Geopolitics

Geopolitics To analyze and solve geopolitical problems.

Multi-alignment Strategy
01/06/2026

Multi-alignment Strategy

မြန်မာ့အနာဂတ်အတွက်
ဘက်စုံမျှခြေမူဝါဒသစ်
Multi-alignment Strategy

၁။ ကမ္ဘာ့စနစ် world system ဟာစီးပွားရေးကိုအခြေပြုပြီး ပထဝီနိုင်ငံရေးနဲ့နိုင်ငံခြားရေးမူဝါဒတွေဖြစ်ပေါ်စေပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုတဲ့ ကိန်းရှင်သုံးခုရဲ့မှီခိုမှုအဆင့်သုံးဆင့်ကိုကြည့်ပါ။

(က) သာမန်အားဖြင့်လူတွေနေ့စဥ်စားသောက်နေထိုင်ဖို့စီးပွားရေးကိုအမှီပြုရတယ်။ ကမ္ဘာပေါ်မှာ စီးပွားရှာဖို့အတွက်ကိုပဲ ပညာရှင်များစွာက သီအိုရီများစွာထုတ်ခဲ့ကြတယ်။

(ခ) အဲ့ဒီစီးပွားရေး setting ပေါ်ကနေပထဝီနိုင်ငံရေးအခြေအနေလှုပ်ခတ် dynamics ဖြစ်လာတယ်။

(ဂ) ပထဝီနိုင်ငံရေးအခြေပေါ်မူတည်ပြီးနိုင်ငံခြားရေးမူဝါဒတွေချမှတ်ကြတယ်။

၂။ မြန်မာ့နိုင်ငံရေးသမိုင်းဟာလဲအထက် trend အတိုင်းလိုက်ပါလာတာပါ။ ကမ္ဘာ့စီးပွားရေးဟာ ဆိုဗီယက်မပျက်မီစစ်အေးခေတ်အတွင်းနဲ့ ဆိုဗီယက်ပျက်ပြီးကာလနောက်ပိုင်းမှာတော်တော်လေးပြောင်းလဲသွားတယ်။ မတူညီတဲ့ကာလနှစ်ခုရဲ့ မတူညီတဲ့စီးပွားရေးပြောင်းလဲမှုအတိုင်း ပထဝီနိုင်ငံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကိုလိုက်လျောညီထွေအောင်ပြောင်းလဲနိုင်တဲ့နိုင်ငံတွေဟာအများကြီး resilience ရှိမှု (ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်း) မြင့်မားကြတယ်။

၃။ ဒီတော့ စစ်အေးခေတ်စီးပွားရေး၊ ပထဝီနိုင်ငံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။
--------------------------------

"စစ်အေးခေတ်ကမ္ဘာ့စီးပွားရေး၊နိုင်ငံရေးနဲ့ မြန်မာနိုင်ငံရဲ့မူဝါဒ"

၄။ စစ်အေးခေတ်ဟာဝင်ရိုးစွန်းအားနှစ်ခု ​နိုင်ငံရေးနဲ့စီးပွားရေးအခင်းအကျင်းပြိုင်တဲအခင်းအကျင်း Bipolar World ပါ။ အမေရိကန်ဦးဆောင်တဲ့ နေတိုး (NATO) အုပ်စုနဲ့ ဆိုဗီယက်ယူနီယံဦးဆောင်တဲ့ ဝါဆော (Warsaw Pact) အုပ်စုတို့ဟာကမ္ဘာကြီးကို နှစ်ခြမ်းခွဲထားတဲ့ခေတ်ဖြစ်ပါတယ်။

၅။ အဲ့ဒီခေတ်က ကမ္ဘာ့စီးပွားရေးပုံစံ pattern ဟာအပြန်အလှန်ချိတ်ဆက်မှု အားနည်းပါတယ်။ ကွန်မြူနစ်အုပ်စုက ကွန်​မြူနစ်နိုင်ငံအချင်းချင်း (COMECON) နဲ့ကုန်သွယ်ကြပါတယ်။ အရင်းရှင်အနောက်အုပ်စုကလဲ သူတို့ဈေးကွက်နဲ့သူတို့ သီးခြားလည်ပတ်ကြတာပါ။ နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာကြီးနဲ့ (အုပ်စုနှစ်စုလုံးနဲ့) အဆက်အသွယ်ပြတ်နေရင်တောင် ကိုယ့်မင်းကိုယ့်ချင်း စိုက်ပျိုးထုတ်လုပ်ပြီး ရပ်တည်လို့ရနေခဲ့တဲ့ isolationism ရပ်တည်နိုင်တဲ့ကာလပေါ့။

၆။ အဲ့ဒီအားသာချက်ကြောင့်ပဲ မြန်မာနိုင်ငံဟာ ဘက်မလိုက်အဖွဲ့ဝင်အဖြစ် ၁၉၅၅ ဗန်ဒေါင်းညီလာခံကတည်းက NAM ရဲ့ အခြေခံမူတွေကိုတက်ကြွစွာချမှတ်လိုက်နာနိုင်ခဲ့ပါတယ်။ ပါဝါကြီးနှစ်ခုလုံးရဲ့ စစ်ရေးမဟာမိတ်အုပ်စုတွေထဲ မဝင်ဘဲနေနိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းဆိုရင် "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ" အောက်က စီးပွားရေးတံခါးပိတ်ဝါဒကိုကျင့်သုံးနိုင်ခဲ့ပါတယ်။ (အခုဆောင်းပါးမှာကောင်းခြင်းဆိုးခြင်းတွေမပါပါ)
--------------------------------

၇။ စစ်အေးခေတ်လွန်ကာလဟာတနည်းအားဖြင့်ကမ္ဘာပြုမှု globalization ကာလပါပဲ။ ဒီကာလကိုမောင်းနှင်နေတဲ့ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးနှင့် မြန်မာ့မူဝါဒကိုဆက်ကြည့်ပါမယ်။

၈။ Globalization ခေတ်ကမ္ဘာ့စီးပွားရေးဟာ အရင်ခေတ်ကလိုသီးခြားရပ်တည်မနေတော့ပါဘူး။ နိုင်ငံတိုင်းကမိမိအားသာရာကုန်ချောပစ္စည်းတစ်ခုတည်းကိုဇောက်ချထုတ်လုပ်ကြပါတယ်။ user လက်ဝယ်အရောက်ကုန်ချောတစ်ခုထုတ်ဖို့ ကုန်ချောအခွဲ ၃၀ ရှိရင် production အရမ်းကောင်းဖို့ နိုင်ငံ ၃၀ က ကုန်တစ်မျိုးတည်းကိုပဲ intensive ထုတ်ကြတယ်။ ပြီးရင် ကုန်ချောထုတ်မဲ့ဗဟိုစက်ရုံ Hub factory မှာ နိုင်ငံ ၃၀ က ကုန်ချောအခွဲ ၃၀ လာစုပြီးမှ တစ်ခုတည်းသောကုန်ချောအဖြစ်တပ်ဆင်ကြတယ်။

