06/03/2024
ကရင်စာပေသင်ရိုးပြုစုရေးကော်မတီ
၂၀၁၃ခုနစ်တိုင်းရင်းသားစာပေသင်ကြားခွင့်အားအစိုးရကျောင်းများတွင် မူလတန်းအောက်အဆင့်ရရှိခဲ့ပြီးနောက် ၂၀၁၅ခုနှစ်တွင်KGဖတ်စာအုပ်အား ပညာရေး၀န်ကြီးဌာန UNICEF နှင့်တိုင်းရင်းသားစာပေပညာရှင်များကျောင်းသားဗဟိုပြုသင်ရိုးဖြင့်ပြုစုခဲ့ပါသည်။
KGဖတ်စာအုပ်အား ဧရာ၀တီတိုင်းတွင် ၂၀၁၆ခုနှစ်၊ရန်ကုန်တိုင်းတွင် ၂၀၁၇ခုနစ်တွင် သင်ကြားခဲ့ပါသည်။KGဖတ်စာအုပ်နှင့်ချိတ်ဆက်မည့် G 1သင်ရိုးစာအုပ် မရှိသဖြင့် ကရင်စာပေသင်ရိုးဖြစ်မြောက်ရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေယဥ်ကျေးမူကော်မတီ အတွင်းရေးမှူးအနေဖြင့်ဦးဆောင်၍ ကရင်စာပေသင်ရိုးဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းရာတွင် အတွင်းရေးမှူးနေရာတာ၀န်ယူပြီးဆောင်ရွက်ခဲ့ပါသည်။
စကောကရင်အနောက်ပိုးကရင် G1သင်ရိုးအားကျောင်းသားဗဟိုပြုသင်ရိုးညွန်းဘောင်အတိုင်း ၂၀၁၈ခုနစ်စတင်ပြုစုရာ၂၀၁၉ခုနှစ်တွင်ပြီးစီးခဲ့ပါသည်။
စကောကရင်အနောက်ပိုးကရင် G2သင်ရိုးအားကျောင်းသားဗဟိုပြုသင်ရိုးညွန်းဘောင်အတိုင်း ၂၀၁၉ခုနစ်စတင်ပြုစုရာ၂၀၂၀ခုနှစ်တွင်ပြီးစီးခဲ့ပါသည်။
စကောကရင်အနောက်ပိုးကရင် G3သင်ရိုးအားကျောင်းသားဗဟိုပြုသင်ရိုးညွန်းဘောင်အတိုင်း ၂၀၂၀ခုနစ်စတင်ပြုစုရာကိုဗစ်နှင့်အပြောင်းအလဲအကြောင့်၂၀၂၂ခုနှစ်တွင်ပြီးစီးခဲ့ပါသည်။
စကောကရင်အနောက်ပိုးကရင် G1.G2.G3သင်ရိုးစာအုပ်များ
အစိုးရကျောင်းများတွင်သင်ကြားခွင့်နှင့်ပူံနိပ်ခွင့်အား အဆင့်ဆင့်တင်ပြခဲ့ပါသည်။
ပညာရေး၀န်ကြီးဌာနမှ ၂၀ဝ၄ /၂၀၂၅ပညာသင်နှစ်အတွက် စကောကရင်အနောက်ပိုးကရင် G1.G2.G3 သင်ရိုးဖတ်စာအုပ်များပုံနှိပ်ပေးပြီးမြို့နယ်ကရင်စာပေယဥ်ကျေးမူကော်မတီများသို့ ဖြန့်ဝေထားပြီးဖြစ်၍
ကရင်စာပေအား အတန်းသင်ပညာရေးသင်ကြားနိုင်ရန်အတွက် G1.G2.G3 ဖတ်စာအုပ်များအားအစိုးရကျောင်းများတွင် တရားဝင်သင်ကြားခွင့်နှင့်ပုံနှိပ်ထုတ်ဝေသည့်အတွက် သမိုင်းပေးတာဝန်တစ်ခုကို အတိုင်းအတာတစ်ခုထိထမ်းဆောင်ခဲ့ပြီးဖြစ်ပါသည်။
စကောကရင်အနောက်ပိုးကရင်
စာပေပညာရှင်၊နည်းပညာရှင် များကရင်စာပေယဥ်ကျေးမှုမှ အကြီးအကဲများ နှစ်စဥ်အဓိကအလှူရှင်များနှင့် အားဖြည့်အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။