Federal Defence Force Comrades - FDFC

Federal Defence Force Comrades - FDFC "Building a Federal Democratic Union is Our Political Goal." "ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ဆောက်ရေးသည်ကျွန်ုပ်တို့၏နိုင်ငံရေးရည်မှန်းချက် ဖြစ်သည်။"

သတင်းထုတ်ပြန်ချက်◼ အကြမ်းဖက်စစ်တပ်က ကလေးငယ်များစာသင်ကြားနေသည့် ဘုန်းကြီးကျောင်းကို ဟောင်ဝစ်ဇာ (Howitzer)ဖြင့် ပစ်ခတ်ခဲ့◼...
28/09/2023

သတင်းထုတ်ပြန်ချက်

◼ အကြမ်းဖက်စစ်တပ်က ကလေးငယ်များစာသင်ကြားနေသည့် ဘုန်းကြီးကျောင်းကို ဟောင်ဝစ်ဇာ (Howitzer)ဖြင့် ပစ်ခတ်ခဲ့

◼ ကလေးငယ် (၁၈) ဦး ဒဏ်ရာရ၊ (၆) ဦးပြင်းထန်ဒဏ်ရာရရှိခဲ့

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ၀န်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို ၀န်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ (ခမရ-၁၂၀)မှ ဟောင်ဝစ်ဇာ (Howitzer)လက်နက်ကြီးဖြင့်ပစ်ခတ်၍ လက်နက်ကြီးကျည် (၃) လုံး ကျရောက် ပေါက်ကွဲခဲ့သည်။‪ ‬‬
လက်နက်ကြီးကျည် ကျရောက်ချိန်သည် ဂျိုးထောင်ကျေးရွာမှ ကလေးငယ်များ ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ယူနေချိန်ဖြစ်သည်။
ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းတော်ကြီးကျောင်းကို အရပ်ဘက် စစ်ဘက် ခွဲခြားမှုမရှိ ကျိုးကြောင်းမဲ့ ယခုကဲ့သို့ ပစ်ခတ်မှုကြောင့် ပညာသင် ယူနေသော ကလေးငယ် (၁၈) ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ ထဲမှ (၆) ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ဤဖြစ်ရပ်သည် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စု စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည့် ဖြစ်ရပ်တခုပင်ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
National Unity Government of Myanmar
Telegram Link - https://t.me/nugmyanmar

ရုံးပင်အနီး တိုက်ပွဲများအတွင်း စကစတပ်သား (၉)ဦးသေဆုံး၊ စစ်ကြောင်းမှူးပါဝင်(၁၁)ဦး ဒဏ်ရာရ။စက်တင်ဘာ၊ ၂၇၊ ၂၀၂၃စက်တင်ဘာလ ၂၁ရ...
27/09/2023

ရုံးပင်အနီး တိုက်ပွဲများအတွင်း စကစတပ်သား (၉)ဦးသေဆုံး၊ စစ်ကြောင်းမှူးပါဝင်(၁၁)ဦး ဒဏ်ရာရ။

စက်တင်ဘာ၊ ၂၇၊ ၂၀၂၃

စက်တင်ဘာလ ၂၁ရက်နေ့ ကချင်ပြည်နယ်၊ ရွှေကူမြို့ ဆိပ်ကမ်းမှ စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘော (၆)စီး ဗန်မော်သို့ဆန်တက်စဥ် လုံခြုံရေးယူရန် သင်္ဘောအင်း​​ကျေးရွာတွင်တပ်စွဲနေသော တပ်မ (၈၈)လက်အောက်ခံ ခလရ (121)နှင့်ခလရ (၁၀+၇၇)တို့မှ ကျွန်းတော်ရွာဘက်သို့ စက်လှေချော လှမ်းခေါ်ထားသည်ကိုကြိုတင်သတင်းရရှိခဲ့ပြီး၊ အဆိုပါ စစ်ကောင်စီအဖွဲ့ ​ချောစက်လှေ ၂ စီးဖြင့် ခလရ (၁၀+၇၇) အဖွဲ့ကအင်အား(၄၆)ဆင်တပ်​ကျေးရွာဘက်သို့စက်လှေ တစ်စီးဆင်းလာပြီး ခလရ (121) အဖွဲ့အင်အား (၆၇) ယောက်အဖွဲ့က သင်္ဘောအင်းရွာမှ နောင်မိုဘက်သို့ ဆန်တက်လာစဥ် မြို့လှK-PDF အဖွဲ့မှ 5:15am အချိန်တွက် အသင့်စောင့်ကြိုတိုက်ခိုက်ရာမှစတင်တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း သတင်းရရှိပါသည်။

အသင့်စောင့်ကြိုတိုက်ခိုက်ရာတွင် စက်လှေအတွင်းသို့ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့သည့်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ချောစက်လှေတစ်စင်းသည် ကျောက်ကြိုးဘုရာအနီး​ဧရာဝတီမြစ်တစ်ကမ်းသို့ ကသောင်းကနင်းမောင်းကပ်သွားရာ ကမ်းအရောက်တွင် နစ်မြုပ်သွားခဲ့ပြီး ထိခိုက်သေဆုံးသူများနှင့်လက်နက်များကို ရေငုတ်သူတွေကငုပ်ပြီးဒဏ်ရာရသူများအားဆွဲတင်နေကြသည်ကို မြင်တွေ့နေရပြီး 7:20am တွင် ဒုတိယအကြိမ်အပြန် အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ခလရ (121) အဖွဲ့မှစစ်ကြောင်းမှူးဒဏ်ရာသွားခဲ့ပြီး (၉)ဦးသေဆုံး (၁၁)ဦးဒဏ်ရာရသွား‌ကြောင်း သတင်းအတည်ပြုနိုင်ခဲ့ကြောင်း သိရပါသည်။

ရန်သူသေဆုံးထိခိုက်မှုများပြားကြောင်း သတင်းအခိုင်အမာရရှိပြီး‌နောက် တော်လှန်ရေးတပ်အဖွဲ့တို့သည် ရန်သူအား အနားမပေးတော့ပဲ တတိယအကြိမ် 8:40 am မှာထပ်မံတိုက်ခိုက်ခဲ့ပြီး စကစ စစ်ကြောင်းသည် တော်လှန်ရေးစစ်သည်တို့၏ အပြင်းအထံတိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ ကျောက်ကြိုးဘုန်းကြီး ကျောင်းဘက်သို့ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားကြပြီး ဒဏ်ရာရသူများကိုကျောက်ကြိုးဘုန်းကြီး ကျောင်းသို့ဆွဲယူသွားကာကုသမှု့များပြုလုပ်နေကြောင်း
တော်လှန်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါသည်။

ဒရိုယန်စကစတပ်စခန်းကို KIA နှင့် KPDF တိုက်ခိုက်သိမ်းပိုက်၊ စခ ၁၁ ယောက်သေ၊ ၂ဦးအရှင်မိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ။စက်...
21/09/2023

ဒရိုယန်စကစတပ်စခန်းကို KIA နှင့် KPDF တိုက်ခိုက်သိမ်းပိုက်၊ စခ ၁၁ ယောက်သေ၊ ၂ဦးအရှင်မိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ။

စက်တင်ဘာ၊ ၂၁၊ ၂၀၂၃။

ကချင်ပြည်နယ် မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းမ‌ပေါ်ရှိ ဒရိုယန်၊ ဒရိုချောင်းတံတားတွင် တပ်စွဲထားသော စကစ တပ်စခန်းကို KIA အမှတ် (၁) တပ်မဟာလက်အောက်
ရင်း (၁၀), (၂၂) နှင့် KPDF (ခါကာဘိုရာဇီ)ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ အကြမ်းဖက်တပ် ခလရ (၅၈) လက်အောက်ခံ
စခများ တပ်စွဲ‌နေသော ဒရိုချောင်းတပ်စခန်းကို ရှောင်တခင် စီးနင်းတိုက်ခိုက်ခဲ့ရာ အချိန် (၅)နာရီကျော်ကြာ အပြင်းအထန်တိုက်ခိုက်ပြီးနောက် မွန်းလွှဲ ၁၂:၃၇မိနစ်အချိန်တွင် စခန်းကို သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စကစတပ်များ အထိအခိုက်များစွာဖြင့်ထွက်ပြေးဆုတ်ခွားသွားကြပြီး၊ ရန်သူ့စခန်းအားရှင်းလင်းရာ -

