Beik Tha No Myo

Beik Tha No Myo Beik Tha No Myo Research

14/11/2020
11/10/2020

ကုန်းအမှတ် KKG (၂၄) ။ ။ ဤကုန်းအမှတ်သည် အုတ်လွှား ခြောက်လွှားမျှသာကျန်ရှိသည်။ ပန္နက်မှာ စတုရန်းဖြစ်၍ တစ်ဘက်လျှင် ၂၂ ပေ၊ ကိုးလက်မ ရှည်လျားသည်။ အုတ်နံရံများသည် နှစ်ပေငါလက်မထူ၏။ အဆောက်အအုံတောင်ဘက်ပိုင်းတွင် ၂၂ ပေ၊
ကိုးလက်မ၊ အနံ သုံးလက်မရှိသော အုတ်အခင်း ကျန်ရှိသေးသည်။
အခုချိန်ထိ ရှေးဟောင်းကုန်းပေါင်း KKG.(၂၆)ကုန်းထိနှင့် BTO.(၄၁)ကုန်း
စမ်းသပ်ကျင်း(၆)ကျင်း နီးပါးတူးဖော် လေ့လာထားတဲ့ အထဲမှာ ဘာသာရေး ဆိုင်ရာ ကုန်း၊ မြို့ရိုးကုန်း၊ လူနေအဆောက် အအုံကုန်းစသဖြင့်တူးနေပြီးတော့ ဆက်တူးနေဆဲ၊ အသစ်တွေ လည်းရှိနေပါသေးတယ်။

အဆင့်အတန်းမြင့်မားတဲ့ ပျူလူမျိုးရဲ့နေထိုင်မှုကိုဖော်ပြတဲ့ အရိုးအိုးတွေ၊ လက်နက်တွေ၊ အိုးခွက် လူ့အသုံးအဆောင် တွေကတော့ တူးဖော်ရရှိတဲ့ နေရာတိုင်းမှာ တွေ့ရတာပါပဲ။ ရှေးဟောင်းမြို့တွေ ရဲ့ထုံးစံအတိုင်း ဘယ်နေရာကြည့်ကြည့် လွမ်းစရာကောင်းပြီး မြို့ရိုးဟောင်းတွေကနေ ရှေးပျူ လူမျိုး တွေအကြောင်း တသသလွမ်းစိတ်ဝင်ရပါတော့တယ်။

ပျူတို့သည် အမျိုးမျိုးသော ဂီတတူရိယာမျိုးစုံတို့ကို တီထွင်ထားခဲ့သည်။ ပျူလူမျိုးဂီတအနုပညာရှင် တစ်ဖွဲ့သည် အေဒီ ၈၀၂ တွင် တရုတ်ဧကရာဇ်မင်း၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ခဲ့သည်။

ပျူလက်ရာများဟု ထင်ရဖွယ်ရှိသော ရုပ်တုများ၌ အမျိုးသားများသည် အပေါ်ပိုင်းတွင် အဝတ်အစားဆင်မြန်းခြင်းမရှိဘဲ ခန္ဓာကိုယ်အောက်ပိုင်းတွင် ချည်စဖြင့် ချည်နှောင်ထားသည်။ ရှေးဟောင်း တရုတ်ထန်ရာဇဝင်တွင် အမျိုးသားမျာသည် ပန်းရောင်ရှိသော ဖျဉ်အစတစ်ခုကို ခေါင်း၌ပေါင်းထား၍ ပန်းနှင့် ငှက်တောင်တို့ကို စိုက်ထားကြောင်း၊ အမျိုးသမီးများမှာ ပန်းရောင်ပုဝါရှည်ကို လက်တွင်စုံချ၍ ယပ်တောင်တစ်ချောင်းအားကိုင်ထားသည်၊ ကျောက်ဖြင့်လုပ်သော လက်ကောက်၊ ပုတီးစသည်တို့ကိုနှစ်သက်သည်၊ အိမ်ထောင်သယ်အမျိုးသမီးသည် ခေါင်းတွင် သျှောင်ထုံးထားသည်ဟု ဖော်ပြထား၏
သည်ဟုတင်ပြလိုက်ပါသည်။

ကိုးကား
တူးဖော်မှုမှတ်တမ်း
ဗိဿနိုးမြို့
ဒေါက်တာသန်းထွန်း
ဦးရည်စိန်တို့ဖြစ်ပါသည်။

လေ့လာသူ
ညီညီသွင်. BTO

27/09/2020

ပျူ (သို့) ပျူလူမျိုး များ သည် တိဘက်-မြန်မာအနွယ်ဝင်များထဲမှ မြန်မာနိုင်ငံအတွင်းသို့အစောဆုံးရောက်ရှိအခြေချခဲ့သည့်လူမျိုးများအနက်မှ အုပ်စုတစ်ခုဖြစ်သည် ဟုမှန်းဆရပါသည်။ အသားရောင်ပေါ်မူတည်၍ လူမျိုးခွဲခြားသောစနစ်အရ ပျူတို့သည် မွန်ဂိုလွိုက်ခေါ် အသားဝါမျိုးနွယ်အုပ်စုတွင်ပါဝင်သည်။

