Love venus

Love venus Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Love venus, Library, Yangon.

04/09/2018

လူတိုင်းအမှားနဲ့မကင်းပါဘူး
မှားပါရဲရဲမှားပါ
ပြီးရင်အဲ့အမှားကိုလက်ခံပါ
အမှားများမှသာ အမှန်ဆီနီးကပ်လာတယ်ဆိုတာကို
ယုံကြည်နေဖို့ပဲလိုတာပါ

04/09/2018

ကျွန်မကိုဘယ်သူဘာပဲမြင်မြင်
ဘယ်လိုပဲပြောပြော
သူများရဲ့ထင်မြင်မှုကြောင့်တော့
သူများသာယာမှုအတွက်တော့
ကျွန်မကိုယ်ကျွန်မ ပြောင်းလဲဖို့အစီအစဉ်မရှိပါဘူး
ကျွန်မဘယ်သူ့ရဲ့ထင်မြင်ချက်ကိုမှ
ဂရုမစိုက်တက်ပါဘူး
ရိုင်းတယ်ပဲပြောပြော
မိန်းကလေးမဆန်ဘူးပဲပြောပြော
ကျွန်မတန်ဖိုးထားနဲ့ရိုးသားမှုနဲ့ပွင့်လင်းမှုကိုတော့
ပြောင်းလဲမှာမဟုတ်ပါဘူး

28/08/2017

ငါ့မှာ ဗိုက်​ခဏခဏ ဆာတတ်​တဲ့ ​ရောဂါရှိလို့
အဲ့​ရောဂါအတွက်​ အချိန်​မှီကု​ပေးနိုင်​မှ ငါ့ဘဝထဲ
ဝင်​ခဲ့ပါ 😝😝
အလဲ့

Phyo

18/08/2017

ကောင်​မ​လေး : ငါ့ကိုလမ်းခွဲ​ပေးပါ
ကောင်​​လေး : ဟာ....... နင်​ဘာ​ပြောလိုက်​တာလဲ

ကောင်​မ​လေး သူ့ကို အဲ့လိုလမ်းခွဲစကားရုတ်​တရက်​ကြီး
ပြောလာလိမ့်​မယ်​လို့ ​ကောင်​​လေး လုံးဝထင်​မထားပါ
သူအခုတ​လော ​​ကောင်​မ​လေးကို ပစ်​ထားတာ​တွေများခဲ့သည်​။ သူ​နောင်​တရချင်​သလိုလိုဖြစ်​လာသည်​။
ကောင်​​လေးဆက်​​​မေးသည်

ကောင်​​လေး : နင်​ဘာ​ကြောင့်​ငါ့ကိုဖြတ်​ချင်​တာလဲ
အ​ကြောင်းပြချက်​​လေး​တော့ ​ပြော​ပေးပါ

ကောင်​မ​လေးတစ်​​ယောက်​ ရင်​ထဲက တုန်​ရီ​နေ​သောအသံ
နှလုံးသာထဲက နာကျင်​ခြင်း​တွေနှင့်​ ပြည့်​လျှံ​နေ​သော စကားလုံး​တွေ တဖြည်းဖြည်းချင်း​ပြောဖို့ သူမ နှုတ်​ခမ်း​​လေးကို စဖွင့်​ဟလိုက်​တယ်

ကောင်​မ​လေး : နင်​သိလား ငါနင်​နဲ့ စ​​တွေ့တုန်းက​လေ
ငါ့စိတ်​ထဲ နင်​ကငါ့ကိုအရမ်းချစ်​ပြီး အရမ်းဂရုစိုက်​မှာလို့
ထင်​ခဲ့တယ်​ ပြီး​တော့ ငါမျက်​နှာတစ်​ချက်​အငြိုးမခံရ​အောင်
နင်​ကဂရုစိုက်​​ပေးမယ်​ သူငယ်​ချင်း​တွေကြားထဲမှာလဲ
နင်​ကငါ့ကို သူများအမြင်​ကတ်​​လောက်​​အောင်​ဂရုစိုက်
ပေးမယ်​ ထင်​ခဲ့တာ ဒါ​ပေမယ့်​ ငါအ​တွေး​တွေမှားသွားခဲ့
်တယ်​ ဟာ ငါ​ရွေးချယ်​မှုမှားသွားပြီ

