26/05/2026
25 ဆိုတာ ဘဝရဲ့ အရေးကြီးဆုံး turning point တစ်ခုပါ။
တချို့က အလုပ်တည်ငြိမ်နေပြီ၊ တချို့က လမ်းပျောက်နေတုန်း၊ တချို့က “ဘာလုပ်ရမလဲ” ဆိုပြီး စိတ်ရှုပ်နေတတ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက “အခုကစပြီး တိုးတက်ဖို့ အချိန်မှီနေသေးတယ်” လို့ဆိုလိုတာပါ
1. Salary တစ်ခုတည်းမကြည့်ပါနဲ့
လစာက အရေးကြီးပေမယ့်
Skill ရမယ့်အလုပ်၊ Experience ရမယ့်အလုပ်ကို ပိုရွေးချယ်သင့်ပါတယ်
ဒီနေ့ ၃ သိန်းရပြီး မတိုးတက်တဲ့အလုပ်ထက်
၂ သိန်းခွဲရပေမယ့် Skill တက်မယ့်အလုပ်က နောင်မှာ ပိုတန်ဖိုးရှိပါတယ်
2. Skill တစ်ခုတော့ ကျွမ်းကျင်အောင်လုပ်ပါ
အလုပ်ဈေးကွက်မှာ Demand ရှိတဲ့ skill တွေ
* Digital Marketing
* Video Editing
* Graphic Design
* Sales & Communication
* English Speaking
* Coding / IT
* Content Creation
ဒါကိုပဲတက်ရမယ်မဆိုလိုပါဘူး အနည်းဆုံး skill တစ်ခုကို professional level ထိတက်အောင် လေ့လာထားပါ လေ့ကျင့်ပါ
3. Facebook သုံးတာကို Income ဖြစ်အောင်ပြောင်းပါ
Scroll ပဲလုပ်မနေဘဲ
* Content တင်
* Knowledge Sharing လုပ်
* Personal Branding တည်ဆောက်
* Small Business စလုပ်
25 မှာ audience build လုပ်ထားရင် 30 ရောက်ချိန် ကြိုးစားရကျိုးနပ်တာခံစားရပါလိမ့်မယ်
4. Networking က Degree ထက်တောင် အရေးကြီးတတ်တယ်
လူကောင်းတွေနဲ့ပေါင်းပါ။
Positive mindset ရှိတဲ့သူတွေ၊ ကြိုးစားတဲ့သူတွေနဲ့ နီးစပ်အောင်နေပါ။
Opportunity တွေက connection ကနေလာတာများပါတယ်။
5. Saving Habit လုပ်ပါ
လစာနည်းနည်းရရင်တောင်
* 10% စု
* 10% Skill အတွက် invest
* 10% Family/support
ဒီ habit က နောက်နောင် သင့် ဘဝကို ပြောင်းလဲနိုင်ပါတယ်။
6. Failure ကို မကြောက်ပါနဲ့
25 မှာ fail ဖြစ်တာ သာမန် ပါပဲ
အလုပ်ပြုတ်တာ၊ business ရှုံးတာ၊ လမ်းပျောက်တာ အားလုံးက ဘဝကပေးတဲ့ သင်ခန်းစာပါ
Fail မဖြစ်ဖူးတဲ့သူထက်
Fail ဖြစ်ပြီး ပြန်ထတဲ့သူက ပိုအောင်မြင်တတ်ပါတယ်
နောက်ဆုံး ပြောချင်တာကတော့
“Slow progress is still progress.”
25 မှာ အရာအားလုံး perfect မဖြစ်သေးတာ ပုံမှန်ပါ။
ဒါပေမယ့် နေ့တိုင်း 1% တိုးတက်နေမယ်ဆိုရင်
နောင် 5 နှစ်အတွင်း ဘဝက တစ်ဟုန်ထိုးတိုးတက်ပြောင်းလဲသွားပါ လိမ့်မယ် ကျွန်ုတော်ပြောတာမယုံရင်လိုက်လုပ်ကြည့်ပါ
ကြိုးစားနေတဲ့လူငယ်တိုင်းကိုလေးစားလျတ်ပါ