုပေးလိုတဲ့ စိတ်ဓာတ်၊ အရည်အသွေးအပေါ် အမြဲတမ်းအလေးထားတဲ့ ကတိကဝတ်နဲ့ တိုးတက်မှုကို အစဉ်လိုက်လံဆောင်ရွက်မယ့် မြန်မာမျိုးရဲ့ ခံယူချက်ကို ကိုယ်စားပြုပါတယ်။
အရောင်သစ်၊ စိတ်ဓာတ်သစ်၊ အမြင်သစ်များနဲ့အတူ မြန်မာမျိုး သောက်ရေသန့်သည် သန့်ရှင်းလုံခြုံပြီး ယုံကြည်စိတ်ချရသော သောက်ရေဝန်ဆောင်မှုကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။
မြန်မာမျိုး သောက်ရေသန့်
အရည်အသွေးကို ယုံကြည်မှုဖြင့် ပို့ဆောင်ပေးနေပါသည်။ 💛

🌧️ မိုးရာသီ အထူးလက်ဆောင် အစီအစဉ် 🌂မြန်မာမျိုးသောက်ရေသန့်စက်ရုံမှ မိုးရာသီအတွက်  အမြဲတမ်းယုံကြည်စိတ်ချစွာ လက်တွဲအားပေးကြသ...
17/06/2026

🌧️ မိုးရာသီ အထူးလက်ဆောင် အစီအစဉ် 🌂

မြန်မာမျိုးသောက်ရေသန့်စက်ရုံမှ မိုးရာသီအတွက် အမြဲတမ်းယုံကြည်စိတ်ချစွာ လက်တွဲအားပေးကြသော ကိုယ်စားလှယ်တော်ကြီးများနှင့် လုပ်ငန်းဖက်မိတ်ဆွေများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Myanmar Myo Logo ပါ ထီးများကို လက်ဆောင်ပေးအပ်လျက်ရှိပါသည်။

ထို့အပြင် စက်ရုံဝန်ထမ်းများ၏ Uniform အသစ်များ ကိုလည်း ပြောင်းလဲဝတ်ဆင်ထားပြီး ပိုမိုစည်းလုံးညီညွတ်သော အသင်းအဖွဲ့စိတ်ဓာတ်၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာမျိုးသောက်ရေသန့်ကို အစဉ်တစိုက် အားပေးကြသော ကိုယ်စားလှယ်တော်ကြီးများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် စားသုံးသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

“သန့်ရှင်းမှုကို အခြေခံ၍ ယုံကြည်မှုကို တည်ဆောက်သည်”

08/02/2026

🎉 Hysan Junior School Event မှာ Myanmar Myo Purified Drinking Water ပါဝင်အားဖြည့်ခဲ့ပါတယ် 💧⚽

Hysan Junior School ရဲ့ Event ပွဲမှာ
Myanmar Myo Purified Drinking Water မှ

✅ ရေသန့်ဘူးများ တည်ခင်းဧည့်ခံပေးခြင်း
✅ ဧည့်သည်များအတွက် ရေသန့်ဘူးများ ရောင်းချပေးခြင်း
✅ ပွဲသို့လာရောက်သော ကလေးများအား
🎁 Myanmar Myo တံဆိပ်ပါ ဘောလုံးလက်ဆောင်များ ပေးအပ်ခြင်း

စသည့် အစီအစဉ်များဖြင့် ပွဲတစ်လျှောက် ပျော်ရွှင်စွာ ပါဝင်အားဖြည့်ပေးခဲ့ပါသည်။ 💙

ကလေးများရဲ့ အပြုံးများ၊ ပွဲရဲ့ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များကို
📹 Video လေးဖြင့် မျှဝေပေးလိုက်ပါတယ် ✨

⸝

📌 Event များ၊ School Program များ၊ Sports Activities များအတွက်
Myanmar Myo Purified Drinking Water မှ ရေသန့်ဘူးများ ဖြန့်ဝေပေးခြင်းများကို
ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် 🤝💧

⸝

📍 Location
🏢 အမှတ် (၂၄၅)
လှိုင်ရတနာလမ်း၊ (၁၄) ရပ်ကွက်
လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

📞 Contact Numbers
☎️ 09-896267771
☎️ 09-896267772
☎️ 09-896267773

💬 အသေးစိတ်သိရှိလိုပါက Page မှာ Message ပို့ပြီးလည်း ဆက်သွယ်နိုင်ပါတယ်ရှင့် 😊

💧 Myanmar Myo – Pure Water, Pure Care

01/02/2026

ရေကို လုံလောက်အောင် မသောက်ဘူးဆိုရင်
ကိုယ်ခန္ဓာက တိတ်တိတ်လေး အန္တရာယ်ပေးလာနိုင်ပါတယ် ⚠️

❌ ခေါင်းကိုက်၊ မူးဝေ လွယ်တတ် 😵‍💫
❌ အရေပြားခြောက်သွေ့၊ ဝက်ခြံများလာ 😣
❌ မောပန်းလွယ်ပြီး အလုပ်အာရုံမစိုက်နိုင် 🧠💭
❌ ဝမ်းချုပ်၊ အစာချေမကောင်း 🚫
❌ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းပြဿနာတွေ ဖြစ်နိုင် 🚰
❌ ကိုယ်ခံအားကျလာပြီး ဖျားနာလွယ် 🤒

👉 ဒါကြောင့် နေ့စဉ် ရေကို လုံလောက်အောင် သောက်ပေးပါ 💦
ကိုယ်ခန္ဓာကျန်းမာမှ စိတ်လည်းပျော်ရွှင်နိုင်ပါတယ် 😊💙

💡 သတိရပါ – ရေသောက်တာက ဆေးသောက်တာထက် ပိုအရေးကြီးတယ်နော်! 💧✨

(31.12.2025)မြန်မာမျိုးသောက်ရေသန့် မိသားစု ၏ New Year ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်းမှတ်တမ်းများ(1) ညစာအတူစားသောက်ခြင်း(2)...
31/12/2025

(31.12.2025)
မြန်မာမျိုးသောက်ရေသန့် မိသားစု ၏ New Year ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်းမှတ်တမ်းများ

(1) ညစာအတူစားသောက်ခြင်း
(2) ဗလာမပါ ငွေသားကမ်းစမ်းမဲ များဖောက်ပေးခြင်း
(3) Quiz များဖြေဆိုပီး ဆုလက်ဆောင်ရယူခြင်း
(4) မြန်မာမျိုး သီချင်းသီဆိုပီး အကောင်းဆုံး သီဆိုနိုင်သူကို ဆုချီးမြှင့်ခြင်း

စ သော အစီအစဥ်များ ပြုလုပ်ပီးပျော်ရွင်စွာကျင်းပခဲ့ကြပါသည်။

Address

No. 245, Hlaing Yadanar Street, 14 Ward, Hlaing Tharyar Township, Yangon.
Yangon

Alerts

Be the first to know and let us send you an email when Myanmar Myo - Purified Drinking Water posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share