PDF School

PDF School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF School, Political organisation, Yangon.

03/03/2023

For Motivation

24/02/2023
Grade 10 စနစ်သစ်Maths FormulaCh-01 to 10.
24/02/2023

Grade 10 စနစ်သစ်
Maths Formula
Ch-01 to 10.

AA ခဲဝါအကြမ်း ဖက်အဖွဲ့က ဗမာ လူမျိုးPDF လူငယ် ၂ ဦး အား အသေဖမ်းဆီး ရန် ညွှန်ကြားထားပြီး အသည်းအသန် လိုက်ရှာနေကြပါတယ် ...PDF...
14/11/2022

AA ခဲဝါအကြမ်း ဖက်အဖွဲ့က ဗမာ လူမျိုးPDF လူငယ် ၂ ဦး အား အသေဖမ်းဆီး ရန် ညွှန်ကြားထားပြီး အသည်းအသန် လိုက်ရှာနေကြပါတယ် ...

PDF လူငယ်တစ်ဦး ပြောပြချက်အရ ပုံပါ မိန်းကလေး အား AAခဲဝါ အရာရှိဆိုသူ က အဓ္ဓ မ ပြုကျင့်ရန် ကြံစဉ် နေစဉ် ချစ်သူကောင်လေး မှတွေ့မြင်၍ AA မုဒိန်းကောင် အားသေနတ်ဖြင့် ပစ်သတ် ခဲ့ပြီး ထွက် ပြေးသွားခြင်းဖြစ်သာ်ဟု သိရပါတယ် ...

ကံကောင်းပါစေ PDF လေးတွေ AA ခဲဝါဆို တာ လူမျိုးရေးအစွန်းရောက် အသိဉာဏ်မဲ့ သူတွေဖြစ်လို့ လူသတ် မုဒိန်းကျင့် တာ သူတို့အတွက် စိတ်အပန်းဖြေစရာတစ်ခုပါ....

12/10/2022

ွဲ့မှမုဒိန်းကျင့်ခဲ့..

ဘူးသီးတောင်မြို့ ကျောင်းတောင်အုပ်စု ပုဇွန်ချောင်းရွာ
တွင်နေထိုင်သူ နို့တိုက်မိခင်တစ်ဦးအား‌AAအဖွဲ့မှ မုဒိန်း ကျင့်ခဲ့သည့်အကြောင်း ရုပ်သံဖိုင်
=====================================

အောက်တိုဘာလ ၁၂ရက်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ရက်နေ့က ဘူးသီးတောင်မြို့ ကျောင်းတောင်အုပ်စု ပုဇွန်ချောင်းရွာ တွင်နေထိုင်သူ နို့တိုက်မိခင်တစ်ဦးအား‌ AAအဖွဲ့မှ အဓမ္မ မုဒိန်းကျင့်ခဲ့
တယ်လို့ သိရှိရပါတယ်။

အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးဟာ နို့စို့အရွယ်ကလေးရှိ‌တဲ့
မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ AAအဖွဲ့ကခေါင်းဆောင် တွေကို တိုင်ကြားလို့မရနိုင်သလို့ AAအဖွဲ့က နယ်မြေမှူး နိုင်ဝင်းဆိုတဲ့ သူကပါ တိုင်ကြားပါက အသက်ကိုအန္တရာယ်ပြုမယ်လို့ ခြိမ်း ခြောက်လာတဲ့အတွက် ဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပက်သက်လို့ မခံရပ်နိုင်ဖြစ်ပြီး တရားမျှတမှုလို ချင်‌နေတဲ့ရွာသားတစ်ဦးရဲ့ ပြောကြားချက် Video ရုပ်သံဖိုင်ဖြစ်ပါတယ်။

မူစလင်လူမျိုးတွေရဲ့ ဒုက္ခကို ဘယ်သူတွေမှ မကယ်တင်နိုင်တော့ဘူးလား။



Original post- https://m.facebook.com/story.php?story_fbid=130447676439157&id=100084217742766

 ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာနေ ပညာတတ်ရိုဟင်ဂျာတစ်ဦးကို ရက္ခိုင့်တပ်တော် AA က စနိုက်ပါဖြင့် ချောင်း မြောင်း ပစ်သတ...
08/10/2022



ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာနေ ပညာတတ်ရိုဟင်ဂျာတစ်ဦးကို ရက္ခိုင့်တပ်တော် AA က စနိုက်ပါဖြင့် ချောင်း မြောင်း ပစ်သတ်

