U.S. Embassy Rangoon

U.S. Embassy Rangoon Welcome to the official page of the United States Embassy in Burma! Terms of Use: state.gov/tou Welcome to the official page of the U.S.

Embassy in Rangoon, Burma.

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အမေရိကန်နိုင်ငံသား မင်းဇင်အား မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် တရားဝင် သတ်မှတ်...
21/08/2026

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အမေရိကန်နိုင်ငံသား မင်းဇင်အား မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ပါသည်။ ဘေဂျင်းအစိုးရအနေဖြင့် တရုတ်နိုင်ငံတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော သို့မဟုတ် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံထားရသော အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တိုက်တွန်းအပ်ပါသည်။

အမေရိကန်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဓိကဦးစားပေးကိစ္စရပ် ဖြစ်ပါသည်။

Secretary Rubio has formally designated U.S. citizen Min Zin as wrongfully detained. We call on Beijing to release all U.S. citizens arbitrarily detained or exit banned in China.

The safety and security of U.S. citizens is the State Department's top priority.

https://tinyurl.com/MINZINmedianote

အမေရိကန် တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး စားသောက်ကုန်များကို ထုတ်လုပ်ကြပ...
19/08/2026

အမေရိကန် တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး စားသောက်ကုန်များကို ထုတ်လုပ်ကြပြီး၊ အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးရေးပို့ကုန်များသည် အာရှ-ပစိဖိတ်ဒေသ၏ စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူပြုလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ အဖွဲ့ဝင်နိုင်ငံများသို့ စိုက်ပျိုးရေးထွက်ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၆ ဘလီယံကျော် တင်ပို့ခဲ့ရာ ၎င်းမှာ ကမ္ဘာတစ်ဝန်းသို့ တင်ပို့သည့် အမေရိကန်၏ စိုက်ပျိုးရေးပို့ကုန် စုစုပေါင်း၏ ၇၂ ရာခိုင်နှုန်း ရှိပါသည်။ အမေရိကန် စိုက်ပျိုးရေးပို့ကုန်တင်ပို့သည့် ထိပ်ဆုံးနေရာ ၁၀ ခုအနက် ၈ ခုမှာ APEC အဖွဲ့ဝင်နိုင်ငံများပင် ဖြစ်ပါသည်။

အမေရိကန်၏ နည်းပညာနှင့် ကျွမ်းကျင်မှုများသည် APEC အဖွဲ့ဝင်နိုင်ငံများအား စားသောက်ကုန်များကို ပိုမိုထိရောက်စွာ ထုတ်လုပ်နိုင်ရန်၊ စားသောက်ကုန်ဘေးကင်းလုံခြုံမှုကို ပိုမိုကောင်းမွန်စေရန်၊ သီးနှံပြောင်းလဲမှုများကို ကြိုတင်ခန့်မှန်းနိုင်ရန်နှင့် တိရစ္ဆာန်ရောဂါများကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်ရန် ကူညီပေးလျက်ရှိပါသည်။

American farmers and ranchers produce the best food in the world, and U.S. agricultural exports sustain food security in the Asia-Pacific.

In 2024, the United States exported more than $126 billion in agricultural products to APEC economies—72 percent of total U.S. agricultural exports to the world. Eight of the top 10 U.S. agricultural export destinations are APEC economies.

U.S. technology and expertise help APEC economies grow more food efficiently, keep food safer, predict crop changes, and better understand animal diseases.

15/08/2026

အာရှ-ပစိဖိတ်ဒေသတွင် စီးပွားရေးမူဝါဒများ ရေးဆွဲရန်၊ အမေရိကန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် အမေရိကန်၏ စီးပွားရေးဦးဆောင်မှုစွမ်းရည်ကို ပြသရန်အတွက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) သည် အမေရိကန်ပြည်ထောင်စုအတွက် အဓိကကျသောစင်မြင့်တစ်ခု ဖြစ်ပါသည်။

