Si Thu Moe Yan Hein

Si Thu Moe Yan Hein အသိ​ပေးမှုများ သိသူနားလည်​သူများသို

11/08/2017

**​ပြော​ပြော...ဒါ​ပေမဲ့လက်​လွှတ်​စပယ်​မ​ပြောနဲ့ မာန​လေး​တော့ထည့်​​ပြောမှန်​ကန်​နဲ့အတူ...
**လုပ်​လုပ်​ ..ဒါ​ပေမဲ့ ကြုံရာမလုပ်​နဲ့ မာန​လေး​တော့ထည့်​လုပ်​ မှန်​ကန်​​သောကြိုးစားရိုးသားမှုနဲ့အတူ...

ပြောချင်​တာက မင်းဘာပဲလုပ်​လုပ်​ မင်းဘာပဲ​ပြော​ပြော
အဓိကမင်းရဲ့မာန​လေး​တော့ရှိ၊ မာန်​​လေး​တော့ရှိပါ​စေ။ မာန ဆိုတာက ထားသင့်​ ရှိသင့်​တဲ့ မာန ပါ၊ အင်​မတန်​​မောက်​မာ ခက်​ထန်​လွန်းတဲ့ မာနမဟုတ်​တာကို​တော့သတိ​လေး​တော့ထားပြီးလုပ်​ ပါ။
လူတစ်​​ယောက်​မှာ ရှိသင့်​ရှိထိုက်​တဲ့ မာနမရှိဘူးဆိုရင်​ မင်းရဲ့ဘဝဟာ သုည ဘဝသို့ထိုးဆင်းသွားလိမ့်​မယ်​...​နောက်​ပြီးအရမ်းကြီးမာန ရှိလွန်းလျှင်​လည်း မင်းရဲ့ဘဝဟာ အသုံးသိပ်​မတည့်​တဲ့ အနုတ်​ဂဏန်းသဖွယ်​ ဖြစ်​သွားလိမ့်​မယ်​ ...
နောက်​ဆုံးအ​နေနဲ့ရှိပါ ၊ ထားပါ၊ ရှိသင့်​ရှိထိုက်​တဲ့ မာန ​လေး​တော့ ...ခက်​ထန်​လွန်းတဲ့မာန​လေး​တော့မထားမိပါ​စေနဲ့....
.....Moe Yan....

06/08/2017

``လူ့စွမ်းရည်​သုံမျိုး```.............................
၁။ ကျိုး​ကြောင်းဆင်​ခြင်​တတ်​၍ဥာဏ်​ပညာကြ်ီးခြင်း
၂။ကိုယ်​ကျင့်​တရားရှိခြင်း
၃။အလှအပကို ခံစားဖန်​တီးတတ်​ခြင်း ပင်​။