ဧရာဝတီမြစ်ရိုးအနောက်ဖက်တစ်လျှောက် မြို့ပြနိုင်ငံများထူထောင်ကာနေထိုင်ခဲ့ကြသည်။အေဒီ ၄ရာစုနှင့် ၅ ရာစုများတွင် ပျူတို့အထွတ်အထိပ်ရောက်ချိန်ဖြစ်ပြီး သရေခေတ္တရာ ၊ဗိဿနိုး နှင့် ဟန်လင်းမြို့များကိုထူထောင်ခဲ့ကြသည်။ နောင် ၈ရာစုအစောပိုင်လောက်တွင် နန်ကျောက်တို့၏ရန်စစ်ကို ခံရကာအင်အားနည်းသွားရပြီး ဗမာအပါအဝင် ကျန်ကရင်၊ မွန် အစရှိသည့် လူမျိုးအုပ်စုကြီးများအတွင်း ရောနှောပျောက်ကွယ်သွားရသည်။

အမည်အခေါ်အဝေါ်ပြင်ဆင်

အေဒီလေးရာစုခန့်တွင် တရုတ်ပြည်၌ ချူကျူရေးသော ဟွာယန်ကောကျိ(The History of The State of Hua-Yang) တွင် ဖျောက် (သို့) ဖျောင်း ဟုခေါ်သော ပျူလူမျိုးများကို စတင်ရေးခဲ့သည်ဟုယူဆကြောင်း၊ ပျူကို တရုတ်တို့က ဖျောက်ဟုခေါ်၍ ၎င်းတို့ကိုယ်တိုင်က ထုလော်ကျူဟု ခေါ်တွင်ကာ ဂျာဗားအမျိုးသားတို့က တုလီချူ ဟု ခေါ်ဆိုကြောင်း ဒေါက်တာသန်းထွန်းမှ သုံးသပ်သည်။

မြန်မာ-တရုတ်သမိုင်းပညာရပ်သုတေသီ နှင့် မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ဝင် ဖြစ်သော ဦးရည်စိန်မှ ယခုလို သုံးသပ်ထား၏ ။ ခရစ်နှစ်သုံးရာစုနောက်ပိုင်းနှင့် လေးရာစုအလယ်ပိုင်းတွင် ပျူတို့တည်နေရာကို အတိအကျမှတ်တမ်းတင်ထားသော ရှေးတရုတ်မှတ်တမ်း လေးကျမ်းရှိ၏။ ထိုကျမ်းများသည်

ဝေ့ပြည်ထောင်သမိုင်းအကျဉ်း (An Outline History of The Wei State - AD 220-25)အနောက်တောင်ဘက်ဒေသ ဦးဆောင်းကျမ်း (The Gazetteer of The South West Region)နန်းကျွန်းဒေသ အုပ်ချုပ်ရေးနယ်ရှစ်နယ်ဦးဆောင်းကျမ်း (The Gazetteer of The Eight Prefectures of Nan Chung or Present day Szechwan Yunnan and Kueichow Border Region)ဟွာယန်ဒေသသမိုင်း (The History of The State of Hua-Yang) တို့ဖြစ်ကြသည်။

ယခုအခါ ဟွာယန်ဒေသသမိုင်း တစ်ခုပင်ကျန်ရှိ၍ အခြားသုံးကျမ်းမှာ ပျောက်ဆုံးနေပြီဖြစ်သည်။ သမိုင်းကျမ်းများအချို့နှင့် ရှေးဟောင်းစွယ်စုံကျမ်းများတွင် ကောက်နှုတ်ချက်အတိုအထွာများကိုတွေ့ရှိထားခြင်းကြောင့် ထိုကျမ်းများသည် လွန်ခဲ့သောအခါ၌ ရှိခဲ့ကြောင်းကို သိနိုင်သည်။

ဤကျမ်းသုံးကျမ်းများအနက် ပျူတို့ဒေသအမည်ကို ထူးခြားစွာဖေါ်ပြထားသောကျမ်းသည် ဝေ့ပြည်ထောင်သမိုင်းအကျဉ်း ဖြစ်၏။ သမိုင်းပညာရှင်ဖေယင်း (Fei Yin) သည်” သုံးပြည်ထောင်ခေတ်သမိုင်း (The Annals of The Epoch of The Three Kingdoms - AD 220-80) ကိုမှတ်စုပေးခဲ့သည်။ မှတ်စုထည့်သွင်းပြီးစီးသည့်နှစ်သည် ခရစ်နှစ် ၄၂၉-ခုနှစ်ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်နှစ် ၄၂၉-ခုနှစ်၌ ဝေ့ပြည်ထောင်သမိုင်းအကျဉ်း သည်ထင်ရှားသောကျမ်းတကျမ်း ဖြစ်နေသေး၍ မပျောက်ဆုံးသေးကြောင်းသိသာသည်။ ဖေယင်းသည် သုံးပြည်ထောင်ခေတ်သမိုင်းမှ ဝေ့ပြည်ထောင်သမိုင်း ၏အဆုံး ဝေ့ပြည်ထောင်အကျဉ်း ၌ အနောက်ဘက်မျိုးနွယ်စုအခန်းကို ထုတ်နှုတ်၍ မှတ်စုသွင်းပေးခဲ့သည်။