၉။ ဥပမာစမတ်ဖုန်းတစ်လုံးထုတ်ဖို့လိုတဲ့ သတ္တုတွေကို တရုတ်မှာထုတ်မယ်၊ ထိုင်ဝမ်မှာ တစ်ပိုင်းလျှပ်ကူးသီးသန့်ထုတ်မယ်၊ မှန်ကို ကိုရီးယားမှာထုတ်မယ်။ အားလုံးထုတ်ပိုးပြီးအမေရိကန်ကိုတင်ပို့ကာ အမေရိကန်မှာ Apple တံဆိပ်စမတ်ဖုန်းကုန်ချောအဖြစ်ထုတ်လုပ်ပြီး ဈေးကွက်ဖြန့်ချီပါတယ်။ ဒီလို စီးပွားရေးကမ္ဘာပြုမှု Globalization of economy ဖြစ်လာပါတယ်။ နိုင်ငံတွေဟာကုန်ထုတ်ဌာနခွဲတွေဖြစ်လာပါတယ်။ စီးပွားရေးရောယှက်လာတော့ နိုင်ငံရေးလဲကူးလူးလာတယ်။ နိုင်ငံခြားရေးမူတွေလဲ ချောမွေ့အောင်ချမှတ်လာကြရတယ်။ အဲ့ဒီနည်းအတိုင်းကမ္ဘာကြီးဟာ

Global supply chain
Global value chain
Global Trade
Global energy
Global Technology
Cyberspace
Global security စတာတွေဖြစ်လာတယ်။

၁၀။ ဒီကနေ့ခေတ်လို AI နဲ့နည်းပညာ hyper developed အခြေအနေမှာ ​ဘက်စုံ ကွန်ရက်ကမ္ဘာ Interconnected World ဖြစ်လာပြီး ပိုမိုရှုပ်ထွေးလာပါတယ်။ Cloud Computing၊ AI၊ Big Data နဲ့ စွမ်းအင်ကွန်ရက်တွေကြောင့် ဘယ်နိုင်ငံမှ သီးခြားခွဲထွက်နေလို့ မရတော့ပါဘူး။

၁၁။ စီးပွားရေးနဲ့အတူပထဝီနိုင်ငံရေးမောင်းနှင်အားဖြစ်တဲ့ စစ်ပွဲတွေပါ စစ်မြေပြင်သာမက စီးပွားရေးပိတ်ဆို့မှု Economic Sanctions၊ ကုန်သွယ်ရေးစစ် trade war၊ ဆိုက်ဘာစစ် Cyber Warfare နဲ့ သတင်းအချက်အလက်စစ်ပွဲ Information Warfare အထိ ကျယ်ပြန့်လာခဲ့ပါပြီ။
--------------------------------

၁၂။ ခေတ်ဟောင်းစစ်အေးကာလမြန်မာရဲ့ နိုင်ငံခြားရေးမူဝါဒဟာ "ငြိမ်သက်နေတဲ့ဘက်မလိုက်ဝါဒ(တင်စားခေါ်ဝေါ်ခြင်း)" ပါ။ ခေတ်သစ် စစ်သစ်မှာဘယ်လိုကျင့်သုံးသင့်သလဲ။ "တက်ကြွပြီး လိုက်လျောညီထွေရှိတဲ့ ကြားနေဝါဒ" Active & Dynamic Neutrality ကျင့်သုံးသင့်သလားဆိုတာမျိုး မူဝါဒပိုင်းဆိုင်ရာအဆင့်တွေမှာ brainstorming လုပ်ကြည့်ဖို့လိုပါတယ်။

၁၃။ NAM ဘက်မလိုက်ခေတ် ဆိုရှယ်လစ်တံခါးပိတ်စနစ်ဟာရေတိုမှာပြင်ပကမ္ဘာရဲ့ ရိုက်ခတ်မှုဒဏ်ကိုသက်သာစေတယ်လို့ထင်ရပေမဲ့ ရေရှည်မှာနည်းပညာ ဖွံ့ဖြိုးမှုနောက်ကျတာ၊ နိုင်ငံတကာ ကုန်သွယ်မှုကွန်ရက်တွေကနေ ဖယ်ထုတ်ခံလိုက်ရသလိုဖြစ်သွားခဲ့ပါတယ်။ Non-Aligned Movement - NAM နဲ့ အထီးကျန်ဝါဒ Isolationism တချို့ဟာ Globalization အောက်မှာ ဆက်လက်ရှင်သန်ဖို့ မဖြစ်နိုင်တော့တာ တော့အမှန်ပါပဲ။ ဒီတော့ကျွန်တော်တို့ဘယ်လိုသွားသင့်သလဲ။

ဘက်မလိုက်ဝါဒအနှစ်သာရပြန်လည်ဆန်းစစ်ခြင်း
၁၄။ ဘက်မလိုက်ဝါဒဆိုတာ အရင်လိုတံခါးပိတ်ထားတာမဟုတ်ဘဲ အင်အားအားလုံးနဲ့ မျှခြေရှိတဲ့ဆက်ဆံရေး Equidistance ကို တည်ဆောက်တာဖြစ်ဖို့လိုပါတယ်။ အုပ်စုတစ်စုတည်းအပေါ်စီးပွားရေးအရရော၊ စစ်ရေးအရပါ အလုံးစုံပုံအောမထားဘဲ အန္တရာယ်မျှဝေခြင်း Risk Diversification လုပ်ရပါမယ်။

​ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ (Digital Sovereignty)
၁၅။ AI နဲ့ Cloud computing ခေတ်မှာ နည်းပညာအရ သူတစ်ပါးအပေါ် လုံးဝမှီခိုနေရရင်အမျိုးသားလုံခြုံရေးနဲ့ resilience ထိခိုက်နိုင်ပါတယ်။ ဒေတာလုံခြုံရေးဥပဒေတွေခိုင်မာဖို့ ကိုယ်ပိုင် Cyber Security အင်အားစုကို မဖြစ်မနေတည်ဆောက်ရပါမယ်။

Global ​Supply Chain မှာနေရာဝင်ယူခြင်း
၁၆။ ကမ္ဘာ့လုပ်ငန်းစုကြီးတွေဟာ တရုတ်နိုင်ငံတစ်ခုတည်းအပေါ် မမှီခိုတော့ဘဲ China Plus One မဟာဗျူဟာကို သုံးလာကြပါတယ်။ ဥပမာအရင်ကတရုတ်အခြေစိုက်ဖုန်းကုမ္ပဏီတွေဗီယက်နမ်ဘက်ပြောင်းရွေ့အခြေစိုက်ကြတာမျိုးပါ။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း ပထဝီဝင်တည်နေရာ Geolocation ကောင်းမွန်မှုကိုအသုံးချပြီး Global Supply Chain ရဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဆုံချက် Logistics Hub အဖြစ်၊ ကမ္ဘာ့ကုန်ထုတ်လုပ်မှုရဲ့အပိုင်းအစတစ်ခုအဖြစ် ဖြစ်လာအောင် အခြေခံအဆောက်အအုံ မြှင့်တင်ရပါမယ်။
--------------------------------

မြန်မာ့အနာဂတ်အတွက်သော့ချက်

၁၇။ Big 3 +1 ။ အင်အားကြီး တရုတ်၊ အိန္ဒိယ၊ ရုရှား (၃) နိုင်ငံကြားမှာ မြန်မာနိုင်ငံဘယ်လိုရပ်တည်ရမလဲဆိုတာကလဲ မြန်မာ့အနာဂတ်နိုင်ငံရေးလမ်းပြမြေပုံအတွက် သော့ချက်မေးခွန်းပါပဲ။

၁၈။ သူတို့ဟာသူတို့မြန်မာနိုင်ငံဟာသိပ်အရေးမပါဘူးပြောပြောလက်တွေ့မှာ ​မြန်မာနိုင်ငံဟာ အင်အားကြီး (၃) နိုင်ငံရဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှု ခံနေရတဲ့နေရာဖြစ်ပါတယ်။

