Thin Khar Ra

Thin Khar Ra အားလုံးကိုချမ်းသာစေချင်တယ်🏵
အဲဒိအတွက်ကိုကိုယ်တိုင်ချမ်းသာအောင်အရင်လုပ်ရမယ်
(စစ်မှန်သောချမ်းသာမှု)

17/12/2023
12/12/2023
မိတ်ဆွေတို့အားလုံးကျန်းမာ၊ချမ်းသာကြပါစေ🙏🙏🙏အကုသိုလ်နဲ့မကင်းတဲ့ချမ်းသာမှုတွေအစားကုသိုလ်နဲ့ယှဉ်တဲ့ချမ်းသာမှုတွေ ရစေဖို့မျှဝ...
20/10/2023

မိတ်ဆွေတို့အားလုံးကျန်းမာ၊ချမ်းသာကြပါစေ
🙏🙏🙏

အကုသိုလ်နဲ့မကင်းတဲ့ချမ်းသာမှုတွေအစား

ကုသိုလ်နဲ့ယှဉ်တဲ့ချမ်းသာမှုတွေ ရစေဖို့

မျှဝေပေးနိုင်အောင် ကျနော်ကိုယ်တိုင်လည်းကြိူးစားနေပါတယ်

🏵️🏵️🏵️🏵️🏵️

20/10/2023

လူတစ်ယောက်ရဲ့မှတ်ဉာဏ်တွေကောင်းလာစေဖို့
အမှတ်သညာတွေကိုများများမှတ်သားကျက်မှတ်
နေဖို့လိုပါတယ်

🏵️နှစ်သစ်စကားလက်ဆောင်🏵️      ➖➖➖➖➖➖➖➖➖➖လောကလူသားတွေဟာ နှစ်ဟောင်းကုန်လို့ .....နှစ်သစ်ရောက်ပြီဆိုရင်နှစ်သစ်မှာ ဘာဖြစ်ပါစေ...
07/04/2023

🏵️နှစ်သစ်စကားလက်ဆောင်🏵️
➖➖➖➖➖➖➖➖➖➖
လောကလူသားတွေဟာ နှစ်ဟောင်းကုန်လို့ .....
နှစ်သစ်ရောက်ပြီဆိုရင်နှစ်သစ်မှာ ဘာဖြစ်ပါစေ၊ညာဖြစ်ပါစေ
ဆိုပြီး တောင်းဆုပြုကြတာ ထုံးစံတခုပါဘဲ။Happy new year လို့အော်ပြီး သောက်စား ပျော်ပါး ဆုတောင်းကြရုံနဲ့တော့ နှစ်သစ်မှာ လိုအင်ဆန္ဒတွေဟာ ပြည့်ဝလာနိူင်မှာမဟုတ်ပါဘူး ။

🍂လူတွေဟာ ရောက်ရှိလာမယ့် နှစ်သစ်မှာ မိမိတို့ရဲ့ စီးပွားရေး၊လူမှုရေး၊ပညာရေး၊ဘဝနေထိုင်ရေး စတဲ့ အရာရာအားလုံးကို အဆင်ပြေဖို့ မျှော်လင့်ချက်ကြီးစွာ ထားတတ်ကြပါတယ်။

🍂လူသားတိုင်းမျှော်လင့်တကြီး နဲ့ လိုချင်ကြတဲ့ အရာလေးခု ရှိပါတယ်။

1️⃣ လူတိုင်းဟာ မိမိရဲ့ စီးပွားရေးကို တိုးတက်လိုကြပါတယ်။ချမ်းသာကြွယ်ဝ
လိုကြပါတယ်။အရင်နှစ်ကထက် ငွေတွေပိုရ၊
အလုပ်တွေ ပိုကောင်းဖို့မျှော်လင့်ကြပါတယ်။

2️⃣ ဒီလိုငွေတွေရလို့ စည်းစိမ်တွေတိုးလာပြီ ဆိုရင်လည်အရင်နှစ်တွေကထက်ပိုပြီးကျော်ကြား
လိုကြပါသေးတယ်။ဂုဏ်သရေရှိ နာမည်ကျော်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ဖို့မျှော်လင့်ကြပါတယ်။

