05/01/2022
Fyi
အခုလိုတော်လှန်ရေးကာလကြီးထဲမှာ ကျောင်းသွားတာကိုရှက်စရာတစ်ခုအဖြစ်နဲ့မြင်နေပြီး မိမိရဲ့ပညာရေးကိုလည်း မရပ်တန့်ချင်ဘူး ဖြစ်နေပါလား။ နိုင်ငံခြားမှာပညာသင်ဖို့ငယ်ငယ်ထဲကစိတ်အားထက်သန်တဲ့လူဖြစ်ပါသလား။
နိုင်ငံခြားမှာ further studies လုပ်ဖို့ရည်ရွယ်ထားပေမဲ့အခုလိုတော်လှန်ရေးကာလမှာဘာဆက်လုပ်ရမလဲဆိုတာမသိဘဲ ရည်မှန်းချက်ပျောက်ဆုံးနေတယ်ဆိုရင်တော့ ဒီ post လေးကိုအချိန်ပေရပြီးအဆုံးထိဖတ်ပေးစေချင်ပါတယ်။👇👇👇👇👇
နိုင်ငံခြားတော့သွားချင်တယ် ဒါပေမဲ့ ၁၀ တန်းမအောင်သေးဘဲ တက္ကသိုလ်သွားတက်လို့ရပါ့မလား။
အဖြေကတော့လုံးဝ(လုံးဝ)ကိုရပါတယ်။
အခုခေတ်မှာ တက္ကသိုလ်ဝင်တန်း ၁၀ တန်းကိုမဖြေဆိုရသေးဘဲ အသက်၁၆နှစ်နဲ့အထက်ရှိရုံနဲ့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာနဲ့မြန််မာနိုင်ငံမှာပဲ အထက်တန်းအောင်လက်မှတ်တစ်ခုယူပြီး နိုင်ငံခြားမှာကျောင်းသွားတက်လို့ရနေပါပြီ။
GED လို့ခေါ်တဲ့ General Educational Development တစ်နည်းအားဖြင့် အမေရိကန်နိုင်ငံရဲ့ အထက်တန်း အောင်လက်မှတ် အကြောင်းကိုဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။
GED ကအခုဆိုရင်လူတော်တော်များများစိတ်ဝင်စားနေတဲ့ အရာတစ်ခုဖြစ်တဲ့အတွက်ထွေထွေထူးထူးရှင်းပြစရာမလိုလောက်တော့ဘူးလို့ထင်ပါတယ်။
🔎🔎GED ဆိုတာဘာလဲ
GED ဆိုတာအပေါ်မှာဖော်ပြခဲ့သလိုပဲ General Educational development ကိုဆိုလိုတာပါ။ American council on education က ၁၉၄၂ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့တစ်ကမ္ဘာလုံးမှာဖြေဆိုသူပေါင်း သန်း ၂၀ ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။
GED ကိုအမေရိကန်မှာဆိုရင်တော့ homeschooling လုပ်ကြတဲ့ကျောင်းသားတွေ တက္ကသိုလ်၊ကောလိပ်တွေတက်ရောက်ဖို့အတွက် အများဆုံးဖြေကြတဲ့စာမေးပွဲဖြစ်ပါတယ်။
ဒါပေမဲ့အခုအခါမှာတော့ အမေရိကန်မှာရှိတဲ့ homeschooling လုပ်တဲ့ကျောင်းသားတွေသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ တက္ကသိုလ်၊ကောလိပ်တွေက်ို အချိန်တိုတိုအတွင်းစရိတ်သက်သာစွာနဲ့ ပြင်ဆင်ပြီး အထက်တန်းအောင်လက်မှတ်ရလိုသောကျောင်းသားတွေပါဖြေဆိုနေကြပါပြီ
📚📚GED exam မှာဘယ်နှဘာသာဖြေဆိုရတာလဲ
GED exam ကိုဖြေဆိုမဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ အဓိကကအားဖြင့်ဘာသာရပ်လေးခုကိုမဖြစ်မနေဖြေကြရမှာဖြစ်ပါတယ်။
