14/08/2026
ပြည်သူ့ကာကွယ်ရေးတပ်မတော် SOG တပ်ရင်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနား ကျင်းပ
သြဂုတ် ၁၄ ၊ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ(၃၇)၊ - Special Operation Group - SOG တပ်ရင်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားကို မနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Special Operation Group - SOG တပ်ရင်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၁၃ ရက်က တပ်ရင်းအထိုင်ချရာ စခန်းမှာ အစီအစဥ် (၄) ရပ်နဲ့ ပြုလုပ်ခဲ့တာပါ။
အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း နဲ့ သစ္စာအဓိဌာန်ရွတ်ဆိုကာ ဒု-တပ်ရင်းမှူးမှ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် SOG တပ်ရင်းရှိ Column တာဝန်ခံအသီးသီးမှ တပ်တည်ထောင်ခြင်း(၃)ပြည့် နှစ်ပတ်လည်အတွက် အမှတ်တရစကား ပြောကြားတာ နဲ့ SOG တပ်ရင်းရှိ ရဲဘော်များမှ နှစ်ပတ်လည်အတွက် အမှတ်တရ စကားများ ပြောကြားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
Special Operation Group - SOG တပ်ရင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ရက်မှာ တရားဝင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်ပြည်နယ် တပ်မဟာ(၆)၊ ကော့ကရိတ် တောင်ပိုင်း စခန်းသိမ်းတိုက်ပွဲများ နဲ့ စစ်ဆင်ရေးများစွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။
Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။