APEC မှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသည် တရားမျှတပြီး အပြန်အလှန် အကျိုးရှိသော ကုန်သွယ်မှုကို မြှင့်တင်ပေးခြင်း၊ အမေရိကန်၏ ပို့ကုန်များနှင့် APEC နိုင်ငံများ၏စီးပွားရေးလုပ်ငန်းများမှ အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် လုပ်ငန်းလည်ပတ်မှုအဆင်ပြေစေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းနှင့် ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကို ဖော်ဆောင်ပေးလျက် ရှိပါသည်။ အမေရိကန်၏ ဦးဆောင်မှုသည် ပို့ကုန်များ၊ အလုပ်အကိုင် ဖန်တီးပေးမှုများ၊ နည်းပညာနှင့် AI ဖွံ့ဖြိုးတိုးတက်မှုများ၊ စွမ်းအင်လုံခြုံရေးနှင့် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှုတို့မှတစ်ဆင့် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါသည်။

မိမိတို့သည် လက်တွေ့ကျသော ရလဒ်များ၊ ဆန်းသစ်တီထွင်မှုနှင့် စံနှုန်းမြင့်မားမှုများကို ဦးစားပေးလုပ်ဆောင်နေပြီး APEC အနေဖြင့် စစ်မှန်သော တိုးတက်မှုဆီသို့ ဦးတည်သွားနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။

APEC is the premier platform for the United States to shape economic policies in the Asia-Pacific region, bolster U.S. competitiveness, and demonstrate American economic leadership.

Through APEC, the United States promotes fair and reciprocal trade, a business-friendly environment for American exports and inbound investment from APEC economies, and trusted digital infrastructure. U.S. leadership delivers tangible benefits through exports, job creation, technology and AI advancement, energy security, and food safety.

We prioritize practical results, innovation, and high standards—and work to ensure that APEC leads to real progress.

မိုးရာသီကာလအတွင်း ရန်ကုန်မြို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု သတင်းများ မြင့်တက်လာသည်နှင့်အမျှ ယခုကာလသည် သင်နှင့် သ...
14/08/2026

မိုးရာသီကာလအတွင်း ရန်ကုန်မြို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု သတင်းများ မြင့်တက်လာသည်နှင့်အမျှ ယခုကာလသည် သင်နှင့် သင့်မိသားစုကို ကာကွယ်ရန်အတွက် ရိုးရှင်းသော အစီအမံများကို စတင်လုပ်ဆောင်ရန် အချိန်ကောင်းဖြစ်ပါသည်။ ဤရိုးရှင်းသော ကြိုတင်ကာကွယ်မှုများသည် ရောဂါဖြစ်နိုင်ခြေကို လျှော့ချရန်နှင့် သင်နှင့် သင့်မိသားစုကို ကျန်းမာစွာ ရှိနေစေရန် အထောက်အကူပြုနိုင်ပါသည်။

With increased reports of diarrhea illness in Yangon during the rainy season, now is a good time to take simple steps to protect yourself and your family. These simple precautions can help reduce the risk of illness and keep you and your family healthy.

ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုပါသ...
07/08/2026

ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုပါသည်။

ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုံမှန်ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက် အစပြုမှုတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးထံ ပိုမိုကျယ်ပြန့်စွာ ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးအတွက်လည်း လမ်းဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် မိမိတို့ ဆက်လက်တောင်းဆိုပါသည်။ ထို့အပြင် သူမအနေဖြင့် လိုအပ်သော ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများ ရရှိနိုင်ရေးနှင့် မိသားစုဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သွားရောက်တွေ့ဆုံခွင့်များ ရရှိနိုင်ရေးကို အာဏာပိုင်များက အာမခံပေးရန် တိုက်တွန်းပါသည်။

မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို လွှတ်ပေးရန်လည်း မိမိတို့ တောင်းဆိုပါသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် စစ်တပ်အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းပါသည်။

The United States welcomes the International Committee of the Red Cross visit to Aung San Suu Kyi. We hope this visit marks the beginning of regular humanitarian access to Aung San Suu Kyi and serves as a pathway to greater access to all political prisoners. We continue to call for her immediate and unconditional release and urge authorities to guarantee her access to medical care and visits. We call for the release of all those unjustly detained and the military to engage in dialogue with all groups to end the conflict in Burma.