လူတစ်​​ယောက်​တွင်​ ထိုစွမ်းရည်​သုံးမျိုး ပြည့်​​မြောက်​လာ​စေရန်

၁။ ကျိုး​ကြောင်းဆင်​ခြင်​တတ်​လာဖို့ရန်​ စာများများဖတ်​ရပါမယ်​။ စာဖတ်​၍ ဗဟုသုတများလာပြီး အ​ကြောင်းရပ်​တစ်​ခု ကြုံ​တွေ့လာသည့်​အခက်​အခဲကို ဆုံးဖြတ်​သည့်​အခါ မှန်​မှန်​ကန်​ကန်​ ဆုံးဖြတ်​နိုင်​​ပေမည်​။သို့​သော်​ လူတစ်​​ယောက်​တွင်​ ကျိုး​ကြောင်းဆင်​ခြင်​ဥာဏ်​ရှိရုံနှင့်​ ချီးကျူးစရာမဟုတ်​​ပေဘူး....
၂။အဲ့ဒီကျိုး​ကြောင်းဆင်​ခြင်​ဥာဏ်​ ​ဘေးကကိုယ်​ကျင့်​တရားမပါပါက ဓားရိုးမပါတဲ့ ဓားသွားနဲ့တူပြီး ကိုင်​ထားတဲ့လူကိုပင်​ အန္တရာယ်​ပြု​စေတတ်​ပါသည်​။ ကိုယ်​ကျင့်​တရား​လေး ​ကောင်းပါမှ ​လောကအကျိုး​ဆောင်​နိုင်​​ပေမည်​။ထိုသို့ကိုယ်​ကျင့်​တရား​ကောင်းခွင့်​ဟူသည်​ တိရစ္ဆာန်​မှာမရှိ၊လူမှာသာရှိ​လေသည်​။ ဤအချက်​မှာ တိရစ္ဆာန်​နှင့်​လူ ကွာခြား​သောအချက်​ပင်​။ ဤသို့ကွာခြားခြင်း သိသာ​စေရန်​ ကျိုး​ကြောင်းဆင်​ခြင်​တတ်​ရုံမက ကိုယ်​ကျင့်​တရား​ကောင်း​အောင်​လည်းကျင့်​ရ​ပေမည်​။
၃။အလှအပကို ခံစားဖန်​တီးတတ်​ခြင်းဟူသည်​ သူတစ်​ပါး ဖန်​တီးတည်​​ဆောက်​ထားသည့်​ အလှအပကို ကြည့်​မြင်​တတ်​သည့်​ အရည်​အချင်းရှိပြီး ကိုယ်​တိုင်​လည်း ဖန်​တီးနိုင်​သည်​အထိ အရည်​အချင်းရှိရ​ပေမည်​။အလှအပကို ခံစားတတ်​လာပြီးဆိုလျှင်​ အရာရာကိုအ​ကောင်းမြင်​လာပြီး တန်​ဖိုးထားတတ်​သည့်​ စိတ်​သ​ဘောထား​လေး ကိန်း​အောင်​လာ​ပေမည်​။တန်​ဖိုးထားတတ်​ပါမှသာ တန်​ဖိုးရှိတဲ့သူ ၊အရာ​တွေကိုမဆုံးရှုံး နိုင်​​ပေမည်​။

ယ​နေ့လူငယ်​များသည်​ထိုစွမ်းရည်​သုံးမျိုးကိုပိုင်​ဆိုင်​ထားပြီးလား ၊ မပိုင်​ဆိုင်​​သေးရင်​ ရှိလာ​အောင်​ကြိုးစားရ​ပေမယ်​ သို့မှသာ သူများထဲကသူများထက်​သာ​တဲ့ လူသားတစ်​​ယောက်​ဖြစ်​လာ​ပေမည်​။ဒါမှသာ အနာဂတ်​မြန်​မာနိုင်​ငံ​တော်​ကြီးအတွက်​ စိတ်​ချနိုင်​​ပေမည်​။
.....Si Thu Moe Yan Hein....

06/08/2017

မလိုအပ်​ဘဲ အချိန်​မကုန်​​စေဖို့ရည်​ရွယ်​၍.......................................................................
ခင်များ ​တစ်​ခုခုလုပ်​ဖို့​တွေ​ဝေ​နေသ​လား...
တွေ​ဝေမ​​နေပါနဲ့. လက်​​တောင်​မှနှစ်​ဖက်​ရှိတာပဲ
ရှိတဲ့လက်​နှစ်​ဖက်​​တောင်​ခင်​များသန်​တဲ့ဘက်​နဲ့ပဲ
အမြဲဦးစား​ပေး လုပ်​​နေတာပဲ ဒါ​ကြောင့်​ ​တွေ​ဝေမ​နေဘဲ
ခင်​များသန်​ရာ ကျွမ်းကျင်​ရာ အလုပ်​တစ်​ခုပဲ ​ရွေးပြီးလုပ်​လိုက်​ကြ........ကဲ ခုပဲစတင်​လိုက်​​တော့ ကိုယ်​သန်​ရာအလုပ်​ကို ​ရွေးပြီး
လုပ်​လိုက်​​ပေ​တော့...............Si Thu Moe Yan Hein....

