Vote for Dr. Nyo Nyo Thinn

Vote for Dr.  Nyo Nyo Thinn ဒေါက်တာညိုညိုသင်း ကိုထောက်ခံသူများ မှ ဖွင့်ထားသော page ဖြစ်ပါသည်။ in Japanese (UFL)
Dip.
(174)

ဗဟန်းမြို့နယ်မဲဆန္ဒနယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
တစ်သီးပုဂ္ဂလ
ဒေါက်တာ ညိုညိုသင်း

အမှားတွေကို အမှန်ပြင်ဖို့ ညိုညိုသင်းကို မဲပေးစို့။
ကျွန်မ ဘယ်သူလဲ
• ၁၉၈၈ - ၉၀ ရွေးကောက်ပွဲ အကြိုကာလများအတွင်း NLD သင်္ဃန်းကျွန်းမြို့နယ် လူငယ်တာဝန်ခံအဖြစ် လည်းကောင်း၊
• ၁၉၉၄ - ၂၀၀၇တွင် အဝေးသင်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်တို့တွင် ဥပဒေပညာဌာန၏ ကထိကအဖြစ်လည်းကောင်း၊
• ၂၀၀၀ - ၂၀၀၆တွင် JICA၏ ပညာတော်သင

်အဖြစ် ဂျပန်နိုင်ငံ၌ ရှိနေစဉ် ကာလအတွင်း ဂျပန်တက္ကသိုလ်များတွင် မြန်မာ့ရေးရာများကို အချိန်ပိုင်း ကထိကအဖြစ် သင်ကြားပို့ချခြင်းကို လည်းကောင်း၊
• ၂၀၀၆ ဇူလိုင်လတွင် ကမ္ဘာ့ကုလသမဂ္ဂတက္ကသိုလ်မှ ချီးမြှင့်သော ထူးချွန်သုတေသနပညာရှင်ဆုကို လည်းကောင်း၊
• ၂၀၀၇ - ၂၀၀၉ အထိ ကမ္ဘာ့ကုလသမဂ္ဂတက္ကသိုလ်တွင် မြန်မာ့ရေးရာများကို ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာပညာရှင်များနှင့် တွဲဖက်၍လည်းကောင်း၊
• ၂၀၀၇ - ၂၀၁၀ ဇူလိုင်လအထိ နိုင်ငံတကာ တက္ကသိုလ်များ၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသန လုပ်ငန်းများကို ဥပဒေနှင့် ပညာရေးအကြံပေးအဖြစ် လည်းကောင်း၊
• ၂၀၀၆မှ ယနေ့အထိ ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများရှိ တက္ကသိုလ်များသို့ သွားရောက်ကာ အမျိုးသမီးများ တန်းတူညီမျှရေးဆိုင်ရာ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂တွင် Woman’s Rights and Politics Award ကို လည်းကောင်း၊
• ၂၀၁၁မှ စတင်၍ ၂၀၁၅အထိ လူထုရှေ့ဆောင်ဆု၊ လွှတ်တော်အတွင်းမှ သံမဏိနှင်းဆီ၊ သူရဲကောင်းဆု၊ တစ်ကောင်တည်းခြင်္သေ့၊ Rising Star သတင်းလူသားအစရှိသော ဆုများကို ဆက်တိုက် ရရှိခဲ့ပါသည်။ ၂၀၁၄တွင် ကမ္ဘာတစ်ဝှမ်းရှိ သြဇာအလွှမ်းမိုးဆုံးသော အမျိုးသမီးတစ်ရာတွင် ရွေးချယ်ခံခဲ့ရပါသည်။ နိုင်ငံပေါင်း (၂၀)သို့ အကြိမ်ပေါင်း (၃၀)ခန့် အစိုးရ၏ ထောက်ပံ့မှု တစ်စုံတစ်ရာ မရယူခဲ့ပဲ သွားရောက်ခဲ့ပြီး အစိုးရကို ထိန်းကျောင်းတည့်မတ်ခြင်းဆိုင်ရာ သင်တန်းများနှင့် အမျိုးသမီးအခွင့်အရေး မြှင့်တင်မှုဆိုင်ရာ သင်တန်းများကို တက်ရောက်ခဲ့ပါသည်။
• ၂၀၁၁ဇန်န၀ါရီမှ စတင်၍ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်သူ့ဘက်မှ အမြဲရပ်တည်၊ ဆောင်ရွက်နေပါသည်။

