My Library

My Library စာပေ. ဗဟုသုတ နှင့်သီချင်း ချစ်မြတ်နိုးသူများအတွက်😍

21/08/2025

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

လောကမှာ စိတ်ဓါတ် မကောင်းတဲ့လူတွေက ဘယ်တုန်းကမှ သူတို့ကိုယ် သူတို့ ငါမှားသွားလားဆိုတဲ့ အတွေးမျိုး မတွေးကြပါဘူး။ တဖက်လူအပေါ...
21/08/2025

လောကမှာ စိတ်ဓါတ် မကောင်းတဲ့လူတွေက ဘယ်တုန်းကမှ သူတို့ကိုယ် သူတို့ ငါမှားသွားလားဆိုတဲ့ အတွေးမျိုး မတွေးကြပါဘူး။

တဖက်လူအပေါ် သူတို့ကပဲ နစ်နာအောင်လုပ်ပြီး သူတို့ကပဲ ဒီလောက်လေးနဲ့ ဘာဖြစ်ရတာလဲ ... ခံစားလွယ်လိုက်တာ... အဖြစ်သည်းလိုက်တာ "ဆိုတဲ့ ပုံစံမျိုးနဲ့ တဖက်လူကပဲ မှားနေသလိုမျိုးဖြစ်အောင် လုပ်ပြတတ်ကြပါသေးတယ်။

တခါတလေ အဲ့ဒီလောက်နဲ့ ပြီးမသွားပဲ သူတို့ နစ်နာအောင်လုပ်လိုက်တဲ့သူရဲ့ ကိုယ်ကျင့်သိက္ခာကိုပါ ကျစေမယ့်အပြောမျိုးတွေ ပြောတတ်ကြပါသေးတယ်။

ဒါကြောင့် တစ်ယောက်ယောက်ဆီက ဆိုးဆိုးဝါးဝါးဆက်ဆံခံရရင် တစ်နေ့ အဲ့ဒီလူက နောင်တရလေမလား ဆိုပြီး မျှော်လင့်မနေပါနဲ့ ။

ဘာလို့လဲဆိုတော့ နောင်တရတယ်ဆိုတာ ကောင်းတဲ့လူတွေဆီမှာပဲ ရှိတာပါ။ စိတ်ဓါတ် မကောင်းတဲ့လူတွေဆီမှာ နောင်တဆိုတာ မရှိပါဘူး ။

သူသာ ကောင်းတဲ့လူ မှန်ရင် အစတည်းက တစ်ဖက်သားကို ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုးတောင်ရှိခဲ့မှာ မဟုတ်ဘူးလေ။

စိတ်ထားကောင်းတဲ့သူနဲ့သာ ဆုံတွေ့နိုင်ကြပါစေ.....။

Credit မူရင်း

ကိုယ့်စိတ်က မယူရင်ဘယ်အရာမှ မပူလောင်ဘူး။ကိုယ့်စိတ်ကြောင့် ကိုယ့်အတွေးတွေကိုအနှောင့်အယှက်မဖြစ်စေနဲ့။ဓားတစ်လတ်ထက်အတွေးတစ်စက...
13/04/2025

ကိုယ့်စိတ်က မယူရင်
ဘယ်အရာမှ မပူလောင်ဘူး။

ကိုယ့်စိတ်ကြောင့်
ကိုယ့်အတွေးတွေကို
အနှောင့်အယှက်မဖြစ်စေနဲ့။

ဓားတစ်လတ်ထက်
အတွေးတစ်စကြောင့်သာ
လူကိုပို သေစေနိူင်တယ်။

အဲ့ဒီအတွေးတွေ ဖြစ်လာဖို့
ကိုယ့်စိတ်ကို
ထိန်းချုပ်နိူင်မှ ဖြစ်မှာပါ။

ဘယ်သူတွေ ဘာပြောနေတယ်
ဘယ်သူတွေ ဘာလုပ်နေတယ်
ဆိုတာထက် ကိုယ့်လုပ်ရပ်အပေါ်
ကိုယ်လိပ်ပြာသန့်ရတယ်။

