SPT PDF Support

SPT PDF Support အာဏာရှင်ကိုတော်လှန်ပြီးသမိုင်းကိုအလှဆုံးရေမည်

Rest In Peace
09/09/2022

Rest In Peace

03/09/2022
02/09/2022
၁။ နီးစပ်ရာ PDF များကို ပံ့ပိုးပါ။၂။ စစ်တပ်ပိုင် သွေးစွန်းထုတ်ကုန်တွေကို ရှောင်ပါ။   .
01/09/2022

၁။ နီးစပ်ရာ PDF များကို ပံ့ပိုးပါ။
၂။ စစ်တပ်ပိုင် သွေးစွန်းထုတ်ကုန်တွေကို ရှောင်ပါ။


.

30/08/2022

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကာကွယ်နိုင်ရန်အရေးပေါ်ဗုံးခိုကျင်းတူးရန် အကြံပြုချက်

(၁) မြေကျင်းတူးရန်

❖ အနက် ၄ ပေ ဝန်းကျင်၊ မိသားစုပုန်းခိုရန် သင့်တော်သည့်အကျယ်
❖ ထိုင်နေလျင် ခေါင်းလုံရန် အရေးကြီး
❖ လိုအပ်ပါက အလွယ်တကူနေရာရွှေ့နိုင်ရန်လိုအပ်
❖ မြေကျင်းပေါ် အမိုးမိုးမည်ဆိုပါက ခိုင်ခန့်သည့် တန်းဖြစ်ရန်လို
❖ လေဝင်လေထွက်ကောင်းအောင်စီမံရန်လိုအပ်
❖ အဝင်ပေါက်ကို တစ်ဆစ်ချိုးမြောင်းပုံစံတူးဖောက်ရန်

​◉ လေကြောင်းတိုက်ခိုက်မှုရန်မှကာကွယ်ရန်​ ဗုံးခိုကျင်းတူပါက

❖ စစ်ရှောင်ရာနေရာ (သို့မဟုတ်) မြင်ကွင်းကွယ်သည့် တောင်​စောင်းများ၊
❖ ကမ်းပါးယံများတွင် အမြန်ဆုံးတူးထားကြရန်

​​◉ ဗုံးခိုကျင်းများကို မြေပြန့်မြေညီမှာ တူးပါက

❖ အနည်းဆုံး အနက် ၅ပေ
❖ အကျယ်မှာ မိသားစုဦးရေအတိုင်းတူးရန်

​◉ လုံခြုံကောင်းမွန်ပြီး ခိုင်ခံ့သည့် အဖုံးတစ်ခုရနိုင်ရန်အတွက်

❖ အချင်းတစ်ပေခန့် လုံးပတ်ရှိသည့် သစ်လုံး/ သစ်တုံးများကို တစ်တုံးနှင့်တစ်တုံး နေရာမရွေ့စေရန်
❖ သံကြိုး/သွပ်နန်းကြိုး(မရှိပါက ဆိုင်ကယ်ချိန်းကြိုးများ)ဖြင့် သံရိုက်ချိတ်တွဲရန်
❖ သစ်တုံးများအပေါ် မိုးကာ၊ ပျဉ်ပြား၊ သံပြားတို့ဖြင့် ထပ်ပြီး မြေဖို့ရန်
❖ မြေထု အနည်းဆုံး ၂ ပေနှင့်အထက် ထူထူဖို့ရန်
❖ တွင်းထဲသို့ အသင့်ပြေးဝင် ပုန်းခိုနိုင်ရန်နှင့် အဝင်အထွက် တည့်တိုးမဖြစ်စေရေးအတွက် တဆစ်ချိုးမြောင်း တူးဖောက်ရန်

(၂) သဲအိတ်စီရန်

❖ မြေကျင်းတူးရန် ခက်ခဲပါက သဲအိတ်စီပြီး ပုန်းခိုရန်နေရာ စီစဉ်နိုင်
❖ ဆာလာအိတ်ထဲသို့ သဲ၊ မြေကြီးထည့်ပြီး ထိုင်နေပါက ဦးခေါင်းလုံသည့် အမြင့်ဖြစ်ရန်လိုအပ်
❖ သဲအိတ်အကာအပေါ် ခိုင်ခန့်သည့်တန်းတင်းပြီး သဲအိတ်ထားထားရန်

