YU Open Political Society

YU Open Political Society YUOPS intends to establish an open and youth-led political community and to be active citizens.

မင်းခိုက်စိုးစန်အစ၊ ပီအယ်(လ်)အေ အလယ် ၊ ပုလဲမောင်အဆုံး________ တလောက မင်းခိုက်စိုးစန်ဆုံးတယ်၊ အမေရိကန်မှာဆုံးတာ၊ ဘယ်တုန်း...
01/07/2026

မင်းခိုက်စိုးစန်အစ၊ ပီအယ်(လ်)အေ အလယ် ၊ ပုလဲမောင်အဆုံး
________

တလောက မင်းခိုက်စိုးစန်ဆုံးတယ်၊ အမေရိကန်မှာဆုံးတာ၊ ဘယ်တုန်းကရောက်နေမှန်းကို မသိလိုက်ပါ။ ထားပါ။ ဒါကအရေးမကြီး ၊ သူဆုံးတော့ သူနဲ့ ပတ်သတ်တာတွေ ဝိုင်းရေးကြတယ်။ အကောင်းရော အဆိုးပါ စုံနေတာပါပဲ။ မင်းခိုက်စိုးစန်ကို အကြီးအကျယ် ထွက်ကာတာကတော့ နုဂျီလော်ဘီ ပန်ဆယ်လိုပဲ။ မင်းခိုက်စိုးစန် စစ်အုပ်စုဒလန်ဆိုတာ ရှင်းနေပါလျှက် မင်းခိုက်စိုးစန်လုပ်ခဲ့တာတွေဟာ နွေဦးတော်လှန်ရေးမတိုင်မီကမို့ ဘောင်မဝင်သလိုလို ဘာလိုလိုတွေ လျှောက်ပြောတယ်။

အကြမ်းဖျဥ်းပြောရရင် ၁၉၆၂ စစ်အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ စစ်အာဏာရှင်စနစ်ဟာ ဒီနေ့အထိ ဘာမှမပြောင်းလဲသေးပါ။ အနှစ်သာရက ဒါပါပဲ။ ၁၉၆၂ ကတည်းက စစ်တပ်ထောက်ခံတာနဲ့ ဒီကနေ့ စစ်တပ်ထောက်ခံတာဟာလဲ အတူတူပါပဲ။ ဘာမှမပြောင်းလဲပါဘူး။ စစ်တပ်ထောက်ခံတာကို မှားမှန်းသိရင် သိသိချင်းရပ်ပြီး အဖိနှိပ်ခံပြည်သူလူထုဘက်ကူးပြောင်းလာမယ်ဆိုရင်တော့လည်း တမျိုးပေါ့။ (ဥပမာ - NLD ဥက္ကဌ ဗိုလ်ချုပ်ဟောင်း ဦးတင်ဦးလိုပေါ့)

အခု မင်းခိုက်စိုးစန်က ၁၉၉၀ ကျော်လောက်မှာ စစ်တပ်သတင်းပေး (အထောက်အထားတွေ ရှိပါတယ်၊ ပြောသူတွေပြောခဲ့ပါပြီ) ၂၁ရာစုဝင်ခါနီးထုတ်ခဲ့တဲ့ ကလောင်စုံပါဝင်ရေးသားတဲ့ တခါတုန်းက တက္ကသိုလ်မှာ ဆိုတဲ့ စာတအုပ်မှာပါတဲ့ မင်းခိုက်စိုးစန်ရဲ့ ဝတ္ထုတိုမှာဆိုရင်လဲ မင်းခိုက်စိုးစန်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ထင်ရှားသွာ တွေ့ကြရမှာဖြစ်ပါတယ်။ (ဒါက လူသိတော်တော်နည်းတယ်) ၂၀၀၈ စစ်ဒီမိုကရေစီခေတ်က စစ်ဇာတ်ညွှန်းရေးခဲ့တာတွေကတော့ အများသိပြီးဖြစ်လို့ ထည့်မရေးနေတော့ပါ။ ဆိုလိုတာက မင်းခိုက်စိုးစန်ဟာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း စစ်သုံးစစ်ထောက်ခံရေးကို အစဥ်တစိုက် လုပ်ခဲ့သူဆိုတာပါ။

နောက်တခုရှိတာက ၂၀၂၂ အမျိုးသားစာပေးဆုပေးပွဲကို မင်းခိုက်စိုးစန် တက်ယူတာကို စစ်တပ်က အဓမ္မကြီး အတင်းခေါ်ပြီး ယူခိုင်းတယ်လို့ ပြောတဲ့ ကိစ္စပါ။ ဒါလိမ်ပြောတာပါပဲ။ စာပေလောကသား အားလုံးသိပါတယ်။ ဘယ်သူတဦးတယောက်ကိုမှ သူတို့ပေးတဲ့ ဆုတက်ယူဖို့ စစ်တပ်က အဲဒီလောက်ကြီး မလုပ်ပါဘူး။ အခြားနည်းတွေနဲ့ ဖိအားပေးတာ ရှိကောင်းရှိနိုင်ပါတယ်။

