YDLS-Yangon Driver's License Service

YDLS-Yangon Driver's License Service ယာဥ်မောင်းလိုင်စင် နှင့် ကားသက်တမ်?

ခရီးထွက်ရင်လိုရမယ်ရ သိမ်းထားပါရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများလိုအပ်သည်များ ထပ်ဖြည့်ပေးပါ ၃၉မိုင် (...
25/08/2022

ခရီးထွက်ရင်လိုရမယ်ရ သိမ်းထားပါ

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ

လိုအပ်သည်များ ထပ်ဖြည့်ပေးပါ

၃၉မိုင် (ဘုရားကြီးလမ်းခွဲ)

၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)

၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)

၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)

၁၁၅မိုင် (ဖြူးလမ်းခွဲ)

၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)

၁၄၅မိုင် (ခပေါင်းတံတား)

၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)

၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)

၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)

၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)

၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)

၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)

၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)

၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)

မှတ်ချက်။ ။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။ ။

Credit

ခရီးမိုင်အကွားဝေးများ
ရန်ကုန်မှ (ရိုးမအရှေ့လမ်းပိုင်း)
ရန်ကုန် - ဒိုက်ဦး 86 မိုင်
ရန်ကုန် - ညောင်လေးပင် 98 မိုင်
ရန်ကုန် - ဖဒို 115 မိုင်
ရန်ကုန် - မဒေါက် 110 မိုင်
ရန်ကုန် - ရွှေကျင် 114 မိုင်
ရန်ကုန် - ပဲနွယ်ကုန်း 122 မိုင်
ရန်ကုန် - ဖြူး 142 မိုင်
ရန်ကုန် - ဇေယျဝတီ 144 မိုင်
ရန်ကုန် - တောင်ငူ 175 မိုင်
ရန်ကုန် - ရေတာရှည် 192 မိုင်
ရန်ကုန် - ဆွာ 201 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) 240 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) 250 မိုင်
ရန်ကုန် - ပျော်ဘွယ် 312 မိုင်
ရန်ကုန် - မိတ္ထီလာ 338 မိုင်
ရန်ကုန် - တောင်သာ 381 မိုင်
ရန်ကုန် - မြင်းခြံ 396 မိုင်
ရန်ကုန် - စစ်ကိုင်း 425 မိုင်
ရန်ကုန် - မန္တလေး 430 မိုင်
ရန်ကုန် - မုံရွာ 495 မိုင်
ရန်ကုန် - ပြင်ဦးလွင် 472 မိုင်
ရန်ကုန် - ရွှေဘို 500 မိုင်
ရန်ကုန် - တန့်ဆည် 560 မိုင်
ရန်ကုန် -လားရှိုး 605 မိုင်
ရန်ကုန် - တောင်ကြီး 424 မိုင်
ရန်ကုန် - လွိုင်ကော် 377 မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း 400 မိုင်
ရန်ကုန် - တမူး 725 မိုင်
ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)
ရန်ကုန် -လက်ပံတန်း 85 မိုင်
ရန်ကုန် - ပြည် 179 မိုင်
ရန်ကုန် - ပေါက်ခေါင်း 203 မိုင်
ရန်ကုန် - အောင်လံ 223 မိုင်
ရန်ကုန် - ကြံခင်း 245 မိုင်
ရန်ကုန် - မြန်အောင် 250 မိုင်
ရန်ကုန် - တောင်တွင်းကြီး 280 မိုင်
ရန်ကုန် - မကွေး 331 မိုင်
ရန်ကုန် - မင်းဘူး 332 မိုင်
ရန်ကုန် - အထက်မင်းလှ 350 မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း 363 မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း 397 မိုင်
ရန်ကုန် - ချောက် 408 မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး 431 မိုင်
ရန်ကုန် - ပခုက္ကူ 445 မိုင်
ရန်ကုန် - မြင်းခြံ 456 မိုင်
ရန်ကုန် - နွားထိုးကြီး 476 မိုင်
ရန်ကုန် - တောင်ကုတ် 279 မိုင်
ရန်ကုန် - သံတွဲ 323 မိုင်
ရန်ကုန် - ကျောက်ဖြူ 400 မိုင်
ရန်ကုန် - စစ်တွေ 634 မိုင်
ရန်ကုန်မှ (ဧရာဝတီတိုင်းဒေသကြီးလမ်းပိုင်း)
ရန်ကုန် - မအူပင် 51 မိုင်
ရန်ကုန် - အိမ်မဲ 75 မိုင်
ရန်ကုန် - မြောင်းမြ 102 မိုင်
ရန်ကုန် - လပွတ္တာ 150 မိုင်
ရန်ကုန် - ဂွ 146 မိုင်
ရန်ကုန် - ဆပ်သွား 182 မိုင်
ရန်ကုန် - ရေကြည် 90 မိုင်
ရန်ကုန် - ငသိုင်းချောင်း 93 မိုင်
ရန်ကုန် - ဟင်္သာတ 96 မိုင်
ရန်ကုန် - ထူးကြီး 133 မိုင်
ရန်ကုန် - ပုသိမ် 115 မိုင်
ရန်ကုန် - ချောင်းသာ 150 မိုင်
ရန်ကုန် - ငွေဆောင် 145 မိုင်
ရန်ကုန် - ဖျာပုံ 60 မိုင်/85 မိုင်
ရန်ကုန် - ဘိုကလေး 85 မိုင်/105 မိုင်
ရန်ကုန် - ညောင်တုန်း 35 မိုင်
ရန်ကုန် - ကျောင်းကုန်း 74 မိုင်
ရန်ကုန် - ဇလွန် 86 မိုင်
ရန်ကုန် - ကျိုက်လတ် 74 မိုင်
ရန်ကုန် - ဝါးခယ်မ 93 မိုင်
ရန်ကုန် - ကျုံပျော် 96 မိုင်
ရန်ကုန် - ရွှေလောင်း 78 မိုင်
ရန်ကုန် - ရုံးဒေါင့် 80 မိုင်
ရန်ကုန် - ကျိုက်ပိ 85 မိုင်
ရန်ကုန် - လေးမျက်နှာ 110 မိုင်
ရန်ကုန် - သာပေါင်း 142 မိုင်
ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်လမ်းပိုင်း
ရန်ကုန်-ကျိုက်ထို 110 မိုင်
ရန်ကုန်-ကျိုက်ထီးရိုး 119 မိုင်
ရန်ကုန် - တောင်စွန်း 120 မိုင်
ရန်ကုန် - ဘီးလင်း 128 မိုင်
ရန်ကုန် - သထုံ 152 မိုင်
ရန်ကုန် - မုတ္တမ 190 မိုင်
ရန်ကုန် - မော်လမြိုင် 194 မိုင်
ရန်ကုန် - မုဒုံ 208 မိုင်
ရန်ကုန် - သံဖြူဇရပ် 230 မိုင်
ရန်ကုန် - ကျိုက္ခမီ 245 မိုင်
ရန်ကုန် - ဘားအံ 180 မိုင်
ရန်ကုန် - သာမည 200 မိုင်
ရန်ကုန် - ကော့ကရိတ် 235 မိုင်
ရန်ကုန် - မြဝတီ 279 မိုင်
ရန်ကုန် - ရေး 287 မိုင်
ရန်ကုန် - ထားဝယ် 397 မိုင်
ရန်ကုန် - မြိတ် 550 မိုင်
ရန်ကုန် - ကော့သောင်း 745 မိုင်
နေပြည်တော်လမ်းပိုင်း
နေပြည်တော် - ရန်ကုန် 240 မိုင်/250 မိုင်
နေပြည်တော် - မကွေး 160 မိုင်
နေပြည်တော် - မန္တလေး 180 မိုင်
နေပြည်တော် - ညောင်ဦး 183 မိုင်
နေပြည်တော် - တောင်ကြီး 174 မိုင်
နေပြည်တော် - မုံရွာ 260 မိုင်
နေပြည်တော် - တောင်ငူ 75 မိုင်
နေပြည်တော် - လွိုင်ကော် 250 မိုင်
နေပြည်တော် - ပြည် 150 မိုင်
မန္တလေး လမ်းပိုင်း
မန္တလေး - တောင်ကြီး 204 မိုင်
မန္တလေး - လားရှိုး 175 မိုင်
မန္တလေး - မူဆယ် 288 မိုင်
မန္တလေး - မိုးကုတ် 115 မိုင်
မန္တလေး - မင်းလှ 250 မိုင်
မန္တလေး - ပြည် 373 မိုင်
မန္တလေး - တောင်ငူ 255 မိုင်
မန္တလေး - ကျောက်ပန်းတောင်း 155 မိုင်
မန္တလေး - မြင်းခြံ 96 မိုင်
မန္တလေး - ပြင်ဦးလွင် 42 မိုင်
မန္တလေး - ရွှေဘို 70 မိုင်
မန္တလေး - ရေဦး 95 မိုင်
မန္တလေး - တန့်ဆည် 110 မိုင်
မန္တလေး - တမူး 295 မိုင်
မန္တလေး - ပုလဲ 110 မိုင်
မန္တလေး - စဥ့်ကူ 60 မိုင်
မန္တလေး - မတ္တရာ 20 မိုင်
မန္တလေး - ရွေကူ 245 မိုင်
မန္တလေး - ဗန်းမော် 270 မိုင်
မန္တလေး - ထီးချိုင့် 170 မိုင်
မန္တလေး - ကသာ 230 မိုင်
မန္တလေး - ကလေး 210 မိုင်
မန္တလေး - တကောင်း 130 မိုင်
မန္တလေး - သပိတ်ကျင်း 90 မိုင်
မန္တလေး - ငါးအိုး 200 မိုင်
မန္တလေး - ပခုက္ကူ 125 မိုင်
မန္တလေး - ဆည်တော် 30 မိုင်
မန္တလေး - မုံရွာ 80 မိုင်