3️⃣ဒီလို ငွေချမ်းသာ၊နာမည်ကျော်နေရုံ နဲ့ လူတွေရဲ့
လိုအင်က ပြည့်ပြီလားဆိုတော့ မပြည့်နိူင်သေးပါဘူး။လာမယ့်နှစ်မှာ ကျန်းကျန်းမာမာ နဲ့ အသက်ရှည်
ချင်ကြပါသေးတယ်။

4️⃣ငွေကြေး နဲ့ အောင်မြင်မှုတွေကို ကျန်းကျန်းမာမာ
နဲ့ ရရှိပြီးလို့ရော လူတွေရဲ့ မျှော်လင့်ချက်က ပြီးဆုံးသွား
သလား ဆိုတော့ မပြီးဆုံးသေးပါဘူး။သေလွန်ပြီး နောက်တစ်ဘဝမှာ ကောင်းတဲ့နေရာ ကို ရောက်ချင်ကြ
ပါသေးတယ်။ဘယ်ဘာသာဝင်တွေဘဲ ဖြစ်ဖြစ်နောက်ဆုံး
မျှော်လင့်ချက်အနေနဲ့ အမျှော်လင့်ကြီး မျှော်လင့်ကြပါသေးတယ်။

🍂ဒီလိုလူသားတွေရဲ့ မျှော်လင့်မှုတွေက တကယ်ဖြစ်
လာကြသလား ဆိုတော့ မျှော်လင့်သလို ဖြစ်မလာကြ
တာတွေကလည်း အများကြီးပါဘဲ။မျှော်လင့်ရင်း နှစ်ပေါင်းများစွာ ရှင်သန်နေကြတဲ့ လူသားတွေ ဟာ နှစ်တခုကုန်တိုင်း ကုန်တိုင်း ပိုအဆင်ပြေကြဖို့ ပိုချမ်းသာကြဖို့ မျှော်လင်းရင်းနဲ့ နှစ်သစ်ကို ကြိုဆိုတတ်ကြပါတယ်။

🍂မျှော်လင့်ချက်တွေအတိုင်း ဖြစ်လာဖို့၊မျှော်လင့်ခဲ့ပြီးတဲ့ အတိုင်း ရရှိထားတဲ့ ချမ်းသာသုခတွေ ခိုင်မြဲဖို့ဆိုရင် လူတွေရဲ့သန္တာန်မှာ သဒ္ဓါ၊သီလ၊စာဂ၊ပညာ ဆိုတဲ့ အကြောင်းတရားတွေနဲ့လည်း ပြည့်စုံဖို့လိုပါတယ်။

🌼သဒ္ဓါ

▫️သဒ္ဓါဆိုတာက ကုသိုလ်တရားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာယုံကြည်တာကိုခေါ်ပါတယ်။
သဒ္ဓါရှိသူဟာ စိတ်ကြည်နူးပါတယ်။
စိတ်ကြည်တာကြောင့် ကောင်းတဲ့ အလုပ်တွေမှာ၊ကုသိုလ်ရေးတွေမှာ စိတ်ပါဝင်စားလာပါတယ်။ကောင်းတာတွေလုပ် လို့ကောင်းကျိုးတွေ ရလာပါလိမ့်မယ်။

🌼သီလ

▫️သီလဆိုတာ ကိုယ်ကျင့်တရားပါ။
ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ မိမိကိုယ်ကို ထိန်းကျောင်းတတ်လာသလို ပတ်ဝန်းကျင်မှာလည်း ဂုဏ်သတင်းကြီးလာပါလိမ့်မယ်။

သီလ ဆိုတာ သဒ္ဓါ ကို အခြေခံပြီး ဖြစ်ထွန်းလာရ
တာပါ။မြတ်စွာဘုရား ရဲ့ ဉာဏ်တော်ကြီး ကို ယုံကြည်
တယ်။ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ် ဆိုတဲ့
ကံ ကံ၏အကျိုးကိုယုံကြည်တယ်ဆိုတဲ့ သဒ္ဓါရှိသူဟာ ကောင်းတာတွေဘဲ လုပ်မှာဖြစ်လို့ သူရဲ့သန္တာန် မှာ
သီလ ဆိုတာဟာလည်း ပြည့်စုံလာပါလိမ့်မယ်။