တကယ်တော့ မင်းခိုက်စိုးစန်ဟာ လူငယ်တွေအကြား သူရဲ့ပေါက်ရောက်ကျော်ကြားမှုကို အသုံးပြုပြီး စစ်အုပ်စုဒလန်လုပ်ခဲ့သူ အသေအချာဖြစ်ပါတယ်။ စာပေနဲ့ ခတ်တဲ့ ဒလန်အဆိပ်ဟာ ကြောက်စရာအကောင်းဆုံးပါပဲ။

ဒီရက်ပိုင်းတွေအတွင်း နုဂျီ MOD နဲ့ PLA အကြားဖြစ်ခဲ့တဲ့ ပြဿနာတခုလဲ သတင်းမီဒီယာတွေမှာ တွေ့မြင်နေရပါတယ်။ PLA က ဒလန်ဆိုပြီး ဖမ်းထားသူတယောက်ကို နုဂျီ MOD က သာမန်ပြည်သူပါ ဆိုပြီး ပြန်လွှတ်ခိုင်းရာကနေ စလိုက်တဲ့ ပြဿနာပါ။ အကျယ်အကျယ် မငြိမ်းဖွယ်တွေအထိ ဖြစ်ခဲ့ကြပါပြီ၊ ဘယ်ပုံ အဆုံးသတ်မယ်တော့ မသိသေးပါ။ ဒါပေမယ့် ဒီနေရာမှာ အဓိကပြောချင်တာ ဒလန်ကိစ္စသာ ဖြစ်ပါတယ်။ နုဂျီ MOD ဘက်က သာမန်ပြည်သူပါလို့ပြောပြီး လွှတ်ခိုင်းနေတဲ့သူဟာ အခိုင်အမာ ဒလန် ဖြစ်ကြောင်း PLA ဘက်က ဒလန်ထွက်ချက် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒလန်ကိုလဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက်ဆက်တွဲသိရတာက အဲဒီဒလန်ဟာ အဲဒီဒေသဆိုင်ရာအာဏာပိုင်တွေကို လိုင်းကြေးပေးပြီးနေသူဖြစ်ပါသတဲ့။ ဒလန်ဆီက လိုင်းကြေးယူပြီး ဒလန်လုပ်ခွင့်ပြုထားတယ်ဆိုရင်တော့ ဒလန်လဲ ဒလန် ၊ ခွင့်ပြုသူလဲ ဒလန်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးတင်ပြချင်တာကတော့ နုဂျီ MOD လက်အောက်ခံအချင်းချင်း လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပါတယ်။ ဒါလဲ အများသိပြီးမို့ အကျယ်မချဲ့တော့ပါ။ ရင်း(၆) တပ်ရင်းမှူး ပုလဲမောင်ကို ခရိုင်ကွပ် PA ငဖြိုးက အစည်းအဝေးလုပ်နေတုန်းမှာ ပစ်ခတ်သတ်ဖြတ်လိုက်တာပါ။ ချက်ခြင်းလိုပဲ ငဖြိုးရဲ့ ထွက်ဆို ဝန်ခံချက် ရုပ်သံဖိုင် အွန်လိုင်းပေါ်တက်လာပါတယ်။ သူကို သိန်းငါးထောင်ပေးမယ်ဆိုပြီး ပုလဲမောင်က ခရိုင်ကွပ်ကို လုပ်ကြံခိုင်းတယ်လို့ ပြောတာကြားရတယ်။ (ဒါကြောင့် ပုလဲမောင်ဟာ ဒလန်သဘော ဖြစ်နေတယ်) ဒါကို ကာကွယ်ဖြေရှင်းဖို့ ငဖြိုးက ပုလဲမောင်ကို ရှင်းလိုက်ရတယ်ဆိုတဲ့ သဘောပါ။

ငဖြိုးထွက်ဆိုချက်ကို ကြည့်မိသူတိုင်း အတော်အသင့်စဥ်းစားတက်ရင် ငဖြိုးလိမ်နေသလား ၊ အမှန်ပြောနေသလားဆိုတာ သိကြမှာပါ။ ပုလဲမောင် ဒလန် ဟုတ်၊မဟုတ် ဆိုတာလဲ တော်လှန်ရေး အသိုင်းအဝိုင်းတခုလုံး သိကြမှာပါ။

အထက်က ကိစ္စတွေအားလုံး ပြန်အနှစ်ချုပ်ရရင် ဒလန်အကြီးစား အတွေးအခေါ်ဒလန်သမားကို အကာအကယ်ပေးတာ ၊ မြေပြင်ဒလန်အစစ်ကို (ကိုယ်လိုင်းကြေးယူထားသူမို့) ပြည်သူဆိုပြီး ပြန်လွှတ် ခိုင်းတာနဲ့ အချင်းချင်းတောင်မှ ဒလန်မဟုတ်သူကို လုပ်ကြံမယ့် ဒလန်သဘောမျိုး စွပ်စွဲပြီး အပြတ်ရှင်းပစ်တာစတဲ့ အနေအထားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေဟာ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး၊ စစ်သုံးစစ်အပြီးတိုင် ချေမှုန်းရေး စတာတွေကို အထောက်အကူဖြစ်မှာလား၊ အဟန့်အတားဖြစ်မှာလားဆိုတာ ချင့်ချိန်တက်သူများ ပိုင်းခြားကြဖို့သာပါ။

ရဲဘော်ဝေဦး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when YU Open Political Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share