တန်ပြန်သက်ရောက်ပြီး
မှန်လိုကျင့်နေသမျှတော့
သူကောက်ကျစ်တိုင်း
ကိုယ်ကောက်ကျစ်နေရမယ်။

သူရက်စက်တိုင်း
ကိုယ်ရက်စက်နေရမယ်။

နောက်ဆုံး
သူ့အကုသိုလ်အရိပ်က
ကိုယ့်နောက်ကိုပါ
ကူးပြီးလိုက်လာတတ်တယ်။

ဒါကြောင့် လူတစ်ယောက်ကို
အနိူင်ယူဖို့ စကားလုံးတွေ
နဲ့နစ်နစ်နာနာပြောပြီး
အရှက်သိက္ခာ မဲ့နေဖို့မလိုဘူး။

ကိုယ့်စိတ်ထဲ က
ထုတ်ထားလိုက်ရင်
အလိုလိုနိူင်ပြီးသားပါပဲ ။

ကိုယ်ကတော့ အဲလိုပဲအနိုင်ယူတယ်။

Crd

ဘာလုပ်ရမှန်းမသိ အနာဂတ်ပျောက်နေတဲ့ အမတွေ ညီမတွေတွက် အကောင်းဆုံးစာတိုအဘွားက ပြောခဲ့ဖူးတယ်။ ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာရှေ...
13/04/2025

ဘာလုပ်ရမှန်းမသိ အနာဂတ်ပျောက်နေတဲ့ အမတွေ ညီမတွေတွက် အကောင်းဆုံးစာတို

အဘွားက ပြောခဲ့ဖူးတယ်။
ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။
လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။
အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။
ပန်းကန်တွေ ဆေး။
အမှိုက်တွေ လှည်းကျင်း။
စာရေးစရာရှိတာ ချရေး။
ချက်စရာရှိတာ ချက်။
ဒီလောက် လုပ်နိုင်ရင်
ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
တစ်လှမ်းချင်းပေါ့။
ခက်ခဲတဲ့အချိန်မှာ
တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။
ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။
နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။
အနာဂတ်ကို တွေးပူပြီး
လက်လျှော့ချင်နေတဲ့စိတ်တွေ
လျော့ပါးလာလိမ့်မယ်တဲ့။
~ အယ်လီနာ မီခယ်လ်ခိုဗာ

မုန်ညင်းဆီ ဘယ်လောက်စွမ်းလဲဆိုတာ သိချင်ရင် ညအိပ်ယာမဝင်မီ  (၃)မိနစ်ခန့် ခြေဖဝါးကို မုန်ညှင်းဆီ လိမ်းကြည့်ပါ။ညအိပ်ယာမဝင်မီ ...
24/02/2025

မုန်ညင်းဆီ ဘယ်လောက်စွမ်းလဲဆိုတာ သိချင်ရင်
ညအိပ်ယာမဝင်မီ (၃)မိနစ်ခန့် ခြေဖဝါးကို
မုန်ညှင်းဆီ လိမ်းကြည့်ပါ။

ညအိပ်ယာမဝင်မီ ( ၃ ) မိနစ်ခန့် ခြေဖဝါးကို
မုန်ညှင်းဆီ ပွတ်လိမ်းပေးခြင်းဖြင့်

🏃သွေးတိုးခြင်းမှ ထိန်းပေးသည်။
🏃အမျိုးသား ခွန်အားတိုးစေသည်။
🏃မှတ်ဉာဏ် အားကောင်းစေသည်။
🏃နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည်။
🏃လန်းဆန်း တက်ကြွစေသည်။
🏃အဆီကျစေသည်။
🏃မျက်စိ အားကောင်းစေသည်။
🏃မျက်စိ ပါဝါများသူအနေဖြင့် လျော့နည်းစေသည်။
🏃အာရုံကြော အားနည်းသူများအတွက်
သင့်လျော်သည်။
🏃ခေါင်းကိုက်ရောဂါ ပျောက်ကင်းစေသည်။
🏃ဒူးနာ ခါးနာသူများ သက်သာစေသည်။
🏃၀မ်းချုပ်သူများ အစာအိမ်ရောဂါရှိသူများအတွက်
အထူးသင့်လျော်သည်။
🏃အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်
ပေးသညါ။
🏃ခြေထောက် ဖောရောင်ခြင်းမှ ကာကွယ်ပေးသည်။

