Ven Sumana

Ven  Sumana Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ven Sumana, Nature Preserve, Yangon.

မင်္ဂလသုတ်🌼🌸🌺ပဏာမ ဂါထာ🌺🌼🌸ယံ မင်္ဂလံ ဒွါဒသဟိ၊စိန္တယိံ သု သဒေဝကာ၊ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ၊ ဒေသိတံ ဒေဝဒ...
07/01/2026

မင်္ဂလသုတ်
🌼🌸🌺

ပဏာမ ဂါထာ
🌺🌼🌸
ယံ မင်္ဂလံ ဒွါဒသဟိ၊
စိန္တယိံ သု သဒေဝကာ၊
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊
အဋ္ဌတိံသဉ္စ မင်္ဂလံ၊

ဒေသိတံ ဒေဝဒေဝေန၊
သဗ္ဗပါပ ဝိနာသနံ၊
သဗ္ဗလောက ဟိတတ္ထာယ၊
မင်္ဂလံ တံ ဘဏာမဟေ။
🌼🌸🌺

အနက်
✍️

နတ်နှင့်လူတို့သည် ၁၂ နှစ်တိတိ
တွေးခေါ် စဉ်းစားကြသော်လည်း
ကြီးပွားချမ်းသာရာ ကြီးပွားချမ်း
သာကြောင်းဖြစ်သော မင်္ဂလာတရား
တော်ကို မသိမြင်ကြကုန်။ မကောင်းမှု
အားလုံးကို ဖယ်ရှားဖျောက်ဖျက်ပစ်
သော ၃၈ဖြာ ထိုမင်္ဂလာ တရားတော်ကို
နတ်တကာတို့ထက် အဆင့်မြင့်နတ်ဖြစ်
တော်မူသော မြတ်စွာဘုရားသည် လောက
အားလုံးအကျိုးငှာ ဟောကြားတော်မူ၏။
ယင်းမင်္ဂလာတရားတော်ကို ကျွန်ုပ်တို့ ရွတ်
ဖတ် သရဇ္ဈယ်ကြစို့။
ရွတ်ဖတ်သင်ကြားလေ့လာကြစို့
🌼🌺🌺🌼

ပျို့
🌼

မဟာပရမေ၊ ငါးရန်ခြွေလျက်၊
ကိုးထွေဂုဏ်ပျံ၊ အရဟံထွက်ချာ၊
မဟာသမ္ဗုဒ္ဓ၊ ဉာဏပွင့်ဝါ၊ ဝိဇ္ဇာစရဏ၊
သမ္ပန္နဟု၊တေဇ ပြန့်ပြော၊သုဂတော
နှင့်လောကဝိဒူ၊ပြိုင်သူဝေးဆုတ်၊အနုတ္တရ၊
လူထိုမျှကို၊ ဆုံးမနိုင်စွာ၊လိမ္မာတတ်ကြူး၊
လှည်းယာဉ်မှူးဟု၊ အထူးမှတ်ရ၊ပုရိသ
ဒမ္မသာရထိ၊ကျော်ရှိန်ညိ၏၊ဒိဋ္ဌိမာန၊
ပါပမြေးထူ၊နတ်နှင့်လူကို၊သုံးဆူဝဋ်မှ၊
ကင်းလွတ်ထအောင်၊ဟောပြတတ်စွာ၊
သတ္ထာပညတ်၊ လေးရပ်သစ္စာ၊ စိတ်ဖြာ
ဖော်ပြ၊ ဗုဒ္ဓမည်သာ၊ ဘုန်းခြောက်ဖြာကြောင့်၊
ဘဂဝါဟူသည်၊အတည်တည်ဖြင့်၊ ရောင်ခြည်ထောင်ပြည့်၊ ဝန်းဝန်းလှည့်သို့၊ နှိုင်းယှဉ်
ဖက်ကင်း၊ မင်းမင်းအတွက်၊ နတ်နတ်အချာ၊
ဗြဟ္မာ မာတို့၊ရတနာရောင်ဝှန်၊ မြတ်တမ်း
ခွန်၏၊ စက်မွန်နှစ်စုံ၊ ထီး ဖြူရုံကို ထိပ်အုံကာ
မိုး၊ ရှိရွယ်ခိုး၏၊ ကိုးနှင့်ခြောက်သွယ်၊အန္တရာယ်
လည်း၊ပျောက်ပြယ်ရှင်းလျက်၊ရာသက်ရိပ်ငြိမ်၊
စည်းစိမ်ချမ်းသာ၊ ပညာဗလ၊ ယသကိတ္တိ၊
သမ္ပတ္တိနှင့်၊ သိဒ္ဓိလာဘ၊ မြိတ္တဝရံ၊ သုခံဘောဂ၊ တေဇဇေယျာ၊ စိန္တာမယ၊ ဣဋ္ဌ ဖလံ၊ စက္ကံသီရိ၊
ဣဒ္ဓိဝဏ္ဏ၊ ပါမောက္ခဟု၊ ကုသလရှိန်စော်၊
အာနုဘော်သည်. . . ၊ နှိုင်းလျော်ရွှေလ
တူစေသော်။
🌸🌼🌺

