22/12/2020
(Unicode)
၁။ လေးစားရပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့တကွအားလုံးမင်္ဂလာပါရှင်။ကျမကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာသက်သက်ခိုင် ဖြစ်ပါတယ်။ ကျမအနေနဲ့ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီးအပြုသဘော အကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ (၂၂-၅-၂၀၂၀)
၂။ နာယကကြီးရှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အထက်ပါဥပဒေကြမ်းအပေါ်မှာ ငွေကြေး
ဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာအမှတ်စဉ် (၃/၂၀၂၀) ရဲ့ စာမျက်နှာ ၉ နဲ့ ၁၀ မှာ ဖော်ပြထားတဲ့ နိုင်ငံ တော်ပိုင်စီးပွားရေး အဖွဲ့အစည်းများရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုနဲ့စပ်လျဉ်းပြီး ဆွေးနွေးလို ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မပါ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများရဲ့ ဖြည့်စွက်တောင်းခံငွေဟာ ကျပ် ၁,၇၉၄.၄၀၂ ဘီလီယံရှိပြီး စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု ကျပ် ၂,၆၆၀.၉၈၇ ဘီလီယံ ရဲ့ ၆၇.၄၃% ရှိတာကို တွေ့ရပါတယ်။
၃။ နာယကကြီးရှင့် အထက်ပါ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ အသုံးစရိတ် အမျိုးအစား လေးခုပါဝင်ပြီး ပထမ အသုံးစရိတ် အမျိုးအစားဟာ နိုင်ငံတော်သို့ ရငွေ အဖြစ်ပေးသွင်းရန် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ နဲ့ နိုင်ငံတော်ထည့်ဝင်ငွေတို့ ဖြစ်ပါတယ်။
နာယကကြီးရှင့် ပါဝါပွိုင့် အသုံးပြုခွင့်ပေးပါ။ အစီရင်ခံစာ အပိုဒ် ၁၅ (က) အသုံးစရိတ်အမျိုးအစားအလိုက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု ဇယားစဉ်(၁) မှာ နိုင်ငံတော်သို့ ရငွေအဖြစ်ပေးသွင်းရန် ကျပ် ၁,၅၅၆.၂၀၄ ဘီလီယံဖြစ်ပြီး နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများရဲ့ စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုရဲ့ ၈၆.၇၂% ရှိနေတာကို တွေ့ရပါတယ်။
၄။ နာယကကြီးရှင့် အထက်ဖော်ပြပါ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများရဲ့ နိုင်ငံတော်သို့ ရငွေအဖြစ် ပေးသွင်းရမဲ့ အခွန်အခများကို အသုံးစရိတ်မှာ ထည့်သွင်းဖော်ပြတောင်းခံခြင်းဟာ သဘောတရား ဥပမာအနေနဲ့ ပြောရရင် အကြွေးပေးရန်ရှိသူက အကြွေးရရန်ရှိသူထံ စရိတ်အနေနဲ့ ဖော်ပြတောင်းခံပြီး အကြွေးပြန်ဆပ်တဲ့ သဘောဖြစ်နေပါတယ်။