ကောင်​​လေး ပါးစပ်​​အ​ဟောင်းသားဖြစ်​သွားသည်​။
သူ​ကောင်​မ​လေးကို ပစ်​ထားခဲ့မိပြီး အဆက်​အသွယ်
မလုပ်​တာ ၂ ပတ်​တာ ကာလ​လေးပါ အမှန်သူပစ်​ထားတာ
မဟုတ်​ပါ သူတကယ်​ စာ​မေးပွဲ ကိစ္စ​တွေနဲ့ အလုပ်​ရှုပ်​​နေခြင်း ဖြစ်​သည်​။ ဒါကို သူမလဲသိသည်​။ အခုလဲ စာ​မေးပွဲ ပြီးပြီးချင်း သူ့ကို​တွေ့ချင်​လွန်းလို့ ​​ကောင်​မ​လေးကို ချိန်းလိုက်​ခြင်းဖြစ်​သည်​။ ​ကောင်​​လေး​ဒေါသထွက်​သွားသည်​။
ဖြေရှင်းချင်​စိတ်​ မရှိ​တော့။ သူ​ကောင်​မ​လေးကို
ပြောလိုက်​တဲ့စကားက သူတို့၂ ​ယောက်​အတွက်​ လုံးဝ အ​ချေအတင်​ဖြစ်​စရာအ​နေအထားဖြစ်​သွားသည်​။

ကောင်​​လေး : ဘာ မင်းတို့မိန်းက​လေး​တွေက အဲ့လိုဂရုစိုက်​မှု စိတ်​ထဲမပါလဲ နုနုရွရွ ​ပြော​နေတဲ့ လိမ်​တက်​တဲ့စကား​တွေ
ကို မက်​​မောတာ​ပေါ့ ဟုတ်​လား.. ......

ကောင်​မ​လေး မျက်​ရည်​စက်​​လေးများဖြင့် ရင်​ထဲနာကျင်​စွာ
ပြန်​​ပြောလိုက်​သည်​။

ကောင်​မ​လေး : အဲ့လိုဂရုစိုက်​မှု ​တွေ အဲ့လိုစိတ်​ထဲမပါပဲ
ပြောတဲ့ လိမ်​စဉ်​​တွေကို စွဲလမ်းသွား​အောင်​ ဘယ်​သူ​တွေက
စလုပ်​ခဲ့တာလဲ အဲ့မိန်းက​လေး​တွေရဲ့ အ​ဖြေကိုရဖို့
ဟန်​​ဆောင်​ဂရုစိုက်​မှု အ​ပေါ်ယံ ပျားရည်​​လောင်းထားတဲ့
စကား​တွေကို မက်​​မောသွား​အောင်​ ဘယ်​သူကအရင်​သင်​​ပေးခဲ့တာလဲ ရှင်​ ​သေချာ မှတ်​ထားပါ

မိန်းက​လေး​တွေ သူတို့ချစ်​သူဆီက အလိုချင်​ဆုံးအရာက
ဂုဏ်​​တွေ ​ငွေ​တွေ ပကာသန​တွေ အ​ပေါ်ယံဟန်​​ဆောင်​မှု​တွေကို လိုချင်​တာမဟုတ်​ဘူး သူတို့အရမ်းချစ်​ရတဲ့သူတို့
ချစ်​သူဆီက အလိုချင်​ဆုံးအရာက ရိုးသားဖြူစင်​ခြင်းနဲ့
ဟန်​​ဆောင်​မှု​တွေ မပါတဲ့ ဂရုစိုက်​ခြင်း​တွေပဲ
ကောင်​မ​လေး မျက်​ရည်​များ တသွင်​သွင်​စီးကျလာရင်း
ပြောလိုက်​ခြင်းဖြစ်​သည်​။

ကောင်​​လေး​တွေ​ဝေသွားသည်။ သူ့ကိုပဲ​ကောင်​မ​လေး
အပြစ်​ပုံချ​နေသလို ဖြစ်​​နေသည်​။ ​ကောင်​​လေး ပြန်​​ပြော
လိုက်​သည်​။

ကောင်​​လေး : ငါနင့်​ကို ဂရုစိုက်​​ပေးခြင်းစိတ်​​တွေ​ပျောက်
သွား​အောင်​ နင်​ပဲလုပ်​တာ​​လေ

