09/04/2022
သဒ္ဓါလွန်သွားလို့ရှိရင် မယုံသင့်တဲ့ နေရာတွေပါ ယုံကြတယ်။
မလုပ်သင့်တာတွေ လုပ်ကြတယ်။
ဥပမာမယ် ဘုန်းကြီးတစ်ပါးကြွလာလို့ ရှိရင် ခေါင်းပွတ်ပေးစမ်းပါ ကျန်းမာတယ် လို့။
ခေါင်းပွတ်တာနဲ့ ဘယ်တော့မှ မကျန်းမာဘူးနော်။
မယုံနဲ့။အဲ့ဒါ။
ခေါင်းပွတ်ရုံနဲ့ ကျန်းမာမှုဆိုတာ ဘယ်တော့မှ မမျှော်လင့်လေနဲ့။
ပွတ်ချင်တိုင်းပွတ် ရှိတဲ့ ဆံပင်တွေသာ ပြောင်တာ သွားမယ် ကျန်းမာလာမှာမဟုတ်ဘူး။
စိတ်က ယုံကြည်နေတာ သာ ဖြစ်တယ်။
ကျန်းမာချင်ရင် ဘာလုပ်ရမလဲ။
မတည့်တာ မစားနဲ့။ကိုယ့်ခန္ဓာကိုယ်နဲ့ သင့်တော်အောင်နေ။ရာသီဥတု မျှတအောင်နေ။
ကျန်းမာရေးလိုက်စား။
အသက်ရှည်ကြောင်း ကုသိုလ်ကောင်းမှုတွေကိုလုပ်။
ဒါပဲ ရှိတယ်နော်။
ဘုန်းကြီးခြေထောက်နဲ့ ခေါင်းနဲ့ ပွတ်မှ ကျန်းမာမယ်လို့ ဘယ်တုန်းကမှ မြတ်စွာဘုရားမဟောဘူး။
အဲ့ဒါတွေကို ယုံကြည်လွန်းအားကြီးလို့ရှိရင် သဒ္ဓါ လို့ ပညာမဲ့တဲ့ သဒ္ဓါမျိုးဖြစ်သွားတတ်တယ်။
အဲ့ဒါ မျိုး မဖြစ်စေသင့်ဘူးပေါ့နော်။
မဖြစ်စေသင့်ဘူး။
မြန်မာပြည်မှာ သာ မဟုတ်ဘူး။ထိုင်းနိုင်ငံက လူတွေလည်း ဗုဒ္ဓဘာသာတွေလည်း ဒီအတိုင်းပဲ။
Blessing ဆိုတာ ကို သိပ်မျှော်လင့်ကြတယ်။
Blessingပေးပါဆိုကာ ခေါင်းပွတ်ခိုင်းတယ်။
အဲဒီလို မျှော်လင့်ချက်နဲ့။ခေါင်းကိုပွတ်ခိုင်းတယ်။
ဓာတ်လုံးတောင်းတယ်။လက်ဖွဲ့တောင်းတယ်။လက်ဖွဲ့က စွမ်းလို့ရှိရင် ဒီပုဂ္ဂိုလ်က သူ့ဟာသူပဲ သုံးမှာပေါ့။
စဉ်းစားကြည့်ပေါ့နော်။ဘယ်သူ့ ပေးမတုန်း။
ဓာတ်လုံးက စွမ်းရင်လည်း သူ့ဘာသူ သုံးမှာပေါ့။ဘယ်သူ့ပေးမှာတုန်း။
သို့သော် လောက လူတွေဟာ ယုံကြည်မှုတွေဟာ လွန်ကဲတယ်လို့ခေါ်တယ်ပေါ့နော်။
အဲ့ဒီ လိုမျိုး မဖြစ်စေပဲနဲ့ အကြောင်းစစ် အကြောင်းမှန်ကို နားလည် ဖို့လိုအပ်တယ်။
သဒ္ဓါကို ပညာနဲ့ထိန်းချုပ်ပေးရမယ်။
ပညာကို လည်း သဒ္ဓါနဲ့ ထိန်းချုပ်ရမယ်။
ဆိုလိုတာက သဒ္ဓါနဲ့ ပညာ ဒီနှစ်ခုသည် ညီမျှစေရမယ်လို့ ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
လူ့ဆန္ဒပြည့်ဝစေကြောင်း တရားတော်မှ
ပါချုပ်ဆရာတော်
Credit: Original Uploader