🌼စာဂ

▫️လူတွေဟာ မိမိတို့ရရှိထားတဲ့ ပစ္စည်းဥစ္စာတွေ ပေါ်မှာ တွယ်မက်မနေဘဲ အများနဲ့ မျှဝေ သုံးစွဲတတ်ရပါမယ်။ကိုယ်တစ်ယောက်တည်း သုံးစွဲနေတယ်ဆိုရင် လူ့အသိုင်းအဝိုင်း ကို အကျိုးမပြုသူလို့ ခေါ်ရပါလိမ့်မယ်။

လူ့အသိုင်းအဝိုင်းအပေါ် အကျိုးမပြုသူကို အသိုင်းအဝိုင်းကလည်း ပြန်ပြီးအကျိုးပြုမှာ
မဟုတ်ပါဘူး။ အသိုင်းအဝိုင်းထဲမှာ စိတ်ချမ်းမြေ့ပြီး ပျော်စရာကောင်းတဲ့ လူဖြစ်မလာနိူင်ပါဘူး။

မိမိရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေအပေါ်
တွယ်ကပ်မနေဘဲ စွန့်လွှတ်တတ်ရပါမယ်။လှုဒါန်းတတ်ရပါမယ်။
“ပေးသောလက် ဟာ ယူသောလက်ထက်သာ၍ မြတ်သည်"ဆိုတဲ့အတိုင်း စွန့်လွှတ်ခြင်း၊လှုဒါန်းခြင်း
ရဲ့ သဘောသဘာဝကို သိနားလည်ဖို့လိုပါသေးတယ်။

စွန့်လွှတ်တတ်သူတယောက်ဟာ မိမိဆီက ပေးလိုက်ရတဲ့အတွက် ပေါ့ပါးသွားပါလိမ့်မယ်။
ပေါ့တဲ့အရာ က အထက်တက်တယ်ဆိုတဲ့
နိယာမသဘော ကို သိထားရင် စွန့်လွှတ်
တတ်လာပါလိမ့်မယ်။

🌼ပညာ

▫️အသိပညာ ကလည်း အရေးကြီးပါတယ်။
အရာရာမှာ ဘာလုပ်သင့်တယ်၊ဘာကိုဖြင့် မလုပ်သင့်ဘူးလို့ ခွဲခြားသိရပါလိမ့်မယ်။

လူတယောက်ဒုက္ခရောက်ပြီ ဆိုရင် တခြားသူတွေ က
" ဖြစ်မှာပေါ့၊မလုပ်သင်တာတွေ လျှောက်ပ်တာကိုး " လို့ အပြစ်ဆိုတတ်ကြပါတယ်။ဒါပေမယ့်
" ဒီလူက လုပ်သင့်တာကိုမှ မလုပ်ဘဲ " ဆိုတဲ့ အပြောမျိုးကတော့ မရှိသလောက်ပါဘဲ။

တကယ်တော့ မလုပ်သင့်တာကို လုပ်မိတာက အပြစ်ဖြစ်သလို လုပ်သင့်တာကို မလုပ်ခဲ့တာကလည်း အပြစ်ပါဘဲ။

ဒီထက်ပိုအဆင်မြင့်လာတဲ့ အခါမှာတော့ ----
သံသရာထဲ ဘာလို့လည်နေရသလဲ ?
ဘဝ မှာ ဘာအရေးကြီးဆုံးလဲ ? ဆိုပြီး သိအောင်ကြိုးစားလာကြပါတယ်။

အဆင့်မြင့်ဆုံးပညာက တော့
“ ဝိပ ဿ နာ ပညာ "ပါဘဲ။

“ဝိပ ဿ နာ ပညာ" ရင့်ကျက်လာသူကတော့ တွယ်တာမှုတွေကို လျော့ချလာနိူင်ပါတယ်။တွယ်တာမှုကြောင့် စိုးရိမ်သောက ဖြစ်ရပါတယ်။

