DENTAL HOUSE

DENTAL HOUSE 🦷 သွားနှင့်ခံတွင်းကျန်းမာ​ရေးအတွက်ဆိုလျှင် DENTAL HOUSE ကို သတိရလိုက်ပါ ။

ယနေ့မှာကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်(ဓမ္မာစကြာအခါတော်နေ့) အခါသမယမှာ မိဘပြည်သူအားလုံး ကိုယ်စိတ် နှလုံး အေးချမ်းပြီး ဘေးအန္တ...
29/07/2026

ယနေ့မှာကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်(ဓမ္မာစကြာအခါတော်နေ့) အခါသမယမှာ မိဘပြည်သူအားလုံး ကိုယ်စိတ် နှလုံး အေးချမ်းပြီး ဘေးအန္တရာယ်ကင်းကွာကာ ကျန်းမာချမ်းသာကြပါစေကြောင်း Dental Houseမိသားစုက ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ယနေ့ ဆေးခန်းတစ်ရက်ပိတ်ပါမည် ။
#သွားဆေးခန်း #ဝါဆိုလပြည့်

03/07/2026
သွားပွတ်ကြိုးကို အစာစားပြီးတိုင်း အသုံးပြုခြင်းသည် သွားနှင့်ခံတွင်းကျန်းမာရေး အတွက် အလွန်အရေးကြီးပါသည် ။သွားပွတ်ကြိုး အသ...
12/06/2026

သွားပွတ်ကြိုးကို အစာစားပြီးတိုင်း အသုံးပြုခြင်းသည် သွားနှင့်ခံတွင်းကျန်းမာရေး အတွက် အလွန်အရေးကြီးပါသည် ။

သွားပွတ်ကြိုး အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ
• သွားကြားရှိ အစာအကျန်များကို
ဖယ်ရှားပေးသည်။
• သွားချေး (Plaque) စုပုံခြင်းကို လျှော့ချပေးသည်။
• သွားဖုံးကျန်းမာရေးကို ထိန်းသိမ်းပေးသည်။
• သွားပိုးစားခြင်း ဖြစ်ပွားနိုင်ခြေကို
လျှော့ချပေးသည်။
• ခံတွင်းအနံ့ဆိုးခြင်းကို ကာကွယ်ပေးသည်။

☎️(09) 76565 2828
🏥 အမှတ် ၁၄ (မြေညီထပ်)၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ (မဟာမြိုင်ဆေးရုံအနီး)
🏥 No. 14 (Ground Floor), Myay Nu Street, Sanchaung Township, Yangon.
(Near Mahar Myaing Hospital)



သွားကျောက်ခြစ်ခြင်း (Dental Scaling) ဆိုတာဘာလဲ။ကျွန်မတို့ နေ့စဉ်စားသောက်တဲ့အခါ သွားတွေပေါ်မှာ အစားအစာအနှစ်တွေနဲ့ တံတွေးတ...
11/06/2026

သွားကျောက်ခြစ်ခြင်း (Dental Scaling) ဆိုတာဘာလဲ။
ကျွန်မတို့ နေ့စဉ်စားသောက်တဲ့အခါ သွားတွေပေါ်မှာ အစားအစာအနှစ်တွေနဲ့ တံတွေးတို့ပေါင်းစပ်ပြီး သွားချေးလွှာ (Plaque) အဖြစ် စတင်ဖြစ်ပေါ်လာပါတယ်။
အဲဒီသွားချေးလွှာတွေကို ပုံမှန်သွားမတိုက်ဘဲ ကြာရှည်ထားမိတဲ့အခါ တဖြည်းဖြည်း မာခဲလာပြီး သွားကျောက် (Tartar/Calculus) အဖြစ် ပြောင်းလဲသွားပါတယ်။
ဒီသွားကျောက်တွေကို သာမန်သွားတိုက်တံ၊ သွားပွတ်ကြိုးတွေနဲ့ တိုက်ရုံနဲ့ လုံးဝမပြောင်စင်နိုင်တော့ပါဘူး။ အဲဒီအခါ သွားဆရာဝန်က အာထရာဆောင်းလှိုင်းသုံး သွားကျောက်ခြစ်စက် (Ultrasonic Scaler) နဲ့ သွားနဲ့သွားဖုံးကြားက မာခဲနေတဲ့ ကျောက်တွေကို ဘေးကင်းကင်းနဲ့ ဖယ်ရှားပေးရတာကို Dental Scaling လို့ ခေါ်ပါတယ်။
⚠️သွားကျောက်မခြစ်ရင် ဘာဖြစ်မလဲ။
သွားကျောက်တွေဟာ ဘက်တီးရီးယားတွေ ခိုအောင်းရာနေရာဖြစ်လို့ ကြာလာရင် အောက်ပါပြဿနာတွေကို ခံစားရနိုင်ပါတယ်။
• ခံတွင်းနံ့ဆိုးခြင်း။ (ဘက်တီးရီးယားတွေကြောင့် အနံ့ပြင်းပြင်းနံတာမျိုး ဖြစ်တတ်ပါတယ်)
• သွားဖုံးရောင်ခြင်း။ (သွားတိုက်ရင် သွားဖုံးက သွေးထွက်လာတာမျိုး စတင်ဖြစ်ပွားတတ်ပါတယ်)
• ရေစီးကမ်းပြိုရောဂါ (Periodontitis)။ (သွားဖုံးတွေ နိမ့်ဆင်းသွားပြီး သွားခြေတွေ ပေါ်လာတတ်ပါတယ်)
• သွားလှုပ်ခြင်းနှင့် သွားကျိုးခြင်း။ (ကြာလာရင် သွားကို ထောက်ကန်ပေးထားတဲ့ အရိုးတွေပါ ပျက်စီးပြီး သွားတွေ လှုပ်ကာ နှုတ်ပစ်ရတဲ့အထိ ဖြစ်နိုင်ပါတယ်)