မူရင်းရေးသားထားသူအားလေးစားစွာဖြင့်creditပေးပါသည်။

မော်တော်ယာဥ်သက်တမ်းတိုး နှင့် ယာဥ်မောင်းလိုင်စင် တာဝန်ယူ ဝန်ဆောင်မှု။
-Yangon Driver's Licence Service
Ko Pho La Pyae [PH - 09;5060210 ]
Ma Zin Mar
(09 440009300) (09 450 840 505)

ကိုဗစ်-19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရုံးဖွင့်လှစ်မှုခေတ္တရပ်ဆိုင်းထားခဲ့သည့် ယာဥ်မောင်းလိုင်စင်ဝန်ဆောင်မူလုပ်ငန်...
07/11/2021

ကိုဗစ်-19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရုံးဖွင့်လှစ်မှုခေတ္တရပ်ဆိုင်းထားခဲ့သည့် ယာဥ်မောင်းလိုင်စင်ဝန်ဆောင်မူလုပ်ငန်းများ-

(၈.၁၁.၂၀၂၁)

ရက်နေ့မှစတင်၍ online booking ဖြင့်ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်။


#မော်တော်ယာဥ်သက်တမ်းတိုး နှင့် ယာဥ်မောင်းလိုင်စင် တာဝန်ယူ ဝန်ဆောင်မှု #
#သံသုမ္မာလမ်း၊မြင်သာ က.ည.န ရုံးအရှေ့၊သင်္ဃန်းကျွန်းမြို့နယ်။ရန်ကုန်မြို့။
Pho La Pyae
Zin Mar
Ph- 09;440009300 (Viber) 09;450840505 (Viber) 09;453386699 (Viber)

အော်တိုဂီယာမှာပါဝင်တဲ့ P, R, N, D, S, L တို့အကြောင်း တစေ့တစောင်းအော်တိုဂီယာ မောင်းတတ်ခါစ ယာဉ်မောင်းအချို့သည် အခြေခံအနေနဲ...
02/11/2021

အော်တိုဂီယာမှာပါဝင်တဲ့ P, R, N, D, S, L တို့အကြောင်း တစေ့တစောင်း

အော်တိုဂီယာ မောင်းတတ်ခါစ ယာဉ်မောင်းအချို့သည် အခြေခံအနေနဲ့ P ကို ကားရပ်ထားချိန်၊ R က နောက်ဆုတ်ရန်အတွက် N ဆို ဖရီး မီးပွိုင့်စောင့်ချိန်မျိုးသုံး၊ D ထိုးရင်မောင်းလို့ရပြီ လို့ပဲအလွယ်မှတ်ထားလေ့ရှိကြပါတယ်။ တကယ်လည်း ​ဒီအတိုင်းမောင်းနှင်ရတာ အဆင်​ပြေ​နေ​တော့အများစုက ကျန်ဂီယာတွေကို သတိမထားမိတတ်ကြပါဘူး။

ဒါ​ကြောင့် ဘယ်လိုအချိန်မှာ ဘယ်ဂီယာနဲ့ အသုံးပြုရမလဲဆိုတာကို ​သတိမထားမိသူများအတွက် ​Gear Shift Lever (ဂီယာတံ) မှာပါဝင်တဲ့စာလုံးတွေရဲ့အဓိပ္ပါယ်နဲ့ အသုံးပြုပုံ အကျဉ်းချုပ်လေးတွေကို‌ ဖော်ပြပေးလိုက်ပါတယ်။

P = Parking position
P ကို ကားရပ်ဖို့အတွက်သုံးတယ်လို့ပဲ အလွယ်မှတ်ထားတတ်ကြပါတယ်။ အမှန်ကတော့ အော်တိုဂီယာမှာပါတဲ့ P ဂီယာဆိုတာဟာ လုံးဝရပ်တန့်ထားတော့မယ့်အချိန်မျိုးမှာသုံးတဲ့ ဂီယာမဟုတ်ပါဘူး။ ကားစိတ်ချလက်ချရပ်ဖို့ဆိုရင်တော့ Parking Brake (ဟန်းဘရိတ်) ဆွဲထားဖို့ လိုအပ်ပါတယ်။ P ​ရောက်မှ ဇက်​သော့ ခတ်လို့ရပြီး ကားသော့ကိုဖြုတ်လို့ရပါမယ်။ P နဲ့ N ​နေရာ မှာပဲ ကားစက်နှိုးလို့ရနိုင်ပါမယ်။

R = Reverse position
R ကတော့ ဘက်ဂီယာ (သို့) ​နောက်ဆုတ်ချိန်တွင် အသုံးပြုရမယ့် ဂီယာအနေအထားပါ ။

