ABSDF Column - 3

ABSDF Column - 3 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐢𝐬 𝐨𝐮𝐫 𝐬𝐜𝐡𝐨𝐨𝐥, 𝐨𝐮𝐫 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲.

မြန်မာနိုင်ငံလုံးဆိုင်ရာ​ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(​ကျောင်းသားတပ်မ​တော်) အမှတ် -၃ စစ်​ကြောင်းအ​ခြေစိုက်ရာနယ်​မြေ...
19/07/2026

မြန်မာနိုင်ငံလုံးဆိုင်ရာ​ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(​ကျောင်းသားတပ်မ​တော်) အမှတ် -၃ စစ်​ကြောင်းအ​ခြေစိုက်ရာနယ်​မြေများတွင် ​​ယ​နေ့ ဇူလိုင်(၁၉)ရက်​နေ့မှာကျ​ရောက်တဲ့(၇၉) ​နှစ်မြောက်အာဇာနည်​နေ့ အခမ်းအနားတွင် ​ဒေသခံပြည်သူများနှင့်အတူ ကျဆုံး​လေပြီး​သောအာဇာ​နည်​ခေါင်း​ဆောင်ကြီးများနဲ့ ​နွေဦး​တော်လှန်​ရေးတွင်ကျဆုံးသွားသော အာဇာနည်သူရဲ​ကောင်းအ​ပေါင်းတို့ အား ​ကျောင်းသားတပ်မ​တော် ရဲ​ဘော်များမှ တက်​ရောက်အလးပြုခဲ့ပါသည်။

24/06/2026

မြိုင်နယ်တွင် Mi-17 လေယာဉ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည့် မှတ်တမ်း
၂၃၊ ဇွန်၊ ၂၀၂၆

မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာအတွင်း ရန်သူ့ Mi-17‌ လေယာဉ်တစ်စီး ဆင်းသက်စဉ် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ ပခုက္ကူခရိုင် (၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ တိုင်းပကဖစစ်ကြောင်း(၄)နှင့် ဒေသတွင်းညီအစ်ကိုများက ညီညီညွတ်ညွတ် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ABSDF Column - 3
ABSDF

သတင်းထုတ်ပြန်‌ကြေငြာချက်  ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ရက်။   မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ...
10/06/2026

သတင်းထုတ်ပြန်‌ကြေငြာချက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ရက်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) သည် မကွေဖက်ဒရယ်ယူနစ် ဒေသအတွင်း မဟာမိတ်အင်အားစု ညီအစ်ကိုများနှင့် ပူးပေါင်း၍ "Operation Su " ကို ဖော်ဆောင်ခဲ့ရာ ၂၀၂၆ခုနှစ် ဇွန်လ ၂ ရက် မနက် ၄:၃၀ နာရီတွင် မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစောထီးစခန်းကို တပြိုင်တည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည် ။ တိုက်ပွဲဖြစ်စဉ်အတွင်း ရန်သူမှ လေကြောင်းပစ်ကူ အကြိမ်ရေ ၈၀ ထက်မနည်းပစ်ကူပေး၍ ခုခံခဲ့သော်လည်း မိမိတို့ မဟာမိတ်အင်အားစု ရဲဘော်များက မဆုတ်မနစ်ရွံ့ရွံ့ချွန်ချွန်တိုက်ပွဲဝင်ခဲ့ကာ ၂၀၂၆ခုနှစ် ဇွန် ၂ ရက်တွင် နေ့လယ်ခင်းတွင် ရေပြာ ရဲစခန်းကိုလည်းကောင်း ၊ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ကုက္ကိုစုပျူစခန်းကိုလည်းကောင်း အသီးသီး အောင်မြင်စွာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါသည် ။