04/08/2017

ပြောချင်​လွန်းလို့...............................
ကျွန်​​တော်​တို့အပါအဝင်​ယ​​​နေ့ခေတ်​လူငယ်​အများစု ​အောင်​မြင်​မှုမရရှိကြပဲ သူတို့၏ဘဝတက်​လမ်းပိတ်​ဆို့​နေကြသည့်​အ​ကြောင်းမှာ `ဖြား​ယောင်းမှု´ ကိုတွန်းလှန်​​နိုင်​​သော ကိုယ်​ခံစွမ်းအားမရှိကြခြင်းပင်​ဖြစ်​သည်​။.......
ဤတွင်​ဖြား​ယောင်းမှုကိုရှင်းချင်​ရဲ့.......စိတ်​ကစားမှု၏ဖြား​ယောင်းမှု ..အ​ရေးကြီးဆုံးပင်​၊၊ ဆယ်​​ကျောင်​သက်​ဖြစ်​လာသည်​နှင့်​စိတ်​ကစားလာတတ်​ကြသည်​မှာလူငယ်​သဘာဝပင်​။ သို့​သော်​ ကို့ယ့်​ဘဝအတွက်​ တက်​လမ်းရှာ​နေသမျှအ​တောအတွင်း ဤကိစ္စများကို ​မေ့ထားရမည်​ပင်​။ ​နောက်​ဖြား​ယောင်းမှုကား...သုံးတတ်​လျှင်​​ဆေး..မသုံးတတ်​လျှင်​ ဒုက္ခ​ရောက်​​နိုင်​သည့်​ အလွန်​အသုံးတွင်​ကျယ်​​နေသည့်​ fbသို့မဟုတ်​ အင်​တာနက်​ပင်​ဖြစ်​သည်​။ ဤအရာသည်​ မှန်​ကန်​စွာအသုံးချလျှင်​ လုံးဝအသုံးတည့်​​သောအရာပင်​ သို့​ပေမဲ့ ယ​နေ့​ခေတ်​လူငယ်​အ​တော်​များများပင်​ fbတွင်​ တစ်​ဦးနှင့်​တစ်​ဦး chatခြင်းဖြင့်​သာ အချိန်​ဖြုန်း​နေကြသည်​။ အချိန်​သည်​အသက်​ အချိန်​သည်​ဘဝ အချိန်​သည်​​အောင်​မြင်​မှုဆိုတာကြီးကို ​ သူတို့ခင်​များ ​မေ့​နေကြသည်​။ ဤသို့အသုံးတွင်​ကျယ်​ပြီး သူတို့ခင်​များအတွက်​အသုံးမတည့်​ဖြစ်​​နေသည်​မှာရင်​နာစရာပင်​။ ဤသို့ဖြား​ယောင်းမှုအား လူကြီးမိဘများအ​နေနှင့်​ ​သေချာဂရုတစိုက်​ပြုပြင်​​ပေးကြရန်​​တောင်းဆိုအပ်​ပါသည်​။. ယ​နေ့လူငယ်​များသည်​ ​​နှောင်တချိန်​ လူကြီးများဖြစ်လာပြီး တိုင်းပြည်​ကိုပုခုံး​ပြောင်​တာဝန်​ယူရမဲ့သူ​တွေဖြစ်​ကြခြင်းသာပင်​၊ လူငယ်​ဘဝတွင်​မှ ​ဘောင်​ဘင်​မခတ်​​သော​ရေအိုးသဖွယ်​မဖြစ်​မှ​သာ အခြားတိုင်းပြည်​နှင့်​ရင်​​ဘောင်​တန်းရန်​ အဆင်​အသင့်​ဖြစ်​​ပေကြမည်​ဖြစ်​သည်​။ ထို့​ကြောင့်​ လူငယ်​များအ​နေနှင့်​ ဤသို့​သောဖြား​ယောင်းမှုများ​နောက်​သို့ မလိုက်​ကြဘဲ ဘဝတိုးတက်​ရာတိုးတက်​​ကြောင်းအတွက်​ ကြံစည်​​တွေး​တောကြပါရန်​ ဆန္ဒပြုလျက်​.........
.......Si Thu Moe Yan Hein.....
🚬ဆက်​ရန်​🚬