Section of the His Jung (Xi Rong) in the Wei Lueh (Wei Lue) ၌ "ရှေးတရုတ်နိုင်ငံ (စိန့်တိုင်း) အနောက်ဘက်တခွင်ရှိ နိုင်ငံများအကြောင်းဖြစ်သည်။ ထိုနိုင်ငံများအကြောင်းများထဲ၌ ဖန်းယွယ့် (P'an-Yueh) နိုင်ငံရှိ၏ ။ထီးယဲန်ကျူနိုင်ငံ (T 'ien Chu or Tian Zhu Kingdom) ၏အရှေ့တောင်ဘက်လီပေါင်း သုံးလေးငါးထောင်အကွာတွင်တည်ရှိသည်။ ယီပု (I-Pu orYi Bu) နှင့်နီးကပ်၏။ ထိုဒေသ (ဖန်ယွယ့်နိုင်ငံ) မှလူတို့သည် အရပ်ပု၍ စိန့်တိုင်းသားတို့နှင့်တူညီသည်။ ရှူနယ် (Shu State) မှကုန်သည်များသည် ထိုဒေသသို့ရောက်ခဲ့နိုင်သည်။" ဟုထူးထူးခြားခြားဖေါ်ပြထားသည်ကိုတွေ့ရသည်။

ထီး-ယဲန်ကျူ (Ti 'en Chu or Tian Zhu) ဟူသည် ဟိန္ဒူကိုအသံလှယ်ထားခြင်းဖြစ်၏။ ထိုတရုတ်စာလုံးနှစ်လုံး၏ ရှေးဟောင်းအသံထွက်သည် Hindu နှင့်ခပ်ဆင်ဆင်ဖြစ်သည်။ ယခုအိန္ဒိယနိုင်ငံကိုဆိုလိုသည်။ ယီပုမှာ ယူနန်နယ်ကို ဆိုလိုသည်။ ဤနည်းအားဖြင့် အိန္ဒိယနိုင်ငံ၏ အရှေ့တောင်ဘက် ယူနန်နှင့် နီးကပ်သည့် ဖန်းယွယ့်သည် ရှေးဟောင်းမြန်မာ သို့ ပျူနိုင်ငံ ဖြစ်သည်မှာထင်ရှား၏ ။ ဝေ့ပြည်ထောင်သမိုင်းအကျဉ်း၌ ပါသောစာပိုဒ်တွင် ဖန်ယွယ့် နိုင်ငံကို ဖန်ယွယ့်ဝမ်(င်) ဟူ၍လည်း ခေါ်၏ ။ ဟန့်ယိုယ့်မော်(င်) ဟူသည် ဟန့်လွယ့်မင်း ဟုအနက်ရှိ၏။ သို့ရာတွင်ဤသို့အနက်အဓိပ္ပါယ်ကောက်ယူခြင်းသည်အဖြေမှန်မရနိုင်ချေ။ 'ဟန့်' ဟူသောစာလုံးသည် 'ဖျောင်း' (P'iao)(ပျူ) ဟူသောစာလုံးနှင့် ဆင်တူယိုးမှားဖြစ်သဖြင့် စာမူအဆင့်ဆင့်ရေးကူးရာ၌ မှားယွင်းခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ်လေးရာစုအလယ်တွင် ပြုစုပြီးစီးသော ဟွာယန်ဒေသသမိုင်းတွင် ‘ဖျောက်ယွယ့်” ဟုရေးသည်။ ဖျောင်းယွယ့် သို့မဟုတ် ဖျောက်ယွယ့်သည် ပျူဝတ် ကိုအသံလှယ်ထားခြင်းဖြစ်သည်။