☎️(09) 76565 2828
🏥 အမှတ် ၁၄ (မြေညီထပ်)၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ (မဟာမြိုင်ဆေးရုံအနီး)
🏥 No. 14 (Ground Floor), Myay Nu Street, Sanchaung Township, Yangon.
(Near Mahar Myaing Hospital)



အပြုံးတွေ ပိုမိုတောက်ပပြီး သဘာဝအတိုင်း လှပတဲ့ "Zirconia သွားအစွပ်" ဆိုတာ ဘာလဲ? ✨🦷သွားကျိုးတာ၊ သွားပဲ့တာ ဒါမှမဟုတ် သွားအရ...
10/06/2026

အပြုံးတွေ ပိုမိုတောက်ပပြီး သဘာဝအတိုင်း လှပတဲ့ "Zirconia သွားအစွပ်" ဆိုတာ ဘာလဲ? ✨🦷
သွားကျိုးတာ၊ သွားပဲ့တာ ဒါမှမဟုတ် သွားအရောင်မလှလို့ သွားအစွပ် (Crown) စွပ်ဖို့ စဉ်းစားနေပါသလား?
လက်ရှိ သွားဘက်ဆိုင်ရာနည်းပညာမှာ ရေပန်းအစားဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ Zirconia (ဇာကိုနီးယား) သွားအစွပ် အကြောင်းကို ပြောပြပေးချင်ပါတယ်။
Zirconia ဆိုတာ ဘာလဲ? Zirconia ဆိုတာ အလွန်မာကျောပြီး တာရှည်ခံတဲ့ crystal အမျိုးအစား တစ်ခုဖြစ်ပါတယ်။ သတ္တုလုံးဝမပါဝင်တဲ့အတွက် သဘာဝသွားအတိုင်း စိုပြည်တောက်ပတဲ့ အသွင်အပြင်ကို ရရှိစေမှာပါ။
ဘာကြောင့် Zirconia ကို ရွေးချယ်သင့်တာလဲ?
• အလွန်ခိုင်ခံ့ခြင်း - ဝါးအားပြင်းတဲ့ အံသွားတွေအတွက်တောင် အက်ကွဲမှာ စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
• သဘာဝအတိုင်း လှပခြင်း - သဘာဝသွားရဲ့ အလင်းအမှောင် ဖြတ်သန်းမှုကို အနီးစပ်ဆုံး တုပနိုင်လို့ အရှေ့သွားတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။
• သွားဖုံးမည်းခြင်း မရှိခြင်း - သတ္တု (Metal) ပါတဲ့ သွားအစွပ်တွေလို အချိန်ကြာလာရင် သွားဖုံးစပ်နားမှာ အမည်းလိုင်းကြောင်း ပေါ်လာတာမျိုး လုံးဝမရှိပါဘူး။
• ခန္ဓာကိုယ်နဲ့ ဓာတ်တည့်ခြင်း - သတ္တုနဲ့ ဓာတ်မတည့်သူများအတွက် အထူးစိတ်ချရပြီး သွားဖုံးကိုလည်း ရောင်ရမ်းခြင်း မဖြစ်စေပါဘူး။
သင်နဲ့ အသင့်တော်ဆုံး သွားအစွပ်အမျိုးအစားကို ရွေးချယ်ဖို့နဲ့ ပိုမိုလှပတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ကျွန်မတို့ Dental House သွားနှင့်ခံတွင်းဆေးခန်းကို အခုပဲ လာရောက်ပြသ တိုင်ပင်လိုက်ပါ။