***ကလေးများအတွက် မုန်ညှင်းဆီ လိမ်းပေးခြင်း၏ ကောင်းကျိုးများ 📝✍

👫 ကလေးတွေကိုယ်ပူ ဖျားတာ နှာစေးချွဲကျပ်တာ
ရင်ဘတ်ကျောပြင်ပါးပါးလေးလိမ်းပေးပါက
အဖျားသက်သာစေပြီး နှာစေးတာလည်းနာရီပိုင်း
အတွင်းသက်သာစေပါတယ်။
👫 လေထိုးလေအောင့်ဗိုက်နာတာတွေလည်းလိမ်းပေး
နိုင်ပါသည်။
👫 နှာစေး နှာပိတ်သက်သာစေခြင်း။
👫 အရေပြားပေါ်ဖြစ်တတ်သောအနီကွက် နှင့်
ပိုးဝင်ခြင်းမှ သက်သာစေခြင်း။
👫 ဆံပင်သန်စေခြင်း
👫 အစာခြေအားကောင်းစေခြင်း။
👫 နှိပ်နယ်ပေးရာတွင်အသုံးပြုခြင်းဖြင့်သွေးလည်ပတ်
မှုကောင်းစေခြင်း။
👫 ခန္ဓာကိုယ်နွေးထွေးစေခြင်း။
👫 အရေပြားရေဓါတ်ဖြည့်ပေးခြင်း။
👫 ရင်ကြပ်နှင့်အသက်ရှုလမ်းကြောင်းရောဂါများ
သက်သာစေခြင်း။
👫 ဘက်တီးရီးယားပိုးနှင့်မှိုပိုးသေစေနိုင်ခြင်း။
👫 ခြင်မကိုက်ရန်ကာကွယ်ပေးနိုင်ခြင်း။

👫 ကလေးအစာမကြေတာ၊ ချောင်းဆိုးရင်ကျပ်၊
ခြေအေးလက်အေး၊ဝမ်းဖောဝမ်းရောင်၊
ဗိုက်နာ လေနဲ့ဝမ်းနဲ့မကွဲတာ မုန်ညှင်းဆီ
လက်ထဲထည့်ပီးပွတ်ပူလာမှ ကလေးကိုညင်သာစွာ
လိမ်းပေးပါ။

ပြန်လည်မျှဝေသည်။

24/02/2025
2025 အတွက် ဒါတွေ ကြိုတင်ပြင်ဆင်ပါ။ 🌿🍀🍀ရှင်းလင်းပြတ်သားပြီး အရောက်ချင်ဆုံး ပန်းတိုင်တစ်ခုထားပါ။စာမှန်မှန်ဖတ်ပါ။ ဖတ်ထားတာတ...
31/12/2024

2025 အတွက် ဒါတွေ ကြိုတင်ပြင်ဆင်ပါ။ 🌿🍀🍀

ရှင်းလင်းပြတ်သားပြီး
အရောက်ချင်ဆုံး ပန်းတိုင်တစ်ခုထားပါ။

စာမှန်မှန်ဖတ်ပါ။
ဖတ်ထားတာတွေကို အသုံးချပါ။

အသစ်သစ်တွေကို လေ့လာနေပါ။

လေ့ကျင့်ခန်းလုပ် ဖြစ်အောင်လုပ်ပါ။
အချိန်မပေးနိုင်ရင် အနည်းဆုံးတော့
လမ်းများများလျှောက်ပါ။

စိတ်စွမ်းအားကောင်းအောင် တရားထိုင်ပါ။
စိတ်ငြိမ်အောင် လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ့်ကို ချစ်တဲ့လူတွေကိုလဲ
တန်ဖိုးထားဖို့ မမေ့ပါနဲ့။