(၃) ခိုင်ခံ့သည့် အိမ်နံရံကို သုံး၍ ယာယီခိုကျင်းပြုလုပ်နိုင်

❖ အုတ်တိုက်အိမ်ဆိုပါက အကာအကွယ်ရှိသော အခန်းထဲ၌ သဲအိတ်ကာပေါ် တန်းပစ်ပြီး သဲအိတ်တင်ပြီး ဗုံးဒဏ်ကာကွယ်နိုင်၊ ထိုသို့ ပြုလုပ်ရာတွင် သက်ကယ်တြိဂံနေရာများ (နံရံထောင့်နေရာများ)ကို ရွေးချယ်ရန်
❖ သဲအိတ် မရှိပါက ဝါးကပ် နှစ်ခုကြား မြေကြီးထည့်၍ နံရံပြုလုပ်နိုင်၊ နံရံ အထူသည် အနည်းဆုံး ၁ပေခွဲ ခန့်ထူရန်
❖ သဲအိတ်နှင့် ဝါးကပ်မရှိပါကလည်း သံဇကာ၊ မိုးကာ အပါ၀အဝင် မြေ၊ သဲထည့်ပြီး အရံအတား ပြုလုပ်ရန်သင့်တော်သည့် ပစ္စည်းများသုံး၍ နံရံပြုလုပ်နိုင်၊
❖ နံရံအထူသည် အနည်းဆုံး ၁ပေခွဲခန့်ရှိရမည်၊ လူထိုင်နေပါက ဦးခေါင်းလုံရန်

(၄) အခြားပြင်ဆင်ရမည့်အချက်များ

❖ ပုန်းခိုစဉ်အသုံးပြုနိုင်ရေး မုန့်ခြောက်၊ သောက်သုံးရေ၊ အကိုက်အခဲပျောက်ဆေး၊
❖ ဓာတ်မီး၊ ဖုန်း၊ ရေဒီယို၊ ပါဝါဘန့်၊ ဓား၊ အဝတ်အထည်၊ စောင် တို့ကို တစ်ပါတည်း ပြင်ဆင်ထားရန်
❖ တိုက်လေယာဉ်များ ပျံသန်းသည့် အရေးပေါ်သတိပေးချက်များကို အလေးထားရန်
❖ လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန်အတွက် တိုက်လေယာဉ်များ တွေ့ပါက ချက်ချင်း ဗုံးခိုကျင်းများအတွင်း ပုန်းရှောင်ကြရန်၊
❖ လမ်းပေါ် ဟင်းလင်းပြင်များ အကာအကွယ်မဲ့သည့် မြင်ကွင်းထင်ရှားသည့်နေရာများသို့ ထွက်ကြည့်ခြင်းများကို ရှောင်ကြဉ်ရန်၊
❖ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလအတွင်း မလိုအပ်ဘဲ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်နှင့် ဘေးကင်းလုံခြုံရာနေရာများသို့ လုံခြုံရေးအသိသတိဖြင့် ရွှေ့ပြောင်းနေထိုင်ရန်
❖ မိမိတို့နေထိုင်ရာ နီးစပ်ရာ ကျေးရွာအုပ်စုများ၊ ရပ်ကွက်များ၊ မြို့နယ်များအတွင်း ပိတ်မိနေသူများကို တွေ့ရှိပါက လူသားချင်းစာနာမှုဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အသင်းအဖွဲ့များသို့ ချက်ချင်းဆက်သွယ် အသိပေးရန်

⚠️ အထက်ပါအချက်များထဲမှ သင့်​တော်ရာအား ကိုးကား၍ မိမိ​နေထိုင်ရာ​ဒေသ၊​ မြေပြင်အ​ခြေအ​နေနှင့်လိုက်​လျောညီ​ထွေစွာ ပြုလုပ်နိုင်ရန်ရည်ရွယ်ပါသည်။
(KNU ၊ KIA နှင့် KSCC တို့၏ အကြံပြုချက်များဖြင့် စုစည်း​ဖော်ပြထားခြင်းဖြစ်ပါသည်)

ပုံအကြီးရယူရန် > https://bit.ly/3GV2Wr1

#လူထုနွေဦး

'sSpring

https://bit.ly/ludunwayoo
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

25/08/2022

ရန်ကုန်၊ တွံတေးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော မီးသတ်ရုံးနှင့် ဘန်ကာတို့ ဝင်ရောက် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး၊ ရန်ကုန်နှင့် မန္တလေးတွင်လည်း ရဲစခန်းနှင့် မြို့နယ် ထွေအုပ်ရုံးတို့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၂၅