ကောင်​မ​လေး : အံ့အားသင့်​စွာနှင့်
ဘာ ငါဘာလုပ်​လို့လဲ

ကောင်​​လေး : ငါဖုန်းဆက်​တိုင်း နင်​ကိုင်​ဘူးလား။
သုံးခါဆက်​မှ တစ်​ခါ​လောက်​ နင်​ဖုန်းကိုင်​တယ်​။
ငါနင့်​ကို ​​တွေ့ချင်​လို့ ချိ​န်းလိုက်​တို​င်း နင် တစ်​လနှစ်​ခါ​တောင်
ငါ့ကို ​တွေ့ခွင့်​ပေးလို့လား

ကောင်​မ​လေး : အဲ့ဒါ က ငါ အိမ်​မပိုင်​တာနင်​သိတယ်​​လေ။

ကောင်​​လေး : နင်​ကအိမ်​မပိုင်​လို့ ငါ့ကိုဒီအချိန်​​တွေဖုန်းဆက်​လို့ရတယ်​ ဒီအချိန်​မှာလာ​တွေ့လို့ရတယ်​လို့
နင်​ငါ့ကို​ပြောဖူးလား။ နင်​ကငါ ဘာ လုပ်​လုက်​​ပေါ့ပြက်​ပြက်
ပဲ​တွေးတယ်​ နင်​လိုတဲ့ချိန်​​ခေါ်တယ်​ ငါကနင့်​အတွက်
လိုသုံး လား နင့်​ချစ်​သူလား

၂ ​ယောက်​သား​ခေါင်းငိုက်​စိုက်​ကျ စဉ်းစား​နေကျသည်​။
၂ ​ယောက်​လုံး မမှန်​ မှား​နေသည်​​လေ။

ကောင်​​လေး : ငါ​တောင်းပန်​ပါတယ်​ ငါ့ကိုမထားခဲ့ပါနဲ့။
ကောင်​မ​လေး : ငါလဲနင့်​ကိုဘယ်​​တော့မှ ​ပေါ့ပြက်​ပြက်
မဆက်​ဆံဘဲ အ​လေးထားပါ့မယ်​ ။ နင်​လဲငါ့ကို
ဘယ်​​လောက်​အလုပ်​ရှုပ်​ရှုပ်​ဂရုစိုက်​မှာလား။

ကောင်​​လေး: ဂရုစိုက်​မှာ​ပေါ့ နင်​လဲငါ့ကိုနားလည်​​ပေး​နော်

တကယ့်​ကျွန်​မသူငယ်​ချင်းစုံတွဲတစ်​တွဲရဲ့ အဖြစ်​အပျက်​ပါ

အချစ်​မှာ ၂ ​ယောက်​လုံးနားလည်​မှုရှိဖို့လိုတယ်​။
တစ်​​ယောက်​နဲ့တစ်​​ယောက်​​လေးစားဖို့လိုတယ်​။
ယုံကြည်​ဖို့လိုတယ်​။

ရန်ဖြစ်​လိုက်​ပြန်​ချစ်​လိုက်​က ပြန်​စဉ်းစား​တော့သာ
ပျင်း​စရာမ​ကောင်းဘူး ကြည်​နူးရတယ်​​ဆို​ပေမယ့်
တခါရန်​ဖြစ်​တိုင်း တကယ်​ချစ်​တဲ့သူအဖို့ အရမ်းနာကျင်
လွန်းတယ်​။ ဒီတခါတကယ်​ပြတ်​ပါပြီဟာ ဆိုတဲ့
အ​တွေးနဲ့ ဝမ်းနည်း​​နေတက်​တယ်​။

တကယ်​​တော့ မိန်းက​လေး​တွေက သူတို့အရမ်းချစ်​တဲ့ချစ်​သူဆီက သူတို့စိတ်​ဆိုး​နေချိန်​ စာ​လေးတစ်​​ကြောင်း
လောက်​ပို့ပြီး ​ချော့ရင်​​တောင်​ ​ကျေနပ်​​နေတက်​တယ်​။
သူတို့မချစ်​တဲ့သူဆို ဘယ်​​လောက်​ပဲသူတို့ကိုဂရုစိုက်​​နေပါ
စေ ပြန်​​ချေဖို့ပြတ်​သားကျပါတယ်​။

