Public Voice Television

Directions Contact the organization

Public Voice Television Public Voice is Public Power.
(730)

20/10/2026

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) က အကြမ်းဖက် စစ်အုပ်စုရဲ့ ဟန်ပြဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အဖွဲ့ဝင် အဖြစ်ကနေ ရပ်ဆဲလိုက်တယ်လို့ အောက်တိုဘာ ၁၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလိုဖယ်ရှားလိုက်တဲ့အတွက် အကြမ်းဖက်စစ်အုပ်စုရဲ့ ဟန်ပြ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ၂၀၂၇ ခုနှစ်မှာ ရယူဖို့ရှိနေတဲ့ ဥက္ကဋ္ဌ နေရာကနေ ဖယ်ရှားခံလိုက်ရသလို ၂၀၂၆ ခုနှစ်အတွင်း ပြုလုပ်မယ့် SEANF ရဲ့ ၂၃ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ နဲ့ အခြား SEANF အစည်းအဝေး တွေကိုပါ တက်ရောက်ခွင့် မရှိတော့ဘူးလို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု ရဲ့ MNHRC အား SEANF အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ကြောင်း တရားဝင် ဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ်လို့ အမျိုးသား...
20/10/2026

အကြမ်းဖက်စစ်အုပ်စု ရဲ့ MNHRC အား SEANF အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ကြောင်း တရားဝင် ဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
အောက်တိုဘာ ၂၀ ၊ ၂၀၂၆

အကြမ်းဖက်စစ်အုပ်စုရရဲ့ လက်ဝေခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ရဲ့ အဖွဲ့ဝင် အဖြစ်မှ ပယ်ဖျက်ကြောင်း တရားဝင်ဆုံးဖြတ်ချက်အပေါ် အမျိုးသားညီညွတ််ရေးအစိုးရ အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်လို့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF)ည က အကြမ်းဖက်စစ်အုပ်စု ရဲ့ ဟန်ပြ လူ့အခွင့်အရေးကော်မရှင် (MNHRC) အား ဆက်လက်ပါဝင်ခွင့် အရည်အချင်း ပြည့်မီခြင်း မရှိကြောင်း တရားဝင် သုံးသပ်ဆန်းစစ်ချက်များ ပြုလုပ်ပြီး အောက်တိုဘာ ၁၉ ရက်မှာ တရားဝင်ထုတ်ပြန်လိုက်တာပါ။

MNHRC က ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မပြုမူမှုများ၊ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ကျူးလွန်လျက်ရှိတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ပြည်သူလူထုကို ကာကွယ်ပေးနိုင်ခြင်း မရှိတဲ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုများကို ဖုံးကွယ်ပေးရာ အကာအကွယ်တစ်ခုအဖြစ် လိုက်ပါဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် နိုင်ငံတကာစံနှုန်းဖြစ်တဲ့ ပါရီအခြေခံမူများ (Paris Principles) ကို လိုက်နာရန် ပျက်ကွက်ခဲ့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်များမဟာမိတ်အဖွဲ့ (GANHRI-SCA) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ MNHRC ရဲ့ အသိအမှတ်ပြုမှုကို ရုပ်သိမ်းခဲ့ပြီး အာရှ-ပစိဖိတ်ဖိုရမ် (APF) ကလည်း ၂၀၂၅ ခုနှစ်၊ မေလမှာ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ပြီး ဖြစ်တယ် လို့ သိရပါတယ်။