တွယ်တာတယ်ဆိုတာကလည်း ကိုယ်ချစ်ခင်တဲ့ သူတွေအပေါ်မှာဘဲ တွယ်တာမိတတ်ကြတာပါ။
ချစ်စရာများလေ တွယ်တာစရာများလေ၊ တွယ်တာစရာများလေ စိုးရိမ်သောက များလေပါဘဲ။
အချစ်တွေမလျော့နိူင်သေးရင် သောကတွေလည်း မလျော့သွားနိူင်သေးပါဘူး။

ဒီလိုခွဲခြားသိမြင်တတ်တဲ့ ပညာမျိုးကို ပြုစုပျိုးထောင်ပေးဖို့လိုပါလိမ့်မယ်။

လူတွေရဲ့မျှော်လင့်ချက်လေးမျိုးဟာလည်း
“သဒ္ဓါ သီလ စာဂ ပညာ " ဆိုတဲ့ အကြောင်းတရားလေးမျိုးကနေ ကင်းပြီး
အောင်မြင်မှု မရရှိနိူင်ပါဘူး။

နှစ်သစ်ကူးတိုင်း ကူးတိုင်း လူတွေရဲ့ မျှော်လင့်ချက်
တွေက ကြီးထွားလာတတ်ကြပါတယ်။ လာမယ့်နှစ်သစ်မှာ ဒီအကြောင်းတရားတွေ ကို မဖန်တီးနိူင်သေးဘူး ဆိုရင်တော့ မျှော်လင့်ချက်တွေကလည်း ဖြစ်မလာနိူင်သေးဘူးလို့ ဆိုရမှာပါ။

နှစ်ဟောင်းကထက် နှစ်သစ်မှာ ပိုပြီးအဆင်ပြေချင်တယ်၊ချမ်းသာချင်တယ်
ဆိုရင် ကျန်ခဲ့တဲ့ နှစ်ဟောင်းထက် အခုနှစ်သစ်မှာ

▫️ပိုပြီး သဒ္ဓါတရားတွေ ကောင်းလာဖို့ ----
▫️ပိုပြီး ကိုယ်ကျင့်တရားတွေ ကောင်းလာဖို့ ----
▫️ပိုပြီး စွန့်လွှတ်မှုတွေ ခိုင်မာလာဖို့ ----
▫️ပိုပြီး အသိပညာတွေ ကြွယ်ဝလာဖို့ လိုပါတယ်။

လောကလူသားတွေဟာ အသစ်တွေကိုဘဲ အမြဲမျှော်လင့်နေတတ်ကြတာပါ။

တကယ်တော့ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ အသစ်တွေဘဲ ဖြစ်ဖြစ်ပြီး အခုအသစ်ဟာ နောက်မှာ အဟောင်းအဖြစ်နဲ့ ကျန်ရစ်နေခဲ့ရဦးမယ် ဆိုတာပါဘဲ။

ကျန်ခဲ့တဲ့ နှစ်မှာတော့ တစ်နှစ်လုံး နေထိုင်ခွင့်ရ
ခဲ့ပေမယ့် ခုလာမယ့်နှစ်မှာ နှစ်ကုန်ဆုံးချိန်ထိ နေရမယ်မနေရဘူးဆိုတာ မသေချာပါဘူး။

နှစ်ဟောင်း နဲ့အတူ ပျို ရွယ်မှုတွေ၊အားအင်တွေ ကျန်ခဲ့ပါပြီ။သတ်မှတ်ထားတဲ့ နှစ်တနှစ်ရဲ့ နောက်ဆုံးနေ့ကို ရောက်လာခဲ့သလို မိမိရဲ့ နောက်ဆုံးနေ့ဆိုတာလည်း ရောက်လာပါလိမ့်ဦးမယ်။

အသစ်ကို မျှော်တာဟာ တဏှာရဲ့ သွေးဆောင်မှု၊တဏှာ မကင်းကြသေးတဲ့ သူတွေရဲ့ အတွေးတစ်ခု သက်သက်သာ ဖြစ်ပါတယ်။အသစ်တွေ ထပ်လိုချင်
နေသရွေ့ သံသရာမှာ ဒုက္ခတွေနဲ့ ဆုံကြကြုံကြ ရဦးမှာပါ။