၁၉။ Big 3 ကြားညှပ်မသွားစေဘဲအမျိုးသားအကျိုးစီးပွားကို အမြင့်ဆုံးကာကွယ်နိုင်မယ့် "သုံးပွင့်ဆိုင် မျှခြေဗျူဟာ" Triangular Balancing Strategy ကို သုံးသင့်ပါတယ်။

​(က) တရုတ်နိုင်ငံနဲ့ဆက်ဆံရေး
၂၀။ တရုတ်နိုင်ငံဟာ မြန်မာ့အိမ်နီးချင်းသာမကဘဲ စီးပွားရေးအင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။ သူ့ရဲ့ "ရပ်ဝန်းနဲ့လမ်းကြောင်း" (BRI) အတွက် ကုန်းတွင်း-ပင်လယ်ထွက်ပေါက် (CMEC) အဖြစ် မြန်မာကိုအရေးစိုက်တာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းရော၊ အခုချိန်အထိပါ သက်သေထူပြီးသားပါ။ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်လို့ မရပါဘူး။ သို့သော်အရမ်းရေပန်းစားတဲ့ "ကြွေးမြီးထောင်ချောက်" Debt Trap နဲ့ စီးပွားရေးအကျိုးစီးပွားဝါးမြိုခံရမှု Economic Dominance မဖြစ်အောင် စီမံကိန်းတွေ၊ စာချုပ်တွေကို နိုင်ငံတကာစံနှုန်း Global Norms တွေနဲ့အညီ စိစစ်ရပါမယ်။ တစ်နိုင်ငံတည်းအပေါ် ရာနှုန်းပြည့်မှီခိုမှုကို လျှော့ချဖို့ အခြားဝင်ရိုးစွန်းတွေကိုပါ ဆွဲသွင်းရပါမယ် (အခုကာလတော့ ကာလံ၊ ဒေသံအရမဟုတ်သေးပါ)။

​(ခ) အိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေး
The Counter-Weight
၂၁။ ​အိန္ဒိယဟာ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လာပြီး စီးပွားရေးအရှိန်အဟုန်နဲ့ တက်နေပါတယ်။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာလွှမ်းမိုးမှုကိုထိန်းညှိဖို့ မြန်မာနိုင်ငံကို လိုအပ်ပါတယ်။ အိန္ဒိယရဲ့ "Act East Policy" ကို အသုံးချပြီး ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းလို ကိစ္စရပ်တွေကို ဂရုပြုရပါမယ်။ အိန္ဒိယဟာ တစ်ဦးတည်း ဩဇာလွှမ်းမိုးမှုကို ထိန်းညှိပေးမယ့် Counter-Weight အနေနဲ့ အကောင်းဆုံး အသုံးချရမယ့် မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ပါတယ်။ စစ်ဘက်၊ နည်းပညာဘက် ဆက်ဆံရေးကို အိန္ဒိယနဲ့ ပိုမိုမြှင့်တင်သင့်ပါတယ်။

​(ဂ) ရုရှားနိုင်ငံနဲ့ဆက်ဆံရေး Technological & Military Partnership
၂၂။ ရုရှားဟာ ပထဝီတည်​နေရာအရ မြန်မာနဲ့ မနီးစပ်ပေမဲ့ စစ်ဘက်နည်းပညာ၊ အဏုမြူစွမ်းအင်နဲ့ စွမ်းအင်ကဏ္ဍတွေမှာ အားသာချက်ရှိပါတယ်။ ရုရှားဟာ အာရှအင်အားကြီးနှစ်ခုရဲ့ဖိအားကို လျှော့ချပေးနိုင်မယ့် "ပြင်ပအင်အားစု ဟန်ချက်ထိန်းကိရိယာ" ဖြစ်လာနိုင်ပါတယ်။ စစ်ဘက်နည်းပညာ တိုးတက်ရေး၊ လောင်စာစွမ်းအင်ဖူလုံရေးနဲ့ အရပ်ဘက်သုံး နျူကလီးယားနည်းပညာ (ဥပမာ-ဆေးပညာ၊ စိုက်ပျိုးရေး) တွေမှာ ရုရှားနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသင့်ပါတယ်။ သို့သော် ရုရှားအပေါ် အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ချက်တွေ မြန်မာ့ဘဏ်စနစ်ထဲ ကူးစက်မလာစေဖို့ ကမ္ဘာ့ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ချိန်ညှိဖို့တော့လိုအပ်ပါမယ်။

၂၃။ ​ခြုံပြောရရင် မြန်မာ့နိုင်ငံခြားရေးမူဝါဒဟာ "အမှီအခိုကင်းခြင်း" အနှစ်သာရ ထက် "အပြန်အလှန်မှီခိုနေရတဲ့ ကမ္ဘာကြီးထဲမှာ မိမိအချုပ်အခြာအာဏာကို စမတ်ကျကျ ဘယ်လိုကာကွယ်မလဲ" ဆိုတာပြောင်းလဲလာပါပြီ။ မထိတွေ့လို့မရတော့တဲ့ globalized world ပေါ်က
​အင်အားကြီးနိုင်ငံတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြားထဲမှာ မြန်မာနိုင်ငံဟာ ဘယ်ဘက်ကိုမှ ပုံအောမပါဝင်ဘဲ၊ မိမိနိုင်ငံရဲ့ ပထဝီဝင်အားသာချက်ကို "ဝှက်ဖဲဖြစ်အောင်ဖန်တီးပြီး "ကမ္ဘာရဲ့ နည်းပညာနဲ့ စံနှုန်းတွေကိုလည်းအမီလိုက်နိုင်မယ့်" ဘက်စုံမျှခြေမူဝါဒ Multi-alignment Strategy ကို ကျင့်သုံးမှသာကမ္ဘာပြုခေတ်သစ်မှာ ရေရှည်ရှင်သန်ဖွံ့ဖြိုးနိုင်မှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

၃၁-၅-၂၀၂၆
Geopolitics Admin

မြန်မာ့အနာဂတ်အတွက်ဘက်စုံမျှခြေမူဝါဒသစ်Multi-alignment Strategy၁။ ကမ္ဘာ့စနစ် world system ဟာစီးပွားရေးကိုအခြေပြုပြီး ပထဝီ...
31/05/2026

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်ပြောင်းလဲလာတဲ့ကမ္ဘာ့ပညာရေးရပ်ဝန်း==========================အရှေ့အလယ်ပိုင်း အီရန်-အမေရိကန်၊အ...
20/05/2026

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်
ပြောင်းလဲလာတဲ့ကမ္ဘာ့ပညာရေးရပ်ဝန်း
==========================

အရှေ့အလယ်ပိုင်း အီရန်-အမေရိကန်၊အစ္စရေး ပဋိပက္ခဟာ ကမ္ဘာ့ပညာရေးစီမံခန့်ခွဲမှုရပ်ဝန်းကြီးကိုအလှည့်အပြောင်းလုပ်ပေးလိုက်တယ်။ တက္ကသိုလ်တွေ၊ အဆင့်မြင့်ထိပ်တန်းအကြံပေးအဖွဲ့တွေရဲ့ သင်ရိုးတွေအများကြီးပြောင်းလဲသွားတယ်။ ဒီဆောင်းပါးမှာ