ယခုလို SEANF အုပ်ချုပ်မှုဘုတ်အဖွဲ့မှ အကြမ်းဖက်စစ်အုပ်စုရဲ့ MNHRC ကို အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခွင့် အရည်အချင်းကို တရားဝင်ဆန်းစစ်ပြီး ထုတ်ပယ်ရေး ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းက ၂၀၂၁ ခုနှစ်မှစတင်ကာ အကြမ်းဖက်စစ်အုပ်စု ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ MNHRC ရဲ့ မသမာမှုများနဲ့ ပတ်သက်တဲ့ GANHRI၊ ANNI နဲ့ SEANF တို့ထံ အချက်အလက်ပေါင်း များစွာကို မဆုတ်မနစ် စနစ်တကျ ပေးပို့တိုက်တွန်း ဆောင်ရွက်ပေးခဲ့ကြတဲ့ လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ)(The CSO Working Group on Independent NHRI Burma/Myanmar) အပါအဝင် ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများရဲ့ စိစစ်ကြိုးပမ်းမှုများကြောင့် ဖြစ်ကြောင်း လှိုက်လှဲစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ၂၀၂၆ ခုနှစ်ရဲ့ SEANF သဘာပတိ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင် (SUHAKAM) ရဲ့ ဦးဆောင်မှုနဲ့အတူ အင်ဒိုနီးရှား (Komnas HAM)၊ ဖိလစ်ပိုင် (CHRP)၊ ထိုင်း (NHRCT) နဲ့ တီမော-လက်စတီ (PDHJ) စတဲ့ SEANF အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင် ကော်မရှင်များ အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများရဲ့ အသံကို လေးစားနားထောင်ပြီး အာဆီယံဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းများရဲ့ ဂုဏ်သိက္ခာနဲ့ ပါရီအခြေခံမူများကို ခိုင်မာစွာ ကိုင်စွဲကာ အမှန်တရားဘက်မှ ရပ်တည်ကာ တာဝန်ယူမှုရှိသော သဘောထား ထုတ်ပြန်ချက်ကို ဖြောင့်မတ်မှန်ကန်စွာ ထုတ်ပြန်ပေးခဲ့တဲ့ အတွက် အထူးပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ လက်ဝေခံ MNHRC က ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်ဆင့်မှ တရားဝင် ထုတ်ပယ်ခံရတဲ့ ဖြစ်စဉ်များ၊ အရပ်ဘက်အဖွဲ့အစည်းများရဲ့ စနစ်တကျ တုံ့ပြန်တွန်းအားပေးမှုများ က အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (ဟောင်း) နဲ့ တော်လှန်ရေး မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း (UHRC Bill) အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

စစ်မှန်သော ပြည်သူ့လူ့အခွင့်အရေးကို အပြည့်အဝ ကာကွယ်စောင့်ရှောက်နိုင်မယ့် ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် (UHRC) အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် CSO Working Group၊ EROs များ၊ ဖက်ဒရယ်ယူနစ်များ၊ NUCC ၊ CRPH တို့နဲ့ အရှိန် အဟုန်မြှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ဒါအပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ နိုင်ငံတကာစံနှုန်းများနဲ့ ကိုက်ညီတဲ့ လူ့အခွင့်အရေးယန္တရားများ ပေါ်ထွန်းလာစေရန် အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ က အသိပေးထုတ်ပြန်ထားပါတယ်။





Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

20/10/2026

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် အယ်လ်နီညိုဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ တွင် ကျန်းမာရေးဝန်ကြီးဌာန (CDM ဆရာဝန်) ဒေါက်တာရဲဇော် ၏ ဆွေးနွေးပြောကြားချက် (အပိုင်း ၁)

စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ပြည်သူတွေဆီ ဖုန်းဆက် ငွေညှစ်တောင်းခံမှုတွေရှိနေတယ်လို့ စလင်း ပကဖ သတိပေးအောက်တိုဘာ ၂၀၊ ...
20/10/2026

စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ပြည်သူတွေဆီ ဖုန်းဆက် ငွေညှစ်တောင်းခံမှုတွေရှိနေတယ်လို့ စလင်း ပကဖ သတိပေး

အောက်တိုဘာ ၂၀၊ ၂၀၂၆

မကွေးဒေသ၊ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေဆီ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နာမည်ကို အမျိုးမျိုးအသုံးပြုပြီး ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေညှစ်တောင်းခံမှုတွေ ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ငွေပေးအပ်တာမပြုမိကြစေဖို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒီနေ့ ထုတ်ပြန်ပါတယ်။

မြို့ပေါ်နေ ပြည်သူတွေဆီကနေ ငွေကျပ်သိန်းဆယ်ချီမှ သိန်းရာချီအထိ ခြိမ်းခြောက်ငွေညှစ်တောင်းခံမှုတွေ ဖြစ်ပွားနေတယ်လို့ အသိပေးပါတယ်။

အဲဒီ ငွေညှစ်တောင်းခံမှုတွေဟာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ ဆက်စပ်သူတွေက လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ စလင်း ပကဖ မှ ဆိုပါတယ်။

တော်လှန်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားဝင်သတင်းမီဒီယာတွေကနေတဆင့် ဆက်သွယ်မေးမြန်းပြီး ကူညီထောက်ပံ့နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။





Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

ချောင်းဦးမြို့နယ်အတွင်း NGO၊ CSOနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ခွင်ပြုချက်ယူပြီးမှ လုပ်ငန်းများ ဆောင်ရွက်ဖို့ ပအဖ ...
20/10/2026

ချောင်းဦးမြို့နယ်အတွင်း NGO၊ CSOနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ခွင်ပြုချက်ယူပြီးမှ လုပ်ငန်းများ ဆောင်ရွက်ဖို့ ပအဖ အသိပေး

