02/09/2022
ကိုဗစ်လှိုင်းသစ် ဂရုစိုက်ကြပါစို့
#ကိုဗစ်တွေပြန်တွေ့လာနေရပါတယ်
#ကာကွယ်ဆေးထိုးထားရက်နဲ့_ပြန်ဖြစ်နေကြတယ်
ကာကွယ်ဆေးထိုးထားကြပေမယ့် ကိုဗစ်က မျိုးကွဲတွေ အရမ်းခွဲတော့ တချို့မျိုးကွဲတွေက ကာကွယ်ဆေးရဲ့ Antibody လက်ကနေ လွတ်ထွက်သွားတတ်ပါတယ်။
ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတော့ မျိုးကွဲဟာ ကိုဗစ်ပဲမို့ ကိုယ်ခံအားနဲ့ တိုက်ပွဲဖြစ်ရာကနေ
- ဖျားပါတယ် ( ကာကွယ်ဆေးထိုးထားကြတာမို့ ကိုယ်ခံအားက အရမ်းအားကောင်းနေတော့ #အဖျားကြီးတတ်ပါတယ်)
- တိုက်ပွဲပြင်းထန်တဲ့အတွက် အရမ်းနုံးချိနေပါတယ်
- ကိုယ်တွေလက်တွေကိုက်ပါတယ် ၊ ခေါင်းကိုက်ပါတယ်
- နှာစေး ချောင်းဆိုးဖြစ်ပါတယ်
- ***လည်ချောင်းအရမ်းနာပါတယ် (အခု အတွေ့များတဲ့ လက္ခဏာပါ)
ဝမ်းသာစရာကတော့
👉 အဆုတ်ပျက်ဆီးပြီး သွေးတွင်း Oxygen ကျတာ
👉 ဆေးရုံတက်ရတာ
👉 အထူးကြပ်မတ်ဆောင်ရောက်တာ
👉 အသက်သေဆုံးရတာတွေ ခုထိ သိပ်မကြားရသေးပါဘူး
ကိုဗစ်ဟာ Virus မို့ Antibiotic သောက်ဖို့ မလိုဘူးဆိုတာ ကျွန်တော်တို့ သိကြပါပြီ။
Virus မို့ အကိုက်အခဲပျောက်ဆေးတွေ ထိုးရာက ကျောက်ကပ်ပျက်တာ၊ အစာအိမ်သွေးကြောပေါက်တာတွေ ဖြစ်နိုင်လို့ 💉 #အသားဆေးမထိုးသင့်ပါဘူး
ွက်ပြီ_ဘာလုပ်ရမလဲ ❓
👨 ရောဂါအခံမရှိသူ လူလတ်ပိုင်းတွေအတွက်
အရေးကြီးဆုံးက #သီးသန့်နေပါ
အလုပ်မှအနားယူပါ
(အိမ်တွင်လည်း သီးသန့်နေပါ၊ Mask တပ်ထားပါ)
- ရေအများကြီးသောက်ပါ (တစ်နေ့ ၃ လီတာသောက်ပါ)
- အားရှိအောင် အစားစားပေးပါ
- အိပ်ပါ (ကောင်းကောင်းအနားယူပါ)
လည်ချောင်းအရမ်းနာတဲ့အတွက် - ရေအများကြီးသောက်ပါ
ရေနွေးနွေးနဲ့ ပါးလုတ် ခဏ ခဏ ကျင်းပါ။
ငုံဆေး အဆင်ပြေရာ ငုံလို့ရပါတယ်။
အဖျားအတွက် - ရေပတ်တိုက်ပါ
- အဖျားကျဆေး (Paracetamol 500mg ) ၆ နာရီခြား တစ်နေ့ (၄) ကြိမ်ထိသောက်လို့ရပါတယ်
ချောင်းဆိုးတာအတွက် - ရေနွေးနွေးသောက်ပါ
- ချောင်းဆိုးပျောက်ဆေး တစ်နေ့ (၃) ကြိမ် အထိသောက်လို့ရပါတယ်
(Chericof, Detussin) ဝယ်လို့ရတာသောက်ပါ
နှာစေး နှာမွှန် နှာချေတာအတွက် - နွေးနွေးထွေးထွေးနေပါ
- Cetrizine/Loratidine ဝယ်လို့ရတာ သောက်ပါ
အဓိကက
👉 အာဟာရမပြတ်ဖို့
👉 ကောင်းကောင်းနားဖို့
👉 ရေ/အရည်များများသောက်ဖို့
👉 သက်ကြီးရွယ်အိုတွေဆီ မကူးစေဖို့ပါ
---------
👨🦳 ရောဂါအခံရှိသူ/သက်ကြီးရွယ်အို/ကာကွယ်ဆေးထိုးမထားတဲ့သူတွေကတော့ #မိသားစုဆရာဝန် နဲ့ တိုင်ပင်ပြီး ညွှန်ကြားချက်တွေ လိုက်နာကြပါ။
----------
ရောဂါမဖြစ်သေးတဲ့
#ကျွန်တော်တို့_တတွေ_ဘယ်လိုရင်ဆိုင်ကြမလဲ ❓
✳️ မလိုအပ်ပဲ အိမ်ပြင် မထွက်ကြ ပါနဲ့
✳️ လူထူထပ်နိုင်မယ့်နေရာတွေ (ပွဲလမ်းသဘင်၊ Bar၊ Club) ရှောင်ကြပေါ့ဗျာ
✳️ မလွှဲသာလို့ ထွက်ရရင်လဲ Mask သေသေချာချာ စနစ်တကျ တပ်ကြပါ
✳️ လက်ကို စနစ်တကျ ခဏ ခဏ ဆေးကြမယ်ဗျာ
✳️ (အာဟာရပြည့်ဝအောင်) အစားကောင်းကောင်းစားကြမယ်ဗျာ (တူတူ ပြန် ဝကြတာပေါ့ 😅)
✳️ နံနက်စောစော နေရောင်လေးခံပြီး ကိုယ်လက်လှုပ်ရှားမှုတွေ နေ့စဉ်လုပ်ကြမယ်
✳️ အိပ်ချိန်မှန်မှန် နဲ့ အိပ်ရေးဝ ဝ အိပ်ကြမယ်ဗျာ
✳️ #ကာကွယ်ဆေး ကို အနည်းဆုံးတော့ (၂) ကြိမ်ပြည့်အောင် ထိုးကို ထိုးထားသင့်ပါတယ် ဒုတိယအကြိမ်ကနေ (၆ လ) ပြည့်ပြီးရင်လည်း တတိယအကြိမ် Booster ထိုးကြရအောင်ဗျာ
ကိုဗစ်ရန်ကင်းဝေးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
08:00 pm/01.09.2022
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )