Shwepaukkan Students' Union-ABFSU

Shwepaukkan Students' Union-ABFSU SPKSU-ABFSU

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၃၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ဗကသများအဖွဲ့ချုပ်မှ ပေးပို့သည့် သဝဏ်လွှာ
14/10/2024

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၃၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ဗကသများအဖွဲ့ချုပ်မှ ပေးပို့သည့် သဝဏ်လွှာ

ကိုကိုးကျွန်းတိုက်ပွဲ ၅၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်အင်အားစုများက ရန်ကုန်မြို့တွင် စစ်အာဏာရ...
31/07/2024

ကိုကိုးကျွန်းတိုက်ပွဲ ၅၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ် နဲ့ မဟာမိတ်အင်အားစုများက ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၃၁၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်လူငယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရရတကသ) နဲ့ Yangon Revolution Force တို့ပူးပေါင်းပြီး ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ ၅၃ နှစ်ပြည့်၊ ကိုကိုးကျွန်းသူရဲကောင်းများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့၌ ရန်ကုန်မြို့တွင် “ရန်သူတကာကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်းရွှင်လန်းအားတက်ကြပါစေ” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ကိုကိုးကျွန်းတိုက်ပွဲ #ကိုကိုးကျွန်းသူရဲကောင်းများနေ့

08/07/2024

◾️ဆဲဗင်းဂျူလိုင် ၆၂ ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများ က အထွေထွေအကျပ်အတည်းဖြေရှင်းရေး၊ မတရားစစ်မှုထမ်းဥပဒေဖျက်သိမ်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

၂၀၂၄ ဇူလိုင် ၈

ဆဲဗင်းဂျူလိုင် ၆၂ ပြည့်အထိမ်းအမှတ်အနေဖြင့် ပြည်သူ့တော်လှန်ရေးအင်အားစုများက ဒီကနေ့ ဇူလိုင်လ ၈ရက်နေ့မှာ ရန်ကုန်မြို့ လိုင်းကားတစီးပေါ်တွင် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်) ဆန့်ကျင်ရေး နှိုးဆော်သည့် အသံဖိုင်ဖွင့်ကာ အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ မတရားစစ်မှုထမ်းဥပဒေဖျက်သိမ်းရေး နှင့် စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။


#ဆဲဗင်းဂျူလိုင်

#လှုပ်ရှားမှု
#အထွေထွေအကျပ်အတည်းဖြေရှင်းရေး

07/07/2024
ဗကသများအဖွဲချုပ်နှင့် မဟာမိတ်များက မတရား စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး နှင့် အထွေထွေအကျပ်အတည်းဖြေရှင်းရေး လှုံ့ဆော်လှုပ်ရှ...
04/06/2024

ဗကသများအဖွဲချုပ်နှင့် မဟာမိတ်များက မတရား စစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး နှင့် အထွေထွေအကျပ်အတည်းဖြေရှင်းရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇွန် ၄၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ် (ဗကသများအဖွဲချုပ်) နှင့် တာမွေသပိတ်ကော်မတီ(Tarmwe Strike Committee)၊ လူ့ဘောင်သစ်လူငယ်(Youth For New Society)၊ Mayangone Democratic Front(MDF)၊ Kyimyindaing Networks(KMD18)၊ လင်းရောင်နီ(လူငယ်အဖွဲ့အစည်း)၊ Owl Community တို ပူးပေါင်း၍ “မတရားစစ်မှုထမ်းဥပဒေ ကို လူထုအားနှင့် ဆန့်ကျင်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ မတရား စစ်မှုထမ်း ဥပဒေ ဖျက်သိမ်းရေး၊ အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ ဇွန်လ ၄ ရက်နေ့၌ ရန်ကုန်မြိုတွင် ပြုလုပ်ခဲ့ပါသည်။

“မတရားစစ်မှုထမ်းဥပဒေကို လူထုအားနှင့် ဆန့်ကျင်ကြ”

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲချုပ်
#ဗကသ #လှုပ်ရှားမှု

04/06/2024

🙏 အသိပေးကြေညာခြင်း 🙏

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့အတွက် ဗကသများအဖွဲ့ချုပ်အနေနဲ့ ရန်ပုံငွေအဖြစ် အင်္ကျီ၊ ရင်ထိုးနဲ့ လွယ်အိတ်တွေကို ၂၀၂၄ ခုနှစ် မေလ (၈)ရက်နေ့က စတင်ပြီးရောင်းချခဲ့ပါတယ်။