၁၊ 60mm ပြောင်းရှည် - ၂လက်
၂၊ 60mm ကွန်မန်ဒိုစိန်ပြောင်း - ၁လက်
၃၊ ငါးကြင်းမှီး စက်သေနတ် - ၁လက်
၄၊ လက်နက်ငယ် (MA Series မျိုးစုံ) - ၈လက်
၅၊ ရန်သူ (၂)ဦးအရှင်မိ၊ (၁၁)ဦးအလောင်ရ
၆၊ 60mm ဗုံးသီး၊ RPG၊ မိုင်း၊ လက်နက်ငယ်ကျည် နှင့် အခြား ခဲယမ်းများစွားသိမ်းပိုက်ရရှိခဲ့က သရီးကရောင်း ကား ၃စီးဖြင့် သယ်ယူခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း မိမိတို့ဖက်မှ စစ်ကြောင်းမှူးကျဆုံးခဲ့ကာ (၄)ဦးဒဏ်ရာ ရရှိခဲ့ ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

Foto : သိမ်းပိုက်ရရှိ လက်နက်ခဲယမ်းများ။

ရဲစခန်း၊ ထွေ/အုပ်ရုံးများကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်၊ (၅)ဦးသေဆုံး၊ (၁၆)ဦးဒဏ်ရာရ။စက်တင်ဘာ၊ ၃၊ ၂၀၂၃ကရင်ပြည်နယ်၊ မြ၀တီ...
03/09/2023

ရဲစခန်း၊ ထွေ/အုပ်ရုံးများကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်၊ (၅)ဦးသေဆုံး၊ (၁၆)ဦးဒဏ်ရာရ။

စက်တင်ဘာ၊ ၃၊ ၂၀၂၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ မြ၀တီမြို့နယ်နှင့် ခရိုင် ရဲစခန်း၊ ထွေ/အုပ် ရုံးမျာကို ယနေ့ညပိုင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စကစတပ်သား(၅)ယောက်သေဆုံးကာ (၁၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ယနေ့ ည ၇ နာရီအချိန်မှစတင်၍ ဒရုန်းဖြင့် မြ၀တီမြို့ လယ်ခေါင် ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံး၊ ခရိုင်ရဲတပ်ဖွဲ့ရုံး တို့ကို ဗုံးများကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းဒုရဲမှူး နေလင်းစိုး၊ ထွေ/အုပ်ဦးစီးမှူး ထွန်းထွန်းငြိမ်း အပါအဝင် ၅ ဦးသေ ဆုံးကာ စကစတပ်သားနှင့် ရဲများအပါအဝင် ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စကစနှင့် BGF တပ်တို့မှ လမ်းများကို တားဆီးပိတ်ဆို့ကာ လူနာ တင်ကားများ၊ စစ်ကားများဖြင့် ရုတ်ရုတ် သဲသဲဖြစ်နေကြောင်း သိရှိ ရသည်။

ကျောက်ကြီးရဲစခန်းကို KIA + KPDF တိုက်ခိုက်သိမ်းပိုက် စကစတပ်သား ၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းသိမ်း ဆည်းရရှိ။စက်တင်ဘာ၊ ၂၊ ၂၀၂၃က...
02/09/2023

ကျောက်ကြီးရဲစခန်းကို KIA + KPDF တိုက်ခိုက်သိမ်းပိုက် စကစတပ်သား ၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းသိမ်း ဆည်းရရှိ။

စက်တင်ဘာ၊ ၂၊ ၂၀၂၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာ၌ အထိုင်ချထားသော စကစတပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး MA ၁ လက်အပါအဝင် ခဲယမ်းအများ သိမ်းဆည်းရမိခဲ့‌ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်မှစတင်ပြီး ကျောက်ကြီးရွာတွင် အထိုင် ချထားသော တပ်မ ၈၈ လက်အောက်ခံတပ် ခလရ ၇၇ အထိုင်တပ်နှင့် ရဲစခန်းကို ကေအိုင်အေ ရင်း (၁၂) နှင့် မြို့လှ K-PDF တပ် ရင်းတို့က အလစ်အငိုက်ဝင်‌ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ MA. 1 တစ်လက်နှင့်အတူ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရ သည်။

တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး စကစတပ်သားများက စခန်းကိုစွန့်ခွာကာ ရဲစခန်းအတွင်းသို့ ထွက်ပြေးသွားကြကြောင်း၊ ရဲစခန်းထဲပိတ်မိနေသော အကြမ်းဖက်တပ် သားများကို ဆက်လက်ရှင်းလင်းရန် လုပ်ဆောင်နေချိန် မြစ်ကြီးနားလေတပ်မှ SU 30 Jet Figther စစ်ကူလာနေကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ သည် ရန်သူ့စခန်းတွင်းမှ ရရှိလက်နက်ခဲယမ်းများကို သိမ်းဆည်းယူဆောင်ကာ ပြန်လည်ဆုတ်ခွာသွားပြီးနောက် နံနက် ၇:၁၅မိနစ်အချိန် ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ၈:၀၃၊ ၈:၀၈မိနစ်အချိန် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့် (၂)ကြိမ် ‌ဗုံးကျဲပစ်ခတ်တိုက်ခိုက်သွားသော်လည်း တော်လှန်ရေးတပ်ဖွဲများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ : သိမ်းဆည်းရရှိ လက်နက်ခဲယမ်းများ။