04/08/2017

...ဪ...လူ့သဘာဝပါကွား...................................................
.ကိုယ့်​စိတ်​ကြိုက်​​ရွေးချယ်​ဝယ်​ယူခဲ့တဲ့ပန်းသီးမှာ​တောင်​အပြစ်​အနာအဆာရှိ​သေးတာပဲ။လူ​တွေ​ကပန်းသီးရဲ့အပြစ်​​အနာအဆာကို​တော့ လှီးဖယ်​ပြီး ​ကောင်းတာ​လေး​တွေ​ရွေးစားကြတယ်​။ သူငယ်​ချင်း​တွေ၊ မိတ်​​ဆွေ​တွေ ၊ အ​ပေါင်းအသင်း​တွေ၊ အိမ်​​ထောင်​ဖက်​ ​တွေကိုကြ​တော့ပန်းသီးတစ်​လုံး​လောက်​​တောင်​ တန်​ဖိုးမထားကြဘူး..၊ တန်​ဖိုးမထားမိဘူး..​နော်​ အပြစ်​​တွေ့ရင်​ခွင့်​မလွှတ်​ဘဲ မုန်းပစ်​လိုက်​ကြတယ်​တယ်​....​ဪ လူ​တွေ..လူ​တွေ...သိပ်​ရက်​စက်​ကြတယ်​..😭😭
.... Si Thu Moe Yan Hein...
🚬​ရှေ့ဆက်​ရန်​🚬

04/08/2017

ကျွန်​​တော့်​ခံယူချက်​တချို့............................................

ကျွန်​​တော်​လည်းခင်​များတို့လိုလူတစ်​​ယောက်​ပဲ​လေး
ဒါ​ပေမဲ့အရာရာအတွက်​ခံယူချက်​သာအဓိကလို့ယုံကြည်​ထားသူ...
ကျွန်​​တော်​လည်းခင်​များတို့လို့လူတစ်​​ယောက်​ပဲ​လေး
ဒါ​ပေမဲ့အရှုံးကိုအရှုံးလို့မမြင်​ဘဲ​အောင်​မြင်​ဖို့​လှေကားထစ်​တစ်​ထစ်​တည်​​ဆောက်​လိုက်​ပြီဟုခံယူထားသူ...
ကျွန်​​တော်​လည်းခင်​များတို့လိုလူတစ်​​ယောက်​ပဲ​လေး
ဒါ​ပေမဲ့မဖြစ်​နိုင်​တာ​တွေကိုများများစိတ်​ကူးပြီးတကယ့်​လက်​​တွေ့နှင့်​ယှဉ်​ကာအ​ကောင်​အထည်​​ဖေါ်ဖို့တည်​​ဆောက်​ရန်​ကြိုးစား​နေသူ
ကျွန်​​တော်​လည်းခင်​များတို့လိုလူတစ်​​ယောက်​ပဲ​လေး...
ဒါ​ပေမဲ့အချိန်​ကသာမျှတ​သောတရားသူကြီးဖြစ်​​ကြောင်းသိနားလည်​ထားသူ
ကျွန်​​တော်​လည်းခင်​များတို့လိုလူတစ်​​ယောက်​ပဲ​လေး...
ဒါ​ပေမဲ့အိ​ပ်​မက်​​တွေကိုအ​ကောင်အထည်​​ဖေါ်ဖို့အလျင်​လိုမ​နေဘဲကြီးကျယ်​ခမ်းနားတဲ့လက်​ရှိပတ်​ဝန်းကျင်ကိုလျစ်​လျူမရှုဘဲအနာဂတ်​အတွက်​ပျာယာခတ်​မ​နေတတ်​သူ..
ကျွန်​​တော်​လည်းခင်​များတို့လိုလူတစ်​​ယောက်​ပဲ​လေး..
ဒါ​ပေမဲ့ဘဝအတွက်​ဘာလုပ်​ရမယ်​ဆိုတာ​တွေ​ဝေမ​နေဘဲအ​ကောင်းဆုံးဖြစ်မည့်​​​ကုလားထိုင်​တစ်​လုံးကိုသာ​ရွေးချယ်​ထားသူ....
ကျွန်​​တော်​လည်းခင်​များတို့လိုလူတစ်​​ယောက်​ပဲ​လေး...
ဒါ​ပေမဲ့မနက်​ဖြန်​​လောက်​ဆိုငါအသက်​မရှင်​နိုင်​​လောက်​ဘူးဟူ​သောအ​တွေးဖြင့်​အိပ်​မက်​ကို​အ​ကောင်​အထည်​​ဖော်​​နေသူ....
....Si Thu Moe Yan Hein....
🚬​ရှေ့ဆက်​ရန်​🚬

Address

Yangon University Of Education(Y. Utca O. E)
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Si Thu Moe Yan Hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category