အောက်တိုဘာ ၂၀ ၊ ၂၀၂၆

စစ်ကိုင်းဒေသ၊ ချောင်းဦးမြို့နယ်အတွင်း လူသားခြင်းစာနာထောက်ထားရေးနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်လိုတဲ့ NGO၊ CSOနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေအားလုံး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ခွင့်ပြုချက်ရယူပြီးမှသာ လုပ်ငန်တွေဆောင်ရွက်ကြဖို့ ချောင်းဦးပအဖ မှ ဒီနေ့ ထုတ်ပြန်ပါတယ်။

ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူလူထုနဲ့ NGO၊ CSO၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုရရှိရေးတို့အတွက် ဖော်ပြပါအသိပေးစာကို ထုတ်ပြန်လိုက်တာပါ။

အဲဒီထုတ်ပြန်စာကို လိုက်နာမှုမရှိဘဲ ချောင်းဦးမြို့နယ်အတွင်း လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ပါက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြို့နယ်အတွင်း လူသားခြင်းစာနာထောက်ထားရေးနဲ့ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်လိုတဲ့ NGO၊ CSO တွေနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေ အားလုံးကို ချောင်းဦးမြို့နယ် ပြည်သူလူထုရဲ့ ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ပါတယ်လို့လည်း ပြောထားပါတယ်။





Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

🔶 PVTV ဆောင်းပါးကဏ္ဍ 🔶◾ ဖွတ်တို့နယ်သို့ အဘခြေဆန့်ခြင်း ကဲ...ဒီနေ့တော့ ဖွတ်ညီလာခံအကြောင်း အတင်းတုတ်ကြတာပေါ့။ဖွတ်တွေအကြောင...
20/10/2026

🔶 PVTV ဆောင်းပါးကဏ္ဍ 🔶

◾ ဖွတ်တို့နယ်သို့ အဘခြေဆန့်ခြင်း

ကဲ...ဒီနေ့တော့ ဖွတ်ညီလာခံအကြောင်း အတင်းတုတ်ကြတာပေါ့။

ဖွတ်တွေအကြောင်း အတင်းမတုတ်ခင် ငါးရာ့ငါးဆယ်နိပါတ်တော်ထဲက မြေခွေးနဲ့ ဖျံနှစ်ကောင်အကြောင်းကို အရင်ဆုံး ပြောပြချင်ပါတယ်။ ဒီအကြောင်းအရာက အားလုံးသိထားနှင့်ပြီးဖြစ်တဲ့ဇာတ်လမ်းဆိုတာ သိပေမယ့် ဟောဒီက ကိုရင့်ရဲ့အတင်းအဖျင်းထဲမှာ ဒီဇာတ်လမ်းက အဓိကအခန်းကဏ္ဍက ပါဝင်နေလို့ စာပြန်နွှေးတဲ့ သဘော ပါ။ အတိုချုပ်ပြီးပဲ ပြောကြတာပေါ့။

ဟိုးရှေးသရောအခါက ဗာရာဏသီပြည်မယ် ဖျံနှစ်ကောင်ရှိသတဲ့။ သူတို့ဟာ မြစ်ထဲကနေ ငါးကြင်းတစ်ကောင်ကို အတူတူဖမ်းဆီး ရရှိကြပြီးနောက် ဝေစုခွဲတဲ့အခါ ခေါင်းပိုင်းနဲ့ အမြီးပိုင်း အဝေမတည့်ဖြစ်နေကြသတဲ့။ ဒီအခါမှာ ငါးကြင်းသားကို စားလိုလှတဲ့ အာသီသရှိနေတဲ့ မဟေသီမြေးခွေးမ မာယာဝီရဲ့ ပူဆာတောင့်တငြူစူခြင်းအမှုကိုခံရ ပြီး နားပူအာရုံနောက်လို့ အပြင်ထွက်လာတဲ့ မြေခွေးထီးကြီးက ဒီအခြေအနေနဲ့ ပက်ပင်းတိုးသတဲ့။

အဲဒီမြေခွေးနဲ့တွေ့တဲ့အခါ သမိုင်းအဆက်ဆက်၊ ခေတ်အဆက်ဆက် ရာဇဝင်နဲ့ချီလာခဲ့ပြီးဖြစ်တဲ့ ခေါင်းတုံးပေါ်ထိပ် ကွက်တတ်တဲ့ဖျံဆိုတဲ့ နာမည်ဂုဏ်သတင်းကို အိုးမည်းသုတ်ပြီး အရှက်ဟက်တက်ကွဲစေမယ့်အကွက်ကို ဒီဖျံနှစ် ကောင်က ခင်းကြပါလေတော့တယ်။ အဲဒါကတော့ သူတို့အနားရောက်လာတဲ့ မြေခွေးကြီးကို သူတို့ရဲ့အဝေမတည့် မှုမှာ ကြားဝင်ဖြေရှင်းပေးမယ့်ပညာရှိအရာထားပြီး ဝေစုခွဲပေးဖို့ အကူအညီတောင်းခံလိုက်ကြတာပါပဲ။