၅။ နာယကကြီးရှင့် ဒုတိယအချက်အနေနဲ့ အစီရင်ခံစာရဲ့စာမျက်နှာ ၁၀ မှာ နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများမှ နိုင်ငံတော်သို့ပေးသွင်းရမဲ့ အခွန်အခများထဲမှာ ပါဝါ ပွိုင့်မှာပြထားတဲ့အတိုင်း နှစ် အဆက်ဆက် ပေးသွင်းရန် ကျန်ရှိတဲ့ ကြွေးကျန်စာရင်းကိုတွေ့ရမှာဖြစ်ပါတယ်။
(၁) မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ကျပ် ၄၆၂.၈၆၂ ဘီလီယံ
(၂) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကျပ် ၂၁၆.၂၆၁ ဘီလီယံ
(၃) အမှတ် (၁) သတ္တုတွင်း လုပ်ငန်း ကျပ် ၇.၂၄၆ ဘီလီယံ နဲ့
(၄) မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ကျပ်၁၉.၅၈ ဘီလီယံ အသီးသီးနဲ့ စုစုပေါင်း နိုင်ငံတော်ပိုင်အဖွဲ့ အစည်းလေးခုရဲ့ နှစ်အဆက်ဆက်ပေးသွင်းရန် ကျန်ရှိတဲ့ ကြွေးကျန်စုစုပေါင်း
ကျပ် ၇၀၅.၉၄၉ ဘီလီယံ ကိုလည်း အခု နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးမှာ ထည့်သွင်း တောင်းခံထားတာကိုတွေ့ရပါတယ်။
၆။ အဲ့ဒါကြောင့် ကျမသိလိုတာကတော့ အဘယ်ကြောင့် နှစ်စဉ် အမြတ်ရနေကြတဲ့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နှစ်အဆက်ဆက် ကြွေးကျန်ခွင့်ပြုခဲ့တာလဲဆိုတာနဲ့ နိုင်ငံတော်သို့ ပေးသွင်းရမဲ့ အခွန်အခများအတွက် နိုင်ငံ့ဘဏ္ဍာကဘဲ အသုံးစရိတ်ခေါင်းစဉ်နဲ့ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံခွင့် ရှိနေရတာလဲ ဆိုတဲ့အချက်တွေဘဲဖြစ်ပါတယ်။ နာယကကြီးရှင့် ကျမရဲ့ ထောက်ပြဆွေးနွေးချက်
တွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ အကျိုးအတွက်ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာမှာ ဒီလို ပမာဏကြီးမားစွာ လွဲချော်နေတာကို တာဝန်ရှိသူများအနေနဲ့ ဘယ်လိုဖြေရှင်းဆောင်ရွက်မှာလဲ ဆိုတာကို မေးခွန်းထုတ်လိုပါတယ်။
၇။ နာယကကြီးရှင့် အချုပ်အားဖြင့်ပြောရရင် ကျမတို့မြန်မာနိုင်ငံအနေနဲ့ လိုငွေပြဘတ်ဂျက်နဲ့ တိုင်းပြည်တည်ဆောက်နေရပြီး ဘတ်ဂျက်လိုငွေကိုလည်း ပြည်တွင်းပြည်ပ ချေးငွေများရယူပြီး ဖြည့်ဆည်းနေရတဲ့အချိန်မှာ မလိုလားအပ်ဘဲ ဘတ်ဂျက်လိုငွေ ပိုမိုများပြားစေတဲ့ အထက်ဖော်ပြပါဖြစ်စဉ်များကို ကုစား ဘို့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲခြင်းနဲ့ နိုင်ငံတော်ပိုင်စီးပွားရေးများ ပြုပြင်ပြောင်းလဲရေး ကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အချိန်ကျရောက်ပြီဖြစ်ပါကြောင်း အလေးအနက်ထား တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။
