Towards your heart.

Towards your heart. စာပေအလှူပြုရခြင်းကြောင့် သင်တို့ဥာ

06/08/2022

ဒီ page လေးက နေ စာအုပ်ငှားထားပြီး
ပြန်မအပ်ရသေးသူတွေရှိရင် စာအုပ်
ပြန်သိမ်းချင်လို့ လာမန့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ဗျ။

မနက်ဖြန်ကစပြီး လိုက်သိမ်းပေးမှာမို့ပါ။

03/02/2022

အားလုံးပဲမင်္ဂလာပါခင်ဗျာ . . .
မတွေ့ဆုံဖြစ်တာကြာပေမဲ့
စာပေမြတ်နိုးသူအားလုံးကို
အချိန်တိုင်းသတိရနေပါတယ်ဗျာ. .
ကျွန်တော်တို့pageလေးကနေ
စာအုပ်ငှားပြီးပြန်မအပ်ရသေးတဲ့
ရန်ကုန်မြို့ကညီကိုမောင်နှမများ
စနေ တနင်္ဂနွေ၂ရက်ကို
စာအုပ်လေးတွေပြန်အပ်လို့ရပါပြီ. .
Page cbကနေဖြစ်စေ
၀၉၇၇၅၇၇၇၉၉၈viberကဖြစ်စေ
လိပ်စာလေးတွေတစ်ချက်ပို့ပေးပါနော် .
တခြားမြို့ကမအပ်ရ သေးတာရှိရင်လည်း
ပြောပေးပါဦးခင်ဗျာ .
မကြာခင်စာအုပ်လေးတွေပြန်ငှားပေးနိူင်ဖို့
ကြိုးစားနေပါတယ် . . .
အားလုံးပဲအစစအရာရာ
အဆင်ပြေကြပါစေလို့ . .
ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာ . . .

26/11/2021

အားလုံးပဲ မဂ်လာပါ။

ပိုစ့်တွေ မတင်ဖြစ်ပေမဲ့ ကြားထဲမှာ စာအုပ်အငှားတွေကို တောက်လျှောက်
ပို့ပေးဖြစ်နေခဲ့ပါတယ်။

မင်မင်တို့မအားလပ်ကြတဲ့ အတွက် အတက်နိုင်ဆုံး ရောက်အောင် ပို့ပေးပါတယ်။

ခု ပြောချင်တာက မင်မင့်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စ
လေးတွေ ရှိလာတဲ့အတွက် အဝေးနေရာကို လုပ်ငန်း
သဘောအရ ခရီးကြာရှည် ထွက်ရမှာ ဖြစ်ပါတယ်။

အဲ့အတွက် စာအုပ်အငှား လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့ အဆင်မပြေတော့ပါဘူးဗျာ။
စာအုပ်တွေက ရန်ကုန်မှာသာ ရှိပြီး လူက နယ်အဝေးကို
သွားရမှာမို့ ဘယ်လိုမှ မတက်သာတဲ့အတွက် အငှားလုပ်
ငန်းကို ရပ်ဆိုင်းလိုက်ပါကြောင်း ဝမ်းနည်းစွာ အသိပေး
အပ်ပါတယ်ဗျာ။

ဒီအလုပ်လေးကို မြတ်နိုးစွာ လုပ်ကိုင်ခဲ့ပါတယ်။
စာဖတ်သူတွေ ဖတ်လိုတဲ့ စာအုပ်ဖတ်ခွင့်ရတယ်ဆို
ကျနော် ပျော်နေတာပါပဲ။
ခုတော့ မလွှဲသာမရှောင်သာ ရပ်ဆိုင်းလိုက်ရပါပြီ။
ငှားပြီး ဖတ်ပေးခဲ့ကြတဲ့ စာချစ်သူ တစ်ဦးတစ်ယောက်
ချင်းစီတိုင်းကို များစွာကျေးဇူးတင်ရပါတယ်။

လူကြီးမင်းတို့ကျေးဇူးနဲ့ လိုအပ်နေတဲ့ စာအုပ်တွေ အခြေနေတွေ မိတ်ဆွေသူငယ်ချင်းတွေ ချစ်သူ ခင်သူတွေ.
များစွာ ရခဲ့ပါတယ်။