စာပေနှင့် ကိုးကွယ်ယုံကြည်မှုပြင်ဆင်

ပျူလူမျိုးသည် ကိုယ်ပိုင်ပျူစာပေကိုတီထွင်ခဲ့သည်။ ထိုစာပေများကို ကျောက်စာအဖြစ် ရေးထိုးခဲ့သည်။ ထိုကျောက်စာများမှ အချို့သော ကျောက်စာများသည် ပျူလူမျိုးတို့၏ ကုသိုလ်ကောင်းမှုပြုရာတွင် မှတ်တမ်းအဖြစ် ရေထိုးခဲ့ကြပါသည်။ ပျူလူမျိုးများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ခဲ့ကြသည်။ ပျူလူမျိုးတို့၏ အကြီးမားဆုံး သမိုင်အထောက်အထားမှာ ဘော်ဘော်ကြီးဘုရားဖြစ်ပါသည်။ ပျူဘာသာဖြင့် နောက်ဆုံးတွေ့ရသည် ကျောက်စာမှာ ရာဇကုမာရ်ရေးထိုးသည့် မြစေတီကျောက်စာ ဖြစ်သည်။

ရှေးဟောင်း ပျူမြို့တော်ပြင်ဆင်

သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည် ဝိုင်းထားသည်။ စက်ဝိုင်းပုံမကျတကျဖြစ်ပြီးတောင် မြောက်နှစ်မိုင်ခွဲ၊ အရှေ့အနောက်နှစ်မိုင်ခန့်ကျယ်ဝန်းသည်။ ပြည်ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှ ဖြတ်လျက်တည်ဆောက်ထားသည်။ မှော်ဇာဘူတာသည်မြို့ဟောင်း၏ ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင် တည်ရှိသည်။ ပျူခေတ်ရှေးဟောင်း အဆောက်အအုံများနေရာအနှံတွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။ တောင်ဘက်မြို့ရိုးအပြင်ဘက်၌ အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်နှင့် ဗိဿနိုးသင်္ချိုင်းကျန်ရှိသေးသည်။

အနုပညာနှင့်ယဉ်ကျေးမှုပြင်ဆင်

ပျူတို့သည် အမျိုးမျိုးသော ဂီတတူရိယာမျိုးစုံတို့ကို တီထွင်ထားခဲ့သည်။ ပျူလူမျိုးဂီတအနုပညာရှင် တစ်ဖွဲ့သည် အေဒီ ၈၀၂ တွင် တရုတ်ဧကရာဇ်မင်း၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ခဲ့သည်။

ပျူလက်ရာများဟု ထင်ရဖွယ်ရှိသော ရုပ်တုများ၌ အမျိုးသားများသည် အပေါ်ပိုင်းတွင် အဝတ်အစားဆင်မြန်းခြင်းမရှိဘဲ ခန္ဓာကိုယ်အောက်ပိုင်းတွင် ချည်စဖြင့် ချည်နှောင်ထားသည်။ ရှေးဟောင်း တရုတ်ထန်ရာဇဝင်တွင် အမျိုးသားမျာသည် ပန်းရောင်ရှိသော ဖျဉ်အစတစ်ခုကို ခေါင်း၌ပေါင်းထား၍ ပန်းနှင့် ငှက်တောင်တို့ကို စိုက်ထားကြောင်း၊ အမျိုးသမီးများမှာ ပန်းရောင်ပုဝါရှည်ကို လက်တွင်စုံချ၍ ယပ်တောင်တစ်ချောင်းအားကိုင်ထားသည်၊ ကျောက်ဖြင့်လုပ်သော လက်ကောက်၊ ပုတီးစသည်တို့ကိုနှစ်သက်သည်၊ အိမ်ထောင်သယ်အမျိုးသမီးသည် ခေါင်းတွင် သျှောင်ထုံးထားသည်ဟု ဖော်ပြထား၏ ။[၄]

ရည်ညွှန်းကိုးကားပြင်ဆင်

↑ ရည်စိန် - ပျူတိုမြန်မာနိုင်ငံအတွင်းသို့ မည်သို့ဝင်ရောက်ခဲ့သနည်း၊ p.၄၈-၅၁၊ ရတနာမွန်ဓမ္မမဂ္ဂဇင်း၊ ၁၉၈၀-ခုနှစ်၊ နိုဝင်ဘာ↑ ဒေါက်တာသန်းထွန်း - ခေတ်ဟောင်းမြန်မာရာဇဝင်(တအကြိမ်)၊ p.61↑ ရည်စိန် - ပျူနိုင်ငံ၊ p.167-178၊ ဉာဏ်လင်းဓမ္မစာပဒေသာ၊ ၁၉၈၄-ခုနှစ်၊ ဒီဇင်ဘာလထုတ်↑ ဒေါက်တာသန်းထွန်း. ပျူတွေဘယ်ရောက်သွားသလဲ. သီရိဆွေစာအုပ်တိုက်, 205-206။

26/09/2020
20/09/2020

ဗိဿနိုးမြို့ဟောင်းတူးဖော်စဉ်ကရရှိခဲ့
သည် ပုတီးများကို ၎င်း page တွင်
၂၀၁၅.ခုနှစ်က တင်ထားသည် အကြောင်းလေ
ပြန်တင်ပေးလိုက်ပါသည်။

