PRF-Cheetah News

PRF-Cheetah News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PRF-Cheetah News, Armed forces, Pyay Road, Yangon.

Japan 🇯🇵🇯🇵 မှာလည်း Viva La Revolution! Shirt ကို ဆက်သွယ်မှာယူနိုင်ပါပြီရှင်။
10/02/2026

Japan 🇯🇵🇯🇵 မှာလည်း Viva La Revolution! Shirt ကို ဆက်သွယ်မှာယူနိုင်ပါပြီရှင်။

New Country Unlocked! 🇯🇵🇯🇵🥳
Happy with Sakura, wearing the Padauk -
a small piece of home, enjoyed in Japan’s spring.

ကျွန်မတို့ရဲ့ Viva La Revolution! Shirt ဟာ ဆိုရင် မကြာခင်မှာ နီဟွန်းတို့ပြည် ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်ရှင်။ အခုအချိန်က စပြီး ဆရာချမ်းဆီမှာ ကြိုတင်မှာယူနိုင်ပါပြီရှင်။ 😍 ဒီအကောင့်လေးမှာပါ။ https://www.facebook.com/share/1FEkyAkbyq/ ကျွန်မတို့က မတ်လ အကုန် နောက်ဆုံးထားပြီး ပို့ဆောင်သွားမှာ ဖြစ်ပါတယ်ရှင့်။ 🥳🚛🚛

ဂျပန်ရဲ့ နွေမှာ မြန်မာ့အငွေ့အသက်နဲ့
ခရီးသွား၊ ဟိုနားဒီနား၊ အပန်းဖြေ၊ ဓာတ်ဖမ်းထွက်ရင် စမတ်ကျပြီး ပေါ့ပါး အေးမြနေမယ့် ချည်ထည်လေးတွေပါရှင်။

အရေးအကြီးဆုံးအနေနဲ့ People’s Revolutionary Force – PRF ကိုလည်း ထောက်ပို့ပြီးသား ဖြစ်ပါတယ်။ (၅) နှစ်ကျော် ကာလမှာ စကားတွေ ဟိုပြောဒီပြော ကြားနေ/မြင်နေရမှာ ဖြစ်ပေမယ့် ဒီခရီးဒီလမ်း မဆုံးသရွေ့ ဖြည်းဖြည်းမှန်မှန် ဆက်လျှောက်ရဦးမှာပါ။ ဘယ်တော့ ဘယ်အချိန် ဆိုတာထက် တစ်ရက်ချင်းစီတိုင်းမှာ တစ်ဦးစီတိုင်းက တတ်အားသရွေ့ ပါဝင်နေကြရင်း ဒီပန်းတိုင်က ရောက်ကိုရောက်မှာပါရှင်။
Viva La Revolution! ✊

Price – 500 THB/ 3,200 JPY (နိုင်ငံအတွင်း မြို့အလိုက် delivery charges ‌လေးတွေ ထပ်ရှိပါမယ်ရှင်)

Size – S/ M/ L/ XL (size chart in comment)
ပုံထဲက မော်ဒယ် မိန်းကလေး က S size နဲ့ ယောက်ျားလေးက M size ဝတ်ထားတာ ဖြစ်ပါတယ်ရှင်။

Limited – အရေအတွက် အထည် ၅၀၀ သာ ထုတ်လုပ်ပါသည်။

🇯🇵 ဂျပန်နိုင်ငံတွင်း ဆက်သွယ်ရန်
https://www.facebook.com/share/1FEkyAkbyq/



ပြည့်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/ တပ်တော် (PLSO/ PLSF) ၏ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့...
06/02/2026

ပြည့်သူ့လွတ်မြောက်ရေးကျောင်းသားအဖွဲ့/ တပ်တော် (PLSO/ PLSF) ၏ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော သ၀ဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျွန်မတို့ ပြည်သူ့တော်လှန်ရေးအင်အားစု - PRF သို့ ကူညီထောက်ပို့ကြတဲ့ အဖွဲ့များ ဖြစ်တဲ့(၁) စစ...
05/02/2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျွန်မတို့ ပြည်သူ့တော်လှန်ရေးအင်အားစု - PRF သို့ ကူညီထောက်ပို့ကြတဲ့ အဖွဲ့များ ဖြစ်တဲ့

(၁) စစ်ခွေးချိနဲ့ရေးနှင့် ရွဲပ‌လဲရေးပါတီ
(၂) အနာဂါတ်အားမာန်အဖွဲ့နှင့် ထား၀ယ်လူငယ်များအဖွဲ့ မှ ပြုလုပ်သော နွေဦးကာရန် ဒေါင်းတို့အားမာန် အငြိမ့်ဖျော်ဖြေပွဲ တို့ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ရဲ့ ဘဏ္ဍာရေးထောက်တိုင် တစ်ခုအဖြစ် Viva La Revolution! အမည်နဲ့ တော်လှန်ထုတ်ကုန် အမျိုးမျ...
02/12/2025

ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ရဲ့ ဘဏ္ဍာရေးထောက်တိုင် တစ်ခုအဖြစ် Viva La Revolution! အမည်နဲ့ တော်လှန်ထုတ်ကုန် အမျိုးမျိုးကို ပြည်ပနိုင်ငံများမှာ ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပထမဆုံး Product က ဘာလေး ဖြစ်မလဲဆိုတာကို Viva La Revolution! page https://www.facebook.com/profile.php?id=61584352660443 မှာ စောင့်မျှော် ကြည့်ရှု အားပေးကြပါဦးခင်ဗျာ။

တော်လှန်ပြည်သူများအားလုံး Sweet December ပါဗျာ။ တော်လှန်အမောများ ခေတ္တ ဖြေဖျောက်နိုင်ပါကြစေ..

ထုတ်ပြန်ကြေညာခြင်းစာအမှတ်။ ၁/၂၀၂၅ရက်စွဲ။ ဧပြီလ (၂၈) ရက်၊ ၂၀၂၅ ခုနှစ်၁။  ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ၏ Anonymous For...
28/04/2025

ထုတ်ပြန်ကြေညာခြင်း

စာအမှတ်။ ၁/၂၀၂၅
ရက်စွဲ။ ဧပြီလ (၂၈) ရက်၊ ၂၀၂၅ ခုနှစ်

၁။ ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ၏ Anonymous Force (ရန်ကုန်စစ်ဒေသခွဲ) နှင့် Delta Guerrilla Force (ဧရာဝတီစစ်ဒေသခွဲ) တို့ သည် မြို့ပြပြောက်ကျားနည်းနာဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အထိ ရန်ကုန်နှင့် ဧရာဝတီ ဆက်စပ်ဒေသများတွင် မြို့ပြစစ်ဆင်ရေးများကို ဖော်ဆောင် တိုက်ခိုက်ခဲ့ပါသည်။

၂။ အဆိုပါ ဒေသများအတွင်း မြို့ပြစစ်ဆင်ရေးများကို (၃၇) ကြိမ် တိုင်တိုင် ဖော်ဆောင်နိုင်ခဲ့ပြီး ရန်သူစစ်အုပ်စု၏ အာရုံစိုက်ခြင်းခံရ၍ (၃) နှစ်တာ ကာလအတွင်း မိမိတို့၏ ရဲဘော် အမြောက်အများ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများကို ခံစားခဲ့ရကာ ယနေ့ အချိန်ထိ ထောင်တွင်း အကျဉ်းချ နှိပ်စက်ခြင်း ခံနေရသော ရဲဘော်များလည်း ရှိနေပါသည်။

၃။ စစ်ကောင်စီ၏ မတရား ဖမ်းဆီးခြင်းမှ လွတ်မြောက်ခဲ့ကြသော ရဲဘော်များသည်လည်း ရန်သူ၏ အဖက်ဖက် ပိတ်ဆို့တားဆီးမှုများကြားမှပင် လွတ်လပ်သော တိုင်းရင်းသား နယ်မြေတခုသို့ ရောက်ရှိနိုင်ခဲ့ကြပါသည်။

၄။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ၏ ရန်ကုန်နှင့် ဧရာဝတီ စစ်ဒေသခွဲတို့ ဖော်ဆောင်ခဲ့သော ချီတာစစ်ဆင်ရေး (Cheetah Operation) အား ရပ်နားကြောင်းနှင့် လွတ်မြောက်လာသော ရဲဘော်များအား ပြန်လည်စုစည်းကာ တိုင်းရင်းသား လွတ်မြောက်နယ်မြေ တနေရာ၌ မြေပြင်တပ်ရင်းစုဖွဲ့မှု ပုံစံဖြင့် အခြားသော မဟာမိတ် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်၍ ပူးပေါင်း တိုက်ပွဲဝင်ရန် ပြင်ဆင် လေ့ကျင့်လျက်ရှိကြောင်း တော်လှန်ပြည်သူများအား အသိပေးအပ်ပါသည်။