တစ်နေ့နေ့တစ်ချိန်ချိန် ကျနော့်စာအုပ်တွေနဲ့ ကျနော် အတူပြန်ရှိချိန်ကျရင် ဒီစာအုပ်အငှား လုပ်ငန်း စာကြည့်တိုက် လုပ်ငန်းကို ကျနော် ပြန်လည် လုပ်ကိုင်ဦးမှာ အသေအချာ ပါပဲ။
ဒါ ကျနော့် အိပ်မက် ဖြစ်နေတာမို့လေ။

အားလုံးသော စာချစ်သူ မိတ်ဆွေအပေါင်း ကျန်းမာပါစေ ဘေးလည်း ကင်းပါစေ အစစအရာရာ အဆင်ပြေကြပါစေ လို့ တောင်းဆုပြုပါတယ်။

အားလုံးကို နှုတ်ဆက်ပါတယ် ဗျာ။.................................................

ဖတ်ပြီး ပြန်မအပ်ကြရသေးတဲ့ စာငှားသူများနဲ့ စာအုပ်
စာရင်းကို ကျ​နော့်ရဲ့ page admin နောက်တစ်ယောက်
ဆီမှာ ပေးထါးခဲ့ပါတယ်။

09775777998
09955277773

အထက်ပါ ဖုန်းနံပါတ် တွေကို ဆက်သွယ်ပြီး ပြန်လည် အပ်နှံပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်။
နယ်ဘက်ရော ရန်ကုန်မြို့တွင်း သမားတွေအတွက်ပါ
စာအုပ်အပ်နှံဖို့ deli ကုန်ကျစရိတ်ကို ကျနော်တို့ဘက်မှ
ကျခံပေးသွားမှာ ဖြစ်ပါတယ်။
ကျနော် မြတ်နိုးတန်ဖိုးထားတဲ့ စာအုပ်လေးတွေမို့ အေး
အေးလူလူ ဖတ်ကြပါ ဖတိပြီးမှသာ ဖုန်းဆက်ပြီး ပြန်လည်အပ်နှံပေးကြပါလို့ တောင်းဆိုပါရစေ နော်။

ကျေးဇူး အများကြီးတင်ပါတယ် ဗျာ။

အခက်ခဲတွေကြားထဲကနေစာပေချစ်သူများဆီအရောက်ပို့ပေးခဲ့တဲ့စာအုပ်လေးတွေပါ. .အကြောင်းအမျိုးမျိုးကြောင့်စာအုပ်မရသေးတဲ့စာချစ်သူမျ...
27/09/2021

အခက်ခဲတွေကြားထဲကနေ
စာပေချစ်သူများဆီ
အရောက်ပို့ပေးခဲ့တဲ့စာအုပ်လေးတွေပါ. .
အကြောင်းအမျိုးမျိုးကြောင့်
စာအုပ်မရသေးတဲ့စာချစ်သူများ. .
ပြန်အပ်လိုတဲ့မိတ်ဆွေများလည်း
မကြာခင်ပြန်ဆက်သွယ်ပေးပါ့မယ်ခင်ဗျ. .
ကျွန်တော်တို့pageလေးကို
စာအုပ်လေးတွေ📖📖📖
ပြန်လည်လှူဒါန်းပေးပါသော
မိတ်ဆွေများကိုလည်း
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🤝🤝

Hello everyone!အားလုံးပဲ ဘေးကင်း ကျန်းမာကြပါလားဗျာ။ဒီနေ့ ကျနော်တို့ စာအုပ်လေးတွေ နိုင်သရွေ့ထပ်ပို့ပေးပါတယ်။စောင့်နေသူတွေ...
09/09/2021

Hello everyone!

