Ministry of Planning, Finance and Investment - NUG

Ministry of Planning, Finance and Investment - NUG Ministry of Planning, Finance and Investment- Myanmar NUG is a Ministry which is running under the National Unity Government in Myanmar.
(260)

H.E U Tin Tun Naing is the Minister of MOPFI and H.E Min Zay Yar Oo is the Deputy Minister of the MOPFI.

22/07/2026

SDB (၃) နှစ်ပြည့် အထိမ်းအမှတ်ကာလ၏ (၃) နှစ်တာခရီးစဉ်မှာ အရေးပါသော မှတ်တိုင်များ နှင့် ဂလက်စီကို ကျော်လွန်ပြီး ရှေ့ဆက်သွားမည့် အနာဂတ် မျှော်မှန်းချက်များကို SDB ဦးဆောင်အဖွဲ့ဝင်များ၊ အထူးဧည့်သည်တော်များနှင့် Community Host မ Wendy တို့မှ အတူမျှဝေဆင်နွှဲခြင်း

30/06/2026

လင်းလက်ဆဲ “၈၁” ဇွန်လ နွေဦးထီဖွင့်ပွဲ အခမ်းအနား LIVE အစီအစဉ်

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Uni...
30/03/2026

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union - SCEF” ကနဦး ဖွဲ့စည်းခြင်း နှင့် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားပြုလုပ်

၃၀ မတ် ၂၀၂၆

ယနေ့ ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ တွင် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union - SCEF” ကနဦး ဖွဲ့စည်းခြင်း နှင့် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အဖွဲ့ဝင်များ၊ရေးရာကော်မတီ၊ဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ၊အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ တော်လှန်ရေးခေါင်းဆောင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို အစီအစဉ် (၉) ရပ်နှင့် ကျင်းပပြုလုပ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အက္ကနက်စ် က ဖတ်ကြားကြေညာခဲ့သည်။ ထို့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းများ အသီးသီးပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြပါသည်။

Announcement by the Steering Council for the Emergence of a Federal Democratic Union (SCEF)Date: March 30, 2026In order ...
30/03/2026

Announcement by the Steering Council for the Emergence of a Federal Democratic Union (SCEF)

Date: March 30, 2026
In order to advance our ongoing revolution and achieve victory at the earliest possible time; to advance the current revolutionary phase by adopting the Federal Transitional Arrangements and successfully establish a transitional government; and to effectively implement the processes of building a Federal Democratic Union— we have formally established the Steering Council for the Emergence of a Federal Democratic Union (SCEF) on the following three pillars:
1. The pillar representing States/Federal Units/EROs
2. The pillar representing the people
3. The pillar representing women — to coordinate, lead, guide, and implement military, political, federal, and institutional matters.
We hereby solemnly announce this formation to all the people.
Our vision and strategic objectives are to completely dismantle all forms of dictatorship, including the military dictatorship, and to collectively initiate a new political landscape that can effectively and practically realize our political aspirations and positions.
Furthermore, we are committed to protecting and promoting the diverse identities of all ethnic nationalities residing within members states and units of the Union, and to firmly building a new Federal Democratic Union composed of states that fully guarantee equality among nationalities and the right to self-determination.
To ensure the swift achievement of these objectives, we will lead and coordinate the military and political activities of all revolutionary forces with legitimacy, unity, and accountable leadership.
To realize these goals, we have firmly adopted the following six political objectives:
(1) To overturn the usurpation of state power by the military, and to terminate the involvement of the armed forces in politics
(2) To ensure that all armed forces operate solely under the command of a civilian government elected through democratic processes
(3) To abrogate the constitution of 2008 in its entirety, and to quash all attempts to reinstate its provisions
(4) To draft and promulgate a new constitution that embodies federalism and democratic values, garnering the consensus of all relevant parties
(5) To establish a new federal democratic union in accordance with the proposed federal democratic constitution
(6) To institute a system of transitional justice to achieve justice and accountability for victims of injustices, including gender-based violence, during the conflict period.
In carrying out its functions, the SCEF upholds the principle that sovereignty belongs to the people residing within the States/Federal Units, and adopts the principle of shared sovereignty between the Union and the States/Federal Units.
In political decision-making, we will practice collective leadership, ensuring that the voices of Ethnic Revolutionary Organizations (EROs), democratic resistance forces, women’s groups, and representatives of the people are meaningfully included.
Member organizations of the Council will act based on mutual respect and recognition of diversity, and will adopt and implement the principle of “one policy, one strategy.” Through coordinated efforts across military, political, and administrative sectors, we will work in unity with the people and allied forces to achieve our shared goals while promoting broader representation.
We hereby make this announcement.