(zawgyi)
၁။ ေလးစားရပါေသာ ျပည္ေထာင္စုလႊတ္ေတာ္ နာယကႀကီးနဲ႔တကြအားလုံးမဂၤလာပါရွင္။က်မကေတာ့ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဒါက္တာသက္သက္ခိုင္ ျဖစ္ပါတယ္။ က်မအေနနဲ႔ ၂၀၁၉-၂၀၂၀ ခု၊ ဘ႑ာႏွစ္ ျပည္ေထာင္စု၏ ေနာက္ထပ္ဘ႑ာေငြခြဲေဝ သုံးစြဲေရး ဥပေဒၾကမ္းနဲ႔ စပ္လ်ဥ္းၿပီးအျပဳသေဘာ အႀကံျပဳေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ (၂၂-၅-၂၀၂၀)
၂။ နာယကႀကီးရွင့္ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီရဲ႕ အထက္ပါဥပေဒၾကမ္းအေပၚမွာ ေငြေၾကး
ဆိုင္ရာသုံးသပ္ခ်က္ အစီရင္ခံစာအမွတ္စဥ္ (၃/၂၀၂၀) ရဲ႕ စာမ်က္ႏွာ ၉ နဲ႔ ၁၀ မွာ ေဖာ္ျပထားတဲ့ ႏိုင္ငံ ေတာ္ပိုင္စီးပြားေရး အဖြဲ႕အစည္းမ်ားရဲ႕ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈနဲ႔စပ္လ်ဥ္းၿပီး ေဆြးေႏြးလို ပါတယ္။ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မပါ ႏိုင္ငံေတာ္ပိုင္စီးပြားေရး အဖြဲ႕အစည္းမ်ားရဲ႕ ျဖည့္စြက္ေတာင္းခံေငြဟာ က်ပ္ ၁,၇၉၄.၄၀၂ ဘီလီယံရွိၿပီး စုစုေပါင္း ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈ က်ပ္ ၂,၆၆၀.၉၈၇ ဘီလီယံ ရဲ႕ ၆၇.၄၃% ရွိတာကို ေတြ႕ရပါတယ္။
၃။ နာယကႀကီးရွင့္ အထက္ပါ ႏိုင္ငံေတာ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားရဲ႕ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈမွာ အသုံးစရိတ္ အမ်ိဳးအစား ေလးခုပါဝင္ၿပီး ပထမ အသုံးစရိတ္ အမ်ိဳးအစားဟာ ႏိုင္ငံေတာ္သို႔ ရေငြ အျဖစ္ေပးသြင္းရန္ ဝင္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္၊ နဲ႔ ႏိုင္ငံေတာ္ထည့္ဝင္ေငြတို႔ ျဖစ္ပါတယ္။
နာယကႀကီးရွင့္ ပါဝါပြိဳင့္ အသုံးျပဳခြင့္ေပးပါ။ အစီရင္ခံစာ အပိုဒ္ ၁၅ (က) အသုံးစရိတ္အမ်ိဳးအစားအလိုက္ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈ ဇယားစဥ္(၁) မွာ ႏိုင္ငံေတာ္သို႔ ရေငြအျဖစ္ေပးသြင္းရန္ က်ပ္ ၁,၅၅၆.၂၀၄ ဘီလီယံျဖစ္ၿပီး ႏိုင္ငံေတာ္ပိုင္ စီးပြားေရးအဖြဲ႕အစည္းမ်ားရဲ႕ စုစုေပါင္း ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈရဲ႕ ၈၆.၇၂% ရွိေနတာကို ေတြ႕ရပါတယ္။
၄။ နာယကႀကီးရွင့္ အထက္ေဖာ္ျပပါ ႏိုင္ငံေတာ္ပိုင္စီးပြားေရးလုပ္ငန္းမ်ားရဲ႕ ႏိုင္ငံေတာ္သို႔ ရေငြအျဖစ္ ေပးသြင္းရမဲ့ အခြန္အခမ်ားကို အသုံးစရိတ္မွာ ထည့္သြင္းေဖာ္ျပေတာင္းခံျခင္းဟာ သေဘာတရား ဥပမာအေနနဲ႔ ေျပာရရင္ အေႂကြးေပးရန္ရွိသူက အေႂကြးရရန္ရွိသူထံ စရိတ္အေနနဲ႔ ေဖာ္ျပေတာင္းခံၿပီး အေႂကြးျပန္ဆပ္တဲ့ သေဘာျဖစ္ေနပါတယ္။