အားလုံးပဲ ဘေးကင်း ကျန်းမာကြပါလားဗျာ။

ဒီနေ့ ကျနော်တို့ စာအုပ်လေးတွေ နိုင်သရွေ့ထပ်ပို့ပေးပါတယ်။
စောင့်နေသူတွေလည်း အများကြီးရှိနေဦးမှာပါ။
လိုချင်ကြတဲ့စာအုပ် အငှားများကြတဲ့ စာအုပ်တွေ ပြန်မရောက်ကြသေးတာကြောင့်လည်း ကြန့်ကြာနိုင်ပါတယ်နော်။

လက်ရှိ အခြေနေအရပ်ရပ်ထဲမှာပဲ အဆိုးဆုံး အခြေနေမှ
မဟုတ်ရင် စာအုပ်တွေကို နိုင်သရွေ့ ပို့ပေးနေဦးမှာဖြစ်လို့
အလှည့်ကျလေးနဲ့ စိတ်ရှည်ရှည်စောင့်ဆိုင်းပေးကြဖို့ ပြောလိုပါတယ်။

တစ်ခုလောက်တော့ အကူညီ တောင်းလိုပါတယ် စာငှားသူတို့ ဗျ။
ကျနော်တို့ စာအုပ်တွေ လိုက်ပို့ပေးဖို့ လိပ်စာလေးပေးတဲ့အခါ တိကျသေချာတဲ့ လိပ်စာလေးတွေ ရေးပေးစေလိုပါ
တယ်။
ပြီးတော့ မိမိနေထိုင်ရာနဲ့ အနီးစပ်ဆုံး အထင်ကရ နေရာ
လေးတွေကိုလည်း ထည့်သွင်းလမ်းညွှန်ပေးကြစေလိုပါတယ်ဗျာ။

ဒါမှသာ ကျနော်တို့ လွယ်လင့်တကူ ရှာနိုင်မှာဖြစ်ပြီး အချိန်
ကြန့်ကြာမှုလည်း နည်းသွားမှာဖြစ်ပါတယ်။
တခါတရံ မှာ delivery အပ်လိုက်တာမျိုးမဟုတ်ဘဲ ကိုယ်တိုင်အားရင် အားသလို လိုက်ပို့တက်တာမို့ လမ်းရှာနေရတာနဲ့တင် ကျနော်တို့မှာ အချိန်လေးဖင့်မှု ဖြစ်ရတာမို့
လမ်းညွှန်လေးတွေကို အသေချာလေး ထည့်သွင်းရေးပေး
ကြစေလိုပါတယ်။

နောက်တစ်ခု က ကျနော်တို့ မပို့ခင်မှာ သေချာ​ပေါက်ဖုန်းဆက်အကြောင်းကြားပြီးမှ လာပို့တာဖြစ်ပါတယ်။
တကယ်လာပို့တဲ့အခါကျမှ ဖုန်းမကိုင်တာ ဖုန်းစက်ပိတ်နေ
တာမျိုးဆို ကျနော်တို့ အချိန်များစွာ နှောင့်နှေးရပါတယ်။
တစ်နေရာနဲ့တစ်နေရာ ကူးလူသွားနေရတာမို့ ကူညီပြီး
ဖုန်းကိုင်ပေးကြစေလိုပါတယ်ဗျာ။

ဖတ်စေချင်တာမို့ ဝါသနာမို့ အသေချာလေးကြိုးစားပြီး
ငှားရမ်းပို့ဆောင်ပေးနေပါတယ်။

တိကျသေချာခြင်းဖြင့် ပူးပေါင်းကူညီပေးကြစေလိုပါတယ်
ဗျာ။

ဘေးကင်း ကျန်းမာကြပါစေ။

အချိန်ရရင်ရသလိုပို့ပေးနေပါတယ်🚕 . .အလုပ်🏡တစ်ဖက်နဲ့မို့ကြန့်ကြာမှူလေးတွေရှိတာကိုနားလည်ပေးကြပါဗျာ. . .မရသေးတဲ့မိတ်ဆွေများနေ...
05/09/2021

အချိန်ရရင်ရသလိုပို့ပေးနေပါတယ်🚕 . .
အလုပ်🏡တစ်ဖက်နဲ့မို့ကြန့်ကြာမှူလေးတွေ
ရှိတာကိုနားလည်ပေးကြပါဗျာ. . .
မရသေးတဲ့မိတ်ဆွေများ
နောက်ရက်တွေဆက်ဆက်ရပါ့မယ်ခင်ဗျာ. .
အားလုံးပဲရန်သူမျိုးငါးပါးဘေးကနေ
ကင်းဝေးပါစေ. . .
ကျန်းမာချမ်းသာကြပါစေဗျာ. . .