(က) အရှေ့အလယ်ပိုင်းပဋိပက္ခကဖြစ်လာတဲ့ကမ္ဘာ့ပညာရေးအပြောင်းအလဲ။

(ခ) စီးပွားရေးရာပထဝီဝင်ရဲ့အခန်းကဏ္ဍ

(ဂ) ပညာရှင်အသီးသီးရဲ့သဘောထားမှတ်ချက်များ

(ဃ) မြန်မာနိုင်ငံအပေါ်စာရေးသူလိုလားချက်

စတဲ့အချက်လေးချက်နဲ့ဖော်ပြပေးသွားပါမယ်။
--------------------------

(က) အရှေ့အလယ်ပိုင်းပဋိပက္ခကဖြစ်လာတဲ့ကမ္ဘာ့ပညာရေးအပြောင်းအလဲ။

ကမ္ဘာ့တဝှမ်းကစီးပွားရေးဆိုင်ရာတက္ကသိုလ်/ကောလိပ် Business Schools တွေဟာ အခက်အခဲကာလတွေမှာလမ်းညွှန်မှုပေးနိုင်ဖို့ အဖြေပေးမဲ့ဘာသာရပ်တစ်ခုနောက်ကိုအပူတပြင်းလိုက်လာကြတယ်။

အဲ့ဒါဟာကာလအတန်ကြာနောက်ရောက်နေတဲ့၊ ပညာရှင်တွေအတွက်သာသီးသန့်ဖြစ်တည်နေခဲ့တဲ့ ပထဝီနိုင်ငံရေး Geopolitics ပညာရပ်ပါပဲ။

အစ္စရေးရဲ့တိုက်ခိုက်မှုအမြဲခံနေရလို့ အကြပ်အတည်းကြားထဲမှာချည်းပဲနေရတဲ့ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့က Suliman S Olayan စီးပွားရေးလုပ်ငန်းဆိုင်ရာကောလိပ်ကျောင်းအုပ်ယူဆွတ်ဆီဒါနီ Yusuf Sidani က ဘယ်လိုတောင်ပြောလာပြီလဲဆိုရင်

​"အကျပ်အတည်းကာလအတွင်း ခေါင်းဆောင်မှုအကြောင်းသင်ကြားပေးဖို့အကောင်းဆုံးနေရာကတော့ ကျွန်တော်တို့လက်ရှိရှိနေတဲ့နေရာ (ဘေရွတ်ကိုဆိုလိုတာ) ပဲဖြစ်ပါတယ်" တဲ့။

​ယူဆွတ်ဆီဒါနီဆိုတာအခြားမဟုတ်ပါဘူး။ ပထဝီနိုင်ငံရေး Geopolitics နဲ့ ပဋိပက္ခတွေကို Executive Education သင်တန်းအများကြီးပေးနေသူပါ။ ဘေရွတ်လိုနေရာမျိုးဆိုတော့ ရှေ့တန်းထိပါသင်ခန်းစာတွေ လက်တွေ့ အသုံးချနေရသူလို့ဆိုလို့ရပါတယ်။

​"လက်ဘနွန်မှာ ကျွန်တော်တို့ကိုယ်ပိုင်စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လုံးလုံး ဘဏ္ဍာရေး၊ နိုင်ငံရေးနဲ့ စစ်ပွဲစတဲ့ အကျပ်အတည်းမျိုးစုံကို ကြုံတွေ့ခဲ့ရတာပါ" တဲ့။ သူဟာစာတွေ့နဲ့လက်တွေ့ကိုတစ်ပေါင်းထဲရလိုက်တဲ့ပညာရှင်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ကာလတွေကအရှေ့အလယ်ပိုင်းပညာရေးရပ်ဝန်းမှာ မဟာဗျူဟာသယံဇာတဖြစ်တဲ့ရေနံထုတ်တဲ့နောက်ကိုတစိုက်မတ်မတ်လိုက်ခဲ့ကြတာကို "ရွှေနက်ရှာပုံတော် Black Gold Rush" လို့တောင်တင်စားကြပါတယ်။ ပညာရေးအဖွဲ့အစည်းတွေဟာ ပင်လယ်ကွေ့ဒေသထဲကိုအပြိုင်အဆိုင် အလုံးအရင်းဝင်လာပြီး "ပညာရှင် အပြိုင်အဆိုင်အားထုတ်မှု Grey Matter Rush" ဖြစ်ခဲ့ကြပါတယ်။
-------------------------

(ခ) စီးပွားရေးရာပထဝီဝင်ရဲ့အခန်းကဏ္ဍ

စီးပွားရေးရာပထဝီဝင်မှာ စီးပွားရေးကဏ္ဍ ၅ ရပ်ရှိတယ်။ လေ့လာချဥ်းကပ်မှုကို sectoral approach လို့ခေါ်ပါတယ်။ အဓိက ကတော့ primary sector ဆိုရင် raw material ကုန်ကြမ်းထုတ်တဲ့ စိုက်ပျိုး၊ မွေးမြူရေး၊ သစ်ထုတ်လုပ်ငန်း၊ သတ္တုထုတ်လုပ်ငန်းတွေကိုဆိုလိုတာပါ။

ပါမောက္ခဆီဒါနီနဲ့သူ့ရဲ့တွဲဖက်တွေကတော့ Quinary sector ဆိုတဲ့ Top-level decision making အစိုးရတွေနဲ့ကုမ္ပဏီကြီးတွေ၊ ကော်ပိုရိတ်တွေကိုအကြံဉာဏ်ပေးတဲ့ကဏ္ဍကိုအဓိကတာဝန်ယူတာပါ။ သူတို့ဟာကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်စီမံခန့်ခွဲမှု Supply Chain Management နဲ့ လုပ်ငန်းကြီးတွေလည်ပတ်မှုကိုအကြံပေးဖို့အသင့်ပြင်ထားကြတယ်လို့ဆိုပါတယ်။

လက်ရှိကမ္ဘာ့စစ်ရေးနဲ့စီးပွားရေးဆိုင်ရာ တင်းမာမှုတွေဟာ ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေယူဆထားကြတဲ့ "သမိုင်းနိဂုံးချုပ်ပြီ End of History" ဆိုတဲ့ ပထဝီနိုင်ငံရေးဟောကိန်းသီအိုရီကနေ မရေရာမှုနဲ့ကွဲပြားခြားနားမှုတွေရဲ့ ခေတ်သစ်တစ်ခုဆီကူးပြောင်းလာပြီဆိုတာကတော့အားလုံးလက်ခံလာကြတာပါပဲ။
---------------------------

(ဂ) ကမ္ဘာ့ပညာရှင်အသီးသီးရဲ့သဘောထားမှတ်ချက်များ

ပညာရေးအဖွဲ့အစည်းတွေ၊ ပညာရှင်တွေရဲ့သဘောထားအမြင်အမျိုးမျိုးကိုကြည့်ပါ-

​ဘာစီလိုနာ စီးပွားရေးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Esade အမှုဆောင်ပညာရေးဆိုင်ရာ ကျောင်းအုပ် မိချီလီကွင်တာနို Michele Quintano က ၂၀၁၀ ပြည့်နှစ်မှာ စီမံခန့်ခွဲမှုသင်ရိုးတွေထဲ ပထဝီနိုင်ငံရေးကိုသင်ကြားဖို့အတွက်ပြောခဲ့ပါတယ်။

Esade GEO (Esade ကမ္ဘာ့စီးပွားရေးနှင့် ပထဝီနိုင်ငံရေးဗဟိုဌာန) ကို စဖွင့်လှစ်ချိန်က