Contacts
Daw Zin Mar Aung - +66945153172
Salai Htet Ni - +916909751721
Aung San Myint - +66630749087
Steering Council for the Emergence of a Federal Democratic Union (SCEF)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(Steering Council for the Emergence of a Federal Democratic Union...
30/03/2026

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ
(Steering Council for the Emergence of a Federal Democratic Union - SCEF)
ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်

ကျွန်ုပ်တို့ဆင်နွှဲလျက်ရှိသော တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အမြန်ဆုံးအောင်ပွဲ ရယူ နိုင်ရန်၊ လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF)" ကို အောက်ပါ
၁။ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်
၂။ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့်
၃။ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး တရားဝင်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ပြည်သူလူထုတရပ်လုံးကို လေးနက်တည်ကြည်စွာ အသိပေးကြေညာအပ် ပါသည်။
ကျွန်ုပ်တို့၏မျှော်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ရန်ဖြစ်ပြီး ကျွန်ုပ်တို့၏ နိုင်ငံရေး ရည်မှန်းချက်များ၊ ရပ်တည်ချက်များကို လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းအသစ်တခုကို စုစည်းညီညွတ်စွာ စတင် လိုက်ခြင်းဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော စုံလင် ကွဲပြားသည့် လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးပြီး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ခိုင်မာကောင်းမွန်စွာ တည်ဆောက်သွားရန် ဖြစ်ပါသည်။
ဤရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်နိုင်စေရန် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှု၊ ညီညွတ်မှုနှင့် တာဝန်ယူ၊တာဝန်ခံမှုရှိသော ခေါင်းဆောင်မှုတို့ဖြင့် ဦးဆောင်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အဆိုပါ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် အောက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ခိုင်မာစွာ ချမှတ်ထားပါသည်။
(၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်
(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်
(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်
(၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်

"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား "မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမည် ဖြစ်ပါသည် ။ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ် များ၏ သဘောထားအမြင်များထင်ဟပ်ပါဝင်သည့် "စုပေါင်းခေါင်းဆောင်မှု (Collective Leadership)" ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပါသည် ။
ကောင်စီဝင်အဖွဲ့အစည်းများအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံ၍ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း - one policy, one strategy” မူဝါဒကို ချမှတ်ကျင့်သုံး၍ စစ်ရေး၊ နိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး ပိုမိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများ နှင့်ဆက်လက်ပူးပေါင်းညှိနှိုင်း၍ ကျွန်ုပ်တို့၏ ရည်မှန်ချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ဆက်သွယ်ရန်
ဒေါ်ဇင်မာအောင် - +၆၆၉၄၅၁၅၃၁၇၂
ဆလိုင်းထက်နီ - +၉၁၆၉၀၉၇၅၁၇၂၁
အောင်ဆန်းမြင့် - +၆၆၆၃၀၇၄၉၀၈၇

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ

နွေဦးဘဏ်၏ ဆန်းသစ်တီထွင် ဘဏ္ဍာရေးအောင်မြင်မှု မှတ်တိုင်များမှသည် မြန်မာနိုင်ငံတော်သစ်၏ စီးပွားရေးလွတ်လပ်မှုဆီသို့အမျိုးသာ...
17/11/2025