🎵 ဂီတသည် နယ်နိမိတ်များကို ကျော်လွန်၍ မိမိတို့ကို ချိတ်ဆက်ပေးပါသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် သံရုံး၏အကြီးအကဲ ဒေါက်ဂ်ဆောန်...
03/08/2026

🎵 ဂီတသည် နယ်နိမိတ်များကို ကျော်လွန်၍ မိမိတို့ကို ချိတ်ဆက်ပေးပါသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် သံရုံး၏အကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်သည် ကမ္ဘာကျော် အမေရိကန် စန္ဒယားပညာရှင် ကင်မ်ဘဲလ်ဂါလဂါ နှင့် မြန်မာဂီတပွဲတော်ကိုရည်ရွယ်ပြီး လူအများကို စုစည်းမိစေသည့် ဂီတ၏စွမ်းပကားကို ဂုဏ်ပြုသည့် အထူးညတစ်ညဖြင့် ဧည့်ခံကြိုဆိုခဲ့ပါသည်။

၂၀၁၄ ကတည်းက မြန်မာနိုင်ငံဂီတပွဲတော်သည် ဖျော်ဖြေပွဲများ၊ ဂီတပညာပေးရေးနှင့် လူငယ်ဂီတပညာရှင်များအတွက် သင်ယူရန်၊ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဖန်တီးရန်အခွင့်အလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ လူပေါင်း ၂၁,၀၀၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပြီး၊ ပြည်သူများအချင်းချင်းဆက်ဆံရေးကို အားကောင်းစေကာ အမေရိကန်နှင့် မြန်မာပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေသည့် ယဉ်ကျေးမှုနှီးနှောဖလှယ်ရေး အစီအစဉ်များကို ပံ့ပိုးကူညီရသည့်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

🎵 Music connects us across borders! Last week, CDA a.i. Doug Sonnek welcomed internationally acclaimed American pianist Kimball Gallagher and the Myanmar Music Festival fora special evening celebrating the power of music to bring people together.

Since 2014, the Myanmar Music Festival has more than 21,000 people, across Myanmar through performances, music education, and opportunities for young musicians to learn, collaborate, and create. The United States is proud to support cultural exchange programs that foster creativity, strengthen people-to-people ties, and deepen the friendship between the American and Burmese people.

💬 “အသိသတိရှိမှုကသာ အကောင်းဆုံး ကာကွယ်တားဆီးမှု ဖြစ်ပါတယ်” – ယာယီသံရုံးဒုတိယအကြီးအကဲ လင်းဒ်ဘာ့ဂ် Lives Behind Scam အစီအစဉ...
31/07/2026

💬 “အသိသတိရှိမှုကသာ အကောင်းဆုံး ကာကွယ်တားဆီးမှု ဖြစ်ပါတယ်” – ယာယီသံရုံးဒုတိယအကြီးအကဲ လင်းဒ်ဘာ့ဂ်

Lives Behind Scam အစီအစဉ်မိတ်ဆက်ပွဲသို့ တက်ရောက်အားပေးခဲ့ကြသည့် သံတမန်အသိုက်အဝန်းမှ အရှာရှိကြီးများ၊ မိမိတို့၏ မိတ်ဖက်များနှင့် သက်ဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်ကြသူများ၊ အထူးသဖြင့် အမေရိကန်စင်တာ ရန်ကုန်မှ လူငယ်ခေါင်းဆောင်များအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

လူငယ်များသည် (အွန်လိုင်းလိမ်ညာမှုများအား) ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တွင် အဓိကကျသည့် မိတ်ဖက်များဖြစ်ပါသည်။ မှန်ကန်သည့် သတင်းအချက်အလက်များကို သူငယ်ချင်းတစ်ယောက်ထံသို့ အချိန်မီ မျှဝေပေးခြင်းသည် တစ်စုံတစ်ဦးအား ဆိုးရွားသည့် သားကောင်အဖြစ်သို့ မရောက်ရှိစေရန် အကာအကွယ် ပေးနိုင်မည် ဖြစ်သည်။

🎥 ဆွေးနွေးပွဲကို လက်လွတ်သွားခဲ့ပါက ကျွမ်းကျင်သူများ ပါဝင်သည့် အပြည့်အစုံ ဆွေးနွေးမှုကို အောက်ဖော်ပြပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည် 👇
https://www.facebook.com/usembassy.rangoon/videos/1256420757556825

💬 “Awareness is prevention.” – Acting Deputy Chief of Mission Lindberg

Thank you to members of the diplomatic community, our partners, stakeholders, and especially young leaders of the American Center Yangon for joining us to launch the “Lives Behind Scam” campaign!