ဘာသာရပ်လေးခုကတော့-
1. Reasoning through language arts (150 minutes) (အင်္ဂလိပ်)
-Grammar and language
-Reading for meaning
-Identifying and Creating Arguments (Extended response)
2. Mathematical reasoning (115 minutes)
(သချာ်)
-Basic Math
-Geometry
-Basic Algebra
-Graphs and Function
3. Science (90 minutes) (သိပ်ပံ)
-Life science (Biology)
-Physical science (Physics + Chemistry)
- Earth and space science
4. Social studies (70 minutes) (လူမှုရေး)
-Civics and Government
-U.S. History
-Economics
-Geography and the world
✏️✏️GED exam ဖြေဆိုဖို့ဘယ်လိုပြင်ဆင်ရမလဲ
အပေါ်မှာဖော်ပြခဲ့သလို GED exam ကိုများသောအားဖြင့် America တွင် homeschooling လုပ်ကြသောကျောင်းသားများအများဆုံးဖြေဆိုကြတဲ့ exam ဖြစ်တဲ့အတွက် self-study လုပ်မယ်ဆိုလည်း အဆင်ပြေပါတယ် သို့သော် သင်ခန်းစာတော်တော်များများက in general သွားတဲ့အတွက်ကြောင့်ကျောင်းသားဘက်မှသင်ခန်းစာနှင့်ပတ်သတ်တဲ့ အခြေခံသဘောတရားများကိုသိရှိနားလည်ထားမယ်ဆိုရင်ပိုပြီးအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် ၉တန်းအောင် သို့မဟုတ် ၁၀တန်းစာသင်ဖူးသောသူများအတွက်ပိုအဆင်ပြေနိုင်ပါတယ်။ ၈တန်းအောင်လောက်ဆိုရင် အသက် ၁၆ နှစ်ပြည့်တာနဲ့ဖြေဆိုခွင့်ရှိတယ်ဆိုပေမဲ့ chemistry, physics, biology အစရှိသော သိပ္ပံဘာသာရပ်များကိုမထိတွေ့ဖူးသေးသောကျောင်းသားများအတွက် အလွန် struggle ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သောလူများ သို့မဟုတ် self-study မလုပ်လိုသောသူများအတွက် အခုဆိုရင် GED online class များကို သင်တန်းအများအပြားတွင်ရှာဖွေတက်ရောက်နိုင်ပါပြီ။
❓❓GED exam ဖြေဖို့ဘာတွေလိုလဲ
GED exam ဖြေဆိုဖို့အတွက် အသက် ၁၈ ဖြစ်ရမယ်။ အနည်းဆုံးတော့အသက် ၁၆ ဖြစ်ဖို့လိုအပ်ပါတယ်။
အသက်၁၈မပြည့်သေးတဲ့ ၁၆၊၁၇ အရွယ်ကျောင်းသားတွေကတော့ [email protected] ဆီကို gmail ကတစ်ဆင့် consent form လို့ခေါ်တဲ့ age exception waiver form အရင်ဦးဆုံးတင်မှသာလျှင် စာမေးပွဲဖြေဖို့ စာမေးပွဲရက်တွေ ကိုအကောင့်မှာကြည့်လို့ရမှာပါ။
❓❓GED exam ကိုဘယ်လိုဖြေရမလဲ
စစချင်း google မှာဖြစ်ဖြစ် GED.com ဆိုတဲ့ website ထဲကိုဝင်ပြီး gmail နဲ့ GED account တစ်ခုဖွင့်ရပါမယ် ။