၅။ နာယကႀကီးရွင့္ ဒုတိယအခ်က္အေနနဲ႔ အစီရင္ခံစာရဲ႕စာမ်က္ႏွာ ၁၀ မွာ ႏိုင္ငံေတာ္ပိုင္စီးပြားေရး လုပ္ငန္းမ်ားမွ ႏိုင္ငံေတာ္သို႔ေပးသြင္းရမဲ့ အခြန္အခမ်ားထဲမွာ ပါဝါ ပြိဳင့္မွာျပထားတဲ့အတိုင္း ႏွစ္ အဆက္ဆက္ ေပးသြင္းရန္ က်န္ရွိတဲ့ ေႂကြးက်န္စာရင္းကိုေတြ႕ရမွာျဖစ္ပါတယ္။
(၁) ျမန္မာ့ေရနံႏွင့္ သဘာဝဓါတ္ေငြ႕လုပ္ငန္း က်ပ္ ၄၆၂.၈၆၂ ဘီလီယံ
(၂) ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း က်ပ္ ၂၁၆.၂၆၁ ဘီလီယံ
(၃) အမွတ္ (၁) သတၱဳတြင္း လုပ္ငန္း က်ပ္ ၇.၂၄၆ ဘီလီယံ နဲ႔
(၄) ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း က်ပ္၁၉.၅၈ ဘီလီယံ အသီးသီးနဲ႔ စုစုေပါင္း ႏိုင္ငံေတာ္ပိုင္အဖြဲ႕ အစည္းေလးခုရဲ႕ ႏွစ္အဆက္ဆက္ေပးသြင္းရန္ က်န္ရွိတဲ့ ေႂကြးက်န္စုစုေပါင္း
က်ပ္ ၇၀၅.၉၄၉ ဘီလီယံ ကိုလည္း အခု ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသုံးစြဲေရးမွာ ထည့္သြင္း ေတာင္းခံထားတာကိုေတြ႕ရပါတယ္။
၆။ အဲ့ဒါေၾကာင့္ က်မသိလိုတာကေတာ့ အဘယ္ေၾကာင့္ ႏွစ္စဥ္ အျမတ္ရေနၾကတဲ့ ႏိုင္ငံေတာ္ပိုင္ စီးပြားေရးလုပ္ငန္းမ်ားကို ႏွစ္အဆက္ဆက္ ေႂကြးက်န္ခြင့္ျပဳခဲ့တာလဲဆိုတာနဲ႔ ႏိုင္ငံေတာ္သို႔ ေပးသြင္းရမဲ့ အခြန္အခမ်ားအတြက္ ႏိုင္ငံ့ဘ႑ာကဘဲ အသုံးစရိတ္ေခါင္းစဥ္နဲ႔ ျဖည့္စြက္ခြင့္ျပဳေငြအျဖစ္ ေတာင္းခံခြင့္ ရွိေနရတာလဲ ဆိုတဲ့အခ်က္ေတြဘဲျဖစ္ပါတယ္။ နာယကႀကီးရွင့္ က်မရဲ႕ ေထာက္ျပေဆြးေႏြးခ်က္
ေတြဟာ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသူႏိုင္ငံသားမ်ားရဲ႕ အက်ိဳးအတြက္ျဖစ္ၿပီး ျပည္သူ႔ဘ႑ာမွာ ဒီလို ပမာဏႀကီးမားစြာ လြဲေခ်ာ္ေနတာကို တာဝန္ရွိသူမ်ားအေနနဲ႔ ဘယ္လိုေျဖရွင္းေဆာင္႐ြက္မွာလဲ ဆိုတာကို ေမးခြန္းထုတ္လိုပါတယ္။
၇။ နာယကႀကီးရွင့္ အခ်ဳပ္အားျဖင့္ေျပာရရင္ က်မတို႔ျမန္မာႏိုင္ငံအေနနဲ႔ လိုေငြျပဘတ္ဂ်က္နဲ႔ တိုင္းျပည္တည္ေဆာက္ေနရၿပီး ဘတ္ဂ်က္လိုေငြကိုလည္း ျပည္တြင္းျပည္ပ ေခ်းေငြမ်ားရယူၿပီး ျဖည့္ဆည္းေနရတဲ့အခ်ိန္မွာ မလိုလားအပ္ဘဲ ဘတ္ဂ်က္လိုေငြ ပိုမိုမ်ားျပားေစတဲ့ အထက္ေဖာ္ျပပါျဖစ္စဥ္မ်ားကို ကုစား ဘို႔ ျပည္သူ႔ဘ႑ာ စီမံခန႔္ခြဲေရး ျပဳျပင္ေျပာင္းလဲျခင္းနဲ႔ ႏိုင္ငံေတာ္ပိုင္စီးပြားေရးမ်ား ျပဳျပင္ေျပာင္းလဲေရး ကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ဖို႔ အခ်ိန္က်ေရာက္ၿပီျဖစ္ပါေၾကာင္း အေလးအနက္ထား တိုက္တြန္းရင္း နိဂုံးခ်ဳပ္အပ္ပါတယ္ရွင့္။