N = Neutral position
N ကိုအသုံးပြုလိုက်မယ်ဆိုရင်တော့ သင့်ကားရဲ့ ဂီယာသည် ဖရီး အနေအထားတွင် ရှိနေမှာဖြစ်ပါတယ်။ တချို့တွေက N နဲ့ ဖရီးရိုက်မောင်းလေ့ရှိကြပါတယ်။ လုံးဝမလုပ်သင့်ပါဘူး။ မီးပွိုင့်တွေမှာလည်း N ထားပြီးစောင့်ရင် ဆီစားပိုသက်သာတယ်ဆိုပြီး လုပ်လေ့ရှိကြပါတယ်။ D အစား N ထားပြီး ရပ်ထားရင် ပြောပလောက်စရာ ဆီစားသက်သာစရာမရှိတာမို့ မီးပွိုင့်မိနေချိန် သိပ်မကြာဘူးဆိုရင် D ထား ဘရိတ်နင်း၍သော်လည်းကောင်း၊ ကြာမယ်ထင်ရင် P ထားပြီးသာ စောင့်ပါ။

နောက်တစ်ခုက မိမိရဲ့အော်တိုဂီယာကားလေးပျက်သွားလို့ ကားကိုဆွဲရတော့မယ်ဆိုလျှင် N ထားပြီးဆွဲရုံနဲ့မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ကားက ရှေ့ယက်လား၊ နောက်ယက်လား ခွဲခြားပြီး ရှေ့ယက်ဆို ရှေ့ဘီးမြှောက်၊ နောက်ယက်ဆို နောက်ဘီးမြှောက်ပြီးမှ ဆွဲရမှာ ဖြစ်ပါတယ်။

D = Drive position
ဒါကတော့ အများသိတဲ့အတိုင်း ရှင်းပါတယ်။ Drive ဆိုတာ စတင် မောင်းနှင်တော့မယ့်အချိန်မှာ သုံးပါတယ်။ ဂီယာနံပါတ် အချက်ရေပေါ်မူတည်ပြီး ရှိသလောက် နောက်ဆုံးဂီယာအထိ အရှိန်နဲ့လိုက်ပြီး အလိုက်သင့် ပြောင်းပေးသွားပါလိမ့်မယ်။

2 = 2 speed
အများဆုံး အရှိန်ပြောင်း ၂ ခုပဲ ချိန်းပေးပါမယ်။ 2 မှာ ဂီယာစထိုးပြီး ထွက်လည်း ရပါတယ်။ ဘာထိုးထိုးစထွက်မှာက​တော့ 1 နဲ့ပဲစထွက်ပါမယ်။ အရှိန်ရလာရင် နောက်တစ်ချက် ထပ်ချိန်းပေးပါမယ်။ တောင်တက်တဲ့လမ်းမျိုးမှာ သုံးသင့်ပါတယ်။ မြေပြန့်မှာ မေ့ပြီးထိုးမိထားရင်​တော့ ကားကလည်း တော်တော်ပြေးတယ် ထင်ရပေမယ့် မလိုအပ်ပဲ ဆီစားခြင်းကိုခံရပါမယ်။ (ကြာလာရင်အင်ဂျင်ကိုလည်း ထိခိုက်​စေပါတယ်)

S = Snow = 2 speed
2 နဲ့ အတူတူပါပဲ။ နှင်းကျချိန်တွေ၊ မိုးအရမ်းရွာပြီး လမ်းချောတတ်တဲ့အချိန် တောင်ဆင်း/တောင်တက်တွေမှာ ဖြည်းဖြည်းမှန်မှန်လေးသွားနေအောင် ဂီယာ နံပါတ် (၂) ထက် ပိုမချိန်းပေးတော့ပါ။

L = Low speed
အနိမ့်ဆုံးဂီယာပါ။ နံပါတ် (၁) ဆိုတဲ့ ဂီယာတစ်ချက်နဲ့ပဲ မောင်းနှင်နေမှာဖြစ်ပါတယ်။ မတ်စောက်တဲ့ တောင်တက်တဲ့အခါ/ဆင်းတဲ့အခါ သုံးသင့်ပါတယ်။ နောက်ပြီး ဗွက်နစ်လို့ရုန်းတဲ့အခါမျိုးတွေမှာ အသုံးပြုလို့ရပါတယ်။

အော်တိုဂီယာကားကို မောင်းတော့မယ်ဆိုရင် ဘယ်ခြေကို လုံးဝ (လုံးဝ) အသုံးမပြုပါနဲ့။ ညာခြေကိုသာသုံးပြီး လီဗာနဲ့ ဘရိတ်ကိုနင်းပါ။ ကားရဲ့ကွန်ပျူတာစနစ်သည် လီဗာကိုလွှတ်လိုက်ပြီး ဘရိတ်နင်းမှသာ ဘရိတ်နင်းတဲ့ပမာဏအပေါ်မူတည်တွက်ချက်ကာ ဂီယာဒေါင်းသင့် မဒေါင်းသင့် ဆုံးဖြစ်တာ ဖြစ်ပါတယ်။ ဘယ်ခြေက ဘရိတ်၊ ညာခြေက လီဗာ လို့အသုံးပြုပြီး မောင်းနှင်နေမယ်ဆိုရင် ဘရိတ်နဲ့လီဗာကိုတစ်ပြိုင်တည်း နင်းမိထားတာမျိုးတွေကြုံတွေ့ရနိုင်ပြီး ကားရဲ့ကွန်ပျူတာစနစ်က မောင်းနေတာလား ရပ်မှာလား ဆုံးဖြတ်ရခက်စေပါတယ်။

နောက်ဆုံးတစ်ခုကတော့ အော်တိုဂီယာကားတွေအရှိန်နဲ့မောင်းနှင်နေစဉ်မှာ ရုတ်တရက်အတားအဆီးတစ်ခုခုပေါ်လာပါက ဂီယာချိန်းတာမျိုးတွေမပြုလုပ်ပါနဲ့။ ဘရိတ်ကိုပဲ နင်းလိုက်ပါ။ ကားရဲ့ကွန်ပျူတာစနစ်က သင့်ထက်လျင်မြန်စွာ ဂီယာဒေါင်းပေးပါလိမ့်မယ်။

Credit to - ကားသတင်းစုံ

အမည်ပြောင်းနှင့်ကားသက်တမ်တိုးအတွက် အပိုင်ရှင်ခက်အခဲ များရှိနေပါက
Yangon Driver's Licence Services သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Yangon Driver's License Services
#မော်တော်ယာဉ်သက်တမ်းတိုး နှင့် ယာဉ်မောင်းလိုင်စင် တာဝန်ယူဝန်ဆောင်မှု #
# Ko Pho La Pyae #
Ph-09;453386699
Ph-09;450840505
Ph-09;440009300

ဓာတ်ဆီအင်ဂျင်ကားနှင့် ဒီဇယ်အင်ဂျင်ကားတို့၏ အားသာချက် အားနည်းချက်များ----------------------------------------------------...
29/10/2021

ဓာတ်ဆီအင်ဂျင်ကားနှင့် ဒီဇယ်အင်ဂျင်ကားတို့၏ အားသာချက် အားနည်းချက်များ
-----------------------------------------------------

ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်တို့ရဲ့အကျိုးအပြစ်တွေကိုမပြောခင် ဥပမာတစ်ခုပြောပါမယ်။ ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်ဟာ မြင်းတစ်ကောင်ဖြစ်မယ်ဆိုရင် ဓာတ်ဆီအင်ဂျင်ဆိုတာ ပြိုင်မြင်း (racehorse) တစ်ကောင်လို ကျစ်လစ်တယ်၊ ပေါ့ပါးတယ်၊ လျင်မြန်မယ်၊ တက်ကြွနေမယ်။
ဒီဇယ်အင်ဂျင်ဆိုတာကတော့ ပစ္စည်းသယ်ယူပို့ဆောင်ရေး အလုပ်ကြမ်းလုပ်တဲ့ ခိုင်းမြင်း (workhorse) တစ်ကောင်လို နှေးမယ်၊ သန်မာမယ်၊ ခံနိုင်ရည်ပိုကောင်းပါမယ်။ ဒါကအကြမ်းဖျင်း ယေဘုယျသဘောကို ဖွင့်ဆိုပြတာပါ။

🔹ဓာတ်ဆီအင်ဂျင်ရဲ့ အားသာချက်များ

၁။ ဈေးသက်သာခြင်း
ဒီဇယ်အင်ဂျင်နဲ့ ယှဉ်ရင် ကားအမျိုးအစား၊ အင်ဂျင်ပါဝါခြင်းတူရင်တောင် ဓာတ်ဆီကားကဈေးပို သက်သာပါတယ်။ အင်ဂျင်အလုံးလိုက်လဲမယ်ဆိုတောင် တချို့ကားတွေမှာဆိုရင် ဈေးဘယ်လောက်မှမရှိပါဘူး။

၂။ ဆူညံသံနှင့် တုန်ခါမှုနည်းခြင်း
ဓာတ်ဆီကားမှာ အင်ဂျင်တွင်းမီးလောင် ပေါက်ကွဲမှုဖြစ်စဉ်အတွက် spark plug နဲ့အလုပ်လုပ်တာမလို့ ပုံမှန်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် (regular combustion ) ဖြစ်ပြီး ကြီးမားတဲ့ဖိအားဖြစ်စဉ်တွေမလိုအပ်တာကြောင့် အသံဆူညံမှုနဲ့ အင်ဂျင်တုန်ခါမှုမှာ ဒီဇယ်ကားထက် သိသိသာသာလျော့နည်းပါတယ်။ ဒါကြောင့် အိမ်စီး ဇိမ်ခံကားအများစုမှာ ဓာတ်ဆီအင်ဂျင်တွေကို အသုံးပြုခြင်းဖြစ်ပါတယ်။

၃။ မြန်နှုန်းမြင့် လည်ပတ်နှုန်းနှင့် စွမ်းအားကောင်းခြင်း
ဓာတ်ဆီအင်ဂျင်မှာ ဓာတ်ဆီရဲ့ သဘောသဘာဝအရရယ် ပုံမှန်မီးလောင်ကျွမ်းမှုဖြစ်စဉ်ရယ်ကြောင့် မီးလောင်ကျွမ်းမှုတည်ငြိမ်ပြီး မြန်နှုန်းမြင့်စွမ်းရည်ထုတ်လုပ်မှုမှာ ဒီဇယ်အင်ဂျင်ထက်စွမ်းအားပိုကောင်းပါတယ်။

၄။ ပြုပြင်ရလွယ်ကူခြင်း၊ အပိုပစ္စည်း ဈေးသက်သာခြင်း
ဓာတ်ဆီအင်ဂျင်တွေဟာ ဒီဇယ်အင်ဂျင်တွေထက် ယေဘုယျအားဖြင့် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ရလွယ်ကူပြီး၊ အပိုပစ္စည်း ဈေးပိုသက်သာတယ်လို့ဆိုနိုင်ပါတယ်။

၅။ အင်ဂျင်ကိုယ်ထည် ဝိတ်ပေါ့ပါးခြင်း
ဓာတ်ဆီအင်ဂျင်မှာ ဒီဇယ်အင်ဂျင်လို အင်ဂျင်တွင်း ဖိအားမြင့်စွမ်းဆောင်ရည် မလိုအပ်တာကြောင့် ကြီးမားတဲ့ ဖိအားဒဏ်ခံနိုင်ရည်ရှိအောင် တည်ဆောက်စရာမလိုဘဲ ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းပုံစံနဲ့တည်ဆောက်နိုင်တာမလို့ ဈေးနှုန်းသက်သာပြီး အင်ဂျင်ကို ပေါ့ပါးကျစ်လစ်စေပါတယ်။ အများအားဖြင့် သွန်းသံ (cast iron) နဲ့တည်ဆောက်ပြီး အခုနောက်ပိုင်း အလူမီနီယံ (aluminium) စပ်များနဲ့ တည်ဆောက်လာတာကြောင့် ပိုမိုပေါ့ပါးစေပါတယ်။

၆။ အင်ဂျင်အပူချိန်သက်သာခြင်း
ဓာတ်ဆီအင်ဂျင်တွေမှာ ဓာတ်ဆီဟာလွယ်ကူစွာလောင်ကျွမ်းနိုင်တာကြောင့် ပုံမှန်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ပဲလိုအပ်ပြီး ဒီဇယ်အင်ဂျင်တွေလို အင်ဂျင်တွင်း မြင့်မားတဲ့အပူချိန်တွေကို ဖန်တီးစရာမလိုပါဘူး။ ဒါကြောင့် အပူချိန်ပိုပြီး လျော့နည်းပါတယ်။ နောက်တစ်ချက်က အလူမီနီယံလို အလွယ်တကူအပူလျှောက်စီးကူးပြီး၊ အပူစွန့်ထုတ်လွယ်တဲ့ သတ္တုရောတွေကိုအသုံးပြုပြီး အင်ဂျင်ကိုတည်ဆောက်နိုင်တာမလို့ အင်ဂျင်အပူချိန်ဟာ ဒီဇယ်အင်ဂျင်ထက် အပူသက်သာပါတယ်။ မြင့်မားတဲ့ အပူချိန်ပေးရန်မလိုတဲ့အတွက် အေးတဲ့ရာသီဥတုတွေမှာ စက်နှိုးရလွယ်ကူပါတယ်။

🔹ဓာတ်ဆီအင်ဂျင်ရဲ့ အားနည်းချက်များ

၁။ အင်ဂျင်သက်တမ်းတိုခြင်း
ဓာတ်ဆီအင်ဂျင်တွေမှာ မြန်နှုန်းမြင့် စွမ်းအားလုပ်ဆောင်မှုတွေကို အားပေးတာရယ်၊ ဓာတ်ဆီကိုယ်တိုင်ကိုက မီးလောင်ပေါက်ကွဲမှုအားကောင်းတာရယ် တွေကြောင့် အင်ဂျင်သက်တမ်းက ဒီဇယ်အင်ဂျင်ထက်စာရင် အင်ဂျင်ကျတဲ့သက်တမ်း မြန်ပါတယ်။

၂။ ပြန်ရောင်းဈေးကွက်မှာ ဈေးကျခြင်း
ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အနေအထားအရ ဓာတ်ဆီအင်ဂျင်ဟာ အင်ဂျင်သက်တမ်းတိုတဲ့အတွက် အသုံးပြုပြီးသား used ကားတွေကိုပြန်ရောင်းတဲ့ resale value မှာ ဈေးကျနိုင်ပါတယ်။