ဗိဿနိုးမြို့မှ မြေပုတီးအမြောက်အမြားနှင့် ရောင်စုံကျောက်ပုတီး ၂၉ လုံးမျှကို ဖော်ထုတ်ရရှိသည်။ ထိုပုတီးများအနက် ၅၃၂ လုံးသည် သာမန်ပုတီးလုံးများဖြစ်၍ ၅၆ လုံးမှာမူ
အလျားရှည်သော လေးထောင့်ပုတီးများဖြစ်သည်
မြေပုတီးပုံစံများကို အသေးစိတ်ပိုင်းခြားလျှင် အောက်ပါအတိုင်းဖြစ်၏။
(၁) အလုံးပုံစံ၊ ဆီးသီးမှ ပေသီးခန့်အရွယ်အထိ
(၂) လေးထောင့်၊ အလျားရှည်ပုံစံ
(၃) ပဲကြီးစေ့ကဲ့သို့ နှစ်ဖက်ခုံး၊ အဝိုင်းပုံစံ
(၄) တစ်ဖက်ခုံး၊ အဝိုင်းပုံစံ
(၅) တစ်ဖက်ခုံး၊ တစ်ဖက်ကတော့ထိပ်ပြတ်ပုံစံ
(၆) တစ်ဖက်ခုံးဖြတ်၊ တစ်ဖက်အနည်းငယ်ခုံးသည့် ပုံစံ
(၇) နှစ်ဖက်ကတော့ဖြတ်၊ လည်ရစ်ပါပုံစံ
(၈) တစ်ဖက်ပြား၊ တစ်ဖက်ကတော့ပုံစံ
(၉) တစ်ဖက်ကတော့ဖြတ်တိုတို၊ တစ်ဖက်ခုံးပုံစံ
(၁၀) ကွမ်းသီးလုံးပုံစံ၊ လည်ရစ်တစ်ဖက်ပါ
ရောင်စုံပုတီးများကို မဟူရာ၊ စလင်းစွဲ၊ စလင်းကျောက်၊ နဂါးသွဲ့ကျောက် နှင့် ဂေါဒန်ကျောက်တို့ဖြင့် ပြုလုပ်ထားသည်။ ပုံစံအမျိုးအစားမှာ အလုံးပုံ၊ ရှည်မျောမျောအလုံးပုံ၊ နှစ်ဖက်ရှူး အလုံးပုံ၊
လေးမြှောင့်နှစ်ဖက်ကတော့ဖြတ်ပုံ၊ ခြောက်မြှောင့် နှစ်ဖက်ကတော့ဖြတ်ပုံ၊ အပြားဝိုင်းပုံ၊ ခြောက်မြှောင့်ပြား အလျားရှည်ပုံ၊ လေးထောင့် အလျားရှည်ပုံ၊ အန်စာပုံ စသည်တို့ဖြစ်၏။ ပုတီးစေ့သေးသေးအရွယ်
ကော်ပုတီး အနီ၊ အဝါ နှင့် အနက်များကိုလည်း ဖော်ထုတ်ရရှိသေး၏။ ကျောက်ပုတီးများလည်း တူးဖော်ရရှိ၏။

ပြင်ပလေ့လာသူ
ညီညီသွင် BTO
2015.jan

11/09/2020

ကျောက်ခေတ်သည်လူသားများသည်ရှေးခေတ်ကျောက်တုံးများကိုအသုံးပြုသည့်သမိုင်းမတိုင်မီကာလဖြစ်သည်။ အကြမ်းအားဖြင့်နှစ်သန်းပေါင်း ၂.၅ သန်းခန့်ကြာရှည်တည်မြဲသောကျောက်တုံးဖြစ်သည်လွန်ခဲ့သောနှစ်ပေါင်း ၂.၅ သန်းခန့်ကကျောက်ခေတ်သည်လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ခန့်ကအရှေ့အလယ်ပိုင်းရှိလူသားများအဆုံးသတ်ခဲ့သည်သတ္တုနှင့်စတင်အလုပ်လုပ်ခဲ့ပြီးကြေးဝါမှကိရိယာများနှင့်လက်နက်များပြုလုပ်ခဲ့သည်။သတ္တုနှင့်စတင်အလုပ်လုပ်ခဲ့ပြီးကြေးဝါမှကိရိယာများနှင့်လက်နက်များပြုလုပ်ခဲ့သည်။ကျောက်ခေတ်ကာလအတွင်းလူသားများသည် Neanderthals နှင့် Denisovans အပါအ ၀ င်ယခုမျိုးသုဉ်းပျောက်ကွယ်သွားသော hominin ဆွေမျိုးများနှင့်ကမ္ဘာညဂြိုဟ်ကိုဝေမျှခဲ့ကြသည်။

ညီညီသွင်
ပြင်ပလေ့လာသူ
BTO.