ကိုယ့်ထက် တော်တဲ့ လူတွေဆီက
Feedback ကိုနားထောင်ပါ။

ကိုယ်လုပ်နေတဲ့အလုပ်တွေကို
အမြဲမပြတ် ပြန်သုံးသပ်ပါ ၊ ပြင်ဖိုလိုရင် ပြင်ပါ။

ကောင်းတဲ့ အတွေးတွေကို ကြိုးစား မွေးမြူပါ။

ကိုယ့်ရဲ့အချိန်တွေကိုသေချာ စီမံပါ
ကုန်သွားတဲ့အချိန်တွေက အကျိုးရှိရှိကုန်သွားပါစေ။

ကိုယ့်ကိုကိုယ် ချစ်ဖို့ မမေ့ပါနဲ့ ... 🩷☘️

ဆရာအောင်သင်းစာပေ☘️🩷

21/07/2024
အမြီးတိုသွားတဲ့မျောက်စပ်စုပုံပြင်✨✨✨✨✨✨✨✨✨✨✨✨ဟိုရှေးရှေးတုန်းကကျွန်းရွှေမြိုင်ဆိုတဲ့တောအုပ် ကြီးထဲမှာ မျောက်တွေ အုပ်စုလိ...
30/04/2024

အမြီးတိုသွားတဲ့မျောက်စပ်စုပုံပြင်
✨✨✨✨✨✨✨✨✨✨✨✨

ဟိုရှေးရှေးတုန်းကကျွန်းရွှေမြိုင်ဆိုတဲ့တောအုပ် ကြီးထဲမှာ မျောက်တွေ အုပ်စုလိုက် နေထိုင်ကြတယ်တဲ့။ အဲဒီမျောက်အုပ်စုထဲမှာ အရာရာကိုစပ်စုတတ်တဲ့မျောက် ညိုတစ်ကောင်လည်း ရှိတယ်တဲ့ကွယ်။ မျောက်ညိုကို အခြားမျောက်တွေက စပ်စုတတ်လို့ မျောက် စပ်စုလို့ ခေါ်ကြတယ်။ အဲဒီအချိန်အခါတုန်းက မျောက်တွေရဲ့ အမြီးတွေဟာ ဒီခေတ်မျောက်တွေထက် ပိုရှည်ကြတယ် ကွဲ့။ ဘယ်လောက်ထိများရှည်သလဲဆိုရင်ပေ၃၀လောက် တောင် ရှည်တယ်ဆိုပဲ။

မျောက်အုပ်စုဟာ သစ်သီးသစ်ဖုတွေကို ရှာဖွေ စားသောက်ကြပါတယ်။ ဒါကြောင့်ကျွန်းရွှေမြိုင်တောဟာ သူတို့အတွက် ဘူမိနက်သန် နေရာတစ်ခုပါပဲ။ သူတို့နေတဲ့ တောအုပ်ဟာမြစ်ကြီးတစ်စင်းနဲ့လည်းနီးသတဲ့။ အဲဒီမြစ် က ထွက်ရှိတဲ့ ရေသတ္တဝါတွေကိုလည်း တောနေသတ္တဝါ တွေကတံငါတွေလိုရှာဖွေစားသောက်ကြပါတယ်။

တော အုပ်ကြီးထဲမှာရှိတဲ့ ဝက်ဝံကြီးတွေဟာ ငါးဖမ်းတော်ကြ တယ်။သူတို့ဖမ်းရင်ငါးတွေအများကြီးရတတ်ကြတယ်ကွဲ့။ မျောက်စပ်စုဟာငါးတွေလိုက်ဖမ်းပေမဲ့ ငါးတွေ ဟာ ရေထဲမှာ လျင်မြန်စွာ ကူးခပ်ကြတာကြောင့် ငါး တစ်ကောင်မှမရဘူးတဲ့။ဝက်ဝံကြီးတွေကငါးတွေဖမ်းယူစားသောက်တာကို မြင်မိတဲ့ မျောက် စပ်စုက-