Young people are vital partners in prevention. Sharing accurate information with a friend at the right time could prevent someone from becoming a victim.

🎥 Missed the discussion? Watch the full expert panel here! 👇
https://www.facebook.com/usembassy.rangoon/videos/1256420757556825

30/07/2026

နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ ဆွေးနွေးပွဲ
ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်သံရုံး ရန်ကုန်နှင့် IOM Myanmar တို့ ပူးပေါင်း၍ “Lives Behind Scam” ကမ်ပိန်းကို မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ အမေရိကန်စင်တာ ရန်ကုန်မှ တိုက်ရိုက်ထုတ်လွှင့်သည့် ယခုဆွေးနွေးပွဲတွင် အောက်ပါအကြောင်းအရာများကို ကျွမ်းကျင်သူများက ဆွေးနွေးသွားမည်ဖြစ်ပါသည်-
🔹 လှည့်ဖြားစည်းရုံးသည့် နည်းလမ်းများကို တုံ့ပြန်ရန် နည်းဗျူဟာများ
🔹 ပြစ်မှုကျူးလွန်ရန် အတင်းအကျပ် ခိုင်းစေခံရသည့် လူကုန်ကူးခံရမှု၏ ကြီးထွားလာနေသော ခြိမ်းခြောက်မှုများ
🔹 ဒုစရိုက်ကွန်ရက်များကို ဖြိုခွဲနိုင်ရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမှ ကူညီပေးနိုင်မည့် နည်းလမ်းများ

Expert Panel on Combating Transnational Scams!
To mark World Day Against Trafficking in Persons, U.S. Embassy Yangon and IOM Myanmar launched the “Lives Behind Scam” campaign. Join us live from the American Center Yangon as experts discuss:
🔹 Strategies to counter fraudulent recruitment
🔹 The growing threat of trafficking for forced criminality
🔹How regional cooperation can help disrupt criminal networks

🎵 တေးဂီတဆိုတာ ဖန်တီးမှုနဲ့ မျှဝေခံစားမှုတွေကတစ်ဆင့် လူတွေကို စုစည်းပေးနိုင်ပါတယ်။ မနေ့ကတော့ မန္တလေးမြို့က ဂျက်ဖာဆင်စင်တာ...
29/07/2026

🎵 တေးဂီတဆိုတာ ဖန်တီးမှုနဲ့ မျှဝေခံစားမှုတွေကတစ်ဆင့် လူတွေကို စုစည်းပေးနိုင်ပါတယ်။

မနေ့ကတော့ မန္တလေးမြို့က ဂျက်ဖာဆင်စင်တာမှာ နာမည်ကျော် အမေရိကန် စန္ဒရားပညာရှင်နဲ့ မြန်မာဂီတပွဲတော်ရဲ့ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကင်ဘောလ် ဂါလဂါက ဦးဆောင်ပြီး “Discover Your Inner Songwriter” ဆိုတဲ့ ဂီတအစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ ပါဝင်သူတွေအနေနဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ကိုဖန်တီးဖို့ နားသောတဆင်ခြင်း၊ ဇာတ်ကြောင်းပြောပြခြင်းနဲ့ ပူးပေါင်းတေးဂီတဖန်တီးခြင်းတွေအကြောင်းကို လေ့လာမှတ်သားခဲ့ကြပါတယ်။

ဒီအစီအစဉ်ဟာ ညနေခင်းမှာတော့ ဂျက်ဖာဆင်စင်တာရဲ့ ဂီတညချမ်း အဖြစ်ဆက်လက် ကူပြောင်းသွားပြီး ယဉ်ကျေးမှု နှီးနှောဖလှယ်ခြင်း၊ အနုပညာဖော်ထုတ်ပြသခြင်းနဲ့ ဂီတနယ်ပယ်အတွင်း အမေရိကန်တို့ရဲ့ ထူးချွန်ထက်မြက်မှုတွေကို ဂုဏ်ပြုဆင်နွှဲတဲ့အနေနဲ့ ကိုယ်ပိုင်သံစဉ်နဲ့ ဂန္ထဝင်မြန်မာသီချင်းတွေကို တီးခတ်သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

🎵 Music brings people together through creativity and shared experience!