၃။ ဆီပိုစားခြင်း
ပုံမှန်အားဖြင့် ဓာတ်ဆီအင်ဂျင်က ဆီပိုစားတယ်ဆိုတာ အကြမ်းဖျင်းသိကြပါတယ်။ အကြောင်းအရင်း ကတော့ ဓာတ်ဆီအင်ဂျင်တွေရဲ့ engine performance လို့ခေါ်တဲ့ အင်ဂျင်တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပစ်စတင်ရဲ့ C.R (compression ratio) ဖိသိပ်မှုအချိုးနည်းပါးတဲ့အတွက် ဆီပိုစားခြင်းဖြစ်ပါတယ်။

၄။ Spark Plug ပြဿနာများခြင်း
ဓာတ်ဆီအင်ဂျင်တွေမှာ spark plug နဲ့မီးခတ်ပြီးပေါက်ကွဲရတာမလို့ ဆီမသန့်ပါက ပလပ်အလွယ်တကူပျက်စီးစေတတ်ပြီး အင်ဂျင်အလုပ်လုပ်စွမ်းရည်ကျကာ ပလပ်ပြဿနာတွေ ခဏခဏဖြေရှင်းရတတ်ပါတယ်။

၅။ Torque လည်အား အပြောင်းအလဲများခြင်း
ဝန်အကြီးများထမ်းပြီး ရုန်းကန်ရာတွေမှာ အင်ဂျင်လည်အား အပြောင်းအလဲများတာကြောင့် ချောမွေ့ပြေပြစ်မှုမကောင်းပါဘူး။

အထက်ပါအချက်တွေကတော့ ဓာတ်ဆီအင်ဂျင်တစ်လုံးရဲ့ အကြမ်းဖျင်းအားသာချက်၊ အားနည်းချက်တွေပါ။

🔹🔹🔹🔹🔹

🔸ဒီဇယ်အင်ဂျင်ရဲ့အားသာချက်များ

၁။ အင်ဂျင်သက်တမ်းရှည်ခြင်း
ဒီဇယ်အင်ဂျင်တွေဟာ ကြီးမားတဲ့ဖိအားနဲ့ အပူချိန်ဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာမလို့ အင်ဂျင်သက်တမ်းရှည်ပါတယ်။ အင်ဂျင်သက်တမ်းရှည်တာကြောင့် တစ်ပတ်ရစ်ကားဈေးကွက်မှာ ဈေးနှုန်းကျဆင်းမှုသက်သာပါတယ်။ Mercedes-Benz ရဲ့ဖော်ပြချက်အရ Mercedes-Benz ကုမ္ပဏီက ထုတ်လိုက်တဲ့ original အင်ဂျင်တစ်လုံးဟာ အကြီးစားမေဂျာပြုပြင်မှုတွေမလုပ်ရဘဲ 900,000 miles အထိ သက်တမ်းကြာရှည်တယ်ဆိုတာကို တိုင်းတာပြသဖူးပါတယ်။

၂။ ဆီစားသက်သာခြင်း
ဒီဇယ်အင်ဂျင်တွေမှာ လေတမျိုးတည်းကိုသာ ဖိသိပ်ရတာမလို့ ပစ်စတင်ရဲ့ C.R (compression ratio) ဖိသိပ်မှုအချိုး ကြီးမားပြီး ဆီတစ်ဂါလံမှာသွားနိုင်တဲ့ခရီးအကွာအဝေး ပိုများပါတယ်။ ဒါကြောင့် fuel economy အရ တွက်ချေပိုကိုက်ပါတယ်။

၃။ Spark Plug ၊ Distributor နဲ့ Ignition Coil ပြဿနာမရှိခြင်း
ဒီဇယ်အင်ဂျင်မှာ လေဖိအားနဲ့အပူချိန်ကိုအသုံးချပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာမလို့ spark plug distributor နဲ့ ignition coil (မီးကွိုင်) တွေကောင်းစွာအလုပ်မလုပ်တဲ့ပြဿနာကနေကင်းဝေးပြီး engine performance ကိုကောင်းစွာရရှိစေပါတယ်။

၄။ မကြာခဏပြုပြင်ရမှု နည်းခြင်း
အပျက်များတဲ့ spark plug ၊ distributor နဲ့ ignition coil (မီးကွိုင်) တွေမပါလို့ မကြာခဏပြုပြင်ရမှုနည်းပါတယ်။

၅။ ရုန်းကန်အား ပိုကောင်းခြင်း
ဝန်တင်ပြီး အင်ဂျင်အရှိန်အမျိုးမျိုးအပေါ် ခိုင်းစေမောင်းနှင်ရာမှာ torque လည်အားပြောင်းလဲမှုနည်းတာကြောင့် ဝန်ကိုထမ်းရာမှာ ဓာတ်ဆီအင်ဂျင်ထက် ဆွဲအားရုန်းအား ပိုမိုကောင်းမွန်ပါတယ်။

🔸ဒီဇယ်အင်ဂျင်၏ အားနည်းချက်များ

၁။ အင်ဂျင်ဈေးနှုန်း မြင့်မားခြင်း၊ အလေးချိန် ပိုများခြင်း
ဒီဇယ်အင်ဂျင်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွက် ကြီးမားတဲ့ဖိအားနဲ့အပူစွမ်းအင်ကိုအသုံးပြုရတာပါ။ အဲဒီဖိအားနဲ့ အပူချိန်ကိုခံနိုင်ရည်ရှိဖို့ ကြံ့ခိုင်တဲ့အင်ဂျင်ကိုယ်ထည်ကိုတည်ဆောက်ရတာမလို့ ဈေးနှုန်းမြင့်မားပြီး အလေးချိန်လည်းပိုမိုများပြားပါတယ်။

၂။ တုန်ခါမှုနှင့် အသံဆူညံမှု ပိုများခြင်း
ဒီဇယ်အင်ဂျင်ရဲ့ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထွက်ပေါ်လာတဲ့ အမြင့်ဆုံးဖိအားတန်ဖိုးဟာ ဓာတ်ဆီအင်ဂျင်ထက် ၂ ဆ ကျော်ပိုမိုမြင့်မားတာကြောင့် အသံဆူညံမှုနဲ့တုန်ခါမှုတို့ကို ပိုများစေပါတယ် ။

၃။ ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ်ခြင်း
ဒီဇယ်အင်ဂျင်မှာ fuel injection system ကိုသာသုံးပြီး လေဖိအားနဲ့မီးလောင်ပေါက်ကွဲစေတာမလို့ air filter ၊ fuel filter ၊ oil filter အစရှိတဲ့ လေစစ်၊ ဆီစစ်ဘူးတွေကို ဂရုတစိုက် သန့်စင်လဲလှယ်ပေးဖို့လိုအပ်ပါတယ်။

၄။ ပြုပြင်မှုစရိတ် ကြီးမားခြင်း
ဒီဇယ်အင်ဂျင်တွေဟာ မကြာခဏပြုပြင်ထိန်းသိမ်းဖို့ မလိုအပ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ပြုပြင်ရတဲ့အချိန်မှာ အပိုပစ္စည်းနဲ့ပြုပြင်မှုစရိတ်က ဓာတ်ဆီအင်ဂျင်ထက် ပိုမိုပါတယ်။

