22/08/2026
စာကြည့်တိုက်များ ရန်ပုံငွေမြှင့်တင်ရေး စာအုပ်ဈေးရောင်းပွဲ
စာပေတိုက်များနှင့် စာကြည့်တိုက်များ စာဖတ်သူများ တိုက်ရိုက်ထိတွေ့မှုရှိစေရန် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ စိတ်ဝင်စားသည့် မည်သူမဆို ပူးပေါင်းပါဝင်ရန်။
စာအုပ်တိုက်များ
၁။ စာအုပ်တိုက်များမှ စာအုပ်များကို ၂၀% လျော့ဈေးဖြင့် စာကြည့်တိုက်များသို့ ဈေးပွဲတော်စီစဉ်ရန် ပေးပို့မည်။
၂။ ပို့ဆောင်ခများ၊ သယ်ယူစရိတ်စာအုပ်တိုက်များမှ ကျခံပါမည်။
၃။ စာအုပ်အမျိုးအစား (၁) မျိုးလျှင် (၃) စီပေးပို့ပါမည်။
၄။ ဈေးပွဲတော်ကို (၁၅)ရက်သတ်မှတ် နိုင်ပါသည်။
၅။ ဈေးပွဲမတိုင်ခင် ကြိုပို့ပေးပါမည်။ ဈေးပွဲပြီး ၃ ရက်အကြာတွင် ငွေနှင့် စာအုပ်များ ရှင်းတမ်းနှင့်အတူ ပြန်ပို့ရပါမည်။
၆။ ရောင်းချရမည့် ပုံစံများကိုစာအုပ်တိုက်နှင့် စီစဉ်သူများမှ ကူညီပေးပါမည်။
၇။ အခြားလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးရန်။
စာကြည့်တိုက်များ
၁။ စာကြည့်တိုက်အမှတ်တရ ဈေးရောင်းပွဲကို သင့်တော်သည့်ရက် သတ်မှတ်ပြီး စာအုပ်တိုက်ဘက်သို့ ပြန်ပြောရန်။
၂။لဈေးပွဲတော်ရောင်းချပေး ကော်မတီဖွဲ့ရန် (၃၊ ၅၊ ၁၀) စသဖြင့် ဖွဲ့ပြီး တာဝန်ခံသူအမည်နှင့် ဖုန်းသတ်မှတ်ပေးရန်။
၃။ မူရင်းဈေးအတိုင်း ရောင်းနိုင်သလို အဆင်ပြေသလို သတ်မှတ်ရောင်းချရန်။
၅။ ဈေးပွဲတော်မှတ်တမ်းပုံများကို စာအုပ်တိုက်နှင့်စီစဉ်သူများသို့ Viber မှပေးပို့ရန်။
၆။ စာကြည့်တိုက်သည် အမှန်တကယ် လည်ပတ်နေသော စာကြည့်တိုက်ဖြစ်ကြောင်း တာဝန်ခံယူမှုရှိရန်
၇။ အခြားလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးရန်။