ကျနော်တို့မှာရှိနေတဲ့ ရန်ပုံငွေက အင်မတန်နည်းပါးတဲ့အတွက် ပစ္စည်းအနည်းအကျဉ်းကို အကန့်အသတ်နဲ့သာ ရောင်းချဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ သို့သော်လည်း ဗကသများအဖွဲ့ချုပ်ကို ထောက်ခံဝန်းရံပေးကြတဲ့ မိဘပြည်သူတွေ မိတ်ဆွေရဲဘော်တွေရဲ့ အားပေးဝယ်ယူမှုတွေကြောင့် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေက အချိန်တိုအတွင်း ပြတ်တောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူ့လူထုလက်ဝယ် ပိုမိုရောက်ရှိစေရေးရည်ရွယ်ပြီး ပစ္စည်းမှာယူမှုတွေကို ကျနော်တို့အနေနဲ့ ဆက်လက်လက်ခံခဲ့ပြီး ဆက်လက်ထုတ်လုပ်နိုင်ဖို့ကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။

ကျနော်တို့ရဲ့အခက်အခဲက အထက်မှာတင်ပြခဲ့သလို ရန်ပုံငွေ အားနည်းတဲ့အတွက် ပစ္စည်းတွေ ဆက်လက်ထုတ်လုပ်ရာမှာ အကန့်အသတ်နည်းနည်းနဲ့ပဲ တသုတ်ပြီးတသုတ် ထုတ်လုပ်နေရပါသည်။ မှာယူသူအားလုံးအတွက် ပစ္စည်းအရေအတွက်ကို ထုတ်လုပ်ဖို့အရင်းအနှီး နည်းပါးတာကြောင့် ကျနော်တို့မှာလည်း ပို့ဆောင်သင့်တဲ့အချိန် မပို့ပေးနိုင်ဘဲ ကြန့်ကြာမှုတွေဖြစ်ပေါ်နေပါတယ်။ အမြန်ဆုံး ပေးပို့ပေးနိုင်အောင်လည်း ကျနော်တို့ ကြိုးစားနေကြပါတယ်။

ပစ္စည်းမှာယူသူတွေကို အစဉ်အလိုက် ပို့ဆောင်ပေးနေတာဖြစ်တဲ့အတွက် ပစ္စည်းမှာယူထားတဲ့ မိတ်ဆွေရဲဘော်တွေအနေနဲ့ အချိန်ကြန့်ကြာမှုကို သည်းခံပြီး နားလည်စောင့်ဆိုင်းပေးကြဖို့ တောင်းဆိုလိုပါတယ်ခင်ဗျာ။

တော်လှန်ရေးသစ္စာဖြင့်
ABFSU Fundrising

#ဗကသ #ရန်ပုံငွေ

08/05/2024

ဗကသများအဖွဲ့ချုပ် (၈၈) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၁၃/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မေလ ၈ ရက်

တော်လှန်ရေးရဲဘော်များနဲ့ မိဘပြည်သူများခင်ဗျာ …
ရှေးဦးစွာ တော်လှန်ရေးရဲဘော်များနဲ့ တော်လှန်ရေးရဲ့ ထောက်တိုင်တခုအဖြစ် ရပ်တည်ပေးနေကြတဲ့ မိဘပြည်သူတွေအားလုံးကို အလေးနီပြုအပ်ပါတယ်။
ဗကသများအဖွဲ့ချုပ်ဟာ ပြည်သူလူထုက မွေးထုတ်ပေးခဲ့တဲ့ ပြည်သူ့ရင်သွေးတွေ ပြည်သူလူထုအကျိုး သယ်ပိုးရာ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။ နယ်ချဲ့လက်အောက်ခံ ဘဝမှာလည်း ပြည်သူလူထုအင်အားနဲ့ပဲ တိုက်ပွဲဝင် အောင်ပွဲဆင်ခဲ့သလို၊ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွေမှာလည်း ပြည်သူလူထုနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြတာဟာ ဒီကနေ့ဆိုရင် (၈၈) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူလူထုကို ဖိနှိပ်သွေးစုပ်နေတဲ့ ဖက်ဆစ်စစ်တပ်ဟာ ဒီကနေ့အချိန်မှာ ပြည်သူအပေါင်းရဲ့ နည်းလမ်းမျိုးစုံနဲ့ တွန်းလှန်မှုကို ခံနေရပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ မိဘပြည်သူတို့ လက်တွဲပြီး ဖက်ဆစ်စစ်တပ်ကို အကြီးမားဆုံးထိုးနှက်မှုတွေ ဖော်ဆောင်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုမထောက်ခံဘဲ ဘယ်လိုနိုင်ငံရေးအဖွဲ့အစည်းမှ မရပ်တည်နိုင်ပါ။ ဖက်ဆစ်စစ်တပ်လည်း ရပ်တည်နိုင်မှာမဟုတ်ပါ။ ပြည်သူလူထုကသာ သမိုင်းကို ဖန်တီးတာဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေး ရှေ့တလှမ်းတိုးနိုင်ဖို့အတွက် ဘာလုပ်ကြမလဲဆိုတာကို ဝိုင်းဝန်းကြံဆကြဖို့ မဟာမိတ်တည်ဆောက်ကြဖို့ လိုအပ်ပါတယ်။
ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်ကလည်း အဖိနှိပ်ခံလူထု လွတ်မြောက်ရေးရသည်အထိ ပြည်သူနဲ့အတူ တသားတည်းရပ်တည်သွားမှာဖြစ်ကြောင်း ကတိပြု သစ္စာတည်ရင်း နိဂုံးချုပ်အပ်ပါတယ်။