ရန်ကုန် တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အင်အား ၂၀ ဦးခန့် တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေး ဘန်ကာကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အထူးစစ်ဆင်ရေး တပ်ဖွဲ့ (S.O.F)မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း S.O.F တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို M-16 ရိုင်ဖယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ရှေ့ထွက်မိုင်း တစ်လုံးပါ အနီးကပ် ထပ်မံဖောက်ခွဲခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို S.O.F တပ်ဖွဲ့၏ ရန်ကုန် စစ်ဆင်ရေး ဧရိယာ ၆ အခြေပြု S.O.F Squad - 3 (THIRD SQUAD) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေး မှတ်တမ်းနှင့် ​အချက်အလက်များကို လုံခြုံရေး အခြေအနေအရ ချက်ခြင်း မထုတ်ပြန်နိုင်သော်လည်း ဆက်လက် ဖော်ပြပေးသွားမည်ဟု တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)မှ ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးမြို့ ၇၈ လမ်းနှင့် ခင်စောမူကွေ့ အနီးရှိ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ ရဲစခန်းကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့တွင် အမည်မသိ ဆိုင်ကယ်စီးနင်းလာသူမှ ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါ ဗုံးပစ် တိုက်ခိုက်ခံရသော ရဲစခန်းသည် ပြည်သူများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်နေသော ရဲစခန်းဖြစ်ကြောင်း၊ ယင်းရဲစခန်းကို ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား ၂ ဦးက ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ကင်းတာဝန်ကျနေသည့် ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ရဲစခန်းနား စျေးဆိုင်၌ စျေးလာဝယ်သည့် အမျိုးသား ၁ ဦး နားထင်ကို မိုင်းစ ထိမှန်ခဲ့သော်လည်း ပေါက်ပြဲ ဒဏ်ရာသာ ရရှိခဲ့သောကြောင့် မစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ထွေအုပ်ရုံးကို သြဂုတ်လ ၂၄ ရက်နေ့ ည ၉ နာရီ ၅၆ မိနစ်ခန့်တွင် Human Right Defenders (HRD)နှင့် မဟာမိတ် ညီနောင်ဖြစ်သော War Of Hunter Revolution Force (WOH) အဖွဲ့တို့က ပူးပေါင်းကာ အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း HRD အဖွဲ့ထံမှ သိရသည်။

Photo - တွံတေးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာကို M-16 ရိုင်ဖယ်များဖြင့် ပစ်ခတ်နေစဥ်

21/08/2022

"ဘယ် (/) မျဉ်းစောင်း ထိထိ ငါတို့နဲ့ ငြိတာပဲ"

နှစ် (၇၀) ကျော်ကြာ အမြစ်တွယ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ကနေ ဆွဲနှုတ်ဖို့ အရှိန်အဟုန် ပြင်းပြင်းနဲ့ တော်လှန် တိုက်ပွဲဝင်နေကြတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း ဒေသက ပြည်သူတွေကို အကြမ်းဖက် စစ်တပ်ကလည်း နည်းမျိုးစုံနဲ့ ရက်စက်ကြမ်းကြုတ်ပြနေပါတယ်။ ရန်သူက ရန်သူပီသစွာနဲ့ပဲ အပြစ်မဲ့ ပြည်သူတွေ နဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီး၊ နှိပ်စက်၊ အကျဉ်းချ၊ သတ်ဖြတ်တယ်။ ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးပြတယ်။ လေယာဉ်နဲ့ ဗုံးကျဲတယ်။ မိုင်းတွေထောင်တယ်။ မီးရှို့ သတ်ပြတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတိုင်း၊ မန္တလေးတိုင်းဒေသတွေမှာ တင်ရက်စက်ပြတာမဟုတ်။ ဒီ (/) မျဉ်းစောင်း တွေကို ဖြတ်လေးဖြတ် ဗျူဟာနဲ့ လုပ်တဲ့အပြင်၊ ထို (/) မျဉ်းစောင်းတွေကိုင်ဆောင်ထားတဲ့ပြည်သူတွေကို အခြားဒေသတွေမှာ နေထိုင်ခွင့်မပြုခြင်း ၊ အလုပ်ကနေ ထုတ်ပယ်စေခြင်း ၊ အလုပ်မခန့်စေခြင်းတို့ကို စစ်တပ်လက်ပါးစေ တို့နှင့် ပူးပေါင်းကာ လျှို့ဝှက်စာထုတ်၍ ဖိနှိပ်နေပါတယ်။