“ဝက်ဝံကြီးတွေကငါးတွေကိုဖမ်းယူစားသောက် နေတာဟာ မြိန်ရေရှက်ရေနဲ့ပါလား။ ငါးရဲ့ အရသာဟာ တော်တော်ကောင်းမယ့်ပုံပဲ။ ငါလည်း ဝက်ဝံကြီးလိုပဲ ငါးတွေ စားချင်လိုက်တာ" လို့ ပြောဆိုကာ ငါးတွေကို စားချင်စိတ် ပြင်းပြနေသတဲ့ကွယ်။ အဲဒီနောက်မှာတော့ မျောက်စပ်စုက -

"ငါးတွေ ဖမ်းမရတဲ့အကြောင်းကို ဝက်ဝံကြီး တစ်ကောင်ကောင်ကို မေးကြည့်ရမယ်။ ဖမ်းပုံဖမ်းနည်း တော့ သိရမယ်"

ဒါနဲ့ မျောက်စပ်စုဟာ ဝက်ဝံကြီးတစ်ကောင် ထိုင်နေတဲ့နေရာကို သွားပြီးမေးသတဲ့-

"အိုအဆွေဝက်ဝံကြီးသင်ဟာငါးတွေကိုဖမ်းတဲ့ နေရာမှာအလွန်တော်တာ ကျွန်တော်သိပါတယ်။ ငါးတွေ ကို ဘယ်လိုဖမ်းရတယ်ဆိုတာကို တစ်ဆိတ်လောက် ကျေးဇူးပြုပြီး ပြောပြပါလားဗျာ" လို့ ပြောတဲ့အခါ ဝက်ဝံ ကြီးက -

"မျောက်လေးရယ်၊ ဘာခက်တာမှတ်လို့ကွာ။ လွယ်ပါတယ်။ ညဉ့်မှောင်တဲ့အချိန်မှာ မြစ်ဆိပ်ကိုသွားပြီး မင်းရဲ့ရှည်လျားတဲ့အမြီးကို ရေထဲမှာ စိမ်ထားလိုက်ရုံပဲ။ မင်းရဲ့အမြီးကို ငါးတွေလာကိုက်တဲ့အခါ မင်းက အမြီးကို အသာသိမ်းပြီး ငါးတွေကို ဖမ်းစားလိုက်ရုံပဲပေါ့" မျောက်စပ်စုက -

"ဒီလိုဆိုတော့လည်းအလွယ်သားပါလား။ ဒါဆို ကျွန်တော် ချက်ချင်းပဲလုပ်တော့မယ်နော်။ အခုလို သင်ပြ ပေးတာကို ကျေးဇူးတင်ပါတယ် ဝက်ဝံကြီးရယ်"

ဒီလိုနဲ့ မျောက်စပ်စုဟာ နည်းလမ်းကိုသိသွား တာကြောင့် ဝမ်းသာအားရနဲ့ ပြန်လာခဲ့တာပေါ့။ပြီးတော့ ညမိုးချုပ်အောင် သည်းခံပြီး စောင့်မျှော်နေရရှာတယ်။ သူ့အတွေးထဲမှာလည်း မြန်မြန်မှောင်ပါစေ။ ကံကောင်း ထောက်မလို့ ငါးတွေရပါစေ။ ရရှိလာတဲ့ ငါးတွေကို အဝ အပြဲ စားပစ်လိုက်မယ်ပေါ့။ တဖြည်းဖြည်း မှောင်ရီသန်း လာပြီး အမှောင်တွေပိတ်ဖုံးလာတာပေါ့ကွယ်။အဲဒီအချိန် မှာ မျောက်စပ်စုဟာ ငါးစားချင်တဲ့စိတ်နဲ့ မြစ်ဆိပ်ဆီကို ထွက်ခွာလာခဲ့ပါတယ်။အဲဒီညကခါတိုင်းညတွေနဲ့ မတူဘဲ အအေးဓာတ်က ပိုကဲနေပါသတဲ့။