ဒီရက်ထဲပို့ဖြစ်တဲ့စာအုပ်လေးတွေပါ. . .နောက်ရက်တွေဆက်ပို့ဖို့ပြင်ဆင်နေပါတယ်.  မရသေးတဲ့လူတွေလည်းသည်းခံပြီးစောင့်ပေးပါလို့တေ...
03/09/2021

ဒီရက်ထဲပို့ဖြစ်တဲ့စာအုပ်လေးတွေပါ. . .
နောက်ရက်တွေဆက်ပို့ဖို့ပြင်ဆင်နေပါတယ်.
မရသေးတဲ့လူတွေလည်းသည်းခံပြီး
စောင့်ပေးပါလို့တောင်းဆိုပါတယ်ခင်ဗျာ. .
ကျွန်တော်တို့အလုပ်မအားတဲ့ကြားကနေ
အတတ်နိူင်ဆုံးအမြန်ဆုံးလုပ်ပေးနေပါတယ်. .
အခကြေးငွေတစ်ပြားတစ်ကျပ်မှမယူပဲ
စေတနာသန့်သန့်နဲ့စာဖတ်သူတို့လက်ထဲ
အရောက်ပို့ပေးနေတာပါ. .
တစ်ချို့အမှာများတဲ့စာအုပ်တွေ
နယ်ဝေးရောက်နေတာတွေကြ
စာအုပ်ရဖို့အချိန်စောင့်ရပါတယ်. . .
ချက်ချင်းရတဲ့စာအုပ်တွေလည်းရတယ်. . .
တစ်ပတ်ကြာရင်လည်းကြာနိူင်ပါတယ်ခင်ဗျာ
အမြန်လိုချင်လို့တော့မရပါဘူး. .
ကျေးဇူးပြုပြီးနားလည်ပေးကြဖို့
မေတ္တာရပ်ခံပါတယ်ခင်ဗျာ. . .
အားလုံးပဲကျန်းမာချမ်းသာကြပါစေဗျာ. . .

စာပေချစ်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ. .ဆရာကြီးမြသန်းတင့်ရဲ့"တောင်သမန် ရွှေအင်းကလေညင်းဆော်တော့"စာအုပ်လေးနဲ့ မိတ်ဆက်ပေးခ...
02/09/2021