ထိုဖိနှိပ်မှုတွေဟာ ၅/ , ၈/ , ၉/ ကိုင်ဆောင်ထားသူတို့ ချည်း အထိနာသည်မဟုတ်ပါ။ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး အထိနာသည်ကို သတိချပ်ရန် လိုအပ်ပါသည်။

_ကျွန်တော်တို့အနေနှင့် ထိုမျဉ်းစောင်း ကိုင်ဆောင်ထားသူ တိုင်းရင်းသား ပြည်သူ လူထုတို့နှင့်တစ်သွေး တစ်သား တည်းရပ်တည်လျှက်ရှိကြောင်းကို

➡️ ညာဖက်လက်ဝါးပေါ်တွင် ထိုမျဉ်းစောင်း (/) ၃ခုအား ရေး၍

➡️ စာရွက်အဖြူအပေါ်တွင် " ဘယ်(/) မျဉ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ " စာသားအား ရေးသားကာ မိမိတို့ ဆိုရှယ်မီဒီယာလူမှုကွန်ရက် စာမျက်နှာ တွင် ဓာတ်ပုံ ရိုက်ကူး၍ ဖြန့်ဝေကာ ထိုမျဉ်းစောင်း(/) ကိုင်ဆောင်သူ တိုင်းရင်းသား ပြည်သူ လူထုတို့နှင့် ရပ်တည်ကြောင်းကို ထုတ်ဖော်ပြသပေးပါရန် လှုံ့ဆော်အပ်ပါသည်။

➡️ ထုတ်ဖော် ပြသရမည့်နေ့ကတော့ ယခုလာမည့် သြဂုတ် ၂၃ ရက်နေ့ဖြစ်ပါတယ်ခင်ဗျာ။

ကဲ တို့ပြည်သူတွေ ဘာလုပ်ကြမလဲ၊ တို့တော်လှန်ရေးရဲဘော် အပေါင်းတို့ ဘာလုပ်ကြမလဲ?

Martin Niemoller , Prominent Protesant Pastor (1892-1984) ရေးသားခဲ့တဲ့ အတိုင်း -

"အစပိုင်းမှာ သူတို့က ကွန်မြူနစ်တွေကို ဖမ်းတယ်။
ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး၊ ကန့်ကွက်စရာမလိုပါဘူး။
ကျွန်တော်တို့က ကွန်မြူနစ်မှ မဟုတ်တာ။

နောက်တော့ ဆိုရှယ်လစ်တွေကို ဖမ်းတယ်။
ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး၊ ကန့်ကွက်စရာမလိုပါဘူး။
ကျွန်တော်တို့က ဆိုရှယ်လစ်မှ မဟုတ်တာ။

နောက်တော့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို ဖမ်းတယ်။
ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး၊ ကန့်ကွက်စရာမလိုပါဘူး။
ကျွန်တော်တို့က အလုပ်သမားသမဂ္ဂအဖွဲ့ဝင်မှ မဟုတ်တာ။

ပြီးတော့ သူတို့က ဂျူးလူမျိုးတွေကို ဖမ်းတယ်။
ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး၊ ကန့်ကွက်စရာမလိုပါဘူး။
ကျွန်တော်တို့က ဂျူးလူမျိုးမှ မဟုတ်တာ။

နောက်ဆုံးမှာ သူတို့က ကျွန်တော်တို့ကို လာဖမ်းပြီ
ဪ….. ကျွန်တော်တို့အတွက် ဝိုင်းကန့်ကွက်ပေးဖို့
တစ်ယောက်မှ မကျန်တော့ပါလား။"