ရန်သူတကာ ကြောက်ဒူးတုန်ပါစေ
ပြည်သူအပေါင်း ရွှင်လန်းအားတက်ကြပါစေ

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ဗကသနဲ့ မဟာမိတ်တွေက ရန်ကုန်မှာ ပြည်သူလူထုကို မုန့်လုံးရေပေါ်တွေ ဝေငှပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်၂၀၂၄ ဧပြီ ၁...
13/04/2024

ဗကသနဲ့ မဟာမိတ်တွေက ရန်ကုန်မှာ ပြည်သူလူထုကို မုန့်လုံးရေပေါ်တွေ ဝေငှပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်

၂၀၂၄ ဧပြီ ၁၃၊ ‌ဗကသ

ဗကသများအဖွဲ့ချုပ်၊ တာမွေမြို့နယ်သပိတ်ကော်မတီ (TSC)၊ မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီ (MGTN GSC)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ရေဘဝဲ (ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF) နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပူးပေါင်းပြီး ရန်ကုန်လူထုကို ဒီကနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မုန့်လုံးရေပေါ်တွေ အာဏာရဒါနဖြစ် ဝေငှခဲ့ပါတယ်။

အဆိုပါလှုပ်ရှားမှုမှာ မတရားစစ်မှုထမ်းဥပဒေ အပါအဝင် ပြည်သူလူထု တရပ်လုံးအပေါ် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို လူထုရဲ့စုပေါင်းအားနဲ့ တခဲနက် ဆန့်ကျင်တိုက်ဖျက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ဗကသ #မတရားစစ်မှုထမ်းဥပဒေ

8.4.2024 ရွှေပေါက္ကံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) မှ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး အတွက် M.M.PDF ထံ...
08/04/2024

8.4.2024

ရွှေပေါက္ကံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) မှ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး အတွက် M.M.PDF ထံသို့ ကျပ်ငွေ ၂၀၀၀၀ ကျပ် ထောက်ပံ့ ကူညီခဲ့ပါသည်။

04/04/2024
03/04/2024

ဗကသများအဖွဲ့ချုပ်၏ တရားဝင် သတင်းပြန်ကြားရေးစာမျက်နှာများ

▪️Facebook - “𝐀𝐥𝐥 𝐁𝐮𝐫𝐦𝐚 𝐅𝐞𝐝𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐔𝐧𝐢𝐨𝐧𝐬”
(https://www.facebook.com/abfsu)

▪️X - “𝐀𝐥𝐥 𝐁𝐮𝐫𝐦𝐚 𝐅𝐞𝐝𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐔𝐧𝐢𝐨𝐧𝐬”
(https://x.com/abfsu_burma)

▪️Instagram - “𝐀𝐥𝐥 𝐁𝐮𝐫𝐦𝐚 𝐅𝐞𝐝𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐔𝐧𝐢𝐨𝐧𝐬”
(https://www.instagram.com/abfsu.cec)

▪️Telegram - “𝐀𝐥𝐥 𝐁𝐮𝐫𝐦𝐚 𝐅𝐞𝐝𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐔𝐧𝐢𝐨𝐧𝐬”
(https://www.t.me/abfsu)

▪️Website - “𝐀𝐥𝐥 𝐁𝐮𝐫𝐦𝐚 𝐅𝐞𝐝𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐔𝐧𝐢𝐨𝐧𝐬”
(https://www.abfsu.org)

▪️Facebook - “𝐎𝐰𝐚𝐲 - အိုးဝေ”
(https://www.facebook.com/Oway1936)

Address

Yangon

Alerts

Be the first to know and let us send you an email when Shwepaukkan Students' Union-ABFSU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share