၅။ အေးသောရာသီဥတုတွေမှာ နှိုးရခက်ခြင်း
မီးလောင်ပေါက်ကွဲမှုဖြစ်စေဖို့ အပူချိန် (500 ံC or 932 ံ F) ကနေ ဒီထက်မြင့်မားတဲ့ အပူချိန်ဖြစ်အောင် ဖိသိပ်ပေးရတာမလို့ အေးတဲ့ရာသီဥတုတွေမှာ နှိုးရခက်တာကိုကြုံတွေ့ကြရမှာပါ။

ဒီအချက်အလက်တွေကတော့ ဒီဇယ်အင်ဂျင်တစ်လုံးရဲ့ အားသာချက်၊ အားနည်းချက်တွေပဲဖြစ်ပါတယ်။
🔸🔸🔸🔸🔸

အသေးစိတ်လေ့လာကြည့်ရင် ဒါ့ထက်ဒါ့ထက်ပိုများပြီး ရှုပ်ထွေးတဲ့ ကွဲပြားခြားနားချက်၊ အားသာချက်၊ အားနည်းချက်တွေ ရှိနေပါသေးတယ်ခင်ဗျာ။

စာဖတ်သူမိတ်ဆွေအပေါင်း နည်းပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ကြပါစေ။
Credit -original uploader

အမည်ပြောင်းနှင့်ကားသက်တမ်တိုးအတွက် အပိုင်ရှင်ခက်အခဲ များရှိနေပါက
Yangon Driver's Licence Services သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Yangon Driver's License Services
#မော်တော်ယာဉ်သက်တမ်းတိုး နှင့် ယာဉ်မောင်းလိုင်စင် တာဝန်ယူဝန်ဆောင်မှု #
# Ko Pho La Pyae #
Ph-09;453386699
Ph-09;450840505
Ph-09;440009300

အင်ဂျင်ဝိုင် ဘာကြောင့်လျော့တာလဲ...?▪️မော်တော်ကားအင်ဂျင်မှာ အသုံးပြုတဲ့ အင်ဂျင်ဝိုင်လျော့လာရတဲ့ အကြောင်းအရင်း နဲ့ပါတ်သက်ပ...
28/10/2021

အင်ဂျင်ဝိုင် ဘာကြောင့်လျော့တာလဲ...?

▪️မော်တော်ကားအင်ဂျင်မှာ အသုံးပြုတဲ့
အင်ဂျင်ဝိုင်လျော့လာရတဲ့ အကြောင်းအရင်း
နဲ့ပါတ်သက်ပြီး အနည်းငယ်လောက်ပြောပြချင်ပါတယ်။

▪️တစ်ကယ်ဆိုရင် အင်ဂျင်ဝိုင်လျော့လာရတဲ့
အကြောင်းရင်းများစွာရှိပါတယ်။
အဲဒါတွေကတော့ –⬇️
(၁) အင်ဂျင်အတွင်း လောင်ကျွမ်းခြင်း၊
(၂) အင်ဂျင်အပြင်ဘက်သို့ စိမ့်ထွက်ခြင်း၊
(၃) အင်ဂျင်ဝိုင် အရည်အသွေးမပြည့်ခြင်းနှင့်
SAE Grade လွဲမှားစွာအသုံးပြုခြင်း၊
(၄) အင်ဂျင်ဒီဇိုင်းအရ အနည်းငယ်လျော့ခြင်း
တို့ဘဲဖြစ်ပါတယ်။

◼️(၁) အင်ဂျင်အတွင်း လောင်ကျွမ်းခြင်း ၊

– ပစ်စတင်ရိန်းများကြောင့် အင်ဂျင်ဝိုင်များ
မီးလောင်ခန်း (Combustion Chamber) အတွင်း ရောက်ရှိကာ လောင်ကျွမ်းခြင်း နှင့် ဗားဆီးလ်
(Valve Seal) များ ပျက်စီးခြင်းကြောင့် အင်ဂျင်ဝိုင်ကို မထိန်းနိူင်၍ မီးလောင်ခန်း အတွင်းသို့ စိမ့်ဝင်ကာ
လောင်ကျွမ်းနိူင်ပါတယ်။ တာဘိုချာချာပါတဲ့ ကားများမှာ တာဘိုချာချာမှ အင်ဂျင်ဝိုင်ယိုစိမ့်မှုကြောင့်လည်း အင်ဂျင်ဝိုင်လျော့နိူင်ပါတယ်။

◼️(၂) အင်ဂျင်အပြင်ဘက်သို့ စိမ့်ထွက်ခြင်း ၊

– အင်ဂျင်အပြင်ဘက်သို့ အင်ဂျင်ဝိုင်စိမ့်ထွက်
နိုင်သောနေရာများကတော့⬇️
▪️တိုက်ပစ်ဖုံး (Tapped Oil Seal) မလုံခြင်း၊
▪️ချိန်းကာဗာ (Timing Chain Cover) မလုံခြင်း၊
▪️ကရိုင်းရှပ် မိန်း ဝိုင်ဆီးလ် (Crankshaft Oil Seal)၊ ▪️ကမ်မရှပ် ဝိုင်ဆီးလ်(Camshaft Oil Seal)၊
▪️အင်ဂျင်ဝိုင်ဖစ်တာ (Engine Oil Filter)၊
▪️အင်ဂျင်ဝိုင် ချက်နပ် (Oil Drain Plug)၊
▪️အင်ဂျင်ဝိုင် ကရိုင်းကစ် (Oil Pan)၊
▪️ဟက် ဂဏ်စကက် (Engine Head Gasket)၊
▪️PCV ဗား (Positive Crankcase Ventilation
Valve) တို့ဘဲဖြစ်ပါတယ်။

◼️(၃) အင်ဂျင်ဝိုင် အရည်အသွေးမပြည့်ခြင်းနှင့်
SAE Grade လွဲမှားစွာအသုံးပြုခြင်း၊

– အင်ဂျင်ဝိုင်မှာ SAE (အပူချိန်အလိုက် အင်ဂျင်ဝိုင်ဈေးပျစ်မှုသတ်မှတ်ချက်) နှင့် API (အင်ဂျင်ဝိုင် အရည်အသွေး သတ်မှတ်ချက်) ဆိုပြီး ရှိပါတယ်။ အင်ဂျင်အနေအထား၊ ကားအသုံးပြုရာနေရာဒေသရဲ့ အပူချိန်ပေါ်မူတည်ပြီး အင်ဂျင်ဝိုင် SAE Grade ကို ရွေးချယ်အသုံးပြုရပါတယ်။

ဒါ့အပြင် အင်ဂျင်ဝိုင် အရည်သွေးသတ်မှတ်ချက်
ဖြစ်တဲ့ API အဆင့်သတ်မှတ်ချက်ကိုလည်း
အထူးဂရုစိုက်ရမယ်။
DPF (Diesel Particulate Filter) ပါတဲ့
ဒီဇယ်အင်ဂျင်များ၊
Catalytic Converter(ကျောက်ဇကာ)ပါတဲ့ကားများ၊ Common Rail System ဆီပေးစနစ်၊
GDI (Gasoline Direct Injection) စနစ်သုံးကားများ
နှင့် VVTI စနစ်အသုံးပြုထားတဲ့အင်ဂျင်များမှာ
အရည်သွေးနိမ့်တဲ့ အင်ဂျင်ဝိုင်ကို အသုံးပြုပါ
အင်ဂျင်ဝိုင်ပျောက်ခြင်း၊ DPF နှင့် Catalytic Converter များ လျှင်မြန်စွာ ပျက်စီးနိူင်ပါတယ်။