ရေလှိုင်းကလေးတွေတဖျပ်ဖျပ်ပုတ်ခတ်နေတဲ့ မြစ်နံဘေးမှာကျောက်ဆောင်လေးတစ်ခုကိုတွေ့လိုက်ရ တယ်။ မျောက်စပ်စုဟာ ကျောက် ဆောင်လေးကို တွေ့ လိုက်တော့ သဘောကျသွားတယ်။

ကျောက်ဆောင်ပေါ်မှာထိုင်ပြီး သူ့ရဲ့အမြီးကိုရေထဲမှာတွဲလောင်းချထားလိုက် သတဲ့။ "ရေတွေကလည်းအေးစိမ့်နေတာပါလား" မျောက် စပ်စုဟာ မြစ်ရေရဲ့ အေးစိမ့်မှုကြောင့် သွေးကြောထဲမှာ ကျဉ်စိမ့်နေမိတယ်။ဒါပေမဲ့ငါးရချင်တဲ့စိတ်နဲ့ မျောက်စပ်စု ဟာ ဆက်ထိုင်နေခဲ့ပါတယ်။

အဲဒီအချိန်မှာလေတွေ တဖြည်းဖြည်းတိုက်ခတ် လာကာပိုပြီးအေးချမ်းလာတာပေါ့။ မျောက်စပ်စုကတော့ အေးချမ်းတာကို ကြိတ်မှိတ်ခံစားရင်း တောင့်ခံနေရှာ တယ်။ အစားမက်နေတာပေါ့ကွယ်။

"အိုး ငါးတွေ ငါ့အနားမှာ စုဝေးလာကုန်ကြပြီ။ စားစရာတော့ အဆင်သင့်ရပြီပဲ။ အရသာရှိတဲ့ငါးတွေကို စားရတော့မယ်ကွ" လို့ တစ်ကောင်တည်း စဉ်းစားနေတုန်း သူ့အမြီးဟာ တဆစ်ဆစ်နဲ့ ပြင်းပြင်းထန်ထန် နာကျင် ကိုက်ခဲလာတာပေါ့။ပြီးတော့ ဘာမှန်းမသိဘဲလေးလံနေ သလို ခံစားနေရပါတော့တယ်။

"အောင်မယ်လေး နာလိုက်တာ။ ငါးတွေတော့ ငါ့အမြီးကို ဝိုင်းဆွဲနေကြပြီထင်ပါရဲ့ " လို့ဆိုကာ သူ့အမြီး ကို သူပြန်ဆွဲယူဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ မျောက် စပ်စုရဲ့အမြီးဟာ လှုပ်ရှားလို့ မရနိုင်လောက်အောင်ကို နာကျင်မှုဝေဒနာက ဆိုးဆိုးရွားရွား ခံစားလာရပါတယ်။ ဒီအချိန်မှာ မြစ်ကမ်းစပ်က ရေတွေဟာ အအေးဒဏ် ကြောင့် အေးခဲသွားပြီး ရေခဲဖြစ်ကာ မျောက်စပ်စုရဲ့ အမြီး ကို ညှပ်ထားပါတော့တယ်။

မျောက်စပ်စုခမျာ အစားကို လောဘ ကြီးမိတာကြောင့် တဦးဦးနဲ့ အော်ဟစ်ရင်း နာကျင်မှုကိုမျိုသိပ်ကာ အမြီးရှည်ကို ဆွဲတင်လိုက်ပါ တယ်။ ဒါပေမဲ့ အမြီးဟာ ရေခဲတုံးတွေကြားမှာ ညပ်နေ တာကြောင့် အပြည့်အစုံမပါလာတော့ဘဲ တင်ပါးနေရာ သာသာလောက်ကနေ ပြတ်ထွက်သွားပါတော့တယ် ကွယ်။

မျောက်စပ်စုရဲ့ အစားလောဘကြီးမှုကြောင့် သူ့အမြီး ပြတ်ထွက်သွားတာပေါ့။ ဒီအချိန်ကစပြီး မျောက် တွေဟာ အမျိုးအစား မျိုးစုံရှိပေမဲ့ ငါးဖမ်းကောင်းတဲ့ မျောက်တွေရဲ့အမြီးဟာတိုကြတယ်လို့ပြောခဲ့ကြတယ်။ အဲဒီမျောက်အမျိုးအစားရဲ့ မျက်နှာနီရခြင်းကလည်း သူ့ အမြီးကို ဆွဲယူတုန်းက အားစိုက်ရတဲ့အတွက် နီးမြန်းနေ တာလို့ ဆိုကြပါတယ်။