အသက်က၁၈ဒါမှမဟုတ်၁၈အထက်ဆိုရင်တော့ဖွင့်ဖွင့်ပြီးချင်းစာမေးပွဲရက်တွေကိုaccount မှာမြင်ရပါမယ်။
အသက်၁၈နှစ်အောက် ၁၆၊၁၇ တွေကတော့အပေါ်ကပြောခဲ့သလိုပဲ consent form အရင်တင်ရပါမယ်။
❓❓GED exam ကိုဘယ်မှာဖြေမလဲ
မြန်မာနိုင်ငံမှာတော့ အခုလောလောဆယ်ထိ exam ဖြေဖို့ကျောင်းသားလက်ခံပြီးစာမေးပွဲကျင်းပနေတဲ့ exam center တစ်ခုပဲရှိပါသေးတယ်။
MICT Park, Hlaing Township, Yangon မှာရှိတဲ့ IMCM exam center မှာဖြေလို့ရပါတယ်။
(အခုတော့ crown education က GED exam center အဖြစ်ဆောင်ရွက်ဖို့ approved ဖြစ်ပြီးပေမဲ့ စာမေးပွဲဖြေလို့တော့မရသေးဘူးလို့ကြားသိရပါတယ်)
💸💸GED exam fees တွေကရောဘယ်လောက်လဲ
မြန်မာနိုင်ငံမှာအခုလက်ရှိတော့တစ်ဘာသာကို $80 ကျပါတယ်။ လေးဘာသာဆိုတော့စုစုပေါင်း $320 ပါ။
🎖🎖GED scores တွေကိုရောဘယ်လိုမျိုးသတ်မှတ်လဲ
တစ်ဘာသာကို စုစုပေါင်း အမှတ် 200 ဖိုးစီဖြေရပါတယ်။
လေးဘာသာစုစုပေါင်းကတော့ အမှတ် 800 ပါ။
145= Passing score
165-174=College ready
175-200=College+Credit ဆိုပြီးသတ်မှတ်ထားပါတယ်
(ထိုင်းမှာရှိတဲ့ private university တွေကတော့ တစ်ဘာသာကိုအောင်မှတ် ၁၄၅ ရှိရုံနဲ့ ဝင်ခွင့်လျှောက်ထားလို့ရတယ်လို့ပြောကြပါတယ်)
🎓 🎓 GED result ကိုဘယ်နိုင်ငံ၊ဘယ်တက္ကသိုလ်/ကောလိပ်တွေကလက်ခံလဲ
ယေဘုယျအားဖြင့် အမေရိကန်မှာရှိတဲ့ Harvard university လိုကမ္ဘာ့ထိပ်တန်း university တွေကအစ colleges and universities 98% လောက်ကလက်ခံပြီး ထိုင်းကpublic/privateကျောင်းအများအပြားနဲ့ japan က private university တစ်ချို့အပါအဝင် Singapore, Australia, New Zealand, Canada အစရှိသော ကမ္ဘာ့နေရာအသီးသီးမှာရှိတဲ့နိုင်ငံတွေက တက္ကသိုလ်တွေ ကောလိပ်တွေကအသိအမှတ်ပြုလက်ခံလာကြပါတယ်။
အသေးစိတ်ကိုတော့ အောက်က website မှာအလွယ်တကူ ကိုယ်ရှာချင်တဲ့ကျောင်းနာမည် ဒါမှမဟုတ် နိုင်ငံကိုရိုက်ပြီး ရှာကြည့်လို့ရပါတယ်။
https://ged.com/en/university-acceptance/
ဒီလောကိဆိုရင်တော့ GED exam နဲ့ပတ်သတ်ပြီး အနည်းနဲ့အများသိရှိနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ၁၀တန်းမအောင်သေးတဲ့ကျောင်းသားများအနေနဲ့လည်း study abroad လုပ်ဖို့အခွင့်အရေးရှိသေးတာမို့ စိတ်ဓာတ်မကျဘဲ ကိုယ်ရည်မှနိးရာပန်းတိုင်သို့ ဇွဲရှိရှ်ိနဲ့ကြိုးစားပြီး အရောက်သွားကြပါ။
Content by Z🐯and Daphne🌿