11/09/2020

ရာဇဝင်ကျမ်း နှင့် ရှေးဟောင်းသုတေသန ကပြောတဲ့ ' ပျူ ' အကြောင်း တစေ့တစောင်း (၂)
ရှေးဟောင်းသုတေသန ပညာရပ်ဘက်က ချဉ်းကပ်တဲ့ ပျူ အထောက်ထားတွေကို ကြည့်ရအောင်။ ဗိဿ နိုး သရေခေတ္တရာ နှင့် ဟန်လင်းမြို့ဟောင်းတွေဟာ ပျူ တွေရဲ့ မြို့တော်။ ပျူ တွေဟာ ဘာသာတရားကိုင်း ရှိုင်းပြီး သူ့အသက်မသတ်လိုလို့ ပိုးထည် တောင် မဝတ်။

အနုလက်ရာ သဘင်ပညာကို ခုံမင်တယ်။ ငြိမ်းချမ်းစွာ
နေထိုင်တတ်သူတွေဖြစ်တာကြောင့် စစ်မက်ကို ရှောင်ရှားတဲ့လူတွေ။ တစ်နည်းပြောတော့ စစ်မက် အင်အားကြီး လူမျိုးစုမဟုတ်ဖဲ
သူတို့ဒေသကို လာရောက်လာတဲ့ သူတွေနဲ့ရော ဘာသာတရားတွေနဲ့ပါ အသာတကြည့်လက်ခံပြီး သဟဇာတ ဖြစ်အောင် နေထိုင်တတ်ကြတဲ့
လူတွေဖြစ်တယ်။

စစ်မက်အင်အားကြီး မြို့ပြနိုင်ငံတွေအတွက် ပျူ တွေဟာ ပြိုင်ဘက်မဟုတ်ပါ။
အချိန်မရွေး လွယ်လွယ် သိမ်းယူလို့ရတဲ့ နယ်ပယ်တစ်ခု သာ။

ရှေး ပျူ မြို့တွေကို ဗိဿ နိုး က ပထမ မြို့ပြ ၊ သရေခေတ္တရာ က ဒုတိယ နှင့် ဟန်လင်းက တတိယမြို့ပြ အရင်က ခန့်မှန်းကြတယ်။ ဗိဿ နိုး မြို့ကို ပထမမြို့ပြအဖြစ်ခန့်မှန်းကြတာကို လောလောဆယ် မှန်၏/မှား၏ ဆိုပြီး ထောက်ခံဖို့ ရော ငြင်းဆန်ဖို့ရာ အကြောင်းမရှိသေးပါ။

မှော်ဇာဝက်ခေါင်း ကုန်းတူးဖော်မှုက ရရှိတဲ့ ဓျာနမုဒြာ ဗုဒ္ဓရုပ်ပွါးပုံပါ ပလ္လင်လေးဖက်ပေါ်က သက္ကတ-ပါဠိ ရော ပျူ စာမှာ ပြောထားတာက တစ်နေ့တည်းမှာပင် မြို့တော် နှစ်မြို့ကို ဇယစနြ္ဒဝရ်မန် နှင့် ဟရိဝိကြမ ချစ်ကြည်ရေးလုပ်ပြီး တည်တယ်။ တစ်မြို့က ဟရိဝိကြမ စိုးစံတဲ့ သရေခေတ္တရာမြို့ ဖြစ်တယ်။

အခြားမြို့ တစ်မြို့ကို တချို့ပညာရှင်တွေက ယခုမော်ဇာဖြစ်ဟန်ရှိတယ်ဆိုပြီး မှန်းကြသလို ဟန်လင်း မြို့သာ ဖြစ်တယ်ဆိုပြီး မှန်းကြတာလည်းရှိတယ်။ ဘယ်အဆိုကိုမှ တပ်အပ်ပြောဖို့ မလွယ်ပါ။ အထောက်အား နည်းနေသေးပေမယ့် ခေတ်ပြိုင်မှတ်တမ်းတွေကို ဒီထက်ပိုပြီး စိစစ်နိုင်မယ်ဆိုရင်တော့ ပိုပြီး တိတိပပ ပြောနိုင်ပါလိမ့်မယ်။

အရှေ့ တောင် အာရှမှတ်တမ်းတချို့ နှင့် ခေတ်ဦးပိုင်း ခမာလ်ကျောက်စာ အထောက်အထားအရ အေဒီ ၂ ရာစုလောက်မှာ ပျူ တို့ရဲ့ မြို့တော် ကို ခမာလ်တွေ သိမ်းယူတယ်။ အဲဒီမှာ ပျူတချို့က စစ်ဒါဏ်ကြောင့် အခြားအရပ်တွေကို ပြောင်းရွှေ့သွားရာက ဒုတိယ ပျူမြို့တော်အဖြစ်
ရွှေဘိုနားက ဟန်လင်းမှာ အခြေချတယ်လို့ ထင်ပါတယ်။

ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ တရုတ်မှတ်တမ်းတွေမှာ နန်ချောင်မင်း ပထမ မိုယွှန် ( Yi - Mou - Xun , AD 754- 808 ) က ပျူတွေရဲ့ ဧရာဝတီ မြစ်ညှာပိုင်းကို ခရစ်နှစ် ၇၆၄ မှာ သိမ်းယူတယ် လို့ဆိုတယ်။ သူတို့
သိမ်းယူတဲ့ မြို့ဟာ ပျူ တွေရဲ့ ဟန်လင်းဖြစ်မယ်လို့ သတိကြီးကြီးထားပြီး ခန့်မှန်းပါတယ်။ မှားကောင်း မှားနိုင်တာမို့ ရဲရဲ မပြော ရဲ ပါ။

အဲဒီအချိန်ကတည်းက ပျူ ဟာ နန်ကျောက်တွေရဲ့ လက်အောက်ခံ အဖြစ် အညံ့ခံပြီး ဖြစ်တယ်။

အရင်ကတည်းက စစ်မက်အင်အားမရှိတဲ့ ပျူ တွေဟာ စစ်တိုက်ခြင်း ဆိုတာထက် စစ်ရှောင်ပြီး ငြိမ်းချမ်းရာ ရှာတဲ့သဘောကို တွေ့ရတယ်။
ပြည်နားက သရေခေတ္တရာ ဟာ ပျူ တွေရဲ့ တတိယ နှင့် နောက်ဆုံး
မြို့တော်ဖြစ်မယ်။ နန်ချောင်မင်း ပထမ မိုယွှန် က ခရစ် နှစ် ၈၀၂ ခုနှစ်မှာ တရုတ် ထန် ( Tang ) မင်းဆက်မြို့တော် ချန်အန်း (Ch'ang-An ) ကို သံအဖွဲ့ စေလွတ်တဲ့အခါ သူ့လက်အောက်ခံ အဖွဲ့ငယ် အနေနှင့် " ပျူ " တီးဝိုင်း ကိုပါထည့်သွင်း စေလွတ်ခဲ့တယ်။

၈၂၄ ခုနှစ်မှာ သရေခေတ္တရာ မြို့ကို နန်ကျောက်တွေ ထပ်ပြီး သိမ်းယူတယ်၊ မြို့တော်ကို ဖျက်စီးပြီး ပျူ ၃၀၀၀ ကျော်ကို ကျွန်ပြုဖို့ ယူနန်နယ်ထဲခေါ်သွားတယ်။ ဒီတစ်ကြိမ်မှာတော့ ပျူ တွေဟာ မြန်မာနိုင်ငံ အနှံ့ပြားကို ပြန့်နှံ့သွားမယ်လို့ထင်ပါတယ်။ ချင်းတွင်းမြစ် ၊
မြစ်သာမြစ် ရိုးတလျှောက် ရေကြည်ရာမြစ်နုရာ ခရီးဆက်ကြသလို ထားဝယ်၊ တနင်္သာရီ ဘက်ခရီးဆက်တာမျိုးလည်းဖြစ်နိုင်တယ်။

ပုဂံအင်အားကောင်းချိန် အနိရုဒ္ဓမင်းလက်ထက်မှာ ယခင် အင်အားကြီး
မြို့ပြဟောင်းနေရာတွေဖြစ်တဲ့ ကျောက်ဆည်၊ သရေခေတ္တရာ နှင့် သထုံမြို့တွေကို သိမ်းသွင်းတဲ့အထောက်ထားတွေ့ပေမယ့် ပျူ တွေကို လိုက်လံသတ်ဖြတ်နှိပ်ကွက်တဲ့ သဘောမတွေ့ရပါ။

သထုံကို သိမ်းတယ်ဆိုတာမှာလည်း ဗုဒ္ဓကျမ်းဂန်တွေထက် နိုင်ငံရေးအရ သိမ်းယူတာဖြစ်ဖို့များပါတယ်။ သို့ပေမယ့် မင်း၊ မိဘုရား နှင့် မူးမတ်အပါဝင် နန်းတော်အသိုင်းဝိုင်း ကိုအဖိတ်စင်မရှိ ပုဂံအထိ ဆောင်ယူလာတာကို ကြည့်တဲ့အခါ အများပြောသလို အနိရုဒ္ဓမင်း ဟာရက်စက်ကြမ်းကြုတ်တဲ့ မင်းရယ်လို့ ပြောဖို့ မလွယ်ပါ။

ထီးလှိုင်မင်းအပါဝင် ပုဂံမင်း အဆက်ဆက်မှာ ပျူ လူမျိုးတွေကို မင်းခန်း မင်းနားတွေမှာ တခုတ်တရ နေရာပေးပြီး ချီးမြောက်တာကို တွေ့ရတဲ့အပြင် အရေးကြီးမှတ်တမ်းတွေ ရေးမှတ်တဲ့ အခါမှာလည်း ပျူ စာနဲ့
ရေးမှတ်စေပါတယ်။