"ဒီဘာသာရပ်က သိပ်ပြီး အရေးမပါလှဘူးလို့ ထင်ရပေမဲ့၊ အခုအချိန်မှာတော့ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ" လို့ ပြောခဲ့ပါတယ်။

သူ့ကျောင်းဟာအရင်က စီးပွားရေး၊ နိုင်ငံရေးနဲ့ စွန့်ဦးတီထွင်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းစတင်ခဲ့ပြီး၊ အခုတော့ လုံခြုံရေးနဲ့ကာကွယ်ရေးကိုအဓိကထားတဲ့ ပထဝီနိုင်ငံရေးသင်တန်းတစ်ခုသင်ဖို့ ထပ်ပြင်ဆင်နေပါတယ်။

"ရည်ရွယ်ချက်ကတော့ ရှုပ်ထွေးတဲ့ ကမ္ဘာ့ရပ်ဝန်းအတွက် အဖြေတွေပေးဖို့တင်မဟုတ်ဘဲ၊ နိုင်ငံ့ခေါင်းဆောင်တွေနိုင်ငံ့ယန္တရားလည်ပတ်နိုင်အောင် ကူညီပေးမယ့်ကိရိယာတွေ Tools ထောက်ပံ့ပေးဖို့ဖြစ်ပါတယ်" တဲ့။
-------------------------

ဘက်သ်ဆစ်ဘ်လီ Beth Sibly၊ ESMT Berlin ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာပထဝီနိုင်ငံရေးအမှုဆောင်သင်တန်းကို ဦးဆောင်သူ

​"အရင်တုန်းက ပထဝီနိုင်ငံရေးဆိုတာ ပညာရှင်တွေအတွက်ပဲသီးသန့်ဘာသာရပ်တစ်ခုဖြစ်ခဲ့ပေမဲ့ အခုတော့ လူတိုင်း သိထားဖို့လိုတဲ့ ကဏ္ဍတစ်ခု ဖြစ်လာပါပြီ"

"လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မိတ်ဖက်ကုမ္ပဏီတွေနဲ့ တစ်ဦးချင်းသင်​တန်းတက်ရောက်သူတွေဆီကနေပထဝီနိုင်ငံရေးဘာသာရပ်အပေါ်လိုအပ်ချက် မြင့်မားလာတာကိုသတိပြုမိပါတယ်။ အဆင့်မြင့်ခေါင်းဆောင်တွေက ဒါကို ပိုပြီး တိုက်ရိုက်ကိုင်တွယ်လာကြတယ်"

​ဆစ်ဘ်လီရဲ့သင်ရိုးပြင်ဆင်ပြောင်းလဲမှုတွေမှာ ဖြစ်နိုင်ခြေအခြေအနေများကို ကြိုတင်စီမံခြင်း Scenario Planning၊ ရင်းနှီးမြှုပ်နှံမှု၊ဈေးကွက်ဆုံးဖြတ်ချက်များ၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပြန်လည်ပုံဖော်ခြင်း၊ လုပ်ငန်းစုံလင်ပါအောင်ခွဲဝေခြင်း (Diversification)၊ ဗျူဟာနဲ့စည်းမျဉ်းလိုက်နာမှုတွေပါဝင်သည်။

​ESMT ရဲ့ကူဝိတ်သိပ္ပံတိုးတက်ရေးဖောင်ဒေးရှင်းအတွက်ရည်ရွယ်ပြီး ဇွန်လမှာ စဖွင့်ဖို့စီစဉ်ထားတဲ့ "အနာဂတ်တွင်ခေါင်းဆောင်မှုပေးမည့် အဖွဲ့အစည်းများ" သင်တန်းဟာအီရန်ပဋိပက္ခများကြောင့် ရွှေ့ဆိုင်းထားပါတယ်။
-------------------------

​လန်ဒန်စီးပွားရေးတက္ကသိုလ် London Business School ပါမောက္ခ ဘန်ဟာဒီ (Ben Hardy)

အရှေ့အလယ်ပိုင်းပဋိပက္ခတွေ ဆိုးရွားလာတာကြောင့် နွေဦးရာသီ ဆော်ဒီမှာ သင်ကြားဖို့စီစဉ်ထားတာ ဖျက်သိမ်းခဲ့ရသလို၊ လုပ်ဖော်ကိုင်ဖက်တွေ ဒူဘိုင်းမှာလုပ်မဲ့ အခြားအစီအစဉ်တွေလည်း ကြန့်ကြာခဲ့ပါတယ်။

​"လူတွေကလက်ရှိဖြစ်ပျက်နေတဲ့ပဋိပက္ခအခြေအနေတွေကိုဘယ်လိုနားလည်အောင်လုပ်ရမလဲ၊ ဒါတွေက မကြာခင်ပြီးသွားမှာလားဆိုတာတွေကို မေးခွန်းထုတ်နေကြပါတယ်"
-------------------------

ဆိုင်မွန်အက်ဗ်နက် Simon Evenett၊ နိုင်ငံတကာစီမံခန့်ခွဲမှုဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (IMD) ပါမောက္ခ

ပထဝီနိုင်ငံရေးကို သူ့သင်ရိုးညွှန်းတမ်းတွေမှာထည့်သွင်းနေပါတယ်။

"ဒါက ထိပ်တန်းဦးစားပေးကိစ္စရပ်တစ်ခုပါ၊ ကျွန်တော်တို့အမှုဆောင်အရာရှိ အများစုက အသက်နည်းနည်းကြီးပြီး ပထဝီနိုင်ငံရေးက သိပ်အရေးမကြီးတဲ့ ခေတ်ကာလမှာကြီးပြင်းလာခဲ့ကြသူတွေဖြစ်ပါတယ်"

ပထဝီနိုင်ငံရေးကို လုပ်ငန်းစဉ်ဆက်မပြတ်လည်ပတ်နိုင်ဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာစွမ်းဆောင်ရည်တို့အပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ်လေ့လာဖို့ အရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလမှာ IMD ဟာ ပထဝီနိုင်ငံရေးနဲ့ကော်ပိုရိတ်ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ "ဝင်ရိုးစုံကမ္ဘာတွင် ဦးဆောင်ခြင်း" သင်တန်းကို ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

သင်ရိုးရဲ့အဓိကအပိုင်း ဘေးအန္တရာယ်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ ဉာဏ်ရည်တု (AI) ကိုအသုံးချကာအခြေအနေမှန်ကို နားလည်သဘောပေါက်ခြင်းနဲ့ ကော်ပိုရိတ်ကဏ္ဍအသီးသီးကိုသက်ရောက်မှုများလေ့လာခြင်းအပေါ် အဓိကထားမှာပါ။

စာရေးသူမှတ်ချက်။ ပထဝီနိုင်ငံရေးကို AI နဲ့ပေါင်းစပ်ပြီး အနာဂတ်ဖြစ်နိုင်ချေဟောကိန်းထုတ်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
-------------------------

အမှုဆောင်အရာရှိချုပ် ဝီလျံဒါဗီလာ William Dávila၊ စပိန်နိုင်ငံ IE Business School

ဇန်နဝါရီလက ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာတရားဝင်ဖွင့်လှစ်ခဲ့တဲ့ အရှေ့အလယ်ပိုင်းခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆန်းသစ်တီထွင်မှုဗဟိုဌာန။