၅။ ထို့အပြင် ကျွန်ုပ်တို့ ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ၏ မြို့တွင်းစစ်ဆင်ရေးများအား ထုတ်ပြန်ကြေညာခဲ့သော “Cheetah Operation” စာမျက်နှာကို “PRF-Cheetah News” ဟူ၍ ကျွန်ုပ်တို့ တပ်ဖွဲ့၏ လုပ်ဆောင်မှုမှတ်တမ်းများနှင့် ထုတ်ပြန်ကြေညာချက်များအား တော်လှန်ပြည်သူလူထုကို အသိပေးသည့် လူမှုကွန်ယက်စာမျက်နှာအဖြစ် ယနေ့မှ စ၍ အမည် ပြောင်းလဲအသုံးပြုသွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

ဗဟိုကော်မတီ
ပြည်သူ့တော်လှန်ရေးအင်အားစု - PRF

စစ်ကိုင်းနှင့် မန္တလေး မြေပြင်တွင် ကူညီဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့များနှင့် ချိတ်ဆက်၍ ငွေကြေး အကူအညီများအား လက်ခံ၍ ပို့...
30/03/2025

စစ်ကိုင်းနှင့် မန္တလေး မြေပြင်တွင် ကူညီဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့များနှင့် ချိတ်ဆက်၍ ငွေကြေး အကူအညီများအား လက်ခံ၍ ပို့ဆောင်ရုံသာ တတ်စွမ်းပါသေးသည်။ အတူတကွ ပါဝင်ကူညီကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူ့တော်လှန်ရေးအင်အားစု - PRF

ထုတ်ပြန်ကြေညာခြင်း၁။ ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ၏ ရန်ကုန်စစ်ဒေသခွဲ ဖြစ်သော Anonymous Force သည် ရန်ကုန်နှင့် ဆက်စပ်...
29/12/2024

ထုတ်ပြန်ကြေညာခြင်း

၁။ ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ၏ ရန်ကုန်စစ်ဒေသခွဲ ဖြစ်သော Anonymous Force သည် ရန်ကုန်နှင့် ဆက်စပ်ဒေသများအတွင်း စစ်ဆင်ရေးဖော်ဆောင်မှုများကို ခေတ္တ ရပ်နားထားပါသည်။

၂။ သို့အတွက်ကြောင့် စစ်ဆင်ရေးဖော်ဆောင်မှုများနှင့် အခြားသော လုံခြုံရေးရယူရသည့် ကိစ္စ ရပ်များအတွက် လိုအပ်သော ဘဏ္ဍာငွေ အကူအညီ တောင်းခံမှုများကိုလည်း Anonymous Force အနေဖြင့် ခေတ္တ ရပ်နားထားပါကြောင်း တော်လှန် ထောက်ပို့မိဘပြည်သူများထံသို့ အသိပေး ထုတ်ပြန်အပ်ပါသည်။

ရဲဘော်ငြိမ်းချမ်း
ဘဏ္ဍာရေးတာဝန်ခံ
ပြည်သူ့တော်လှန်ရေးအင်အားစု

  🚨Cheetah Operation တွေထဲက တစ်ခုဖြစ်တဲ့ တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်းတိုက်ခို...
23/09/2024

🚨

Cheetah Operation တွေထဲက တစ်ခုဖြစ်တဲ့ တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ယခုပုံပါ၊ Facebook အမည် "မြန်မာ့တရားရှင် ရဲရင့်သွေး" ဆိုတာ ကျွန်တော်တို့ရဲ့ ရဲဘော်လည်း မဟုတ်သလို အခုလို လိမ်ညာအလှူခံနေတာကို တော်လှန်မိဘပြည်သူများ သတိပြုမိစေရန် ရည်ရွယ်ပါတယ်ခင်ဗျာ။

ပြည်သူ့တော်လှန်ရေးအင်အားစု - PRF ရဲ့ Cheetah Operation တွေကို ဆောင်ရွက်ရာမှာ page ကနေ တင်ပြီးပြုလုပ်တဲ့ ကမ်ပိန်းတွေကတဆင့် ပြည်သူတွေရဲ့ ထောက်ပို့ငွေရယ်၊ လစဉ် ပုံမှန်ထောက်ပို့နေကြတဲ့ အဖွဲ့အနည်းငယ်ရဲ့ ပံ့ပိုးမှုတွေနဲ့ပဲ မြို့တွင်းစစ်ဆင်ရေးတွေကို ဖော်ဆောင်ခဲ့ပါတယ်။ ယခုလို သီးသန့် အလှူခံခြင်းမျိုး မရှိပါဘူးခင်ဗျာ။

Comment မှာ "မြန်မာ့တရားရှင် ရဲရင့်သွေး" ဆိုသူ တင်ထားတဲ့ Post link ‌လေး ရှိပါမယ်ခင်ဗျာ။

Address

Pyay Road
Yangon
11211

Website

Alerts

Be the first to know and let us send you an email when PRF-Cheetah News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category