23/02/2026
📣2026 ခုနစ် October လကျောင်းဝင်ခွင့်အတွက် လျှောက်ထားနိုင်မဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ် University of Tsukuba ရဲ့ Japan-Expert (Bachelor Degree) Program
👨🏻🎓👩🏻🎓 University of Tsukuba ရဲ့ Japan-Expert (Bachelor Degree) Program ဟာဆိုရင် ဂျပန်နိုင်ငံ (သို့) မိမိနိုင်ငံမှာရှိတဲ့ ဂျပန်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့ဆန္ဒရှိတဲ့ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံကိုပိုမိုသိရှိနားလည်ရန် ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ 4-year Undergraduate Program တစ်ခုဖြစ်ပါတယ်။
JEP မှာ ရွေးချယ်သင်ကြားနိုင်တဲ့ Courseတွေကတော့
▪️Agricultural Science Course
▪️Healthcare Course
▪️Japanese Art and Design Course
▪️Japanese Language Teacher Training Course တို့ဖြစ်ပါတယ်။
👩🏻🏫Program ရဲ့ပထမနှစ်ဝက် 6လမှာ ဂျပန်ဘာသာကိုသာ အဓိကသင်ယူရမှာဖြစ်ပါတယ်။ Internship Program လည်းထောက်ပံ့ပေးထားပြီး သင်ယူခဲ့တဲ့ဘာသာရပ်ရဲ့နယ်ပယ်ကိုအမှန်တကယ်ကျွမ်းကျင်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် လုပ်ငန်းခွင်အတွေ့အကြုံတွေကိုလည်း လေ့ကျင့်ခွင့်ရမှာဖြစ်ပါတယ်။
✅Eligibility To Apply
1.12နှစ်တာပညာရေးပြီးဆုံးထားသူ (သို့) September 30,202612နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) GCE A-Level, IB, Abitur စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
2.Japanese Language Proficiency: N3 level နှင့်အထက်ရှိထားသူ။ (JLPT, J.TEST, TOP-J, AP, EJU)
‼️🚨Japanese Language Teacher Training Course အတွက် N2 level နဲ့အထက်ရှိရန် လိုအပ်ပါတယ်၊🚨
✅Japanese Art and Design Course အတွက် Art Works တွေကိုပါတင်ပြရန်လိုအပ်ပါတယ်။ ကျောင်းဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening နဲ့ Interview အပေါ် မူတည်ရွေးချယ်မှာဖြစ်ပြီး၊ Interview အကြောင်းအရာတွေကို Application Guidline မှာ လေ့လာနိုင်ပါတယ်။
⏰Online Application Period: Friday, February 27 (from 12 p.m. JST), to Thursday, March 19 (until 5 p.m. JST), 2026
🚨Application Documents must be received by Thursday,March 28, 2026
📌Application Guidelines:https://jp-ex.tsukuba.ac.jp/en/wp-content/uploads/2025/12/f64e1be39448935005e1d39ee93e3786.pdf
ထူးချွန်ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းလခလျော့ချပေးခြင်းနဲ့ HealthCare Course မှ ကျောင်းသားကျောင်းသူတွေအတွက် Imagawa FUTURE Fund Scholarship: 80,000yen/month + 50,000yen (only for one time enrollment) စတဲ့ပညာသင်ဆုအခွင့်အရေးတွေရှိပါတယ်။ ဒါ့အပြင်JASSO Scholarship နဲ့ ကျောင်းဝင်ခွင့်ရပြီးနောက်ပိုင်းလျှောက်ထားလို့ရတဲ့ Private Foundationတွေက ပေးအပ်တဲ့ ပညာသင်ဆုအခွင့်အရေးတွေလည်းရှိပါတယ်။
ကျောင်းနဲ့ပတ်သတ်တဲ့အသေးစိတ် အချက်အလက်တွေကို အောက်ပါwebsiteတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
🪻University of Tsukuba : https://www.tsukuba.ac.jp/en/
🪻JEP : https://jp-ex.tsukuba.ac.jp/en/
🪻Scholarship :https://jp-ex.tsukuba.ac.jp/en/support/