(၄) အင်ဂျင်ဒီဇိုင်းအရ အနည်းငယ်လျော့ခြင်း ၊

– တစ်ချို့သော ကားထုတ်လုပ်သည့် ကုမ္ပဏီများက အင်ဂျင်ဒီဇိုင်းသဘောအရ အင်ဂျင်ဝိုင်အနည်းငယ်
စားလို့ ဆိုပါတယ်။ အဆိုပါကားများ၏ ပိုင်ရှင်လက်စွဲ
စာအုပ် (Owner Manual) မှာ ကီလိုမီတာ (သို့) မိုင် ဘယ်လောက်မောင်းပြီးပါက အင်ဂျင်ဝိုင်ပမာဏ ဘယ်လောက်ရော့မယ်လို့ ထည့်သွင်းရေသားထားပါတယ်။အဆိုပါကားများမှာ အင်ဂျင်ဝိုင်လျော့ပါက သတ်မှတ်ချက်ပမာဏအတိုင်း ဟုတ်မဟုတ် သေချာစွာစစ်ဆေးပေးသင့်ပါတယ်။ ကားတော်တော်များများအတွက် အကြမ်းဖျင်း အင်ဂျင်ဝိုင်စားတဲ့ပမာဏ
(လျော့တဲ့ပမာဏ) က 0.5 ရာခိုင်နှုန်းအောက်ဘဲဖြစ်ပါတယ်။ နောက်ပိုင်းမော်ဒယ်မြင့်ကားမှာတော့ 0.05 ရာခိုင်နှုန်းအောက်အထိ သက်သာလာပါတယ်။
ဒါကတော့ အင်ဂျင်ဝိုင်လျော့ရတဲ့အကြောင်း
တွေပဲဖြစ်ပါတယ်။





အမည်ပြောင်းနှင့်ကားသက်တမ်တိုးအတွက် အပိုင်ရှင်ခက်အခဲ များရှိနေပါက
Yangon Driver's Licence Services သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Yangon Driver's License Services
#မော်တော်ယာဉ်သက်တမ်းတိုး နှင့် ယာဉ်မောင်းလိုင်စင် တာဝန်ယူဝန်ဆောင်မှု #
# Ko Pho La Pyae #
Ph-09;453386699
Ph-09;450840505
Ph-09;440009300

မော်တော်ယာဉ်တွေမှာပါတဲ့ အချက်ပြမီးများ၏အဓိပ္ပါယ်အသီးသီးကို မိတ်ဆွေတို့လေ့လာနိုင်စေဖို့အတွက် ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်...
28/10/2021

မော်တော်ယာဉ်တွေမှာပါတဲ့ အချက်ပြမီးများ၏
အဓိပ္ပါယ်အသီးသီးကို မိတ်ဆွေတို့လေ့လာနိုင်စေဖို့အတွက် ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်။

၁။ ကလပ်နင်းချိန် ပြသော အချက်ပြမီး
၂။ ဘရိတ်နင်းချိန်ပြသော အချက်ပြမီး
၃။ စတီရာရင် လော့ချအချက်ပြမီး
၄။ မီးကြီးထိုး အချက်ပြမီး
၅။ တာယာ လေပေါင် ဖိအားနည်း အချက်ပြမီး
၆။ ဘေးမီးဖွင့် အချက်ပြမီး
၇။ မီးကြီး၊တွဲမီး၊Signalမီးသီး ပြသနာရှိ အချက်ပြမီး
၈။ ဘရိတ်မီး ပြသနာရှိ အချက်ပြမီး
၉။ နှင်းတောမောင်းနှင် အချက်ပြမီး
၁၀။ ထူးခြားသတင်း အချက်အလက် အချက်ပြမီး
၁၁။ ဒီဇယ် အပူပေး အချက်ပြမီး
၁၂။ ရေခဲမှတ် အချက်ပြမီး
၁၃။ စက်နိုးခြင်း ပြသနာရှိ အချက်ပြမီး
၁၄။ ကားထဲ သော့ မရှိ အချက်ပြမီး
၁၅။ သော့ထဲက ဓာတ်ခဲ အားနည်း အချက်ပြမီး
၁၆။ ရှေ့ကားနဲ့ နီး အန္တရာယ်ရှိ အချက်ပြမီး
၁၇။ ပြုပြင်ထိန်းသိမ်းမှု လုပ်ရန် အချက်ပြမီး
၁၈။ မီးကြီးချိန် အချက်ပြမီး
၁၉။ မီးကြီးချိန် ထောင့်ချိုးချိန်ညှိ အချက်ပြမီး
၂၀။ ကားနောက် စပွိုင်လာ-အမှီး ပြသနာရှိ အချက်ပြမီး
၂၁။ အမိုးဖွင့် ပိတ် ပြသနာရှိ အချက်ပြမီး
၂၂။ ရှေ့ လေအိတ် ပိတ် အချက်ပြမီး
၂၃။ လက်ဆွဲ ဘရိတ် အချက်ပြမီး
၂၄။ ရှေ့ နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၅။ ပါဝါ စတီရာရင်(steering) စနစ် ပြသနာရှိ
အချက်ပြမီး
၂၆။ နောက် နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၇။ ဝိုက်ဘာရေနည်း အချက်ပြမီး
၂၈။ ဘရိတ်ရှူးပြားပါး အချက်ပြမီး
၂၉။ လီဘာနင်းရန် မလို အရှိန်ထိန်း အချက်ပြမီး
၃၀။ ဘယ်/ညာ အချက်ပြမီး
၃၁။ အလင်းနှင့် မိုး အာရုံခံ ဆင်ဆာ ပြသနာရှိ အချက်ပြမီး
၃၂။ ဆီfilter ရေရှိ အချက်ပြမီး
၃၃။ လေအိတ်ပိတ် အချက်ပြမီး
၃၄။ စက် သို့ လျှပ်စစ် ပြသနာရှိ အချက်ပြမီး
၃၅။ မီးကြီးချ အချက်ပြမီး
၃၆။ လေစစ် လဲရန် အချက်ပြမီး
၃၇ ။ ပါကင်ထိုးအာရုံခံ အချက်ပြမီး
၃၈။ ဒီဇယ် - PDF filter ပြသနာရှိ အချက်ပြမီး
၃၉။ နောက်တွဲ ချိတ် ပလပ်လွတ် အချက်ပြမီး
၄၀။ ကားအောက်ပိုင်း လေအိတ် ပြသနာရှိ အချက်ပြမီး
၄၁။ လမ်း အချက်ပြ ထောက်ပံ့ စနစ် အချက်ပြမီး
၄၂။ အိတ်ဇော ခဲမှတ် ပြသနာရှိ အချက်ပြမီး
၄၃။ ထိုင်ခုံ ခါးပတ် အချက်ပြမီး
၄၄။ ပါကင်ထိုး အချက်ပြမီး
၄၅။ ဘက်ထရီ charging ပြသနာရှိ အချက်ပြမီး
၄၆။ ဆီစားနည်း အချက်ပြမီး
၄၇။ ကုန်းဆင်း ထောက်ပံ့ အချက်ပြမီး
၄၈၊ အင်ဂျင် အပူလွန်ကဲ အချက်ပြမီး
၄၉။ Anti-log brake စနစ် ပြသနာရှိ အချက်ပြမီး
၅၀။ လောင်စာဆီစစ် ပိတ် အချက်ပြမီး
၅၁။ တံခါးဖွင့် အချက်ပြမီး
၅၂။ ရှေ့ဘောနပ်ဖွင့် အချက်ပြမီး
၅၃။ ဆီ ဖြည့်ရန်လိုအပ်သော အချက်ပြမီး
၅၄။ အော်တို ဂီယာဘောက်စ် ပြသနာရှိ အချက်ပြမီး
၅၅။ အရှိန်ထိန်းချုပ်ခြင်း အချက်ပြမီး
၅၆။ ကားအောက်ပိုင်း ပြသနာရှိ အချက်ပြမီး
၅၇။ ရှေ့ မှန် လေပေး အချက်ပြမီး
၅၈။ ကားတည်ငြိမ်မှုထိန်း အချက်ပြမီး
၅၉။ နောက်တံခါးဖွင့် အချက်ပြမီး
၆၀။ အင်ဂျင်ဝိုင် ဖိအားနည်း အချက်ပြမီး
၆၁။ အော်တို Wiper အချက်ပြမီး
၆၂။ အင်ဂျင် ပြသနာရှိ အချက်ပြမီး
၆၃။ မိုးရေ အာရုံခံ အချက်ပြမီး
၆၄။ နောက်မှန်လေပေး အချက်ပြမီး