ငါ့ဇနီးပူဆာမနေသာဖြစ်နေတဲ့ မြေခွေးကြီးအတွက်ကတော့ ဆွမ်းခံရင်း ငှက်သင့်၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်၊ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲ၊ ကြက်ကန်း ဆန်အိုးတိုး၊ ရေငတ်တုန်း ရေတွင်းထဲကျ (စကားပုံတွေ ကျန်သေးရင် ထပ်ဖြည့်သွားကြ) ကိန်းဆိုက်တာပါပဲ။ ဒီတော့ ဖျံနှစ်ကောင်ရဲ့အကူအညီတောင်းခံမှုကို မြေခွေးထီးကြီးက ချေမိုး တွေဝေမနေအားဘဲ ချက်ချင်းဆိုသလို သဘောတူလက်ခံလိုက်ပြီး ငါးကြင်းဝေစုကို ဟော့ဒီလို ခွဲခြမ်းပေးလိုက်ပါ သတဲ့။

ကမ်းနားရေတိမ်မှာ ရှာဖွေတဲ့ဖျံက အမြီးပိုင်းကိုယူ။ ကမ်းဝေးရေနက်ပိုင်းမှာရှာဖွေတဲ့ဖျံက ခေါင်းပိုင်းကိုယူ၊ အလယ် ပိုင်းဗိုက်သားကိုတော့ ကြားဝင်ဖြေရှင်းကူညီပေးရတဲ့ တရားသူကြီးမင်းဖြစ်တဲ့ ငါယူမယ်လို့ ဆုံးဖြတ်ပေးရင်းကပဲ ဆူဖြိုးနေတဲ့ ငါးကြင်းဗိုက်သားကို ဆတ်ခနဲကိုက်ချီကာ သုတ်ခြေတင်ပြေးလေသတဲ့။ ဒီလိုသုတ်ပြေးချိန်မှာလည်း ပါးစပ်အငြိမ်မနေ “မလုပ်ရဲတာ ဘာမှမရှိဘူး”လို့တောင် ဟစ်ကြွေးသွားလိုက်သေးသတဲ့ မောင်ညီမလေးတို့ရေ။

အဲဒီငါးရာ့ငါးဆယ်နိပါတ်တော်လာ မြေခွေးနဲ့ ဖျံနှစ်ကောင်တို့ရဲ့ဇာတ်က ဒီမှာတင်အဆုံးမသတ်ဘဲ သံသရာတစ် လျှောက်မှာလည်း မတူကွဲပြားတဲ့ဘဝအထွေထွေနဲ့ ပြန်လည်ဆုံတွေ့ကြပြန်ပါသေးသတဲ့။ မြတ်စွာဘုရားရှင်လက် ထက်မှာဆိုရင် သိမ်မွေ့တဲ့ကမ္ဗလာသင်္ကန်းကို လူလည်ကျအရယူသွားတဲ့ ဥပနန္ဒမထေရ်နဲ့ ရုန့်ရင်းတဲ့ သင်္ကန်းနှစ် ထည်ကိုသာ ပိုင်ဆိုင်သွားကြတဲ့ ရဟန်းကြီးနှစ်ပါးအဖြစ် ပြန်လည်ဆုံတွေ့ကြပါတယ်။

ဒီလို သံသရာတစ်လျှောက် မတူကွဲပြားတဲ့ဘဝအထွေထွေနဲ့ ပြန်လည်ဆုံတွေ့ကြ ဝေစုခွဲကြ၊ ဝေစုလုကြတဲ့ မြေခွေး နဲ့ ဖျံတို့ရဲ့ဇာတ်ကြောင်းအသစ်တစ်ခုဟာဆိုရင်လည်း မကြာခင်က ပေါ်ထွက်လာပြန်ပါတယ်။ ဗာရာဏသီမဟုတ် တဲ့ မြန်မာပြည်မှာပေါ့။ ကိုရင်တို့ အရှေ့တည့်တည့် မျက်မှောက်ခေတ်ကြီးမှာကို တစ်ဖန်ပြန်ပေါ်လာတာပါ။