နှစ်သစ်ကို တဏှာရဲ့ မျှော်လင့်ချက်မျိုးတွေနဲ့ ကြိုဆိုတာမျိုး မဖြစ်စေဘဲ အရင်ကမဖြစ်ဖူးသေးတဲ့
“သဒ္ဓါ သီလ စာဂ ပညာ "စတဲ့ တရားအသစ်တြွဖေစ်ပေါ်စေမယ့် ကြိုဆိုမှုမျိုး နဲ့ ဖြတ်သန်းကြဖို့လိုပါတယ်။

ဒီထက်ပိုပြီးတော့မှလည်း တဆင့်တက်ရင်း
*ဘဝအသစ်* ထပ်မဖြစ်မယ့်လမ်းကို
ပို ကြိုးစားလျှောက်လှမ်းဖို့လိုအပ်ပါတယ်။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

❇️ "ဖုဋ္ဌဿလောကဓမ္မေဟိ" ( လောကဓံတရား တစ်ပါးပါးနဲ့ ထိတွေ့ခံစားရတဲ့အခါလို့ အဓိပ္ပါယ်ရပါတယ်။)       ❇️ "စိတ်တံယဿနကမ်ပတိ"  ( ...
31/03/2023

❇️ "ဖုဋ္ဌဿလောကဓမ္မေဟိ"

( လောကဓံတရား တစ်ပါးပါးနဲ့ ထိတွေ့ခံစားရတဲ့အခါလို့ အဓိပ္ပါယ်ရပါတယ်။)

❇️ "စိတ်တံယဿနကမ်ပတိ"

( စိတ်သည်မတုန်မလှုပ်ပါစေနှင့်လို့ အဓိပ္ပါယ်ရပါတယ်)

❇️ "အသောကံ"

( မတွေးတော၊မစိုးရိမ်ပါနဲ့လို့ အဓိပ္ပါယ်ရပါတယ်။)

❇️ "ဝိရဇံ"

(မက်မောမှုမရှိပါနဲ့လို့ အဓိပ္ပါယ်ရပါတယ်)

❇️ "ခေမံ"

( ကြည်လင် အေးချမ်းအောင် စိတ်ကို လေ့ကျင့်မွေးမြူထားပါလို့ အဓိပ္ပါယ်ရပါတယ်)

အန္တာရယ်အလွန်ကင်းတယ်။ တစ်ခါတစ်ရံ ဘဝမှာ အခက်အခဲတွေ့လာလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အခါမှာ အဲ့ဒီ ဂါထာလေး ရွတ်လိုက်တဲ့အခါ မျက်စိထဲမှာ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ ကွင်းကွင်းကွက်ကွက် ပေါ်လာတော့တာပါပဲ။

ဖြစ်နိုင်ရင် မျက်လုံးဖွင့်တဲ့အခါမှာလည်းရွတ်။ ဘဝမှာ အခက်အခဲတွေနဲ့ ပိတ်ဆို့နေတဲ့အချိန်၊
စိတ်ညစ်ရလွန်းလို့ရှုးမတတ်ခံစားရနေချိန်...

အမှုအခင်းပြဿနာကြုံတွေ့ချိန်၊ လာဘ်ပိတ်နေချိန်၊ အချစ်ကြောင့်၊ အိမ်ထောင်ရေးကြောင့် စိတ်သောကကြုံနေရချိန်တွေမှာ...

နာနာဖိရွတ်ပေး၊ မကြာခဏအားတိုင်း၊ သတိရတိုင်း ရွတ်ပေးနေရင် ဘဝဟာ သူအလိုလို အဆင်ပြေ ချောမွေ့ပြီး စိတ်ချမ်းသာမှု အတိနဲ့ ဘဝဟာ နှလုံး မွေ့လျောဖွယ်ကောင်းတဲ့ ပန်းဥယျဉ်ကြီးတစ်ခုလို လှပ စိုပြေ လာပါလိမ့်မယ်..

'ဖုဋ္ဌဿ လောကဓမ္မေဟိ
…...…...........................
စိတ်တံ ယဿ နကမ်ပတိ
........…........................
အသောကံ ဝိရဇံ ခေမံ''
.…...............................

🙏အားလူံး ကျန်းမာ
ချမ်းသာကြပါစေ 🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thin Khar Ra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category