အမည်ပြောင်းနှင့်ကားသက်တမ်တိုးအတွက် အပိုင်ရှင်ခက်အခဲ များရှိနေပါက
Yangon Driver's Licence Services သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Yangon Driver's License Services
#မော်တော်ယာဉ်သက်တမ်းတိုး နှင့် ယာဉ်မောင်းလိုင်စင် တာဝန်ယူဝန်ဆောင်မှု #
# Ko Pho La Pyae #
Ph-09;453386699
Ph-09;450840505
Ph-09;440009300

24/10/2021
ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင...
23/10/2021

ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။

မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ် ဝှီးတပ် မှန် / မမှန်
ခ်က္စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ ကားမွာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါ အမှုဖြစ်မှာပါ။ဒါကတော့
ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ ဈေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။

ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

၁။ အင်ဂျင်ခန်း ကြည့်မယ် ။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frame တွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။
အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမယ်။
အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။
Original Spot တွေ ချိတ်တွေဖြစ်ရမယ် ။
ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)

၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက္တာမွန္လား။
AC အေးလားကြည့်မယ် ။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

၃။ ကားတစ္စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ္စီးလုံးမွာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ္ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။ တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ္တီး အသံလား နားထောင်ပါ။

၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။

၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒကျရျှဘုတျ ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမွန္လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရေတာ့မလား။

၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမွန္လား google မှာရှာပြီးစစ်ပါ။
( တစ္စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အေနာက္ဘရိတ္က Drum ဖြစ်နေတာမျိုး )

၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ္လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မွာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မွာ IMA error လိုမျိုးရှိမှာကြောက်ရင် )

ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ ဈေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး ဈေးတန်သော်လည်း ဘန္ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီးသော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။ ကီလိုနည်းပြီး ကားကောင်းရင်တော့
အကောင်းဆုံးပေါ့။

သိသလောက် မှတ်သလောက်လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။


ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို ဖြတ်သန်းရပါတယ်...ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊ ဒုတိယကတော့ ကားမောင်းလိုင်စင် ဖြ...
20/10/2021

ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို
ဖြတ်သန်းရပါတယ်...

ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊
ဒုတိယကတော့ ကားမောင်းလိုင်စင် ဖြေရပါမယ်။

အောင်ရင် လိုင်စင်ရပြီး ကားမောင်းတတ်ပြီလို့
မထင်လိုက်ပါနဲ့ဦး၊ ကားမောင်းလိုင်စင်ရတိုင်း
ကားမောင်းတတ်တယ်လို့ထင်ရင်
အမှားကြီးမှားသွားနိုင်ပါတယ်။
လိုင်စင်ကိုင်ထားပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း
မသိသူတွေ ဒုနဲ့ဒေး ပါ။

ဒါကြောင့် ကားတစ်စီးကို ကျွမ်းကျင်စွာ
မောင်းနှင်တတ်ဖို့အတွက်
မသိမဖြစ်သိထားရမယ့်
အခြေခံအကြောင်းအရာလေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။

◼️လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း

မြို့တွင်းမှာမောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊
အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ
အနေအထားတွေကိုင်ပြီး မောင်းနှင်ရင်
လူသက်သာပါတယ်။
(၂ နာရီနဲ့ ၁၀ နာရီ အနေအထားတွေကတော့
လေအိတ်မပါတဲ့ကားဟောင်းတွေ၊
လက်ကိုင်ဂွေကြီးမားတဲ့ကားတွေနဲ့
ပါဝါစတီယာရင်စနစ်မပါဝင်တဲ့ ကားတွေအတွက်ပါ) လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ။

◼️လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း

လူအများစု အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့ အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ။ ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင်
လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက
နံရိုးကျိုးတာတွေ၊ မီးလောင်သလို
အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက်
အကွာအဝေးရှိနေရပါမယ်။

◼️တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း

ယာဉ်မောင်းသမား အများစုဟာ
လေချိန်ဖို့ အနည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ
လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့ လမ်းမကြုံရင် (သို့)
ကားမောင်းနေရင်း ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။ တာယာဟာ သင့်ကားရဲ့အရေးအကြီးဆုံး
အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက်
ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး
ခရီးဝေးသွားမယ့်အခါမျိုးတွေမှာ
နိုက်ထရိုဂျင်လေထိုးသွားကြဖို့ အကြံပေးလိုက်ပါရစေ

◼️ဘေးမှန်များ အချိန်အဆလွဲနေခြင်း

လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ
ဘေးမှန်က အချိန်အဆလွဲနေရင်
မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း လူတိုက်မိတာတို့
လမ်းပြောင်းတုန်း သူများကား သွားပွတ်မိတာတို့ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို
နောက်ကော ဘေးကော
နှစ်ဘက်လုံး ထင်မြင်အောင် သေချာချိန်ထားပါ။






အမည်ပြောင်းနှင့်ကားသက်တမ်တိုးအတွက် အပိုင်ရှင်ခက်အခဲ များရှိနေပါက
Yangon Driver's Licence Services သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Yangon Driver's License Services
#မော်တော်ယာဉ်သက်တမ်းတိုး နှင့် ယာဉ်မောင်းလိုင်စင် တာဝန်ယူဝန်ဆောင်မှု #
# Ko Pho La Pyae #
Ph-09;453386699
Ph-09;450840505
Ph-09;440009300

Address

သံသုမ္မာလမ်း၊မြင်သာ က. ည. န ရုံးအရှေ့၊သင်္ဃန်းကျွန်းမြို့နယ်။ရန်ကုန်မြို့။
Yangon
11071

Telephone

+959440009300

Website

Alerts

Be the first to know and let us send you an email when YDLS-Yangon Driver's License Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to YDLS-Yangon Driver's License Service:

Share