☎️(09) 76565 2828
🏥 အမှတ် ၁၄ (မြေညီထပ်)၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ (မဟာမြိုင်ဆေးရုံအနီး)
🏥 No. 14 (Ground Floor), Myay Nu Street, Sanchaung Township, Yangon.
(Near Mahar Myaing Hospital)



Happy Myanmar New Year ✨မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း Dental House  မိသားစုမှ ဆုမွန်ကောင်း ...
17/04/2026

Happy Myanmar New Year ✨
မြန်မာ့နှစ်သစ်ကူး အခါသမယမှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း Dental House မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ဆေးခန်းအား ဧပြီလ(၁၈)ရက်​နေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပါမည်။

Dental House သွားဆေးခန်းကို ယနေ့တစ်ရက် ပိတ်ထားမည်ဖြစ်ပြီး မနက်ဖြန် ၂၈.၃.၂၀၂၆ (စနေနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှ...
27/03/2026

Dental House သွားဆေးခန်းကို ယနေ့တစ်ရက် ပိတ်ထားမည်ဖြစ်ပြီး မနက်ဖြန် ၂၈.၃.၂၀၂၆ (စနေနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမည်။

☎️(09) 76565 2828
🏥 အမှတ် ၁၄ (မြေညီထပ်)၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ (မဟာမြိုင်ဆေးရုံအနီး)
🏥 No. 14 (Ground Floor), Myay Nu Street, Sanchaung Township, Yangon.
(Near Mahar Myaing Hospital)



We are hiring 🛎️
24/03/2026

We are hiring 🛎️

သွားတွေဟာ ရွေ့လျားတတ်တဲ့ သဘောသဘာဝရှိသောကြောင့် အကြောင်းအမျိုးမျိုးကြောင့် သွားတစ်ချောင်းနှုတ်လိုက်ရပြီး နေရာလွတ်ပေါ်လာပြ...
05/01/2026

သွားတွေဟာ ရွေ့လျားတတ်တဲ့ သဘောသဘာဝရှိသောကြောင့် အကြောင်းအမျိုးမျိုးကြောင့် သွားတစ်ချောင်းနှုတ်လိုက်ရပြီး နေရာလွတ်ပေါ်လာပြီဆိုပါက ဘေးမှာရှိတဲ့သွားလေးတွေဟာ ထိုနေရာလွတ်ကို ဖြည့်ဖို့ကြိုးစားရင်း သွားလေးတွေစောင်းလာခြင်း ၊ အပေါ်ကသွားလေးတွေ ရှည်ကျလာခြင်းမျိုးဖြစ်နိုင်ပါသည် ။
ထိုသို့ဖြစ်ပြီးမှ သွားပြန်စိုက်မည်ဆိုလျှင် ကုသမှုခက်ခဲနိုင်ပြီးအချိန်ရော ငွေကုန်ကြေးကျပိုများနိုင်ပါသည်။ တစ်ခါတစ်ရံ သွားပြန်စိုက်လို့မရနိုင်သည့်
အခြေအနေထိဖြစ်နိုင်ပါသည်။ ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် သွားတစ်ချောင်း ဆုံးရုံးလိုက်ရပါက (၆) လအတွင်း သွားပြန်စိုက်ရန် အကြံပြုအပ်ပါသည် ။
☎️(09) 76565 2828
🏥 အမှတ် ၁၄ (မြေညီထပ်)၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ (မဟာမြိုင်ဆေးရုံအနီး)
🏥 No. 14 (Ground Floor), Myay Nu Street, Sanchaung Township, Yangon.
(Near Mahar Myaing Hospital)



၂၀၂၆ နှစ်သစ်ကို ကြိုဆိုရင်း မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်ဆုံကြပါစေကြောင်း Dental ...
31/12/2025

၂၀၂၆ နှစ်သစ်ကို ကြိုဆိုရင်း မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်ဆုံကြပါစေကြောင်း Dental House သွားနှင့်ခံတွင်းဆေးခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

၁.၁.၂၀၂၆ ရက်တွင်ဆေးခန်းတစ်ရက်ပိတ်ထားမည်ဖြစ်ပြီး နောင်ရက်များတွင်ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမည်။

Appointment ယူရန်
☎️ (09) 76565 2828
🏥အမှတ် ၁၄ (မြေညီထပ်)၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ် (မဟာမြိုင်ဆေးရုံအနီး)၊ ရန်ကုန်မြို့။🏥No. 14, Myay Nu Street, San Chaung Township, Yangon.



Address

No. 14, Myay Nu Street
Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959765652828

Website

Alerts

Be the first to know and let us send you an email when DENTAL HOUSE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to DENTAL HOUSE:

Shortcuts

Share