Yesterday, at the Jefferson Center Mandalay, acclaimed American pianist and Myanmar Music Festival co-founder Kimball Gallagher led “Discover Your Inner Songwriter,” where participants explored listening, storytelling, and collaborative music-making to create an original song.

The day continued with Music Night at JCM, featuring original and classic Burmese songs in a celebration of cultural exchange, artistic expression, and American excellence in music.

ထပ်မံအသိပေး နှိုးဆော်တာပါ။Friendly reminder!
28/07/2026

ထပ်မံအသိပေး နှိုးဆော်တာပါ။

Friendly reminder!

🗓️ နေ့စွဲ မှတ်ထားပေးကြပါဦး။ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကနေဖြစ်စေ ပါဝင်တက်ရောက်နိုင်ပါတယ်။
ဇူလိုင် ၃၀ နံနက် ၁၀:၀၀ နာရီကနေ မွန်းတည့် ၁၂:၀၀ နာရီအတွင်း ရန်ကုန်မြို့ အမေရိကန်သံရုံးနဲ့ IOM Myanmar တို့ ပူးပေါင်းပြီး ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ (World Day Against Trafficking in Persons) အထိမ်းအမှတ်အဖြစ် “Lives Behind Scam” ကမ်ပိန်းကို အမေရိကန်စင်တာရန်ကုန်မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
လူကုန်ကူးသူတွေရဲ့ လှည့်ဖြားစည်းရုံးတဲ့ နည်းလမ်းတွေ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေရဲ့ လှုပ်ရှားဆောင်ရွက်ပုံတွေအပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ အသိပညာပေးမှုတွေကအတင်းအကျပ် ပြစ်မှုကျူးလွန်ဖို့ခိုင်းစေခံရတဲ့လူကုန်ကူးခံရမှုတွေကနေ ထိခိုက်လွယ်သူတွေကို ဘယ်လိုပိုပြီး အကာအကွယ်ပေးနိုင်တယ်ဆိုတာတွေကို သံတမန်တွေနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေဆီက တိုက်ရိုက် ကြားသိရမှာဖြစ်ပါတယ်။
📍 လူကိုယ်တိုင် တက်ရောက်ချင်ပါသလား။
အမေရိကန်စင်တာရန်ကုန်မှာ တိုက်ရိုက် ပါဝင်တက်ရောက်နိုင်ပါတယ်။ တက်ရောက်နိုင်တဲ့ လူဦးရေ အကန့်အသတ်ရှိတဲ့အတွက်ကြောင့် နေရာရနိုင်ဖို့ ကြိုတင်စာရင်းပေးသွင်းဖို့ လိုပါမယ်။
👉 ဒီလင့်ခ်မှာ စာရင်းပေးသွင်းလိုက်ပါ - https://forms.office.com/g/dKrnDHiEvT
📲 အွန်လိုင်းကနေ ပါဝင်တက်ရောက်ချင်ပါသလား။
လူကိုယ်တိုင် မလာရောက်နိုင်ရင်တော့ နံနက် ၁၀:၃၀ နာရီကစပြီး ဆွေးနွေးပွဲ အစီအစဉ်ကို မိမိတို့ရဲ့ Facebook စာမျက်နှာကတဆင့် တိုက်ရိုက် ထုတ်လွှင့်သွားပါမယ်။

🗓️ Save the Date! Join Us In Person or Online.
On July 30, from 10:00 a.m. to 12:00 p.m., the U.S. Embassy Yangon and IOM Myanmar are launching the “Lives Behind Scam” campaign at the American Center Yangon to mark World Day Against Trafficking in Persons.
Hear directly from diplomats and technical experts as they discuss how traffickers use deceptive recruitment, how scam compounds operate, and how regional cooperation and greater awareness can help protect vulnerable communities from trafficking for forced criminality.
📍 Attending in Person?
Join us live at the American Center Yangon! Seats are limited, so please register in advance to secure your spot:
👉 Register here: https://forms.office.com/g/dKrnDHiEvT
📲 Joining Online? Can't make it in person? We will also be broadcasting the panel discussion live right here on our page starting at 10:30 a.m.!

Address

110 University Avenue, Kamayut Township
Yangon
11041

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30

Telephone

+9517536509

Alerts

Be the first to know and let us send you an email when U.S. Embassy Rangoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to U.S. Embassy Rangoon:

Shortcuts

Share