လုံခြုံရေး၊ လေကြောင်းလိုင်းလော်ဂျစ် စတစ်နဲ့ အာမခံလုပ်ငန်းတွေစီမံခန့်ခွဲရန်ဌာနသင်ကြားရေးဌာနတစ်ခုသီးသန့်ဖွဲ့စည်းခဲ့ရပါတယ်။

​"ဒါကဘယ်တော့မှအရင်လိုပြန်ဖြစ်လာမှာ မဟုတ်တော့ပါဘူး၊ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားပြီ၊ ဒီဒေသလည်း ပြောင်းလဲသွားပြီ။ ဒါကြောင့် ဒီပတ်ဝန်းကျင်အသစ်ထဲမှာ ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိဖို့ လိုအပ်ပါတယ်"
-------------------------

(ဃ) မြန်မာနိုင်ငံအပေါ်စာရေးသူလိုလားချက်

အထက်ပါချက်စုံပြမှုကိုကြည့်မယ်ဆိုရင်ပထဝီနိုင်ငံရေးဟာကမ္ဘာ့ရဲ့ရေပန်းအစားဆုံး trend ပြန်ဖြစ်လာတာငြင်းမရပါဘူး။

တင်းမာမှုညွှန်းကိန်းမြင့်လာတဲ့အခါ ပဋိပက္ခအဖြေရှာရေးသင်ရိုးတွေရေပန်းစားလာတာအဆန်းမဟုတ်ပါဘူး။

ပိုမိုဆန်းသစ်လာတာက high level decision making မှာ AI အသုံးချ monitoring လုပ်လာကြတာပါပဲ။ မိုးလေဝသဖြစ်စဥ်တွေကိုစက်တွေနဲ့ monitoring လုပ်ကြသလို ပထဝီနိုင်ငံရေးဖြစ်တန်စွမ်း 'ပထဝီနိုင်ငံရေးမိုးလေဝသ' တွေကိုလည်း AI ၊ machine learning computing လုပ်နိုင်ရင်မြန်မာဟာ အင်အားကြီးတွေကြားခိုင်ခိုင်မာမာရပ်တည်နိုင်ချေမြင့်မားလာနိုင်ပါတယ်။

ဒီလိုအရေးအရာတွေမှာ မြန်မာနိုင်ငံဟာလည်း ပထဝီနိုင်ငံရေးကမ္ဘာပြုမှုလမ်းသစ် Globalization of Geopolitics trend ကို လိုက်လျှောက်ဖို့သိပ်အရေးကြီးပါတယ်။

Naypyidaw State Academy နဲ့ ရန်ကုန်၊ မန္တလေးတက္ကသိုလ်ကြီးတွေမှာ အရင်ဆုံးဌာနတွေဖွင့်လှစ်သင့်ပါပြီ။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာ ပြည်တွင်းပညာရှင်တွေရှိတယ်၊ အိန္ဒိယနဲ့ တရုတ်ကပညာရှင်တွေဖိတ်ခေါ်သင်မယ်၊ think tank တွေနဲ့ seminar တွေဖတ်ကြားကြမယ်ဆိုရင် မြန်မာနိုင်ငံဟာ နိုးကြားတက်ကြွလာမှာပါ။

ကျွန်တော့်အနေနဲ့လည်း ဆရာသမားတွေဆီကပညာဆည်းပူးသူအ​နေနဲ့ရော၊ အနာဂတ်ကျောင်းသားတွေဆီပညာပို့ချသူအဖြစ်ပါရှိပြီးနိုင်ငံသားကောင်းတစ်ဦးပီသစွာ မြန်မာ့ပထဝီနိုင်ငံရေးပညာလေဟာနယ်ကို ဖြည့်ဆည်းလိုတဲ့ဆန္ဒရှိပါတယ်။

Financial Times (FT) သတင်းစာပါ ဆောင်းပါးကိုကောက်နှုတ်ဖြည့်စွက်ဖော်ပြထားပါတယ်။

၂၀.၅.၂၀၂၆
Geopolitics Admin

မြန်မာနိုင်ငံဟာအချုပ်အခြာအာဏာပိုင်စိုးမှုမှာကြီးမားတဲ့စိန်ခေါ်ချက်ရှိနေပါတယ်။မြန်မာ့နယ်စပ်ဒေသတွေဖြစ်တဲ့ အနောက်ဘက်တံခါးမှ...
19/05/2026

မြန်မာနိုင်ငံဟာအချုပ်အခြာအာဏာပိုင်စိုးမှုမှာကြီးမားတဲ့စိန်ခေါ်ချက်ရှိနေပါတယ်။

မြန်မာ့နယ်စပ်ဒေသတွေဖြစ်တဲ့ အနောက်ဘက်တံခါးမှာ ဘ င်္ဂ လီ အရေးအခင်း၊ မြောက်ဘက်၊အရှေ့မြောက်ဘက်နဲ့​တောင်ဘက်တွေမှာ EAOs လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နယ်စပ်ဖြတ်ကျော်ငွေလိမ်ဂိုဏ်း၊ လူကုန်ကူး၊ ဘိန်းကုန်ကူး ပြဿနာတွေရင်ဆိုင်နေရပါတယ်။

အဲ့ဒီလိုစိန်ခေါ်မှုတွေကို ပထဝီနိုင်ငံရေးရှုထောင့်ကနေအရင်းအမြစ်ရှာကြည့်ဖို့လိုပါတယ်။

ဒီဆောင်းပါးမှာ
၁။ နယ်နိမိတ်တွေအပေါ် ပထဝီနိုင်ငံရေးရဲ့ရှု့ထောင့်၊ နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာနဲ့နယ်စပ်ဒေသရဲ့ကဏ္ဍ၊
၂။ ကမ္ဘာမှာတရားဝင်နိုင်ငံနယ်နိမိတ်တွေဖြစ်ပေါ်လာပုံ၊
၃။ နယ်နိမိတ်အငြင်းပွားမှုကြောင့်ဖြစ်တဲ့စစ်ပွဲကြီးတွေ၊
၄။ အခုလက်ရှိကမ္ဘာပေါ်ကအငြင်းပွားဆဲနယ်နိမိတ်တွေ၊
၅။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေကြားထိစပ်နယ်နိမိတ်နဲ့ နှစ်နိုင်ငံသဘောတူစာချုပ်တွေနဲ့ဖြစ်ပေါ်နေဆဲပြဿနာတွေစတဲ့အချက် ၅ ချက်ကို​လေ့လာပါမယ်။

၁။ နိုင်ငံတွေရဲ့ပုံစံ၊ နယ်နိမိတ်နဲ့အချုပ်အခြာအာဏာ

ပထဝီနိုင်ငံရေးပညာမှာနိုင်ငံတွေရဲ့ပုံစံ shape ဟာ နိုင်ငံအချုပ်အခြာအာဏာနဲ့စည်းလုံးမှုအပေါ်အများကြီးလွှမ်းမိုးပါတယ်။ နယ်စပ်ဒေသကိုကောင်းကောင်းထိန်းသိမ်းထားနိုင်တာဟာ အချုပ်အခြာအာဏာနိုင်နင်းမှုကိုတိုင်းတာတဲ့ အားကောင်းတဲ့ညွှန်းကိန်းပါပဲ။ ဝန်းဝိုင်းတဲ့နိုင်ငံပုံစံ compact ဟာ ဗဟိုကနယ်စပ်ထိအာဏာလွှမ်းမိုးရလွယ်တဲ့အတွက်အကောင်းဆုံးပုံစံပါ။ ရှည်မျောမျောပုံစံနဲ့အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ကျွန်းနိုင်ငံလိုမျိုးဟာ အစိုးရအုပ်ချုပ်ရခက်ခဲပါတယ်။ မြန်မာဟာ ရှည်မျောတဲ့ပုံစံမို့အတိတ်မှာရော အခုထိပါ ဒေသအလိုက်အာဏာပိုင်စိုးမှုအသီးသီးနဲ့ ဗဟိုစုစည်းမှုထက်အစိတ်စိတ်ကွဲနေတာဖြစ်ပါတယ်။