နန့်ယား - မအူပင်ကြားတိုက်ပွဲအတွင်း စကစတပ်သား ၉ ယောက်သေ၊ ၁၃ယောက်ဒဏ်ရာရ။သြဂုတ်၊ ၂၃၊  ၂၀၂၃။ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန်...
23/08/2023

နန့်ယား - မအူပင်ကြားတိုက်ပွဲအတွင်း စကစတပ်သား
၉ ယောက်သေ၊ ၁၃ယောက်ဒဏ်ရာရ။

သြဂုတ်၊ ၂၃၊ ၂၀၂၃။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေး ရွာ နှင့် မအူပင်ကျေးရွာကြားတွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် KIA တပ်ဖွဲ့တို့က သြဂုတ် လ ၂၂ ရက်နေ့ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စကစ စစ်ကြောင်း အထိနာခဲ့ကြောင်း သတင်းရရှိသည်။

အချိန် နှစ်နာရီကြာဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၉)ယောက်သေ၊ (၁၃)ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး KIA စစ်သည်တစ်ဦး နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ကြောင်း သိရသည်။

တစ်စတစ်စအရှိန်မြင့်လာသော တော်လှန်ရေးတိုက်ပွဲများအတွင်း ပြည်သူလူထုအန္တရယ်ကင်းရှင်းရေး၊ အရပ်သားအသွင်ဆောင်ကာ စစ်အင်အားတိုးမြင့်နေသော စကစတပ်၏ ထောက်ပို့လမ်းကြောင်းဖြတ်သောက်နိုင်ရန်ကချင်လွှတ်‌မြောက်ရေးတပ်မတော် KIA မှ ဖားကန့်လမ်းများအားလုံးကို သြဂုတ်လ ၂၂ ရက်နေ့မှစတင်ပြီး ယာယီပိတ် ထားလိုက်ကြောင်း သိရသည်။

ထီးချိုင့်နယ်တိုက်ပွဲအတွင်း စကစ စစ်​ကြောင်းမှူး​သေဆုံး၊ တပ်ခွဲမှူး တစ်ဦးအရှင်အဖမ်းမိ။ဩဂုတ်၊ ၂၃၊ ၂၀၂၃ထီးချိုင့်မြို့နယ်က...
23/08/2023

ထီးချိုင့်နယ်တိုက်ပွဲအတွင်း စကစ စစ်​ကြောင်းမှူး​သေဆုံး၊ တပ်ခွဲမှူး တစ်ဦးအရှင်အဖမ်းမိ။

ဩဂုတ်၊ ၂၃၊ ၂၀၂၃

ထီးချိုင့်မြို့နယ်ကွင်းကြီးရွာအနီး ရောက်ရှိလာသည့် အင်
အား ၆၀ ခန့်ရှိ​သောစစ်တပ်ကြောင်းကို ဩဂုတ်လ ၂၀
ရက် နှင့် ဩဂုတ်လ ၂၁ ရက်တွင်KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအထိနာခဲ့ကာ စစ်ကြောင်းမှူးတစ်ဦးသေဆုံးပြီး၊ တပ်ခွဲမှူးတစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သတင်းရရှိပါသည်။

ဩဂုတ်လ၂၁ရက်ကတိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟု သိရသည်။ထိုစစ်ကြောင်းသည် ကွင်းကြီးရွာနှင့် တဆက်တည်းဖြစ်သော ကျောက်မှော်ရွာသို့ ရောက်ရှိလာပြီး ဒေသခံ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုစစ်ကြောင်းသည် ဩဂုတ်လ ၁၀ရက်ခန့်မှစတင်ကာ ထီးချိုင့်မြို့နယ်အတွင်း အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်သည်။ ယခုအခါ စစ်​ကြောင်းတွင် ၃၀ဦးခန့်သာ ကျန်တော့ပြီး ၁၅ ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိထားသည်ဟု​ ရှေ့တန်းသတင်းရင်းမြစ်က​ပြောသည်။

Photo : ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့။

သတင်းထုတ်ပြန်ချက် PDF တပ်ရင်းများထံသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိ။၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့...
23/08/2023

