09/12/2022
PDF တွေအလှူခံတယ်။ တို,က်လဲမတိုက်ဘဲ အလှူတွေချည်းခနခနခံနေတယ်လို့ ပြောလို့ စကားနဲနဲပြောပါမယ် ။
PDF တွေမှာ LOCAL PDF နဲ့ NUG လက်အောက်ခံ PDF နှစ်မျိုးကွဲနေပါတယ် ။ NUGလက်အောက်ခံ PDF တွေတောင်
NUGရဲ့ထောက်ပံမှုကိုအပြည့်အဝမရဘူး ။
PDF တွေမှာ
ကျောင်းသား
အလုပ်သမား
ကုန်သည်ပွဲစား
ဆရာဝန်
ပန်းရံသမား
မော်ဒယ်
လူတန်းစားပေါင်းစုံပါဝင်ပါတယ် ။
ချမ်းသာတဲ့ သူတွေကတော့
မိသားစုရဲ့ပံပိုးမှုနဲ့ အဆင်ပြေပေမဲ့
ချမ်းသာတယ်ဆိုရင်တောင်
ရေရှည်အတွက်မလွယ်ကူလှပါဘူး ။
အသင်းအဖွဲ့တစ်ခုလုံးအတွကိလဲမထောက်ပံနိုင်ပါဘူး
တော်လှန်ရေးကပါးစပ်ကအော်နေလို့မပြီးပါဘူး
တိုက်ချင်တိုင်းလဲတိုက်မရပါဘူး
မြန်မာ့ GDP Rate ကျလာတာနဲ့ အမျှ
ကုန်စျေးနှုန်းတွေတန်ဖိုးမြင့်တက်လာပါတယ် ။
ကျနော်တို့လိုနယ်စပ်ဘက်တွေမှာဆို
ကြက်ဥ 3 လုံး 500 ပေးဝယ်နေရပါတယ် ။
ဒီအခြေမျိုးတွေမှာ
စီးပွားရေးမရှိတဲ့ PDF/UG တွေအနေနဲ့
စားနပ်ရိက္ခာအတွက်ငွေကြေးလိုအပ်ပါတယ် ။
အလှူခံကိုခံရမဲ့အခြေနေပါ ။
PDF တွေရပ်တည်နိုင်ဖို့အတွက်
ပထမအချက်အနေနဲ့ နေရာထိုင်ခင်းလိုပါတယ် ။
အဲ့နောက်မှာ စားနပ်ရိက္ခာတွေ လိုက်ပါတယ် ။
စားနပ်ရိက္ခာတွေ
နောက်မှာဆေးဝါး
ဆေးဝါးနောက်မှ
စစ်လက်,နက်တစ်ဆင့်ချင်းသွားပါတယ် ။မတို,က်သေးဘူးလားမပြောနဲ့
လက်,နက်တွေမစုံသေးပါဘူး
ဒီလောက်ကြာနေပြီ
လက်,နက်မစုံသေးဘူးလားမေးရင်
သေ,နတ် တစ်လက်ရဖို့
ကျောက်ကပ်ထုတ်ရောင်းတောင်
သေ,နတ် စျေးကိုတိုးမပေါက်ပါဘူး ။
ခင်ဗျားတို့မြို့ပေါ်မှာ ဖုန်းလေးကိုင်
တော်လှန်ရေးလို့ထိုင်အော်နေရအောင်မလွယ်ကူလှဘူး ။
အစားအသောက်
အနေအထိုင်
အဝတ်အစားအကုန်ခက်ခဲပါတယ် ။
ပိုက်ဆံရှိရင်တောင်ရှိတိုင်းဝယ်လို့မရပါဘူး ။
ကျနော်တို့ တွေက
ဘဝ အနာဂတ်
မိသားစု
ပညာရေး
ချစ်သူ
သူငယ်ချင်း အကုန်လုံးကိုပေးဆပ်ထားတာပါ ။
ဒါတောင် စာရေးချပြီးထုတ်ပြောလို့ မရတဲ့ အခက်အခဲပေါင်းများစွာ ရှိပါသေးတယ် ကိုယ်ချင်းစာကြည့်ကြပါအုန်းဗျာ
ဘယ်အထိ
ဆက်ပြီးပေးဆပ်ရအုံးမလဲကျနော်တို့မသိပါဘူး
ဘယ်သူကလုပ်ခိုင်းလို့လဲမေးရင်တော့
မင်းဟာ စော,က်ဂျ_ပုနဲ့မထူးခြားနားသူတစ်ယောက်ပါဘဲ ။
ကျနော်တို့လုပ်နေတာ လူငယ်တာဝန်ကျေချင်လို့ပါ ။
ကျနော်တို့နောင်လာနောက်သားတွေအတွက်ပါ ။
ကျနော်တို့ရဲ့
မဟုတ်ရင်မခံချင်တဲ့စိတ်ကြောင့်ပါ ။
ခင်ဗျား တို့ကိုယ်တိုင်လာနေကြည့်ပါ
ခုဆိုကျနော်တို့မှာ
အလှူငွေ တောင်းဖို့တောင်အားနာလာပြီ ............
..JMPDF