ပျို့အဓိပ္ပာယ်
🌸🌼🌺
ကြီးကျယ်မြင့်မြတ်တော်မူသော၊ မာရ်ငါးပါး
ရန်ကို နှိမ်နင်းဖြိုဖျက်ပစ်တော်မူသော၊
အရဟံအစ ဘဂဝါအဆုံး ကိုးပါးသော
ဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသော၊ရောင်
ခြည်တစ်ထောင်၊ အလင်းဆောင်သော
သူရိယာနေမင်းပမာနှိုင်းခိုင်းစရာ ဥပမာ
မရှိသော၊ မင်းတကာတို့၏ အထွတ်အထိပ်
ဖြစ်သော၊ နတ်တကာတို့၏ အချုပ်အခြာ
ဖြစ်သော၊ ဗြဟ္မာတကာတို့၏ တံခွန် အောင်
လံဖြစ်သော မြတ်စွာဘုရား၏စက်တော်အစုံ၊
ခြေတော်အစုံကို ထီးဖြူကဲ့သို့ဦးထိပ်ပေါ်တွင်
မိုး၍ ရှိခိုးပူဇော်ပါ၏။ယင်းသို့ ရှိခိုးပူဇော်ရ
သော ကုသိုလ်ကောင်းမှုကြောင့်ကိုးဆယ့်
ခြောက်ဖြာသော ရောဂါအန္တရာယ်များကင်း
ရှင်းပပျောက်သွား ပြီးလျှင်အသက်တစ်ရာ အေးငြိမ်းစွာဖြင့် စည်းစိမ်းချမ်းသာ၊ပညာ၊
ဗလ၊ အခြံအရံ၊ အကျော်အစောတို့နှင့် ပြည့်
စုံလျက်သိဒ္ဓိ၊ လာဘ၊ အမြိတ္တ၊ ဝရ စုတ်
လာဘ်တို့နှင့် ဆုံစည်းကာ စည်းစိမ်းချမ်းသာ၊
ဩဇာအရှိန်အဝါ၊ကြံတိုင်းအောင်ခြင်း၊
လိုတိုင်းခြင်း၊သမ္ပတ္တိစက်၊သီရိကျက်သရေ၊
တန်ခိုးဣဒ္ဓိပါဒ်၊ ရှိန်စော် အာနုဘော်တို့သည် လပြည့်ဝန်းပမာ ပြည့်ဝပါစေပန်းအဆင်း၊
ပါမောက္ခအမှူး အချုပ်တည်းဟူသော ကုသိုလ် သတည်း၊ ပြည့်ဝပါစေသော်။
🌸🌼🌺




🌹မဟာကဿပသဒ္ဓိဝိဟာရိက ဝတ္ထု🙏      🌹ဗာလဝဂ်။ဓမ္မပဒပါဠိတာ်🌼🙏မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ ပိပ္ဖလိလိုဏ်ဂူ...
18/08/2025

🌹မဟာကဿပသဒ္ဓိဝိဟာရိက ဝတ္ထု🙏
🌹ဗာလဝဂ်။ဓမ္မပဒပါဠိတာ်🌼🙏

မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌
နေတော်မူသောအခါ ပိပ္ဖလိလိုဏ်ဂူ၌ သီတင်း
သုံးသော အရှင်မဟာကဿပ၏ တပည့်ဆိုး
တစ်ယောက်သည် မထေရ်ဆုံးမသည်ကို မနာ
မယူ ရန်ငြိုးဖွဲ့လျက် မထေရ် ဆွမ်းခံကြွခိုက်
တွင် ကျောင်းကို မီးတိုက်၍ ထွက်ပြေးကြောင်း
ကို ရဟန်းတို့က ဘုရားရှင်အား လျှောက် ကြရာတွင်….

ဂါထာအမှတ် ၆၁။

စရဉ္စ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသ မတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ
သဟာယတာ။

လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ်
မရှိရကား တရားကျင့်သူသည် မိမိထက် သာ
လွန်သူ မိမိနှင့်တူမျှသူကို မရနိုင်ပါမူ တစ်
ယောက်တည်း ကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုကျင့်ရာ၏။

Having found no companion who has
travelled at least as far as ourselves,
it is better to go alone than to accompany those who remain irresolute.🌹🌺🌼🌸

🌺ပသေနဒီကောသလဝတ္ထု🌸   ဗလဝဂ်။ဓမ္မပဒပါဠိတော်။မြတ်စွာဘုရားရှင် ဇေတဝန် ကျောင်းတော်၌ နေတော်မူသောအခါ ပသေနဒီ ကောသလမင်းကြီးသည် သူ...
10/08/2025

🌺ပသေနဒီကောသလဝတ္ထု🌸
ဗလဝဂ်။ဓမ္မပဒပါဠိတော်။

မြတ်စွာဘုရားရှင် ဇေတဝန်

ကျောင်းတော်၌ နေတော်မူသောအခါ

ပသေနဒီ ကောသလမင်းကြီးသည် သူတစ်ပါး

မယား၌ တပ်သောစိတ်ရှိသည်ဖြစ်၍ လင်ကို

ခေါ်၍ တစ်ယူဇနာ ဝေးရာအရပ်၌ ကုမုဒြာကြာ

နှင့် အရုဏဝတီ မြေကိုယူ၍ ရေချိုးချိန်ကျလျှင်

ရောက်စေ မရောက်လျင် အဆုံစီရင်မည်ဟု

လွှတ်လိုက်ပြီးလျှင် ညဉ့်အခါ၌ ရာဂစိတ်ဖြင့်

အိပ်လေသည်ရှိသော် တရေးနိုး၍ ဒု-ဟူသော

အသံ သ-ဟူသောအသံ, န-ဟူသော အသံ

သော-ဟူသောအသံ၊ဤအသံကြီး လေးခွန်းကို

ကြား၍ ထိတ်လန့်သောစိတ်ဖြင့် မအိပ်နိုင်ပဲ

မိုးသောက်လျှင် မြတ်စွာဘုရားအထံသို့ လာ၍

ဤအကြောင်းကို လျှောက်၏။ ဘုရားရှင်သည်

အသင်မင်းကြီး ကဿပဘုရား လက်ထက်တော်

၌ သူဌေးသား လေးယောက်သည် ပရဒါရကံကို

ပြုမိ၍ အနှစ်ခြောက်သောင်းမှ တစ်ကြိမ်ပေါ်

သော လောဟကုမ္ဘီ ငရဲအိုး၌ ခံရလေသည်။

အနှစ်ခြောက်သောင်း စေ့၍ ပေါ်သည်တွင်

အချင်းချင်း ရုတ်ကနဲမြင်၍ စကားပြောကြမည်

အကြံနှင့် ဒု-ဟူ၍ သ-ဟူ၍, န-ဟူ၍, သော-ဟူ၍

အက္ခရာ တစ်လုံးစီ အစကို ဆို၍ ငရဲအိုး၌ မြုပ်

လေကုန်၏။ ဤအသံလေးခုကို အသင်မင်းကြီး

ကြားသည်။ တစ်ပါးသော အန္တရာယ် မရှိဟု

ဟောတော်မူသည်။ မင်းကြီးသည်

အရှင်ဘုရား-အိပ်၍မပျော်သော သူအား

ညဉ့်တာ ရှည်သည်ဟု လျှောက်၏။ ထိုအခါ

မင်းကြီး စေခိုင်းလိုက်သော ယောက်ျားသည်

လည်း ရောက်လာ၍ အရှင်ဘုရား- ခရီးပန်း

သောသူအား ယူဇနာ ခရီးသည် ရှည်လစွာ၏

ဟု လျှောက်၏။ ဘုရားရှင်လည်း ထိုသူတို့ကို

အကြောင်းပြု၍ ဤတရားတော်ကို ဟော

တော်မူ၏........

🌺ဓမ္မပဒ ဂါထာအမှတ်၆၀။🌸

ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။

အိပ်မပျော် နိုးနေသောသူအား ညဉ့်တာရှည်လျား၏၊ ခရီးပန်းသောသူအား ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကိုမသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။

The night is long for one who cannot sleep.
A journey is long for one who is tired.
Ignorant existence is long and tedious
for those unaware of Truth.🌸🌼🌺🌹

🙏🌸🙏🌹🙏🌷
16/11/2024

🙏🌸🙏🌹🙏🌷

၅၈။လမ်းမကြီးဝယ် စွန့်ပစ်ထားသောအမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။🙏၅၉...
12/04/2024