စာပေချစ်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ. .
ဆရာကြီးမြသန်းတင့်ရဲ့
"တောင်သမန် ရွှေအင်းကလေညင်းဆော်တော့"
စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါ. . .
အမှန်တိုင်းဝန်ခံရရင်ကျွန်တော်ဆရာကြီးရဲ့
စာအုပ်တွေကိုအေကြာင်းအမျိုးမျိုးေကြာင့်
မဖတ်ဖြစ်ခဲ့ပါဘူး. .
ဒါပထမဆုံးအကြိမ်ဖတ်ဖူးတာပါ. . .
ဖတ်ဖြစ်ခဲ့တဲ့အကြောင်းရင်း၂ချက်ရှိပါတယ်. .
(1)စာအုပ်ရဲ့နာမည်ကြောင့်
(2)လွမ်းမောတမ်းတစရာကောင်းမဲ့
ဝတ္ထုဇာတ်လမ်းဖြစ်မယ်ထင်မိလို့. . .
ဖတ်လည်းဖတ်ရောအထင်နဲ့အမြင်
တက်တက်စင်အောင်လွဲခဲ့ရပါတယ်. . .
ဒီစာအုပ်ကဝတ္ထုဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး. .
တကယ့်လက်တွေ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို
အသေးစိတ်ခြယ်မှုန်းထားတာပါ. . .
တစ်ခုတိုက်ဆိုင်တာကဒီနေ့ဒီအချိန်ဖြစ်ပျက်နေတာတွေနဲ့
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအကြောင်းအရာတွေက
တော်တော်ကြီးကိုတူလွန်းနေတာပါ. . .
ကျွန်တော်တို့သိတဲ့မန္တလေးက
ပန်းချီကားတစ်ချပ်ဆိုရင်
ဆရာ့ရဲ့ဒီစာအုပ်ကမန္တလေးအကြောင်းကို
ရှုထောင့်အမျိုးမျိုးကရေးဆွဲထားတဲ့
ပန်းချီကားပေါင်းများစွာပြသထားတဲ့
ပန်းချီပြတိုက်တစ်ခုနဲ့တူပါတယ်. . .
အခန်းပေါင်း၁၀၂ခန်း
စာမျက်နှာပေါင်း၆၈၆မျက်နှာပါဝင်ပြီး
တတိယအကြိမ်မြောက်ထုတ်ဝေခဲ့ရပါတယ်. .
မိတ်ဆွေကဝတ္ထုဇာတ်လမ်းကိုနှစ်သက်ရင်
ဒီစာအုပ်ကိုမဖတ်ပါနဲ့. . .
သမိုင်းကိုဂဃနဏသိချင်တဲ့
လေ့လာချင်တဲ့လူတစ်ယောက်ဆိုရင်တော့
အပိုင်သိမ်းထားသင့်တဲ့စာအုပ်ပါ. . .
လေ့လာစရာ မှတ်သားစရာ အတုယူစရာ
ဗဟုသုတဖြစ်စရာတွေအမြောက်အများနဲ့
မြန်မာပြည်သူပြည်သားတိုင်း
ဖတ်သင့်သိသင့်တဲ့သမိုင်းမှတ်တမ်းစာအုပ်
ဖြစ်ပါကြောင်း. . .

အားလုံးပဲနေကောင်းကျန်းမာချမ်းသာပါစေ. .

ဒီနေ့ ပို့ဖြစ်တာလေးတွေပါ။နောက်ရက်တွေ ဆက်ပို့ဦးမှာပါ။
17/08/2021

ဒီနေ့ ပို့ဖြစ်တာလေးတွေပါ။

နောက်ရက်တွေ ဆက်ပို့ဦးမှာပါ။

အားလုံးပဲမင်္ဂလာပါခင်ဗျာ. . .စာပေမြတ်နိုးသူတို့ပို့သပေးတဲ့မေတ္တာကြောင့်adminတစ်ယောက်နေကောင်းကျန်းမာလာပြီဖြစ်တဲ့အတွက်စာအု...
16/08/2021

အားလုံးပဲမင်္ဂလာပါခင်ဗျာ. . .
စာပေမြတ်နိုးသူတို့ပို့သပေးတဲ့
မေတ္တာကြောင့်adminတစ်ယောက်
နေကောင်းကျန်းမာလာပြီဖြစ်တဲ့အတွက်
စာအုပ်လေးတွေပြန်လည်ပို့ပေးနေပါပြီ. . .
မရသေးတဲ့သူတွေလည်းနောက်ရက်တွေမှာ
ဆက်တိုက်ပို့ပေးနိူင်အောင်
စီစဥ်နေပါတယ်ခင်ဗျာ. . .
နှောင့်နှေးကြန့်ကြာမှုလေးတွေရှိရင်လည်း
သည်းခံစောင့်ဆိုင်းပေးပါလို့
အနူးအညွတ်မေတ္တာရပ်ခံပါတယ်ခင်ဗျာ. . .

ဒီနေ့ပို့ဖြစ်တဲ့မြို့တွင်း/နယ်ဝေး
စာအုပ်လေးတွေပါ. . .

ခန်းဆောင်နီအိပ်မက် မေးကြလွန်းလို့ပါ။ကျနော်လည်း မူရင်းကို လိုက်ဝယ်ပါတယ် မရလို့လေ။ခု ကျနော် မိတ္တူဝယ်ထားပေးပါတယ် လောလောဆယ်...
30/07/2021

ခန်းဆောင်နီအိပ်မက် မေးကြလွန်းလို့ပါ။
ကျနော်လည်း မူရင်းကို လိုက်ဝယ်ပါတယ် မရလို့လေ။