နိုင်ငံရဲ့​နယ်နိမိတ်ဟာ​နိုင်ငံတကာဥပဒေနဲ့ နိုင်ငံရေးရာပထဝီဝင် (Political Geography) အရ အချက် ၄ ချက်ကိုဆုံး​ဖြတ်ပေးပါတယ်။

ပထမအချက်က ​တရားဝင်မှုနဲ့တည်ရှိမှု Legitimacy and Existence ပါ။ကုလသမဂ္ဂအသိအမှတ်ပြုတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တည်ဖို့အတွက် တိကျသေချာတဲ့ နယ်နိမိတ် (Defined Territory) ရှိရပါတယ်။

ဒုတိယအချက်က​တရားစီရင်ပိုင်ခွင့် မျဉ်း (Jurisdictional Line)ပါ။ မိမိနိုင်ငံရဲ့ ဥပဒေ၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာဟာ ဘယ်နေရာအထိ သက်ရောက်တယ်ဆိုတာကို ဒီနယ်နိမိတ်ကပဲ ပိုင်းခြားပေးပါတယ်။

တတိယအချက်က​လုံခြုံရေးနဲ့ကာကွယ်ရေး Security and Defense ပါ။ ပြည်ပကျူးကျော်မှုတွေ၊ တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးဖို့အတွက် အရေးကြီးဆုံး ခံစစ်စည်းဖြစ်ပါတယ်။

စတုတ္ထအချက်က​စီးပွားရေးနဲ့သယံဇာတပိုင်ဆိုင်မှု Resource Ownership ပါ။ နယ်နိမိတ်အတွင်းမှာရှိတဲ့ မြေပေါ်မြေအောက်၊ ရေပြင်၊ လေဟောင်းနဲ့ ကမ်းလွန်ပင်လယ် (EEZ) အတွင်းရှိတဲ့သယံဇာတအားလုံးကို တရားဝင် စီမံခန့်ခွဲပိုင်ခွင့်ရှိပါတယ်။

​အထက်ပါအချက်တွေကြောင့် နယ်စပ်ဒေသအချုပ်အခြာအာဏာ Border Sovereignty၊ ​နယ်စပ်ဒေသထိန်းချုပ်နိုင်ခြင်း Border Control တွေဟာ အချုပ်အခြာအာဏာ အားကောင်းခြင်းရဲ့ ပြယုဂ်ဖြစ်လာပါတယ်။

​၂။ တရားဝင်နိုင်ငံနယ်နိမိတ်တွေ ဖြစ်ပေါ်လာခြင်း
Evolution of International Boundaries

​သမိုင်းတစ်လျှောက်မှာ နိုင်ငံနယ်နိမိတ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။

​သဘာဝအခြေခံနယ်နိမိတ် Natural Boundaries ဟာ မြစ်ချောင်းတွေ (သံလွင်မြစ်၊ မဲခေါင်မြစ်)၊ တောင်တန်းတွေ (ဟိမဝန္တာတောင်တန်း) နဲ့ ပင်လယ်သမုဒ္ဒရာတွေကို အခြေခံပြီးသတ်မှတ်ပါတယ်။

​စာချုပ်စာတမ်းတွေ Treaties and Accords အရလည်း နိုင်ငံအချင်းချင်း သံတမန်ရေးအရ ဆွေးနွေးပြီး စာချုပ်ချုပ်ဆိုသတ်မှတ်ပါတယ်။ ဒီနေ့ခေတ် အချုပ်အခြာအာဏာပိုင် နယ်နိမိတ် သဘောတရားကို ၁၆၄၈ ခုနှစ် ဝက်စ်ဖေးလီးယား ငြိမ်းချမ်းရေးစာချုပ် Treaty of Westphalia က စတင်ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

​ကိုလိုနီခေတ်အမွေအနှစ် Colonial Legacies အရလည်း နယ်ချဲ့အင်အားကြီးနိုင်ငံတွေအုပ်ချုပ်စဉ်ကာလတုန်းက မြေပုံပေါ်မှာမျဉ်းဆွဲသတ်မှတ်ခဲ့ကြပြီး လွတ်လပ်ရေးရပြီးနောက်မှာအဲ့ဒီအတိုင်း ဆက်ခံကြတာဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေအရ Uti possidetis juris လို့ ခေါ်ပါတယ်။

​၃။ နယ်နိမိတ်အငြင်းပွားမှုကြောင့် ဖြစ်ပွားခဲ့တဲ့စစ်ပွဲကြီးများ
Major Boundary Wars

​အီရန်-အီရတ် စစ်ပွဲ (၁၉၈၀-၁၉၈၈)။ ရှတ်အာရပ် Shatt al-Arab ရေလမ်းကြောင်းနယ်နိမိတ်အငြင်းပွားမှုနဲ့ နယ်မြေလုမှုကြောင့် သွေးချောင်းစီးခဲ့ရတဲ့ စစ်ပွဲကြီးဖြစ်ပါတယ်။

​အိန္ဒိယ-တရုတ်စစ်ပွဲ (၁၉၆၂)။ မက်မဟွန်မျဉ်း McMahon Line နယ်နိမိတ် သတ်မှတ်ချက်ကို အငြင်းပွားရာကနေ ဟိမဝန္တာတောင်တန်းဒေသမှာ တိုက်ပွဲကြီးတွေဖြစ်ပွားခဲ့ပါတယ်။

​ဖော့ကလန်စစ်ပွဲ Falklands War - ၁၉၈၂။ အာဂျင်တီးနားနဲ့ ဗြိတိန်တို့ကြား ဖော့ကလန်ကျွန်းစုပိုင်ဆိုင်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ပင်လယ်ရပ်ခြား နယ်နိမိတ်စစ်ပွဲဖြစ်ပါတယ်။

​အီရတ်ကကူဝိတ်ကိုကျူးကျော်ခြင်း ၁၉၉၀။ နယ်စပ်က ရုမိုင်လာ Rumaila ရေနံတွင်းအငြင်းပွားမှုနဲ့ ပိုင်နက်တောင်းဆိုမှုကြောင့် ပင်လယ်ကွေ့စစ်ပွဲ (Gulf War) ဆီ ဦးတည်ခဲ့ပါတယ်။

​၄။ လက်ရှိကမ္ဘာပေါ်မှာ အငြင်းပွားဆဲ နယ်နိမိတ်များ
Current Global Boundary Disputes

​ယူကရိန်းနဲ့ရုရှား Crimea & Donbas။ ၂၀၁၄ ကတည်းက ခရိုင်းမီးယားကို ရုရှားက သိမ်းယူခဲ့ပြီး၊ ၂၀၂၂ ခုနှစ်ကစတင်ကာ လက်ရှိအချိန်အထိ နယ်မြေပိုင်နက်နှင့် အချုပ်အခြာအာဏာအတွက် အကြီးအကျယ် စစ်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