သတင်းထုတ်ပြန်ချက်
PDF တပ်ရင်းများထံသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ဝေသုံးစွဲလျက်ရှိ။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ကျက် ပို့ဆောင်ထားပါသည်။

ပို့ဆောင်ထားသည့် Droneများသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ Drone လက်ရုံးတပ်သားများနှင့်ရန်သူ့တပ်ကို စိတ်ဓာတ်ရေးရာအရ ချိန်းခြောက် တိုက်ပွဲဝင်နေသည့် PDF Drone များကို ပြည်သူလူထုကြီးသိရှိစေရန် တင်ပြအပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

ကပစ ၂၃ စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်၊ စကစတပ်သား ၃ ဦးသေ၊ သေနတ် ၂ လက် သိမ်းပိုက်ရရှိ။ဩဂုတ်၊ ၂၂၊ ၂၀၂၃မကွေးတိုင်း၊ ဂန့...
22/08/2023

ကပစ ၂၃ စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်၊ စကစတပ်သား ၃ ဦးသေ၊ သေနတ် ၂ လက် သိမ်းပိုက်ရရှိ။

ဩဂုတ်၊ ၂၂၊ ၂၀၂၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ အကြမ်းဖက်စစ်တပ်၏ ကပစ ၂၃ စခန်းကုန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ ဩဂုတ်လ ၂၁ ရက် ည ၉ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ် အရှေ့ပိုင်း ကျောမြို့အခြေစိုက် ကပစ ၂၃ ၏ စစ်ရေးဗျူဟာအရ အချက်အချာကျသော ရန်သူ့စိုးမိုးကုန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးမျက်သေဆုံးကာ MA-3 ၂ လက်၊ ကျည် ဘောက် ၁၃ ခု ၊ ကျည် ၃၄၃ တောင့်၊ အီကွေးမန့် ၄ ခု၊ ကျောပိုးအိတ် ၁ လုံး၊ ဖုန်း ၄ လုံးနှင့် Power Bank ၂ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယောကာကွယ်ရေးတပ် (YDF) ယောနက စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo : သိမ်းပိုက်ရရှိ လက်နက်ခဲယမ်းများ။

(၁၂)ရက်တာတိုက်ပွဲအတွင်း ခလရ (၃) မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် စကစ ၇၁ ဦးကိုသုတ်သင်နိုင်ခဲ့။ဩဂုတ်၊ ၁၉၊ ၂၀၂၃ကရင်နီပ...
20/08/2023

(၁၂)ရက်တာတိုက်ပွဲအတွင်း ခလရ (၃) မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် စကစ ၇၁ ဦးကိုသုတ်သင်နိုင်ခဲ့။

ဩဂုတ်၊ ၁၉၊ ၂၀၂၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအနီး စစ်ကြောင်းထိုးလာသည့် စကစရဲ့ တပ်မ (၅၅) လက်အောက်ခံ ခမရ ၁၁၂၊ ခလရ ၃ တပ်တွေနဲ့ ကရင်နီပြည်တော်လှန်ရေးပူးပေါင်းတပ်တို့ ဩဂုတ် ၂ ရက်မှ ၁၄ ရက်အထိ (၁၂)ရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စကစ တပ်သား ၇၁ ဦး အားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ အမြောက်အမြားသိမ်းဆည်းရရှိခဲ့‌ ကြောင်း သတင်းရရှိပါသည်။

ငွေတောင်ရွာသစ်နဲ့ ထီးသော်ကူးကျေးရွာအနီးဝန်းကျင်တို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့
ခလရ ၃ မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၂၆ ဦး၊
ခမရ ၁၁၂ မှ အခြားအဆင့် ၄၅ ဦး တို့ကိုသုတ်သင်ရှင်း လင်းနိုင်ခဲ့ပြီး၊ လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက် ကြီး ၁ လက် အပါအဝင် ဆက်စပ် ခဲယမ်းပစ္စည်းများ သိမ်းပိုက် ရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရပါသည်။

Photo : သိမ်းပိုက်ရရှိ လက်နက်ခဲယမ်းများ။

17/08/2023

စကစ စစ်သင်္ဘောအုပ်စု မြစ်ကြောင်းတစ်လျှောက်ပစ်ခတ်တိုက်ခိုက်ခံရ၊ အရာရှိအဆင့်အပါအဝင် ၁၀ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ။