ထိုစစ်ဆင်‌ရေးအတွင်း ရန်သူ့ထံမှ လက်နက်ငယ် ၅၅ လက် ၊ လက်နက်ကြီး ၄ လက် နှင့် အခြား လက်နက်ခဲယမ်းများ သိမ်းဆီးရရှိပါသည် ။ ထို့ပြင် စစ်သုံ့ပန်း ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကာ ၊ စစ်အုပ်စု၏ အတင်းအဓမ္မ လူသားတံတိုင်းအဖြစ် ခိုင်းစေခံခဲ့ရသော အမျိုးသမီးနှင့် ကလေး သူငယ်အပါအဝင် ပြည်သူ ၂၀၀ ကျော် ကိုလည်း ကယ်တင်နိုင်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပါသည်။

စစ်ဆင်ရေးကာလအတွင်း မိမိ၏အသက်ကို ပဓာနမထားဘဲ ရဲဝင့်စွာတိုက်ပွဲဝင်ခဲ့သော တပ်မှူး တပ်သား ရဲဘော်အပေါင်းကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။ ထိခိုက်ကျဆုံးခဲ့သော ရဲဘော်များနှင့်ပြည်သူများကို ဦးညွှတ်အလေးပြုပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရပါသည် ။ စစ်အာဏာရှင်စနစ်အလုံးစုံပျက်သုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုပါသည် ။

"၎င်းစစ်ဆင်ရေး"ကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/၁၂ /၁၄/၁၇ / ၁၈ ) တပ်ရင်းများ ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပခုက္ကူခရိုင် ပကဖ ၊ KG တပ်ဖွဲ့ ၊မြိုင် ပကဖ ၊ ပေါက်ပကဖတပ်ရင်း ၊ BLY တပ်ဖွဲ့ ၊ YRF တပ်ဖွဲ့ ၊ ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်းများ ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ)၊ PLC တပ်ပေါင်းစု ၊ အညာမြေတပ်‌ပေါင်းစု ၊ PDO/PDA တပ် ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ ပေါက်မြို့နယ် ဆေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် ပအဖ နှင့် တော်လှန်ပြည်သူများက စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့ပါသည် ။ ထို့ပြင် အမျိုးသားညီညွှတ်ရေးအစိုးရ MOD ပကဖရုံးချုပ်နှင့် မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီး၏ လမ်းညွှန်ပူးပေါင်းကူညီမှု ကိုလည်း ရရှိခဲ့ပါသည်။

လတ်တလော စစ်ရေးအ ခြေအနေ များ ကြောင့် ပခုက္ကူခရိုင်တွင်း မိဘပြည်သူများ အနေဖြင့် စစ်ရေး အသိ စစ်ရေး သတိဖြင့် နေထိုင်ကြရန် အထူး တိုက်တွန်းအပ်ပါသည် ။

ABSDF Column - 3
ABSDF

23/04/2026

အကြမ်းဖက်စစ်တပ်က တိုင်းပြည်အခက်အခဲနှင့်အကျပ်အတည်းများကို ဖြေရှင်းရန် နိုင်ငံရေးဆန္ဒနှင့် အာသီသ မရှိ၍ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် လက်မခံဟု ABSDF က ပယ်ချ

ရန်ကုန်၊ ဧပြီ ၂၁

အကြမ်းဖက်စစ်တပ်က တိုင်းပြည်၏အခက်အခဲနှင့် အကျပ်အတည်းများ ကို ဖြေရှင်းရန် နိုင်ငံရေးဆန္ဒနှင့် အာသီသ မရှိ၍ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အပေါ် လက်မခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး- ABSDF က ပယ်ချတုံ့ပြန်လိုက်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော တရားမဝင် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် အပစ်ရပ်စာချုပ်NCA လက်မှတ်ရေးထိုးထားပြီး လွန်ခဲ့သော ၅ နှစ်အတွင်း တွေ့ဆုံခဲ့ခြင်းမရှိသည့် KNU ၊ CNF ၊ ABSDF တပ်ဖွဲ့များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ပြောဆိုလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF မှ တွဲဖက်အထွေ ထွေအတွင်းရေးမှူး ၁ ရဲဘော်ကျော်ကျော်လင်းက အကြမ်းဖက် စစ်တပ်တွင် တိုင်းပြည်၏ အကျပ်အတည်းနှင့် အခက်အခဲကို ဖြေရှင်းရန် နိုင်ငံရေး ဆန္ဒနှင့် အာသီသ မရှိကြောင်း၊ ထို့ကြောင့်ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်ခံနိုင်စရာ မရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