ခု ကျနော် မိတ္တူဝယ်ထားပေးပါတယ် လောလောဆယ် ကျနော် တက်နိုင်တာလေးပါ။

စာအုပ်လေး ကိုင်ပြီးမှ ဖတ်ချင်တဲ့သူတွေ ဒါလေးနဲ့ပဲ
လောလောဆယ် နှစ်သိမ့်ပြီး ဖတ်ပေးကြပါလို့။

အသစ်ထပ်ထုတ်မယ်လို့လဲ ကြားပါတယ်။
အဲ့ကျလည်း ဝယ်ထားပေးပါ့မယ် နော်။

ဖတ်ဖို့ဆန္ဒရှိသူတွေ ငှားလို့ရပါပြီဗျ။

ဆရာမြ ရဲ့ ခန်းဆောင်နီအိပ်မက် ပါ။

30/07/2021

Hello everyone.

အားလုံးပဲ နေကောင်းကျန်းမာကြရဲ့လား
ဗျာ။
ကျန်းမာပြီး ဘေးကင်းကြစေဖို့ ဆန္ဒ ပြုပါတယ်နော်။

ကျနော် ခု နေပြန်ကောင်းလာပါပြီ မိသားစုဝင်တွေပါ
ကပ်ရောဂါကို ခံစားကြရတာမို့ အချိန်များစွာ ကြာမြင့်သွားပါတယ်။

စာအုပ်လေးတွေ ငှားထားကြသူတွေရှိတယ် ပြန်အပ်ပြီး
ပြန်ငှားချင်ကြတဲ့ သူတွေ ရှိတယ်။
ခု ကျနော် ပြန်ပြီး ငှားပေးနေပါပြီနော်။

လာမဲ့ ရက်တွေမှာ ပုံမှန်အတိုင်း စာအုပ်တွေပြန်ပို့ပေးပါတော့မယ်။
မြို့တွင်း သမားတွေကတော့ ကိစ္စ မရှိပေမဲ့ နယ်သမားတွေ
ကတော့ ကားဂိတ်ကပဲ ပို့လို့ရတာမို့ မိမိတို့ဒေသက ဟိုင်းဝေးကါးတွေ ထွက်မထွက်လေး တစ်ချက်လောက်စုံစမ်းပေး
စေချင်ပါတယ်ဗျ။

ကားထွက်တယ်ဆိုရင်တော့ ကျနော် အားလုံးကိုပို့ပေးမှာပါ။

ဒီကာလကြီးမှာ ရောဂါကြောင့်ပဲ ဖြစ်ဖြစ် စနစ်ဆိုးကြောင့်ပဲ
ဖြစ်ဖြစ် အဆင်မပြေမှုများစွာ ကြုံနေရနိုင်ပါတယ်။
အားလုံးလည်း စိတ်နှလုံးညှိုးနွမ်းနေကြလိမ့်မယ်လို့ ထင်ပါတယ်။

အဲ့လို အခြေနေမျိုးမှာ ခွန်အားရဖို့ပဲ ဖြစ်ဖြစ် စိတ်ပြေနေကောင်းလေးပဲ ဖြစ်ဖြစ် အချိန်ရတုန်းလေးပဲ ဆိုဆို စာဖတ်
ချိန်လေး ရ စာလေးဖတ်လိုက်ရရင် ခဏတာ စိတ်လေးနေကောင်းရတယ် ဆို တော်သေးတာပေါ့ဗျာ။

အာ့မို့ အချိန်ရတုန်းလေး စာလေးဖတ်ကြပါစို့နော်။

စာပေအါဟာရကတော့ စာချစ်သူတိုင်း သိပြီးသားမို့ ထူးပြီး
မပြောလိုတော့ပါဘူးနော်။

ကျနော်နေမကောင်းတဲ့ရက်တွေမှာ စိတ်ပူပေး သတိရပေး
အားပေးကြတဲ့ သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးများစွာ တင်ရပါတယ်ဗျ။

ကျနော်တို့ စာပေတံတားအားဖြင့် ပြန်တွေ့ကြရအောင်ပါ
ဗျာ။

အားလုံးပဲ ကျန်းမာဘေးကင်းကြပါစေ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Towards your heart. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category