သြဂုတ်၊ ၁၇၊ ၂၀၂၃။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်
ဆင်ခန်းကျေးရွာအောက် ဧရာဝတီမြစ်နဘေး၌ ယမန်နေ့ညနေပိုင်းတွင် သင်္ဘော ၉ စီးကမ်း ကပ်ရပ်နားကာ ပျက်စီးသွားသော သင်္ဘော ၂ စီးကို ပြင်ဆင်ခြင်း၊ ဆေးကုသခြင်း နှင့် အလောင်းမီးရှို့ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်သင်္ဘော ၉ စီးသည် လွန်ခဲ့သော ဇူ လိုင်လ ၂၆ ရက်နေ့၌ မန္တလေး ဂေါဝိန်ဆိပ်မှ ဗန်းမော်သို့ စစ်အင်အားဖြည့်တင်းရန် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ဆန်တက်လာခဲ့ခြင်းဖြစ်ကာ ဧရာဝတီ ဒုတိယမြစ် ကျဉ်းသို့ရောက်ရှိစဉ် KIA နှင့် PDF တို့ ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် သင်္ဘော (၂) စီး ပျက်စီးခဲ့ပြီး သင်္ဘော‌ပေါ်ပါ စကစ အရာရှိအဆင့်အပါအဝင် ၁၀ ယောက်သေဆုံး ၂၀ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

၎င်းစကစ ရေယဉ်အုပ်စုသည် ဆင်ခန်းကျေးရွာတွင်ကမ်းကပ်ကာ ဒဏ်ရာရ တပ်သားတွေကို ဆေးကု ပေးခြင်း။ သေဆုံးအလောင်းများကို မီးရှို့ခြင်း၊ ပျက်စီးသွားသောရေယဉ်များကို ပြန်လည်ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်မြစ်အရ သိရပါသည်။

အဆိုပါ စကစ စစ်သင်္ဘောအုပ်စုသည် မန္တလေးမှ ဗန်းမော်သို့ ဆန်တက်လာသည်မှာ ရက်ပေါင်း ၂၃ ရက်​ကြာခဲ့ပြီဖြစ်သော်လည်း ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်၌ PDF နှင့် KIA တပ်ဖွဲ့များ၏ ဖြတ်တိုက်ခြင်းကို အကြိမ်ကြိမ် ခံခဲ့ရခြင်းကြောင့် ဗန်းမော်သို့ ရောက်ရှိနိုင်ခြင်းမရှိသေးခြေ။

ခလရ(၂၉၆)တပ်ရင်းကို ချင်းတော်လှန်ရေးတပ်များတိုက်ခိုက်၊ စကစတပ်သားနှစ်ဦးဖမ်းမိ၊ လက်နက် (၆) လက်သိမ်းဆည်းရမိ။ဩဂုတ်၊ ၁၃၊ ၂၀၂၃ခ...
14/08/2023

ခလရ(၂၉၆)တပ်ရင်းကို ချင်းတော်လှန်ရေးတပ်များတိုက်ခိုက်၊ စကစတပ်သားနှစ်ဦးဖမ်းမိ၊ လက်နက် (၆) လက်သိမ်းဆည်းရမိ။

ဩဂုတ်၊ ၁၃၊ ၂၀၂၃

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၉၆)တပ်ရင်းဌာနချုပ်အား ချင်းတော်လှန် ရေးတပ်များက ဩဂုတ်လ (၁၄)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်သား(၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်(၆)လက် သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ခလရ(၂၉၆)တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်ခဲ့ရာ ဌာန ချုပ်စခန်းလုံခြုံရေး တပ်ခွဲစခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုစာရင်းကို မသိရသော်လည်း စစ်ကောင်စီတပ်သား(၂)ဦးကို အရှင်ဖမ်းမိကာ လက်နက်(၆)လက်ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် CDFထန်တလန်မှ ရဲဘော်တစ်ဦးနှင့် CNF-Zopheiမှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး သိမ်းပိုက်ရရှိခဲ့သည့်စခန်းအား စစ်ကောင်စီတပ်က (၃)ကြိမ်ထက်မနည်း လေကြောင်းမှ ဗုံးကြဲကာ ဟားခါး ဗျူဟာကုန်းမှလည်း လက်နက်ကြီးပစ်ကူ‌ပေးခဲ့‌ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါသည်။

Address

No. 1947, Federal Union Ward, CDM Road
Yangon
0095

Alerts

Be the first to know and let us send you an email when Federal Defence Force Comrades - FDFC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Federal Defence Force Comrades - FDFC:

Share