03/02/2023
| စကစ ရဲ့ တရားမဝင်ဟန်ပြရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြ
နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မ လုယူထားသည့် တရားမဝင်စစ်ကောင်စီကကျင်းပပြုလုပ်မည့် တရားမဝင်ဟန်ပြရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် CDM UG STUDENTS နှင့် Yangon Guardian Army(YGA) တို့မှ လူငယ်များက ရဲစခန်းတစ်ခု၏မျက်နှာစာတွင် သပိတ်ပိုစတာချိတ်ဆွဲ၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါသည်။
CDM UG STUDENTS နှင့် Yangon Guardian Army(YGA) အဖွဲ့တို့မှ တော်လှန်ရေးကာလပြီးဆုံးသည်အထိ အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်....
အရေးတော်ပုံအောင်နေပြီ ....