နွေဦးဘဏ်၏ ဆန်းသစ်တီထွင် ဘဏ္ဍာရေးအောင်မြင်မှု မှတ်တိုင်များမှသည် မြန်မာနိုင်ငံတော်သစ်၏ စီးပွားရေးလွတ်လပ်မှုဆီသို့

အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ၏ ဦးဆောင်စီမံမှုဖြင့် ပြည်သူ့ဘဏ္ဍာ တည်ဆောက်ရေး နှင့် ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ရေး ဟူသော မဏ္ဍိုင် (၂) ရပ်ကို အစဥ်တစိုက် ဖော်ဆောင်နိုင်ရန် ထူထောင်ဖွဲ့စည်းခဲ့သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် Spring Development Bank သည် (၂) နှစ်တာ ကာလအတွင်း လုံခြုံလွတ်လပ်သော ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် အောင်မြင်မှု သမိုင်းသစ်မှတ်တိုင်များကို ကမ္ဘာအနှံ့ ပြည်သူ့ ဝန်းရံမှုအင်အားဖြင့် စိုက်ထူလျက်ရှိပါသည်။

ယခုအခါ SDB ၏ ကမ္ဘာကျော် အိတ်စ်ချိန်း စျေးကွက်တွင် တရားဝင် စာရင်းဝင်ခြင်း အောင်မြင်မှု နှင့် မြန်မာနိုင်ငံတော်သစ်၏ စီးပွားရေးလွတ်လပ်မှု အနာဂတ်အတွက် တီထွင်ဆန်းသစ်သော မဟာဗျူဟာများ၊ ရှေ့လုပ်ငန်းစဥ်များ အကြောင်း အများပြည်သူထံသို့ ရှင်းလင်း တင်ပြနိုင်ရန် SDB ဦးဆောင်အဖွဲ့ဝင်များမှ ကျင်းပပြုလုပ်မည့် သတင်းမီဒီယာ ရှင်းလင်းပွဲအား ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁၈) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၃) နာရီ၌​ သတင်းမီဒီယာအချို့ နှင့် မိတ်ဖက်အဖွဲ့အစည်းတို့၏ channel များမှ တဆင့် တိုက်ရိုက်တင်ဆက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အတားအဆီးတွေ ဘယ်လို ရှိနေပါစေ၊ နွေဦးပန်းတွေ ပွင့်ဆဲပါ။ ရန်သူဟာ ပြည်သူရဲ့ တော်လှန်ရေးအားမာန်ကို ဝေဝါးအောင် ဘယ်လိုပဲ လုပ်လု...
26/10/2025

အတားအဆီးတွေ ဘယ်လို ရှိနေပါစေ၊ နွေဦးပန်းတွေ ပွင့်ဆဲပါ။ ရန်သူဟာ ပြည်သူရဲ့ တော်လှန်ရေးအားမာန်ကို ဝေဝါးအောင် ဘယ်လိုပဲ လုပ်လုပ်၊ လက်တွေ့မှာတော့ ပြည်သူဟာ ရှေ့ကို သွားနေဆဲပါပဲ။

ပြည်သူများရဲ့ ဝန်းရံမှုကြောင့် အခြေတည်ဖြစ်တည်လာသော မြန်မာ့ပထမဆုံး ဘလော့ချိန်း အခြေပြု ဒစ်ဂျစ်တယ် ငွေကြေး DMMK ၏ Transaction Volume မှာ ဘီလီယံ ၃၀၀၀ (၃ ထရီီလီယံ) ရှိပါပြီ။

အမျိုးသားညီညွတ်ရေးအစိုးရ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန


#ယုံကြည်ရာ_နှလုံးသားတို့နဲ့အတူ

Address

Yangon

Alerts

Be the first to know and let us send you an email when Ministry of Planning, Finance and Investment - NUG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ministry of Planning, Finance and Investment - NUG:

Shortcuts

Share