13/08/2026
🌊 ရေစီးအန္တရာယ် — Safety First ⛑️
📅 ၁၃.၈.၂၀၂၆
📍 လေးမျက်နှာမြို့နယ်၊ အိုင်သပြု
ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းပေးနေစဉ် အလှူရှင်တစ်ဦးသည် ရေစီးအတွင်း ဖြတ်လျှောက်ရာမှ ရေစီးနှင့်အတူ မျောပါသွားခဲ့ပါသည်။
အဆိုပါအခြေအနေအား သိရှိသည်နှင့် ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့မှ အချိန်မီ လုံခြုံစွာ ဝင်ရောက်ကယ်ဆယ်နိုင်ခဲ့ပြီး ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပါသည်။ 🙏⛑️
⚠️ ရေစီးကြမ်းနေချိန်တွင် ရေထဲသို့ မလိုအပ်ဘဲ ဝင်ရောက်ခြင်းသည် အသက်အန္တရာယ်ရှိနိုင်ပါသည်။
ရေစီးအတွင်းတွင် မမြင်နိုင်သော
➡️ ချိုင့်ဝှမ်းများ
➡️ ကျင်းများ
➡️ သစ်ကိုင်း၊ သစ်တုံးများ
➡️ လျှပ်စီးကြောင်း/ရေစီးအားပြင်းသည့်နေရာများ
ရှိနိုင်သဖြင့် ရေတိမ်သည်ဟုထင်ရုံဖြင့် မဖြတ်လျှောက်သင့်ပါ။
🦺 Life Jacket မရှိဘဲ ရေစီးအတွင်း မဝင်ပါနှင့်။
🪢 ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင်လည်း သင့်တော်သော PPE နှင့် Rescue Equipment များအသုံးပြုပြီး Safety First ကို အမြဲဦးစားပေးပါ။
ကယ်ဆယ်ရေးလုပ်သူကိုယ်တိုင် ဘေးကင်းမှသာ အခြားသူများကို ထိရောက်စွာ ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။
🙏 အလှူရှင်များအနေဖြင့် ရေဘေးကူညီရာတွင် စေတနာကောင်းနှင့်အတူ မိမိတို့၏ Safety ကိုလည်း အထူးဂရုစိုက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#ချစ်သောသားငယ်
H RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်-၆/ဒဂုံတောင်/၀၂၃
အကူအညီတောင်းခံရန်နှင့်ဆက်သွယ်လှူဒါန်းလိုပါက-
Kpay Acc-09420085147
Wave Acc-09420085147
Hein Yar Zar
၀၉ ၄၂၀၀၈ ၅ ၁၄၇
၀၉ ၇၇၇၇၇ ၅ ၁၉၁
၀၉ ၇၇၇၇၇ ၅ ၁၉၂ သို့ဆက်သွယ်ထည့်ဝင်လှူဒါန်းနိုင်ပါသည်ခင်ဗျာ
#လေးမျက်နှာ
#အိုင်သပြု
#ရေဘေးကယ်ဆယ်ရေး
#ကယ်ဆယ်ရေးအဖွဲ့များ