သမ္မတကြီးကတော် ဖြစ်လိုလှတဲ့အာသီသချင်ခြင်း ရှိလွန်းမကရှိလှပါတယ်ဆိုတဲ့ မြေးခွေးမကြီးက ပူဆာ တောင့်တ ငြူစူရာကနေ မြေခွေးထီးကြီးခင်းလိုက်တဲ့ ဇွတ်သမ္မတဇာတ်ပေါ့။ အဲဒီမြေခွေးကြီးရဲ့အမိန့်ကို နာခံပေးလိုက်ရတဲ့ ခေတ်သစ်ဖျံနှစ်ကောင်ကတော့ အခုဖွတ်ညီလာခံထဲ ရောက်ရှိနေကြပါပြီ။ တစ်ဦးက ၆၈၀၀ စား လက်မရွံ့ခင်ရီ ဆိုသူဖြစ်ပြီး တစ်ဦးက အာဆမ်နံနံလှမြင့်ဆိုသူဖြစ်ပါတယ်။

နောင်များ ဒီလိုမြေခွေးငလူလည်နဲ့တွေ့ ဝေစုခွဲ၊ ဝေစုလုဇာတ်လမ်းနဲ့ထပ်မကြုံရဖို့အရေး သူတို့နှစ်ဦးသား တီးတိုး တိုင်ပင်ခဲ့ကြရာကနေ အခုဖွတ်ညီလာခံကြီးခေါ်ယူကျင်းပခဲ့ရတဲ့အထိဖြစ်လာခဲ့တာပါပဲ။ ဒီညီလာခံမှာ အဓိကအား ဖြင့် မြေခွေးရန်က ကာကွယ်ဖို့ “ဖွတ်ထုသဘောထား” ထုတ်ပြန်ကြေညာနိုင်ရေးဖြစ်ပြီး သူတို့နှစ်ဦးတည်း တိုးတိုး တိတ်တိတ် ကြိတ်တိုင်ပင်ထားတဲ့ ကြွေးကြော်ချက်တွေက -

၁။ မြေခွေးအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။

၂။ ဖွတ်ပါတီ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွတ်ပါတီတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။

၃။ ဖွတ်တို့၏ ဆီးသီးဗန်းများမှောက်ပစ်ရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်မယ့် မြေခွေးများအား ဆန့်ကျင်ကြ။

၄။ ဖွတ်တွင်း၊ ဖွတ်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

ဆိုတဲ့ လှုံ့ဆော်ကြွေးကြော်ချက်တွေဖြစ်ပြီး ညီလာခံမှာ ချပြအတည်ပြုနိုင်ဖို့ဖြစ်ပါတယ်။ အဲဒီကြွေးကြော်ချက်တွေ အပြင် “ဖွတ်တာဝန်အရေးသုံးပါး”ဆိုတာကိုလည်း အတည်ပြုဖို့ စီစဉ်ထားပါသေးတယ်။ အဲဒီ “ဖွတ်တာဝန် အရေး သုံးပါး”ကတော့

၁။ ဖွတ်ပြည်ထောင်စု မပြိုကွဲရေး ... ဖွတ်အရေး။

၂။ ဖွတ်လောက စည်းလုံးညီညွတ်မှုမပြိုကွဲရေး ... ဖွတ်အရေး။

၃။ ဖွတ်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ... ဖွတ်အရေး။

ဆိုတဲ့အချက်သုံးချက်ဖြစ်ပါတယ်။

ညီလာခံနေ့ရောက်တယ်ဆိုရင်ပဲ ခန်းမထဲကို ဖွတ်ပါတီဝင်အသီးသီးက သူတို့နှစ်ဦးထင်မှတ်မထားရလောက်တဲ့ အထိ တက်ကြွတောက်ပြောင်စွာလာရောက်ကြတာကို တွေ့ရပါတယ်။ (တောက်ပြောင်တာကတော့ မဝတ်ဖြစ်တာ ကြာလို့ ဗီရိုထဲထည့်သိမ်းထားတဲ့ ပါတီယူနီဖောင်းတွေကို ဆိုလိုတာပါ။ ခေါက်ရိုးလေးတွေတောင် ကျိုးလို့။) ဒီညီ လာခံကို ပျော့ပျော့နဲ့ အလွန်နံတဲ့ ဘူးလက်တို့လို အပျော့လိုင်းဖွတ်တွေလာသလို မိကျောင်းမျက်ရည်လို အမာလိုင်း ဖွတ်တွေလည်း လာကြပါတယ်။ ဒီမြင်ကွင်းကိုကြည့်ရင်း သူတို့နှစ်ဦးဟာ အတော်လေးကို နှစ်ထောင်းအားရရှိနေ ကြပါတယ်။ နှစ်ထောင်းအားရ မရှိဘဲနေမလား။ တွင်းအောင်းနေတဲ့ ဖွတ်အို၊ ဖွတ်နာကြီးတွေကအစ ညီလာခံကို ထော့နင်း...ထော့နင်းနဲ့ အရောက်လာကြသကိုး။ ဖွတ်ကထကြီး ၆၈၀၀ စား လက်မရွံ့ခင်ရီဆို လမ်းလျှောက်တာ တောင် ကြမ်းပြင်နဲ့ ခြေဖဝါးမထိတော့တဲ့အနေအထားအထိပေါ့။

ဒီညီလာခံကနေ သူတို့လိုချင်တဲ့ အန္တိမပန်းတိုင်ဆီ ရောက်ရှိမှာ မလွဲဧကန်ပဲလို့လည်း တစ်ယောက်နဲ့ တစ်ယောက် မျက်စပစ်အချက်ပြရင်း လက်မရွံ့ခင်ရီနဲ့ အာဆမ်နံနံလှမြင့်တို့နှစ်ဦး ပီတိတွေဖြာဝေနေကြတာပေါ့။ ဒီလိုနဲ့ ဖွတ်တွေ စုံသလောက်ရှိလာသလို မင်္ဂလာအချိန်လည်းကျရောက်ပြီမို့ ညီလာခံစတင်ဖို့ ဖွတ်ကထကြီးလက်မရွံ့ခင်ရီက အခမ်းအနားမှူးကို အချက်ပြလိုက်ပါတယ်။ ဒီအခါ အခမ်းအနားမှူးကလည်း မိုက်ကို ပါးစပ်နားတေ့ပြီး အသံစမ်း ရင်း အခမ်းအနားစတင်ကြောင်းကြေညာဖို့ ဟန်ပြင်နေချိန်မှာပဲ ခန်းမအဝင်ပေါက်ကနေ ပုပျပ်...ပုပျပ်နဲ့ အပြေး တစ်ပိုင်း ခပ်သွက်သွက်ဝင်ရောက်လာသူတစ်ယောက်ကို သတိထားမိလိုက်ကြပါတယ်။

ကြမ်းပြင်ပေါ်ပုံကျနေတဲ့ တောင်ရှည်ပုဆိုးကို ဘယ်ဘက်လက်နဲ့ မနိုင်မနင်းသိုင်းမ၊ တစ်ခေတ်တစ်ခါက ရန်ကုန် ဘတ်စ်ကားစပယ်ယာတွေလို ညာဘက်လက်က လက်ညှိုးလေးတထောင်ထောင်နဲ့ “တစ်နေရာလောက်ပါ... တစ်နေရာလောက်ပါ”ဆိုပြီး ဆက်တိုက်ပြောကာ ပုပျပ်...ပုပျပ်နဲ့ဝင်လာပါတော့တယ်။ “Time မဂ္ဂဇင်းနဲ့ အင်တာ ဗျူးနေလို့ နည်းနည်းနောက်ကျသွားတာ...ဟီး...ဟီး”လို့လည်း ဆက်ပြောပါသေးတယ်။

ဒီမြင်ကွင်းကို မြင်လိုက်တော့ စောစောက ပီတိအပြုံးတွေနဲ့ ရွှင်လန်းတက်ကြွနေကြတဲ့ လက်မရွံ့ခင်ရီနဲ့ အာဆမ်နံနံ လှမြင့်တို့ဟာ “ခဲလေသမျှ သဲရေကျ”ပါပြီဆိုတဲ့ အပူမီးတွေနဲ့အတူ ဟန်မဆောင်နိုင်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ် နေကြပေမယ့် ပုပျပ်...ပုပျပ်နဲ့ဝင်လာသူကတော့ ငါးခူနဲ့ ငါးသလောက် ပေါင်းပြုံးထားတဲ့အပြုံးလေးတောင် ပြုံး ထားလို့ပါလေ။

ဒီအပြုံးလေးက သိပ်ကြောက်ဖို့ကောင်းပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့အပြုံးလေ။

ကိုရင်နွေဦး




ောင်းပါကဏ္ဍ

တပ်တည်ထောင်ခြင်း (၅) နှစ်ပြည့်ခဲ့တဲ့ PDF ၅၁၀ တပ်ရင်းက ဘတ်တံဆိပ်ပုံစံ အသစ်ပြောင်းလဲအောက်တိုဘာ ၂၀၊ ၂၀၂၆အောက်တိုဘာ ၁၉ ရက်မှ...
20/10/2026

တပ်တည်ထောင်ခြင်း (၅) နှစ်ပြည့်ခဲ့တဲ့ PDF ၅၁၀ တပ်ရင်းက ဘတ်တံဆိပ်ပုံစံ အသစ်ပြောင်းလဲ

အောက်တိုဘာ ၂၀၊ ၂၀၂၆

အောက်တိုဘာ ၁၉ ရက်မှာ တပ်ဖွဲ့တည်ထောင်ခြင်း (၅) နှစ်ပြည့်ခဲ့တဲ့ PDF ၅၁၀ တပ်ရင်းက လက်မောင်း ဘတ်တံဆိပ်ပုံစံ အသစ်ပြောင်းလဲ တပ်ဆင်သွားမယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