ယောက်ျား​လေး​တွေလဲသူတို့တကယ်​ချစ်​တဲ့မိန်းက​လေး
အတွက်​ဆို မျက်​ရည်​ကျဖို့ဝန်​မ​လေးသလို ​ချော့ဖို့လဲ
စိတ်​ရှည်​တက်​ကြပါတယ်​။

ကျွန်​မတစ်​​​ယောက်​တည်းရဲ့အမြင်​ပါ လွတ်​လပ်​စွာ
သ​ဘောထားကွဲလွဲနို​င်​ပါတယ်​။ ✌✌✌✌✌✌

21/03/2017

ငါအချစ်​ဆုံးလူ​တွေက
ငါ့အမုန်းဆုံးလူ​တွေဖြစ်​သွားမှာ အ​ကြောက်​ဆုံးပဲ 😔😔

23/01/2017

ငါနင့်​ကို​မေ့ဖို့ကြိုးစားတာပဲ ဒါ​ပေမယ့်
မိုးလင်းလို့ မျက်​လုံးနှစ်​လုံးပွင့်​တာနဲ့
နင့်​ကိုပဲသတိရတာ​တော့ဘယ်​တက်​နိင်​မလဲ

23/01/2017

ငါပြတ်​ပြတ်​သားသားငြင်းနိုင်​တဲ့သူက
ငါလုံးဝမချစ်​တဲ့သူဖြစ်​ပြီး

ငါစဉ်းစား​ပေးမယ်​လို့​ပြောလိုက်​တဲ့သူကလည်း
ငါချစ်​တဲ့သူပဲဖြစ်​ရမယ်

ဘာ​တွေဘယ်​​လောက်​​ပြောင်း​ပြောင်းမ​ပြောင်းလဲတဲ့
ငါ့စိတ်​ပဲ

Love fool

27/12/2016

ငါအချစ်ကိုစဉ်းစားရင် ရင့်ကျက်လာတဲ့နောက်ပိုင်း
ဦးနှောက်နဲ့ပဲစဉ်းစားတော့မယ်
နှလုံးသားနဲ့စဉ်းစားရင်
နှလုံးရောဂါရနေမှာစိုးလို့

27/12/2016

ငါလား
ဘယ်သူ့ကိုမှ လိုတာထက်ပိုပြီး
တန်ဖိုးမထား မဆက်ဆံပေးတော့ဘူးလေ
ဘာလို့ဆို တန်ဖိုးတာဂရုစိုက်တာနဲ့မတန်အောင်
အချေခံရလွန်းလို့😏😏😏

01/12/2016

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အချင်းချင်းက
ကိုယ်လုပ်ရမယ့် ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ့်ကို
နှိမ်ချပြီး ကဲ့ရဲ့နေတဲ့အဖြစ်မျိုးကြုံတဲ့အခါ
ဘာလုပ်မလဲ ???

သူတို့နာအောင်ပြန်ချေပမလား
ဒါမှမဟုတ် ဘာမှန်ပြန်မပြောပဲစိတ်ထဲမှာပဲ ကသိကအောက် အဖြစ်ခံပြီးနေမလား

ကျွန်မအဖြေကို သေချာပြန်စဉ်းစားကြည့်တယ်
နှစ်မျိုးလုံးကျွန်မမလုပ်နိုင်ဘူး

လူငယ်ပီပီ ပြန်ချေပချင်မယ် ပြီးတော့ခွန်းတုံ့မခံလည်းရန်ပြန်တွေ့ချင်မှာပဲ

ဒါပေမယ့် အဲ့လိုရန်မတွေ့ချင်တဲ့အတွက်
စဉ်းစားလိုက်တယ်

ခင်မင်မှုလည်းမပျက်အောင်
လူကြီးဆန်ရာလည်းရောက်အောင်
ကိုယ့်ကိုကိုလည်း စိတ်ချမ်းသာအောင်

သူပြောချင်တာပြော
ကိုယ့်စိတ်ထဲမှာသူ့ကို အရူးတစ်ယောက်လို့သာ
မှတ်ထားလိုက်ပါ
သူပြောပြသမျှငြိမ်ပြီးနားထောင်ပေးလိုက်ပါ
အဲ့ဒိနည်းကအကောင်းဆုံးပါပဲ