“လက်ခံနိုင်စရာ မရှိပါဘူး။ စစ်တပ်မှာ တိုင်းပြည်အခက်အခဲအကျပ်အတည်းတွေကို ဖြေရှင်းဖို့ နိုင်ငံ ရေး အာသီသရော၊ ဆန္ဒရော မရှိပါဘူး။ လိုအပ်ရင်တော့ ကျနော်တို့ ထုတ်ပြန်ချက်ထုတ်သွားပါ့မယ်” ဟု ABSDF တွဲဖက်အထွေ ထွေအတွင်းရေးမှူး ၁ ရဲဘော်ကျော်ကျော်လင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ABSDF သည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်NCA ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်တွင်မူ စစ်တပ်ကို တော်လှန်ရေးတပ်များနှင့်အတူ ဦးဆောင်လက်တွဲပြီး ဆန့်ကျင်တိုက်ခိုက်လျက်ရှိသော ကျောင်းသားတပ်မတော်ဖြစ်သည်။

ဓာတ်ပုံ- ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ပါဝင်ခဲ့သော ABSDF မှ တော်လှန်ရေးရဲဘော်များ။

မင်းတို့နဲ့အတူ ငါတို့ရှိတယ်ဆိုတာ လက်တွေ့ပြသရမယ့်အချိန် 🛡️ရဲဘော်တွေ ရှေ့တန်းမှာ အသက်ပေး တိုက်ပွဲဝင်နေချိန်မှာ ကျွန်တော်တိ...
29/03/2026

မင်းတို့နဲ့အတူ ငါတို့ရှိတယ်ဆိုတာ လက်တွေ့ပြသရမယ့်အချိန် 🛡️

ရဲဘော်တွေ ရှေ့တန်းမှာ အသက်ပေး တိုက်ပွဲဝင်နေချိန်မှာ ကျွန်တော်တို့ဘက်က ပံ့ပိုးမှုတွေ အားမနည်းသွားဖို့ လိုပါတယ်။ 'The Hunter' Campaign က အခုထိ ၂၅ ရာခိုင်နှုန်းပဲ ရရှိပါသေးတယ်။ ကျန်ရှိနေတဲ့ ၇၅ ရာခိုင်နှုန်းကို ရက်ထပ်တိုးထားတဲ့ ဒုတိယလ မေလ ၂ ရက်နေ့အတွင်း အရောက်လှမ်းနိုင်ဖို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။
ဒီည ၇ နာရီ Live Talk လေးကိုလည်း နားဆင်ပေးကြပါဦး။ ကိုယ်ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေကို ထိန်းသိမ်းဖို့နဲ့ ရှေ့ဆက်တိုးနိုင်ဖို့က ဒိုဒိုတို့ရဲ့ လက်ထဲမှာ ရှိပါတယ်။ တော်လှန်ရေးရဲဘော်တွေအတွက် ခိုင်မာတဲ့ ကျောထောက်နောက်ခံအဖြစ် အားလုံး ဝိုင်းဝန်းပါဝင်ပေးကြဖို့ တောင်းဆိုပါရစေ။

နိင်ငံတကာမှ FR များထံ campaign တွင် ပါဝင်လှူဒါန်းရန်
https://www.facebook.com/share/p/1DFPrLgfgy/


02/03/2026

Address

Yangon

Alerts

Be the first to know and let us send you an email when ABSDF Column - 3 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ABSDF Column - 3:

Shortcuts

Share