PDF ၅၁၀ တပ်ရင်းရဲ့ ဘယ်ဘက်လက်မောင်းမှာ အသုံးပြုနေတဲ့ ဘတ်တံဆိပ်ပုံစံ အဟောင်းကို အောက်တိုဘာ ၁၉ ရက်မှ စတင်ကာ ဘတ်တံဆိပ်ပုံစံအသစ်နဲ့ ပြောင်းလဲ အသုံးပြုသွားမယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။

တပ်ရင်းအနေနဲ့ ရှမ်းမြောက်မှ အညာဒေသအထိ ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်လာခဲ့တာ အောက်တိုဘာ ၁၉ ရက်မှာ (၅) နှစ် တိုင်ခဲ့ပြီလို့ ဆိုပါတယ်။

အခု PDF ၅၁၀ တပ်ရင်း (၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို PDF ၅၀၉ တပ်ရင်းနဲ့ ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့တို့က သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။





Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

20/10/2026

ရွာငံမြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးကာ လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရရှိ

အောက်တိုဘာ ၂၀၊ ၂၀၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်နဲ့ မန္တလေးဒေသ၊ သာစည်မြို့နယ်အစပ်မှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူစစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဓနုအမျိုးသား ကာကွယ်ရေးတပ်တော်မှ မနေ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၆ ရက်၊ မနက် ၆ နာရီအချိန်မှာ အင်အား ၅၀ ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ ၁ နာရီကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး၊ ၁၅ ဦးကျော် ဒဏ်ရာရရှိကာ တပ်ပျက်ပြီး ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲအတွင်းကနေ MA.1 တစ်လက်၊ MA.3 တစ်လက်၊ ၆၀ မမ ဗုံးသီး 4လုံး၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆံတွေနဲ့ အခြားစစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကြောင်းကို လမ်းပြတာ၊ သတင်းပေးတာနဲ့ သူတို့နဲ့ ပူးတွဲနေထိုင်တာတွေ မပြုလုပ်ဖို့လည်း အသိပေးတိုက်တွန်းထားပါတယ်။





Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည် ၂ ဦးကို မတရားဖမ်းဆီး နှိပ်စက်ပြီး သတ်ဖြတ်အောက်တိုဘာ ၂၀ ၊ ၂၀၂၆ စစ်ကိုင်း...
20/10/2026

အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည် ၂ ဦးကို မတရားဖမ်းဆီး နှိပ်စက်ပြီး သတ်ဖြတ်
အောက်တိုဘာ ၂၀ ၊ ၂၀၂၆

စစ်ကိုင်းဒေသ ၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ညောင်ကုန်းရွာဘက်မှ ဆိုင်ကယ် (၁) စီးဖြင့် ထွက်ခွာလာတဲ့ အရပ်သားပြည် ၂ ဦးကို အကြမ်းဖက်စစ်တပ် က မတရားဖမ်းဆီး နှိပ်စက်ပြီးနောက် သတ်ဖြတ်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) က အသိပေးထုတ်ပြန် ပါတယ်။

အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁၁ နာရီ ၂၀ မိနစ်ခန့်မှာ ညောင်ကုန်းရွာဘက်မှ ဆိုင်ကယ် (၁) စီးဖြင့် ထွက်ခွာလာတဲ့ အရပ်သားပြည်သူ ၂ ဦး က ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ မဟာမိတ်တပ်ဖွဲ့များ စိုးမိုးထားတဲ့ နယ်မြေကို ကျော်လွန်ပြီး အကြမ်းဖက်စစ်တပ် နေရာယူထားတဲ့ မအူကုန်းရွာအနီး မှားယွင်းရောက်ရှိသွားခဲ့ပါတယ်။

အဲဒီအရပ်သားပြည်သူ ၂ ဦး ကို အကြမ်းဖက်စစ်သားတွေက ဖမ်းဆီးပြီးနောက် အသက် ၂၃ နှစ်အရွယ်ခန့်ရှိ လူငယ်အား လက်နောက်ပြန် ကြိုးတုပ် ၊ မြေပြင်မှာ မှောက်ခိုင်းပြီး သေနတ်ဒင်နဲ့ အချက်ပေါင်းများစွာ ရိုက်နှက်ပြီး သေနတ်ဖြင့် အနီးကပ် ပစ်သတ်ကာ လမ်းဘေးမှာ စွန့်ပစ်ထားခဲ့ ပါတယ်။