ကျွန်မ ဘာတွေလုပ်ခဲ့လဲ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအား ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိသော အစိုးရဖြန်ရန် လွှတ်တော်အတွင်း အတိုက်အခံအမတ်တစ်ဦးအနေဖြင့် ဆက်တိုက်ဖိအားပေးခဲ့ပါသည်။ မေးခွန်းပေါင်း (၄၀၀)ခန့်နှင့် အဆိုပေါင်း (၄၀) ကျော်ကို အများဆုံး တင်သွင်းနိုင်ခဲ့သည့် မြန်မာပြည်၏ တစ်ဦးတည်းသော လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရပ်တည် နိုင်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက်(၇၀)နှစ်အထက် ဘိုးဘွားများ အခမဲ့ ဆေးစစ်နိုင်မှုနှင့် ဆေးကုသမှု ခံယူရရှိနိုင်ရန် အဆို၊ သက်ကြီးနေ့ပိုင်းစောင့်ရှောက်မှု စင်တာများ ဖွင့်လှစ်ပေးရန် အဆို၊ ကိုယ်ဝန်ဆောင်မိခင်များ မီးမဖွားမီနှင့် မီးဖွားပြီးအခမဲ့ ဆေးကုသမှုခံနိုင်ရန် အဆို၊ ဆင်းရဲနွမ်းပါး အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကလေးသူငယ်များအား အခမဲ့ အာဟာရ တိုက်ကျွေးပေးရန် အဆို၊ အခြေခံပညာကျောင်းများတွင် ဓာတုဆိုးဆေးကင်းစင်သော အစားအသောက်များကိုသာ ရောင်းချရန် တိုက်တွန်းကြောင်း အဆို၊ နှစ်ပေါင်း (၆၀)အတွင်း မရှိခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများ ပြုလုပ်ရန် အစရှိသည့် အဆိုများမှာ လူသိများခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှစ်စဉ်သုံးစွဲသော ပြည်သူ့ဘဏ္ဍာငွေနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုများကို နှစ်စဉ်တစ်ဦးတည်း ဒိုင်ခံကန့်ကွက် ဆွေးနွေးခဲ့သည်။ ထို့အပြင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု လျော့နည်းသည့် ဂုံးကျော်တံတားများ အပါအ၀င် စီမံကိန်းများ၊ လူထုနစ်နာသော ရန်ကုန်မြို့သစ်စီမံကိန်း၊ ရွှေတိဂုံစေတီတော် ကာကွယ်ရေးနှင့် ဒဂုံစီးတီးစီမံကိန်း၊ ကျိုက္ကဆံကွင်း စီမံကိန်း၊ မြကျွန်းသာစီမံကိန်း၊ သိမ်ဖြူကွင်းနှင့် ပြည်သူ့ဥယျာဉ်အစရှိသော ပြည်သူ့ပိုင်ဆိုင်မှုများအား လူတစ်စုမှ ၎င်းတို့၏ အကျိုးစီးပွားအတွက် အလွဲအသုံးချရန် ကြိုးပမ်းခြင်းကို အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ခဲခဲ့ရသော်လည်း ပြည်သူအကျိုးစီးပွားအတွက် မားမားမတ်မတ် ရပ်တည်ကာ ဝေဖန် ထောက်ပြခဲ့ပါသည်။ ရန်ကုန်မြို့အတွင်း အိုးပိုင်အိမ်ပိုင် မရှိသေးသော အိမ်ယာမဲ့ ပြည်သူများအတွက် တန်ဖိုး သက်သာစွာဖြင့် ပြည်သူ့အငှားချ အိမ်ယာစီမံကိန်းကို အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တစ်စိုက်မတ်မတ် ကြိုးစားခဲ့သူ ဖြစ်သည်။

ကျွန်မဒါတွေ ဆက်လုပ်မည်
“လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတော် စီမံကိန်းများ ပြန်လည်စိစစ်ရေး” တို့ကို ဦးတည်လျက်…
• မြန်မာ့နိုင်ငံရေးစနစ်တွင် အာဏာရှင်စနစ်တစ်ကျော့ပြန် အသက်ဝင်ရှင်သန်မှု မရှိစေရန် ထိန်းကြောင်း သွားမည်။
• ဗဟန်းပြည်သူတွေ တရားမဲ့ပြုကျင့်ခံရရင် အမှန်တရားဘက်က ရပ်တည်အကာအကွယ် ပေးမည်။
• သက်ကြီးရွယ်အိုများ၊ ပင်စင်စားများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့်၊ ကျောင်းသားလူငယ်များအတွက် အခမဲ့ကျန်းမာရေး အစီအစဉ်များကို အဆင့်အသီးသီးနှင့် အကောင်အထည်ဖော်ရန် ကြိုးပမ်းမည်။
• အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်ရန် ဥပဒေအမြန်ဆုံးပေါ်ထွက်နိုင်ရန်အတွက် ကြိုးပမ်းမည်။

မိဘ - ဦးသန်းလှ၊ ဒေါ်စန်းမြင့်
ဇာတိ - ရန်ကုန်မြို့
လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
မွေးသက္ကရာဇ် - ၁၉၆၇
ပညာအရည်အချင်း - ဥပဒေပါရဂူဘွဲ့
Doctor of Laws (Japan)
LL.M (Japan), LL.M (Y.U)
LL.B (Y.U)
Dip. in French (UFL)
ဆက်သွယ်ရန် - အမှတ် ၅၁/၅၂၊ တိုက် (၂)၊ ၇-စီ၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ်။
ဖုန်း - ၀၉ ၅၁၃၆၅၁၉

ပြည်သူ့ရင်တွင်း ညိုညိုသင်း သံမဏိနှင်းဆီ လာပါပြီ။

Address

32, Yay Tar Shay Lan Thit,Bahan Township
Yangon

Website

Alerts

Be the first to know and let us send you an email when Vote for Dr. Nyo Nyo Thinn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share