ကလေးတို့ရေ -

အရာရာကို စူးစမ်းဆင်ခြင်ပြီးလုပ်တာဟာ အကောင်းဆုံးပါပဲ။မစူးစမ်းမဆင်ခြင်ရင်တော့မျောက်စပ်စု လိုပဲ အမြီးပြတ်တဲ့အဖြစ်မျိုးကို ကြုံတွေ့ကြရမယ်နော်။
#ရွှေသွေးဂျာနယ်
✍👸
✨🌻
#ပြန်လည်မျှဝေပါတယ်။

ကုန်ပစ္စည်း တစ်မျိုးကို ခင်ဗျား ရောင်းပြီ ဆိုပါတော့။ ခင်ဗျား အာဘောင်အာရင်း သန်သန်နဲ့ ပြောဆိုနေတာကို ပထမဆုံး ဦးစွာ ခင်ဗျာ...
23/03/2024

ကုန်ပစ္စည်း တစ်မျိုးကို ခင်ဗျား ရောင်းပြီ ဆိုပါတော့။ ခင်ဗျား အာဘောင်အာရင်း သန်သန်နဲ့ ပြောဆိုနေတာကို ပထမဆုံး ဦးစွာ ခင်ဗျားကို စယုံမှာ "သူစိမ်း" တစ်ယောက်ပဲ။ သူစိမ်း တစ်ယောက် ခင်ဗျားကို ယုံနေတဲ့အချိန် "သူငယ်ချင်း" တွေက ခင်ဗျားကို မယုံတယုံ ဖြစ်နေလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ "ဆွေမျိုး" တွေက ခင်ဗျားကို လှောင်ပြောင် နေကြလိမ့်မယ်။ ခင်ဗျားကို လုံးလုံး မယုံမှာက "မိသားစု"။

မိသားစုဝင်တွေကို ခင်ဗျား တစ်စုံတစ်ခု ရောင်းမယ်ဆိုပါတော့။ ခင်ဗျား ဘယ်တော့မှ အမြတ် အများကြီးမရဘူး။ အဆိုးဆုံးက ခင်ဗျား မမြတ်ပါဘူး ဆိုတာကိုလဲ သူတို့ ယုံလိမ့်မယ် မထင်နဲ့။ ဒါ့ကြောင့် မိသားစုသည် ကိုယ့်ကို မယုံဆုံး နဲ့ ရောင်းရ အခက်ဆုံး customer။

တစ်ချိန်မှာ ခင်ဗျား အောင်မြင်လာချိန် ခင်ဗျား အနေနဲ့ မိသားစု အတွက် ဆွေမျိုး အတွက် သူငယ်ချင်းအတွက် စသဖြင့် အသီးသီး ထောက်ပံ့နိုင်လာချိန်။ ခင်ဗျားကို ဘယ်သူမှ မယုံခင်ထဲက ယုံခဲ့တဲ့ "သူစိမ်း" အတွက်ကို စဉ်းစားမိခဲ့ရဲ့လား။

ဒါ့ကြောင့် "သူစိမ်း" ဖြစ်တဲ့ ခင်ဗျားရဲ့ နေ့စဉ် Customer တွေကို ချစ်တတ် ပါ။ ထောက်ပံ့ပါ။ ဘာလို့လဲ ဆိုရင် သူတို့သည် ခင်ဗျားတို့ကို တကယ် ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့ The Best Customer တွေ ဖြစ်လို့ပါပဲ။

Jack Ma: Sales

ီ_ဘာ_ဘာ

ဘဝဆိုတာတိုတိုလေးပါ
23/03/2024

ဘဝဆိုတာတိုတိုလေးပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when My Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category