24/11/2016
1. သင်​သိပါသလား?    ​ယောကျာ်း​လေး​တွေရဲ့ အရမ်းချစ်​တယ်​ အရမ်းလွမ်းတယ်​    ဆိုတဲ့ စကားက သင့်​တစ်​​ယောက် ​တည်းကိုပဲေ...
03/11/2016

1. သင်​သိပါသလား?
ယောကျာ်း​လေး​တွေရဲ့ အရမ်းချစ်​တယ်​ အရမ်းလွမ်းတယ်
ဆိုတဲ့ စကားက သင့်​တစ်​​ယောက် ​တည်းကိုပဲ ​ပြောဖူးတာ
မဟုတ်​ဘူးဆိုတာ

2. သင်​သိပါသလား?
သင်ဆီက အ​ဖြေရရပြီးချင်း တစ်​လနှစ်​လ​လောက်​ပဲဂရုစိုက်​ပြ
ပြီး ပြီးရင်​ဂရုမစိုက်​​တော့ဘူးဆိုတာ

3. သင်​သိပါသလား?
ရည်းစားစကားတခါမှမ​ပြောဖူးပါဘူးဆိုပြီး
သူတို့​သုံးနှုန်းလိုက်​တဲ့ အ​ပြော​တွေ​ကြောင့်​ သင်​ဖျားသွားနိုင်
လောက်​တယ်​ဆိုတာ
မှတ်​ချက်​ မိန်းက​လေး​တွေက အယုံလွယ်​တယ်​ အညှာလွယ်​တယ်
လို့ ​ခေါင်းစဉ်​တပ်​ခံရခြင်း။

4. သင်​သိပါသလား?
သင့်​အ​ပေါ်အမြဲသဝန်​တိုပြီးစိတ်​ထဲမပါပဲ စိုးရိမ်​ပြ​နေတယ်
ဆိုတာ သင့်​ကိုချစ်​လို့မဟုတ်​ဘဲ သူတို့ရဲ့​နောက်​ကွယ်​က
အရှုပ်​​တွေကို ဖုံးထားချင်​လို့ဆိုတာ

5. သင်​သိပါသလား?
သင့်​​ရှေ့ မှာ ​သေ​လောက်​​အောင်​လွမ်းပြတက်​ပြီး ​နောက်​ကွယ်
မှာ သင်​မသိတဲ့ acc တစ်​ခုနဲ့ အီချင်​တိုင်းအီ​နေတယ်​ဆိုတာ

6. သင်​သိပါသလား?
ဘယ်​​လောက်​ရိုးသားတဲ့ ​ယောကျာ်းဖြစ်​​နေပါ​စေ
သင့်​ကို လိမ်​ဖို့ ဝန်​မ​လေးတက်​ဘူးဆိုတာ

7. သင်​သိပါသလား?
သူနဲ့ အီ ​နေတဲ့ ​ကောင်​မ​လေးက သင့်​ထက်​အစစအရာရာ
သာ​နေရင်​ သူ့​​နောက်​​ကောက်​​ကောက်​ပါ​အောင်​ လိုက်​သွား
တက်​တယ်​ဆိုတာ

8. သင်​သိပါသလား?
ယောကျာ်း​တွေက ကိုယ့်ချစ်​သူဘယ်​​လောက်​သစ္စာရှိရှိ
သူမချစ်​​တော့ရင်​ ပြတ်​ဆဲကျဖို့စကား လွယ်​လွယ်​​ပြောထွက်
တက်​တယ်​ဆိုတာ

9. သင်​သိပါသလား?
ယောကျာ်းတစ်​​ယောက်​ရဲ့ အသည်းကွဲပြီးခံစားတဲ့အချိန်​က
အလွန်​ဆုံး သင်​တစ်​ရက်​အသည်းကွဲတဲ့ အချိန်​ကာလကို​တောင်
မမှီဘူးဆိုတာ

မိန်းက​လေး​တွေကို​ရေးထားခြင်းအားမ​ကျေနပ်​​သော​ကြောင့်​😏😏

Address

Yangon

Telephone

09799710933

Website

Alerts

Be the first to know and let us send you an email when Love venus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category