12/09/2026
မိုးရာသီမှာ ရေဆိုး၊ ရေညစ်နဲရွှံ့ဗွက်လမ်းတွေကို မကြာခဏ ဖြတ်မောင်းရတာကြောင့် ကားအောက်ပိုင်း (Undercarriage) သံချေးတက် လွယ်ပါတယ်! 🌧️🚗
🛠️ မိုးတွင်း ကားအောက်ပိုင်း ထိန်းသိမ်းရန် အဓိက နည်းလမ်းများ:
🚿 ၁။ ရေကြီး၊ရေတင်နေသော လမ်းကိုဖြတ်မောင်း ပြီးပါက ကားအောက်ပိုင်း ရေဆေးသင့်ပါတယ်
ရေဆိုးထဲမှာပါတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ရွှံ့ဗွက်တွေက ကားအောက်ပိုင်း သတ္တုအစိတ်အပိုင်းတွေကို မြန်မြန် သံချေးတက်စေပါတယ်။ ရေပြင်းပြင်းနဲ့ အမြန်ဆုံး ဆေးကြောပေးသင့်ပါတယ်။
🛡️ ၂။ Anti-Rust Coating (သံချေးကာဆေး) အသုံးပြုပေးပါ
မိုးမကုန်မီ ကားအောက်ပိုင်းကို သံချေးကာဆေးအသုံးပြုထားခြင်းဖြင့် ရေဒဏ်၊ ဆားဒဏ်နှင့် ရွှံ့ဒဏ်မှ ရေရှည် ကာကွယ်နိုင်ပါတယ်။
🛑 ၃။ ဘရိတ်စနစ် စစ်ဆေးပါ:
ဘရိတ်ဒစ်ပြား (Brake Rotor) တွေမှာ ရေဝင်ပြီး သံချေးတက်ပါက ဘရိတ်အုပ်ချိန် အသံမြည်ခြင်း၊ ဘရိတ်မိရခက်ခြင်း ဖြစ်တတ်သဖြင့် ပုံမှန် စစ်ဆေးပေးပါ။
သင့်ကား ရေရှည် ကြံ့ခိုင်နေဖို့ မိုးတွင်းမှာ အောက်ပိုင်း ထိန်းသိမ်းမှုကိုလည်း ဂရုစိုက်ပေးကြပါနော်! 🛠️
Idemitsu – Japanese Technology for Your Engine.