ဒါအကြင် အသက် ၅၀ ကျော်အရွယ်ခန့်ရှိ အခြားအမျိုးသားတစ်ဦးကိုလည်း အကြမ်းဖက်စစ်သား တွေက လက်နောက်ပြန်ကြိုးတုပ်လျက် ရိုက်နှက်နှိပ်စက်ကာ လယ်ပြင်ရွာဘက် မတရားဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ PDF စစ်ရုံးချုပ် က ထုတ်ပြန်ပါတယ်။

ခရီးသွားလာကြတဲ့ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ ယခုကဲ့သို့ လူမဆန်သော စစ်ရာဇဝတ်မှုတွေနဲ့ မကြုံတွေ့ရစေရေးအတွက် လမ်းခရီးအခြေအနေများကို ကြိုတင်စုံစမ်းခြင်း နဲ့ အတူ သက်ဆိုင်ရာနယ်မြေအလိုက် ထုတ်ပြန်ထားတဲ့ လုံခြုံရေးသတိပေးချက်များကို အထူးဂရုပြု လိုက်နာကြရန်အတွက် PDF စစ်ရုံးချုပ် က အလေးအနက် တိုက်တွန်းထားပါတယ်။

အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာနဲ့ ကိုယ်ကျိုးစီးပွားအတွက် ပေါ်တာဆွဲစုဆောင်းခံ လူငယ်များကို ရှေ့တန်းတင်ကာ မိမိတို့နယ်မြေများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေ သော်လည်း ရန်သူ့တပ်ဖွဲ့ဝင် အများအပြား အကျအဆုံးနေတယ်လို့ PDF စစ်ရုံးချုပ် က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်ရေးမှာ အထိနာတိုင်း တိုက်ပွဲနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဖိနှိပ်သတ်ဖြတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန် နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီး ညှဉ်းပန်းသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အရပ်သား ပြည်သူများ အတွက် များစွာစိတ်မကောင်း ဝမ်းနည်းကြေကွဲရပြီး နိုင်ငံတစ်ဝန်းမှာ အလားတူ နည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရတဲ့ ပြည်သူများအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ မဟာမိတ်တပ်ဖွဲ့တွေက တရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိတယ် လို့ PDF စစ်ရုံးချုပ် က အသိပေးထုတ်ပြန်ထားပါတယ်။





Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

အထူးတိုင်းစစ်ဌာန ရဲ့ စစ်သုံ့ပန်း (၁၆) ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအဖြစ် ခံယူအောက်တိုဘာ ၂၀ ၊၂၀၂၆အထူးတိုင်းစစ်ဌာနရဲ့ စစ်...
20/10/2026

အထူးတိုင်းစစ်ဌာန ရဲ့ စစ်သုံ့ပန်း (၁၆) ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအဖြစ် ခံယူ
အောက်တိုဘာ ၂၀ ၊၂၀၂၆

အထူးတိုင်းစစ်ဌာနရဲ့ စစ်သုံ့ပန်း (၁၆) ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအဖြစ် ခံယူတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ သစ္စာရှိစွာ တာဝန်ထမ်းဆောင်သူ ၁၆ ဦးကို “စစ်သုံ့ပန်းစာရင်းမှ ပယ်ဖျက်ပြီး ၎င်းတို့ရဲ့ ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအဖြစ် ခံယူခွင့်ပြုလိုက်သည်”လို့ ဝန်ကြီးဌာန က အသိပေးထုတ်ပြန်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နဲ့အညီ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း (၁၆)ဦးဟာ ပေးအပ်တဲ့ တာဝန်တွေကို သစ္စာရှိစွာ ထမ်းဆောင်တာ၊ တာဝန်ကျေပွန်တာ၊ တော်လှန်ရေးတိုက်ပွဲတွေမှာ ပါဝင်တာ၊ စစ်ရာဇဝတ်မှု ကင်းရှင်းတာတွေကြောင့် အခုလို စစ်သုံ့ပန်း စာရင်းကနေ ပယ်ဖျက်လိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအဖြစ် ခံယူခွင့် ပြုလိုက်တာပါ။

အဆိုပါ ၁၆ ဦးဟာ အထူးတိုင်းစစ်ဌာန၊ သုံ့ပန်းစခန်းက သစ္စာရှိစွာ တာဝန်ထမ်းဆောင်သူတွေ ဖြစ်တယ် ဆိုတာနဲ့ ၎င်းတို့ဟာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး သူတို့ဆန္ဒအလျောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေအဖြစ် ခံယူလိုကြောင်း အဆိုပြုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလည်း စစ်သုံ့ပန်းတွေကို စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ အညီ စနစ်တကျ ထိန်းသိမ်းထားရှိတယ် လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။





Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Public Voice Television posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Public Voice Television:

Shortcuts

Share

Category