​ကက်ရှ်မီးယားဒေသ Kashmir။ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ရေးမျဉ်း (Line of Control - LoC) သတ်မှတ်ပြီး စစ်ရေးအရ တင်းမာနေဆဲဒေသဖြစ်ပါတယ်။

​တောင်တရုတ်ပင်လယ် South China Sea။ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်ဝမ်တို့ကြား ရေပိုင်နက်နဲ့ ကျွန်းစုများ (Spratly, Paracel Islands) ပိုင်ဆိုင်မှုအတွက် အပြိုင်အဆိုင် ငြင်းပွားနေကြပါတယ်။

​အစ္စရေးနဲ့ပါလက်စတိုင်း Gaza & West Bank။ ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲနောက်ပိုင်း ကမ္ဘာ့အရှုပ်ထွေးဆုံး စစ်မီးတောက်နေဆဲ နယ်နိမိတ် ပြဿနာတစ်ခု ဖြစ်ပါတယ်။

​၅။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံများကြား ထိစပ်နယ်နိမိတ်နဲ့စာချုပ်များ

​မြန်မာနိုင်ငံဟာ အိမ်နီးချင်း ၅ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး စုစုပေါင်း ကုန်းတွင်းနယ်နိမိတ် မိုင်ပေါင်း ၃,၈၀၀ ကျော် ရှိပါတယ်။

တရုတ်နိုင်ငံနဲ့ ၁,၃၇၀ မိုင်ခန့်ထိစပ်ပါတယ်။ ၁၉၆၀ ပြည့်နှစ် မြန်မာ-တရုတ် နယ်နိမိတ်စာချုပ်ချုပ်ထားနိုင်ပါတယ်။ မြန်မာ့သမိုင်းမှာ အအောင်မြင်ဆုံးနဲ့ အငြင်းပွားမှုကင်းစင်ဆုံးစာချုပ်တစ်ခု ဖြစ်ပါတယ်။

ထိုင်းနိုင်ငံနဲ့ ၁,၃၁၄ မိုင်ခန့်ထိစပ်နေပါတယ်။ ၁၈၉၄ ဗြိတိသျှ-ယိုးဒယား အင်္ဂလိပ်စာချုပ်ကို အခြေခံပါတယ်။ မြစ်ကြောင်းပြောင်းလဲမှုတွေကြောင့် အသေးစိတ် ပြန်လည်တိုင်းတာဖို့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံနဲ့ ၉၁၂ မိုင်ခန့်ထိစပ်နေပါတယ်။ ၁၉၆၇ ခုနှစ် မြန်မာ-အိန္ဒိယ နယ်နိမိတ်စာချုပ်အရ တိုင်းတာပြီးစီးပေမဲ့တချို့နေရာတွေမှာ ကန့်ကွက်မှုတွေ ရှိနေဆဲပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ ၁၆၈ မိုင်ခန့်ထိစပ်နေပြီး ၁၉၆၆ ခုနှစ် (အရှေ့ပါကစ္စတန်ခေတ်) နတ်မြစ် နယ်နိမိတ်စာချုပ်နဲ့ နောက်ပိုင်းချုပ်ဆိုတဲ့ ကုန်းတွင်း/ရေပြင် နယ်နိမိတ်စာချုပ်တွေရှိပါတယ်။

လာအိုနိုင်ငံနဲ့ ၁၄၈ မိုင်ခန့်ထိစပ်နေပါတယ်။ ၁၉၉၃ ခုနှစ် မြန်မာ-လာအို မဲခေါင်မြစ် နယ်နိမိတ်သတ်မှတ်ရေးစာချုပ်ရှိပါတယ်။

ဖြစ်ပွားခဲ့/ဖြစ်ပွားဆဲ နယ်နိမိတ်ပြဿနာများ

​မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းအချို့နဲ့ နယ်နိမိတ်အငြင်းပွားမှု သမိုင်းကြောင်းနဲ့ စိန်ခေါ်မှုအချို့ရှိခဲ့ပါတယ်။

​မြန်မာ-တရုတ်

၁၉၆၀ မတိုင်ခင်က ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ဒေသတွေနဲ့ ဝနယ်မြေအတွင်း အငြင်းပွားမှုတွေရှိခဲ့ပေမဲ့ ၁၉၆၀ ခုနှစ် စာချုပ်အရ အပြန်အလှန်နယ်မြေလဲလှယ်မှုပြုလုပ်ပြီး အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပါတယ်။

​မြန်မာ-ထိုင်း

​ရနောင်းနဲ့ကော့သောင်းကြားမှာရှိတဲ့ ကျွန်းတွေပိုင်ဆိုင်မှု အငြင်းပွားခဲ့ဖူးပါတယ်။ ​သောင်ရင်းမြစ်နဲ့ မယ်ဆိုင်းမြစ်တွေမှာ ရေစီးကြောင်းပြောင်းလဲမှုကြောင့် နယ်နိမိတ်မပြတ်သားမှုတွေ ရှိနေသလို၊ ကုန်းတွင်းနယ်နိမိတ်ကျောက်တိုင်အချို့ ပျောက်ဆုံး/ရွှေ့ပြောင်းမှုများကြောင့် နယ်စပ်တိုက်ပွဲငယ် (၂၀၀၁ ခုနှစ် အမှတ် ၉၆၃ ကုန်းမြင့်တိုက်ပွဲ) ဖြစ်ပွားခဲ့ဖူးပါတယ်။

​မြန်မာ-ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားပင်လယ်အော်အတွင်းမှာရှိတဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးအငြင်းပွားခဲ့တာ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာ ပင်လယ်ရေကြောင်းဥပဒေခုံရုံး (ITLOS) ရဲ့ ဆုံးဖြတ်ချက်နဲ့ နယ်နိမိတ်မျဉ်းကို အပြီးသတ် သတ်မှတ်နိုင်ခဲ့ပါတယ်။

​မြန်မာ-အိန္ဒိယ

နယ်နိမိတ်မျဉ်းအတိအကျရှိပေမဲ့ မဏိပူရ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တဲ့ကိစ္စမှာ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေရှိနေတာအပြင် နယ်စပ်မျဉ်းကို အခြေခံပြီး နှစ်ဖက်လုံးမှာ ခိုလှုံနေတဲ့ လက်နက်ကိုင် သောင်းကျန်းသူပြဿနာက လုံခြုံရေးစိန်ခေါ်မှုကြီးမားနေဆဲ ဖြစ်ပါတယ်။

ဒါတွေကိုကြည့်ရင် ​နိုင်ငံတစ်နိုင်ငံရဲ့နယ်နိမိတ်ဆိုတာ မြေပုံပေါ်က မျဉ်းတစ်ကြောင်းကိုသာကိုယ်စားပြုရုံမကဘဲ အမျိုးသားလုံခြုံရေး၊ စီးပွားရေးနဲ့ အချုပ်အခြာအာဏာတို့ ဆုံစည်းတဲ့ အရေးအကြီးဆုံး ကာကွယ်ရေးဗဟိုချက် Hub ဖြစ်တာကြောင့် စနစ်တကျ ထိန်းသိမ်းဖို့လိုအပ်လှကြောင်းပါခင်ဗျာ။

၁၉-၅-၂၀၂၆
Geopolitics Admin

Address

Yangon

Telephone

+959782763181

Website

Alerts

Be the first to know and let us send you an email when Geopolitics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share