အောက်တိုဘာ ၈ ၊ AEN

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာနေသူ ဦးရှေကုလ်အစ္စလာမ် (ဘ)ဦးနုရ်အီစ္စလမ် အသက်(၄၅)နှစ်အား ဂူတာပြင်နှင့် တောင်ရွာကြားရှိ ရက္ခိုင့်တပ်တော် AA ခြေကုပ် စခန်းတစ်ခုက စနိုက်ပါနှင့် ချောင်းမြောင်း ပစ်သတ်ခဲ့ကြောင်း အခင်းဖြစ်နေရာတွင်ရှိသူနှင့် ဒေသခံများ၏ အတည်ပြုပြောကြားချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာနေထိုင်သူ ဦးရှေကုလ်အစ္စလာမ် (ဘ)ဦးနုရ်အီစ္စလမ် အသက်(၄၅)နှစ်သည် ဂူတာပြင်ကျေးရွာအား ဗဟိုပြု၍ စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများကြောင့် စိမ်းညှင်းပြားကျေးရွာသို့ စစ်ဘေးရှောင်နေရသူတစ်ဦးဖြစ်ကာ သူ၏နေအိမ်အတွင်း မွေးမြူထားသည့် ကြက်၊ ဘဲနှင့် အိမ်မွေးတရိစ္ဆာန်များအား အစာရေစာကျွေးမွေးရန် ယနေ့ အောက်တိုဘာလ ၈ရက်နေ့ နံနက်ပိုင်းတွင် ဂူတာပြင်ကျေးရွာရှိ နေအိမ်သို့ ဆိုက်ကယ်ကယ်ရီဖြင့် လာရောက်ခဲ့ပြီးနောက် ဂူတာပြင်ကျေးရွာမှ ပြန်လည်ထွက်ခွာပြီး ဂူတာပြင်နှင့်တောင်ရွာကြားရှိ တံတားကူးရာ နေရာအရောက်တွင် ပစ်ခတ်ခံရကြောင်း၊ ရရှိသည့် သေနတ်ဒဏ်ရာကြောင့် နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးရှေကုလ်အစ္စလာမ် စနိုက်ပါဖြင့် ပစ်သတ်ခံရသည့်နေရာသည် ယခင်လနောက်ဆုံးအပတ်မှ စတင်ပြီး ရက္ခိုင့်တပ်တော် AA စိုးမိုးရာနေရာဖြစ်သည့်အပြင် ကျည်ဆန်လာရာအရပ်သည် ရက္ခိုင့်တပ်တော် AA ၏ ခြေကုပ်ကင်းစခန်းငယ်ကဖြစ်ကြောင်း၊ ပစ်သတ်ခံရသူ ဦးရှေကုလ်အစ္စလာမ် ရရှိခဲ့သည့်ဒဏ်ရာအရ သူမှန်းအသေအချာသိရှိပြီးနောက် ပစ်မှတ်ထားပြီး သေစေနိုင်သည့်နေရာအား ရွေးချယ်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ စနိုက်ပါ အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တာမျိုးဖြစ်ကြောင်း အခင်းဖြစ်နေရာတွင်ရှိနေသူအပါအဝင် ဂူတာပြင်ကျေးရွာဒေသခံများ၊ ရက္ခိုင့်တပ်တော် AA စခန်းလာချသည့် ယခင်လနောက်ဆုံးပတ်ကနေ ဂူတာပြင်ကျေးရွာနှင့် ပတ်ဝန်းကျင်အခြေအနေအား ကောင်းစွာသိရှိသူများ၊ ဂူတာပြင်ကျေးရွာအနီးတဝိုက် တပ်စွဲဖို့ ရောက်ရှိလာသည့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များအား ကောင်းစွာသိရှိသူများတို့အား ဆက်သွယ်မေးမြန်းမှုများအရ သိရသည်။

ဂူတာပြင်ကျေးရွာတဝိုက် ခြေကုပ်ယူထားသည့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက အသတ်ခံရသူ ဦးရှေကုလ်အစ္စလာမ်အား ကောင်းစွာသိရှိကြောင်း၊ အသတ်ခံရသူသည် ပညာတတ်ရိုဟင်ဂျာတစ်ဦးဖြစ်ပြီး၊ ၁၉၉၀ ခုနှစ် ဘူးသီးတောင်မြို့နယ်က ရွေးချယ်ခံရသည့် လွှတ်တော်ကိုယ်စားဟောင်း၊ ဒီမ်ိုကရေစီနှင့်လူ့အခွင့်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းဇနီး၏ မောင်အရင်းဖြစ်ပြီး၊ လူ့အခွင့်အရေးနှင့် ရိုဟင်ဂျာအရေးဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သည့် မဝေဝေနု၏ ဦးလေးတော်စပ်သူလည်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၇ရက်နေ့တွင် အသတ်ခံရသူ၏ ဆွေမျိုးအရင်းအချာဖြစ်သူ ဦးကျော်မင်းက သူ၏ ဖေ့ဘုတ်စာမျက်နှာကနေတဆင့် ဂူတာပြင်ကျေးရွာတဝိုက် ရက္ခိုင့်တပ်တော်၏ စစ်ရေးလှုပ်ရှားမှုများကို ဝေဖန်သည့်စာများ ရေးတင်ခဲ့ကြောင်းသိရပြီး ဦးကျော်မင်း၏ ဖေ့ဘုတ်ပေါ် ရေးသားချက်များနှင့် ဦးရှေကုလ်အစ္စလာမ် ပစ်သတ်ခံရမှုမှာ ဆက်စပ်မှု ရှိနိုင်ကြောင်း ဒေသခံများကဆိုသည်။