၅၈။လမ်းမကြီးဝယ် စွန့်ပစ်ထားသော
အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်
ဖွယ်ရှိသော ပဒုမာကြာပန်းသည် ပေါက်
ရောက်သကဲ့သို့။🙏
၅၉။အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တဝါတို့
အလယ်၌နေသည့် မြတ်စွာဘုရား၏ တပည့်
သည် အကန်းသဖွယ်ဖြစ်သော ပုထုဇဥ်တို့ကို
ပညာဖြင့် လွန်၍ တင့်တယ်၏။🙏🌸🌷

🙏ဂါထာအမှတ် ၅၈/၅၉။ပုပ္ဖဝဂ်။
ဓမ္မပဒပါဠိတော်။ခုဒ္ဒကနိကာယ်။🙏🌷

မှန်သော အသိအမြင်နှင့် မှန်သောဉာဏ်ပညာကြောင့် သစ္စာတရားကို နားလည်သဘောပေါက်လာသည်။ မာန်မာနတရားအားလုံးလည်း ပျောက်ကွယ်သွားပြီး...
11/04/2024

မှန်သော အသိအမြင်နှင့် မှန်သောဉာဏ်
ပညာကြောင့် သစ္စာတရားကို နားလည်သဘောပေါက်လာသည်။ မာန်မာနတရား
အားလုံးလည်း ပျောက်ကွယ်သွားပြီး လျှင် စိတ်နှလုံးဖြူစင်သန့်ရှင်းလာသည်။🌸🌺

Form right observation and insight under- standing of truth arises. All egotism is dis- pelled, the heart becomes pure.🌹🌼🌺

🌺🌸ဂိုအင်ကာ🌸🌻

မိမိက စောင့်ရှောက်သော ဓမ္မသည်သာလျှင် မိမိ၏ အစောင့်အရှောက် ဖြစ်လာလိမ့်မည်။သင်သည် ဓမ္မကို အကြင်မျှလောက် လိုက်နာကျင့်သုံး၏။...
25/03/2024

မိမိက စောင့်ရှောက်သော ဓမ္မသည်သာလျှင်
မိမိ၏ အစောင့်အရှောက် ဖြစ်လာလိမ့်မည်။
သင်သည် ဓမ္မကို အကြင်မျှလောက် လိုက်နာကျင့်သုံး၏။ ထိုမျှလောက်ပင် ဓမ္မသည် သင့်
အား ကူညီထောက်ပံ့သူဖြစ်လာလိမ့်မည်။🌺

Only if you guard the Dhamma it will be
your guard. As much as you practise
Dhamma, the Dhamma is your helper.🌸

🌹ဆရာကြီး ဂိုအင်ကာ🌸

၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့နေလေ့ ရှိကုန်သော ကောင်းစွာ (ဉာဏ်ဖြင့်) သိ၍ ကိလေသာမှ လွှတ်မြောက်သော ထိုသူတို့၏ သွ...
24/03/2024

၅၇။ ပြည့်စုံသော သီလရှိကုန်သော
မမေ့မလျော့နေလေ့ ရှိကုန်သော ကောင်းစွာ
(ဉာဏ်ဖြင့်) သိ၍ ကိလေသာမှ လွှတ်မြောက်
သော ထိုသူတို့၏ သွားရာ လမ်းကြောင်းကို မာရ်နတ်သည် မတွေ့မမြင်နိုင်။🌹🌸🌷🙏

🌸🙏ဂါထာအမှတ် ၅၇။ပုပ္ဖဝဂ်။
ဓမ္မပဒပါဠိတော်။ခုဒ္ဒကနိကာယ်။🌹🌸

မေတ္တာတရား အခါခပ်သိမ်း ပေါ်ပေါက်နေပါစေ။ သင်၏ မွေးညင်းပေါက်များအတွင်း စီးဆင်းနေပါစေ။ ဓမ္မဂင်္ဂါ စီးဆင်းနေပြီး မလိုမုန်းထာ...
23/03/2024

မေတ္တာတရား အခါခပ်သိမ်း ပေါ်ပေါက်နေပါ
စေ။ သင်၏ မွေးညင်းပေါက်များအတွင်း စီး
ဆင်းနေပါစေ။ ဓမ္မဂင်္ဂါ စီးဆင်းနေပြီး မလိုမုန်း
ထားမှုများနှင့် ရန်ငြိုး ပွားမှုများ မျောပါ သွား
ပါစေ။🌷🌺🌹🌷🌺🌹🌷🌺🌹🌷🌺🌹

May love forever arise and reverberate
through your being. May the Dhamma flow
like the Ganges, washing away hatred and
ill will.🌸🌼🌸🌼🌸🌼🌸🌼🌸🌼🌸🌼

🌹 ဆရာကြီး အက်စ်အင် ဂိုအင်ကာ🌸

Address

Yangon
12345678

Website

Alerts

Be the first to know and let us send you an email when Ven Sumana posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share