အင်းဝခေတ် ခရစ်နှစ် ၁၄၄၂ ခုနှစ် ၊ နရပတိမင်းရဲ့ ထူပါရုံကျောက်စာ (စာရင်း ၉၆၃၊ စာကြောင်းရေ ၅၃၊၅၅ ) နှင့် ခရစ်နှစ် ၁၅၁၀ ခု ၊ ရွှေနန်းကျော့ရှင် နရပတိ နန်းတည်ကျောက်စာ (စာရင်း ၉၆၃ ၊ စာကြောင်းရေ ၇၀ ) မှာ ပျူ ဆိုတဲ့ စကားလုံးအသုံး ကို ထည့်သွင်း မှတ်တမ်းတင်ခဲ့တာကြောင့် အင်းဝ ခေတ်ရောက်တဲ့အထိ ပျူ တွေကို မင်းခန်းမင်းနားတွေမှာ နေရာပေးတဲ့
အထောက်ထားတွေ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပျူ တွေနဲ့ ပတ်သက်ပြီး မှတ်တမ်း မှတ်ရာ မတွေ့ရတော့ပါ။

ပျူ တွေရဲ့ စိတ်ရင်းက ယဉ်ကျေးဖော်ဆွေနေတတ်တယ်၊ သူ့အသက် မသတ်လိုတဲ့အတွက် ပိုးထည်တောင် မဝတ်ဖူးလို့ ဆိုတဲ့အတွက် စစ်မက်မလိုလားဘူးလို့ ထင်ရတယ်။ ငြိမ်းချမ်းစွာနေထိုင်လိုတယ်၊
ရောက်လေရာအရပ်က ယဉ်ကျေးမှုနဲ့လိုက်ရောညီထွေအောင်
နေတတ်တဲ့သဘောရှိတယ်။

ရှင်းရှင်းပြောတော့ ယဉ်ကျေးမှုလွှမ်းမိုးလိုတဲ့ သဘောထက် လွယ်ကူစွာအလွှမ်းမိုးခံပြီး ရောယှက်နေထိုင် ကျင့်သုံးတဲ့သဘောရှိတယ်။ ဒီလိုကြောင့် လူမျိုးစု တမျိုးအဖြစ် ရပ်တည်မှုကနေ တဖြေးဖြေး
ပျောက်ကွယ်သွားတယ်လို့ ခန့်မှန်းပါတယ်။

ကမ္ဘာ့သမိုင်းကို ပြန်ကြည့်တဲ့အခါ လက်တင် အမေရိကနိုင်ငံတွေမှာ ရှိခဲ့တဲ့ ယဉ်ကျေးမှုမြင့်မားခဲ့တဲ့ လူမျိုးစုတွေ ပျောက်ကွယ်ကုန်တဲ့ သာဓက ရှိပါတယ်။ ကိုလံဘီယာ နှင့် မက္ကဆီကို တဝိုက်က ' မာယာ ' ၊ ဘိုလီးဗီးယားက ' အင်ကာ ' ၊ ပီရူး က ' နာစ်ကာ ' စတဲ့ လူမျိုးတွေဟာလည်းဘဲ ယနေ့ခေတ်မှာ ရှာမတွေ့ရတော့တဲ့
ရှေးလူ တွေပါဘဲ။

မြန်မာ့မြေပေါ်ကနေ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားတာ ပျူ တွေကြီးဘဲတော့ မဟုတ်ပါ။ ကမ်းယံ ၊ ကဒူး နှင့် ကဝ လူမျိုးစုတွေလည်း ပျောက်ကွယ်ကုန်တာပါဘဲ။ ပြီး ခဲ့တဲ့ ၂ နှစ်လောက်က ' သက် ' လူမျိုးစု ရဲ့ နောက်ဆုံးမျိုးဆက်ဟာ အမျိုးသား တစ်ယောက်ဖြစ်တယ်လို့ ကြားမိတယ်။

နောက်ထပ် နောက်ထပ် အခြား ဌာနေတိုင်းရင်းသားတွေလည်း မကြာခင် ပျောက်ကွယ်သွားနိုင်တာမျိုး ရှိနိုင်ပါတယ်။

ဒီအဖြေက စိတ်ကျေနပ်လောက်တဲ့ အဖြေမဟုတ်ပေမယ့် ဆိုပြီးခဲ့သလိုဘဲ ဟိုတစ်စ ဒီတစ်စ ဆွဲထုတ်ထားတာဆိုတော့ ဟိုမရောက်ဒီမရောက် ဖြစ်နေလိမ့်မယ်။

BTO .
ဝါသနာရှင်

11/09/2020

လေ့လာသူ

Address

မြောဥက္ကာလာပ
Yangon
FACEBOOKPAGE

Telephone

+959977515575

Website

Alerts

Be the first to know and let us send you an email when Beik Tha No Myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share