ဒီလိုလုပ်လို့ မရပါဘူး။ ဘယ်(/) မျဉ်းစောင်းပဲ ကိုင်ကိုင်၊ ကျွန်တော်တို့ ပြည်သူတစ်ယောက်ကို ထိခြင်းသည် ကျွန်တော်တို့ကို ထိတာပါပဲ။ ကျွန်တော်တို့နဲ့ဆိုင်ပါတယ်။ ကျွန်တော်တို့ ဒီအတိုင်းရပ်ကြည့်နေလို့မရပါဘူး။
လက်နက်အားကိုးနဲ့ ထင်တိုင်းကြဲ လုပ်ချင်ရာလုပ်နေတဲ့ စစ်ဘီလူး အကြမ်းဖက်စစ်တပ်ကို ကျွန်တော်တို့တွေက နိုင်နဲ့ နည်းနဲ့ တော်လှန်တိုက်ပွဲဝင်နေကြရမှာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ကို အမြစ်ကနေ လှန်ဖို့ ကြိုးစားတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်အပေါင်းတို့ကို ဝန်းရံပံ့ပိုးပေးကြရမှာဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူတစ်ဦး ၊ တစ်ယောက်ချင်းစီအနေနဲ့ ဘယ် (/) မျဉ်းစောင်း ထိထိ ကျွန်တော်တို့နဲ့ သက်ဆိုင်တယ်၊ ကျွန်တော်တို့ကို ငြိတာ၊ ထိတာ ဖြစ်တဲ့အတွက် ဆက်လက်တော်လှန်တိုက်ပွဲဝင်ကြဖို့ကို တိုက်တွန်းနှိုးဆော်ပါတယ်။

#ဘယ်(/)မျဉ်းစောင်း ထိထိ ငါတို့နဲ့ ငြိတာပဲ။
#လုံးဝအုပ်ချုပ်ခွင့်မရစေရ။
#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်။
#ပြည်သူ့အရေးတော်ပုံမုချအောင်မြင်ရမည်။
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
#ကူပါလှူပါ #အချိန်ရသလောက်ကလစ်ကြပါ

မဆိုးနဲ့ကွာ၊😂😂😂
19/08/2022

မဆိုးနဲ့ကွာ၊😂😂😂

ရွှေပြည်သာတွင် "ငါ့ဗိုလ်မှူး ခေါ်လိုက်ရမလား" ဟု စစ်တပ်ဖြင့် ပြည်သူကို ခြိမ်းခြောက်သူ စစ်တပ် အမာခံ ထောက်ခံသူ ဝင်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၉

ရန်ကုန်တိုင်း၊ ရွှေပြည်သာ ၁၅ ရပ်ကွက်တွင် "ငါ့ဗိုလ်မှူး ခေါ်လိုက်ရမလား" ဟု စစ်တပ်ဖြင့် ပြည်သူကို ခြိမ်းခြောက်သူ စစ်တပ်အမာခံနှင့် သတင်းပေး ဝင်းဇော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီ ကျော်ခန့်အချိန် ရွှေပြည်သာမြို့နယ် လှော်ကား နီလာဈေးအတွင်း စစ်တပ်သတင်းပေး ဝင်းဇော် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းကို သယ်ယူသွားပြီး စစ်သားများ ရောက်ရှိလာကြောင်း ရွှေပြည်သာ သတင်းရင်းမြစ်များက ဖော်ပြသည်။

သေဆုံးသူ ဝင်းဇော်သည် "ငါ့ဗိုလ်မှုးခေါ်လိုက်ရမလား" ဟု ပြည်သူကို စစ်တပ်ဖြင့် ခြိမ်းခြောက်လေ့ရှိသည့်အပြင် ဝင်းဇော်က လဝကရုံး ရုံးပိုင်းဆိုင်ရာတွေကို ကူညီလုပ်ဆောင်သူဖြစ်ကြောင်း၊ စစ်တပ်နှင့်ပေါင်းပြီး ရပ်ကွက် ဧည့်စာရင်းစစ်ခြင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များ၏ သတင်းစုဆောင်း၍ စစ်တပ်ကို သတင်းပေးခြင်း၊ ဖမ်းဆီးခြင်းများတွင် ပါဝင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

"ရွေပြည်သာလှော်ကားစျေး ထဲမှာ ဒလန် ဝင်းဇော်ပစ်ခတ်ခံရပြီး သေပါတယ်။
​၃ ချက်ပစ်သွားတယ်။ ပွဲချင်းပြီးပဲ။ ၇ နာရီလောက်က။ သူက ဒလန်လုပ်တယ်။
သူ့မိန်းမကထမင်းဟင်းရောင်းတယ်" ဟု ရွှေပြည်သာ ပြည်သူတစ်ဦးက ပြော သည်။

ဓာတ်ပုံ- "ငါ့ဗိုလ်မှူး ခေါ်လိုက်ရမလား" ဟု စစ်တပ်ဖြင့် ပြည်သူကို ခြိမ်း ခြောက် သူ စစ်တပ်အမာခံ နှင့် သတင်းပေး ဝင်းဇော်စျေးအတွင်း ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when SPT PDF Support posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share