ရက္ခိုင့်တပ်တော် AA သည် မောင်တောခရိုင်ပညာရေးမှူး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဖေ့ဘုတ်ပေါ် ဝေဖန်ရေးသားခဲ့တဲ့ ကျောက်ဖြူအမတ်ဟောင်း ဦးကျော်လွင်ကိုလည်း ဖမ်းဆီးထားကြောင်း သူ၏ မိသားစုဝင်များ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းဌာနအချို့က ဖော်ပြထားသည်။

ဂျာမနီအခြေစိုက် ဒီမိုကရေစီအရေးနှင့် ရိုဟင်ဂျာအရေးဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သည့် ရိုနေဆန်းလွင်အား AEN မှ ဆက်သွယ်မေးမြန်းရာတွင် "မြန်မာစစ်တပ်က ကျွန်တော်တို့အားလုံးရဲ့ ဘုံရန်သူဖြစ်တာကြောင့် ရက္ခိုင့်တပ်တော် (AA) ရဲ့ တော်လှန်ရေးဆင်နွဲနေတာကို ကျွန်တော်တို့အနေနဲ့ အမြဲအားပေးခဲ့တယ်။ လက်နက်နဲ့တိုက်ခိုက်တာမှာ နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေက လူမျိုးတုံးသတ်ဖြတ်မှုအထိ ကျူးလွန်ခံထားရတဲ့လူမျိုးဖြစ်ပါတယ်။ တစ်ဖက်က ICJ အပြည်ပြည်ဆိုင်ရာတရားမျှတမှုရုံးက ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့၊​ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ မကျူးလွန်ဖို့ ကြားဖြတ်အစီအမံထုတ်ပြန်ထားတာ ရှိပါတယ်။

ကျွန်တော်တို့က နှစ်ဖက်အသိုင်းအဝိုင်း သင့်မြတ်ရေးကို ရှေ့ရှုပြီး မပြောခဲ့တာတွေ အများကြီးရှိတယ်။ ဒီနေ့ ဆရာဦးရှေကုလ်အစ္စလာမ်ကို ပစ်သတ်တာကတော့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုမြောက်တဲ့အထိ ဖြစ်သွားပါပြီ။

AA က အကြီးအကဲတွေအနေနဲ့ အောက်ခြေက တပ်ဖွဲ့ဝင်တွေ၊ အရာရှိငယ်တွေကို သေချာမှာကြားဖို့ လိုနေပါတယ်။ ကျွန်တော်တို့က တော်လှန်ရေးကို အားပေးသူတွေ ဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းကို နာမည်ဆိုးနဲ့ ကျော်ကြားလာမှာကို မလိုလားပါဘူး။ ဒီနေ့လို ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်အောင်၊ ဖိအားကြောင့် အပြင်ကို သတင်းထွက်မလာတဲ့ ဖြစ်ရပ်တွေ မဖြစ်အောင် AA ရဲ့ အကြီးအကဲတွေက ထိန်းကျောင်းပေးဖို့ လိုပါမယ်လို့ ပြောဆိုထားသည်။

ဦးရှေကုလ်အစ္စလာမ်ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောဆိုချက်များကို သိရှိနိုင်ရန် စာဖြင့်ဆက်သွယ်ပေးပို့ မေးမြန်းထားသည်။

The Arakan Express News

 ***d by 6 AA soldiers in the North part of Buthidaung Township5 October 2022It was reported that 2 Rohingya women were ...
06/10/2022

***d by 6 AA soldiers in the North part of Buthidaung Township

5 October 2022

It was reported that 2 Rohingya women were r***d by 6 AA troops in , Kyaung Taung village tract of Buthidaung North.

On 01-10-2022 (Saturday) at around 8:00 p.m., 6 AA troops arrived in Phuzun Chaung Village, Kyaung Taung village Tract, entered 2 Rohingya houses, forced all the families out, and dragged Nur Fatema (38) into a house. It is reported that Nur Fatema (35) with the same name was dragged into another house and gang-r***d.

A family member said, "at around 8:00 p.m., 6 Arakan Army (AA) troops came and took the two families out. Among those, they dragged two women, both are the same name, Nur Fatema, into the house, gang-r***d them, and threatened them not to tell anyone."

Then, a villager told ZR reporter that the two women are the family members of farmers and Nurfatema (35) is currently pregnant.

In addition to that, they went to complain to the officer in charge at the AA camp in Badakar village tract, Ngsurry (Rakhine village) to take action against the rapists, but so far there has been no response. The Rohingyas of Phuzun Chaung village are a minority, and they are very worried that the AA will come again to commit atrocities and burn down their homes. It is also reported that the health condition of the women who were r***d is bad.

ZR report, Buthidaung

Address

Yangon

Website

Alerts

Be the first to know and let us send you an email when PDF School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share